![]() |
စင်္ကြာမုနိရုပ်ပွားတော်မြတ် |
စင်္ကြမုနိရုပ်ပွားတော်မြတ်မှာ မြောက်ဦးမြို့နယ် ချောင်းတစ်ခုအတွင်းငါးရှာနေသော ရေလုပ်သားတစ်ဦးသည် ပိုက်ကွန်ငြိသဖြင့် ရေထဲဆင်းကြည့်ရာတွင် ရှေးဟောင်းဗုဒ္ဓဆင်းတုတော်တစ်ဆူကိုတွေ့ရှိလေသဖြင့် ရေထဲမှ ပင့်ယူပြီး စန္ဒမုနိကျောင်းတိုက်သို့ ၂၀၀၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
စင်္ကြာမုနိရုပ်ပွားတော်မြတ်သည် ထက်ဝက်တော်အရှည် -၁၄ လက်မ၊ ဥာဏ်တော်အမြင့် ၁၈ လက်မ၊ လက်ဝဲ လက်ပေါ်တွင် ရှစ်မြောက်ပုံအတွင်း စေတီရှစ်ဆူအပြင် စေတီရှစ်ဆူပုံသဏ္ဍာန်ပါရှိပြီး၊ ကိုယ်တော်တစ်ခုလုံးတွင် ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူကြသော ဘုရားရှင်တို့အား ရည်မှန်းလျှက် မရေမတွက်နိုင်သော ဗုဒ္ဓရုပ်ပွားတော်များ
နဖူးသင်းကျစ်တော်အလယ်တွင် ခရုပတ် ဥဏှလုံမွေရှင်တော်ပါရှိပါသည်။ ရုပ်တုတော်၏ ဓမ္မခေတ်နောက်ပိုင်းတွင် သက္ကရာဇ် ၅၂၀ သူရိယကုလ ကောင်းမှုတော်ဟု ရေးထိုးထားပါသည်။
ထို့ကြောင့် မဟာမုနိရုပ်ပွားတော်မြတ် တည်ထားကိုးကွယ်တော် မူခဲ့သော ဘုရင်စန္ဒသူရိယမင်း၏ မင်းဆက် ၁၄ ဆက်မြောက် ဖြစ်သည့် သူရိယကုလမင်းနှင့် မိဖုရား စိတြကျလာဒေ၀ီ၏ ကောင်းမှုတော်ဖြစ်ပါသည်။ ၄င်းမင်းသည် ဓညတီထီးန်းကို ကောဇာသက္ကရာဇ် ၅၁၉ ခုနှစ်၊ ဘီစီ ၁၁ ခုနှစ် တွင် စတင်စိုးစံပြီး ရခိုင်ပြည့်ကြီးကို နှစ်ပေါင်း ၃၆ နှစ်တိုင်အောင် အုပ်ချုပ်ခဲ့သော ဓမ္မရာဇာမင်းတစ်ပါးဖြစ်ပါသည်။
စင်္ကြမုနိရုပ်ပွားတော်မြတ်သည် အဒ္ဓပလ္လင်္ဂသန ထိုင်တော်မူပုံဖြစ်ပါသည်။ မုဒြမှာ ညာဖက်လက်တော် မဇင်္ဂမုဒြာဖြစ်ပါသည်။ ညာဖက်လက်တော်မှာ ညာဘက်ဒူးတော်အောက်သို့ မြေသို့မထိပဲ တွဲလောင်းချ ထားဟန်ဖြစ်ပါသည်။ လက်ဝဲလက်ဖ၀ါးပေါ်တွင် ရှစ်မြှောင့်ရှစ်ဒေါင့်အရွယ် ၈ လက်မပါရှိသော ကြယ်ပွင့်နှင့် ကြယ်ပွင့်၏ အတွင်းစက်ဝိုင်းမှာ လှည်ဘီးပုံ ဓမ္မစင်္ကြာသင်္ကေတာတစ်ခုပါရှိပါသည်။
စင်္ကြာမုနိရုပ်ပွာေးတ်ာမြတ်မှာ အလွန်ရှေးကျသော နှစ်ပေါင်းနှစ်ထောင်ကျော်က ဘုရားတစ်ဆူဖြစ်ပြီး အလွန်ရှားပါးသော ပုံသဏ္ဍာန်ပါရှိသော ဆင်းတုတော်တစ်ဆူဖြစ်ပါသည်။ ယခုအခါတွင် စင်္ကြာမုနိရုပ်ပွားတော်မြတ်ကို စစ်တွေမြို့ လောကာနန္ဒာစေတီတော်၏ မဟာဝေယံသာသနာ့ဗိမာန်တော် တွင် ကိုးကွယ်ပူဇော်ထားရှိပါသည်။
ကိုးကား။ ။ဓည၀တီအောင်ဇေယျ (မြောက်ဦး)၊
Source: Share Arakan News (Facebook Page) မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment