
နွေ . . .
နေတွေ ပူလို့ ချစ်ချစ် တောက်နေသည် . . .
ဒီရင်ထဲမှာလည်း ပူလောင်နေသည်။
မိုး . . .
ရေတွေ စွတ်လို့ ရွှဲရွှဲ စိုနေသည် . . .
ဒီရင်ထဲမှာလည်း ငိုကြွေးနေသည်။
ဆောင်း . . .
နှင်းတွေ ဖွေးလို့ ချမ်းချမ်း အေးနေသည် . . .
ဒီရင်ထဲမှာလည်း အေးခဲနေသည်။
ချစ်သူ . . .
နွေ၊ မိုး၊ ဆောင်း ရာသီတွေ ပြောင်းနေသည် . . .
ဒီရင်ထဲမှာတော့
ပူလောင်
ငိုကြွေး
အေးခဲ . . . နေဆဲပါ။
Tea (ရင်တွင်းဖြစ်)
No comments:
Post a Comment