Thursday, 16 March 2017
သင့် အိမ်မက်တွေ ရှင်သန်ပါစေ....
Monday, 13 March 2017
ခိုင်မာသော စိတ်ဓာတ်..။
ကိုယ်နဲ့ ထိုက်တန်သော အရာ...
Thursday, 9 March 2017
မတူညီတဲ့ လူတွေကြားမှာ..။
အားလုံးက တိုက်တွန်းနေတဲ့
ကျေးဇူးပြုပြီး မသနားကြပါနဲ့။
သူတပါးရဲ့ သနားမှုအောက်မှာ
‘နင့်အတွက် ပြောတာ’ တဲ့လား .. ။
ကျေးဇူးတင်ပါရဲ့ ..
ကိုယ့်ဘ၀ကိုယ်လည်း နားလည်ပါတယ်။
အလွယ်လမ်းလဲ မလိုက်ချင်။
ကိုယ့်ဘ၀အဆင်ပြေဖို့
တကယ်တော့ ..
ကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင်သာ
ဖြစ်လာတဲ့ အကောင်းအဆိုးတွေကို
ဆရာမတယောက်ပြောဖူးတဲ့ စကား ..
‘သတ္တိ ဆိုတာ လုပ်ရဲတာ တခုထဲမဟုတ်ဖူး ..
ကိုယ်လုပ်လိုက်တဲ့
မှန်တယ်။
သတ္တိရှိရှိ လုပ်ရဲတဲ့အလုပ်တခုအတွက်
အဲဒီအတွက် အထင်သေးမဲ့ မျက်လုံးတွေ ..
အပြစ်ပြောမဲ့ စကားလုံးတွေ ..
ရင်ဆိုင်ရမဲ့ ဒုက္ခတွေက
ဒါပေမဲ့ .. .. ..
အခါးကြိုက်တဲ့ ကိုယ့်အတွက်
ဒါတွေကို မှုစရာမလိုပါ....,,။
***
စစ်မှန်သော အရာကိုသာ...။
စစ်မှန်သောချစ်ခြင်းတစ်ခုတည်းကိုပါ .....
*** ဘာကိုမှမလိုပါဘူး
ရင်ထဲကစေတနာအပြည့်နဲ့ပေးတဲ့
စစ်မှန်သောကြင်နာခြင်းတွေပါ ......
*** ဘာကိုမှမလိုပါဘူး
ငါဘယ်လောက်ဆိုးဆိုး
စစ်မှန်သောနားလည်းခြင်းနဲ့
*** နင့်ဆီက ဘာရုပ်ဝတ္ထုတွေကိုမှမလိုပါဘူး
ဘာလှည့်ကွက်မှမပါ
စစ်မှန်စေသော
Sunday, 5 March 2017
သင့်ကို အကျည်းတန်စေတဲ့ အပြုအမှုများ..။
အလှတရားနဲ့ အကျည်းတန်ခြင်းဆိုတာ သင့်အရေပြားတစ်ထောက်စာမှာပဲ ရှိနေတာမဟုတ်ပါဘူး။ သင့်ရဲ့ စိတ်နှလုံးထဲမှာလည်း ရှိနေသလို၊ သင့်ရဲ့အပြုအမူတွေကြားမှာလည်း အလှတွေ၊ အကျည်းတန်မှုတွေ ဖြစ်နေပါတယ်။
.
ဒီတော့ သင့်ကို အရုပ်ဆိုးစေတဲ့ အပြုအမူတွေကို ရှောင်ရှားစေနိုင်ဖို့ အချက်အလက်တစ်ချို့ စုစည်းတင်ပြလိုက်ရပါတယ်။
.
(၁) အတင်းပြောခြင်း
အထူးသဖြင့် ဒီပြသနာဟာ မိန်းကလေးတွေကြားမှာ ဖြစ်တတ်ပါတယ်။ ကျန်းမာရေးစစ်တမ်းတွေအရတော့ အတင်းပြောတာဟာ စိတ်ကျန်းမာရေးအတွက် တစ်စိတ်တစ်ဒေသ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အပြုအမူအရတော့ သင့်ကို အရုပ်ဆိုးစေပါတယ်။ အတင်းပြောတာဟာ သင့်ကို အကျင့်တစ်ခုသဖွယ် ဖြစ်သွားစေပါတယ်။ ကိုယ်ခင်မင်ရတဲ့သူနဲ့အတင်းပြောရင်းနဲ့ကမှ
အကျင့်ပါသွားပြီး တခြားသူတွေနဲ့တွေ့တဲ့အခါမှာပါ သူများအကြောင်းမကောင်းပြောတတ်တဲ့သူအဖြစ် အကျင့်စွဲသွားတတ်ပါတယ်။ ဒီတော့ သူများအကြောင်းမပြောရမနေနိုင်လည်း သူများကောင်းကြောင်းတွေကိုသာ ပြောတတ်တဲ့အကျင့်ကို မွေးမြူပါ။
.
(၂) လိမ်ညာခြင်း
လူအတော်များများဟာ မုသားနဲ့မကင်းပါဘူး။ အခြေအနေအကြောင်းအကြောင်းကြောင့် ရိုးသားလို့မရတဲ့အဖြစ်မျိုးလည်း ရှိပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ကို လှည့်စား၊လိမ်ညာတတ်ကြပါတယ်။ ဒီလိုအပြုအမူတွေကတော့ သင့်ရဲ့ပုံရိပ်ကိုလည်း
ထိခိုက်စေပါတယ်။
.
(၃) လိုက်လံအကဲဖြတ်ခြင်း
အကဲဖြတ်တဲ့အကျင့်က ကောင်းပါတယ်။ ဒါပေမယ့် နေရာတကာဆိုရင်တော့ မကောင်းပါဘူး။ အကဲဖြတ်ရုံတင်မကဘူး ကိုယ်ထင်တာကိုလျှောက်ပြောနေမယ်ဆိုရင်တော့ သင့်အပြုအမူဟာ အကျည်းတန်တဲ့ထဲ ပါသွားပါပြီ။ (ဥပမာ - ဟိုလူကတော့ ဒီလို၊ ဒီလူကတော့ ဒီလို) စသဖြင့် ဝေဖန်ပြောဆိုနေခြင်းပဲ ဖြစ်ပါတယ်။
.
(၄) စောဒကတက်ခြင်း
ကိုယ့်ရဲ့ ကြိုးစားမှုရလာဒ်ကို လက်မခံနိုင်ဘဲ အမြဲတစေ စောဒကတွေတက်နေမယ်ဆိုရင်တော့ ကြာလာရင် သင့်အပြုအမူဟာ ဘေးလူတွေအတွက်
ကြည့်ရဆိုးပါတယ်။ နောက်ပြီး ပြုပြင်လို့မရတဲ့ ကံတရားကို အပြစ်ပြောတာတွေ၊ ဘေးလူကို အပြစ်တင်တာတွေကလည်း ရုပ်ဆိုးတဲ့ အပြုအမူတွေ
ဖြစ်ပါတယ်။
.
(၅) အနိုင်ကျင့်တတ်ခြင်း။
အနိုင်ကျင့်တဲ့သူအများစုဟာ သူ့တို့ကိုယ်သူတို့ ဆရာကြီးသဖွယ် မြင်တတ်ကြပါတယ်။ တကယ်တော့ ဒီအတွေးအမြင်ဟာ လုံးဝမှားယွင်းပြီး
အကျည်းတန်တဲ့အပြုအမူကို ပြုလုပ်နေခြင်းသာ ဖြစ်ပါတယ်။
Ref:(Focus Youth E-magazine)
Ref: SH
Friday, 3 March 2017
ဗီဇဆိုတာ ဖျောက်ရခက်တယ်...။
ကင်းမြီးကောက်တကောင်ဟာ
"ကိုရွှေဖါးရေ ကျနော့်ကို ခင်ဗျားရဲ့ကျောပေါ်တင်ပြီးဟိုဖက်ကမ်းကိုပို့ပေးပါလား။
"ဟာဘယ်ဖြစ်မလဲ မင်းကိုကျောပိုးသွားရင်း
ငါရေနစ်သေသွားမှာပေါ့ "
ကင်းမြီးကောက်၊...
"ကိုရွှေဖါးရယ်
သူ့ကိုယ်သူရေနစ်အသေခံပြီး
ကင်းမြီကောက်ကဘာပြန်ပြောသလဲဆိုတော့
"
ရေနစ်သေမှာသိပါတယ်။
ကျနော့်ရဲ့ဗီဇကိုဖျောက်မရလို့ပါဗျာ"
နောက်ဆုံးတော့ ဖားရော
ကလေးပုံပြင်မဟုတ်ပါဘူး။
ကူညီသူပါဒုက္ခရာက်တတ်တယ်ဆိုတဲ့
ရေးသားသူ ဗန်းမော်သိန်းဖေ
Vrius....!
မဖြစ်ချင်တာတွေ
ရောက်မလာစေရဘူးလို့
ကိုယ့်ကိုကိုယ်
သေချာရင်းချစ်ခြင်းကိုစမ်းသပ်လို့
ကမ်းကပ်လာတဲ့ဗေဒါလေးကို
ဆယ်ယူဆော့ကစား ဟားတိုက်ရယ်မောခဲ့ပါရဲ့
ကိုယ်မသိပဲ
ငြိတွယ်မိပြီဆိုမှ
မာယာအသွယ်သွယ်ကြား
များပြားတဲ့အလှည့်အပြောင်းတွေနဲ့
အကျနာချိန်ဒဏ်ရာတွေက
သွေးကြောထဲအထိစီးဝင်
မမြင်နိုင်တဲ့ဆုံးရှုံးမှုတွေအထပ်ထပ်
သြော် . . . အချစ်ဆိုတဲ့
“ ဗိုင်းရပ်စ် ” ။ ။
ကြိုးစားတိုင်းသာ အောင်မြင်ဖို့ ဆိုလျှင်..။
ေ၀၀ါးမှုကိုအဆုံးသတ်လိုက်တော့။
ပန်းတိုင်သတ်မှတ်ခြင်းဖြစ်ပါတယ် ကိုယ်ရဲ့ဝါသနာပါဆုံးသော အလုပ်နှင့် ဆက်နွယ်မှုတော့ရှိရပါမယ်...။
ကိုယ့်ရဲ့အဖြစ်ချင်ဆုံးသောဆန္ဒ ကို စာအုပ်တစ်အုပ်ရဲ့အဖွင့်စာမျက်နှာမှာ သတ်မှတ်ထားပါ ကိုယ်သတ်မှတ်ထားတဲ့နေရာကိုရောက်ဖို့အတွက်
စိတ်ထဲမှာမှတ်ထားတာထက် ကိုယ်စိတ်ဓာတ်လေးယိုင်လာတိုင်း စာအုပ်လေးကိုပြန်ကြည့်ပြီး အောင်မြင်ဖို့လမ်းကြောင်းလေးတွေ မိမိဘာသာဆွဲရင်း အောင်မြင်မှုပိုပြီးနီးစပ်လာစေပါတယ်။
မိတ်ဆွေကောင်းရှိဖို့အတွက် ကိုယ်ကို တိုင်ကောင်းဖို့လိုပါတယ် Win-Win Solution ကိုထည့်သွင်းစဉ်းစားရပါမယ်... ကိုယ့်လုပ်ငန်းအတွက် ဘယ်မိတ်ဆွေဟာ ဘယ်နေရာကကူညီနိုင်မလဲ သူအတွက် ဘယ်လိုအကျိုးရှိမလဲဆိုတာတွေပေါ့
သင်ယူပါ။
English ကအဓိကပေါ့ စီးပွားရေးစာပေများ စတာတွေပေါ့ စာရေးသူကိုယ်တိုင်လည်း သင်ယူခြင်းဟာအဆုံးသတ်မနေပါဘူး သင်ယူရင်း ကိုယ်လမ်းကြောင်းကိုအကောင်းဆုံးတည်ဆောက်ရပါမယ်…။
ကမ္ဘာကြီး ကို ဖွင့်ကြည့်ပါ…။
အဓိက က Google ကိုအားကိုရမှာပါ…ကိုယ့် စီးပွားရေး Project နဲ့ပတ်သပ်ပြီး ကမ္ဘာပေါ်မှာ မည့်သို့ဆောင်ရွက်နေကြတယ် ကိုယ့်လုပ်ငန်းကို ဘယ်လိုတိုးချဲ့မလဲ နှင့်
နောက်တစ်ခုက ၀န်ကြီးဌာနသတင်းများ ကိုအမြဲမပြတ်စောင့်ကြည့်ဖို့ ရင်နှီးမြုပ်နှံမှုတွေ ရဖို့ဘယ်လိုပြင်ဆင်ရမလဲစတာတွေပါ…။
အပိုကုန်တွေ လျော့ချလိုက်ပါ။
မိမိရဲ့တစ်နေ့တာသုံးစရိတ်ကို မိမိရဲ့လက်ကိုင်ဖုန်း သိုမဟုတ် စာအုပ် ထဲမှာအမြဲမှတ်ပါ တစ်ရာ ၊တစ်ဆယ်ထွက်တာကအစ အကုန်မှတ် တတ်ပါစေ…။
ကြိုးစားမှုကို ထိရောက်မည့် Plan များချမှတ်ပါ..။
ကိုယ်ကဖြစ်ချင်တာတစ်မျိုး ဒါပင်မယ့် လုပ်နေတာတစ်မျိုးဆို ဘယ်လောက်လုပ်လုပ် ကိုယ်ရောက် ချင်တဲ့နေရာရောက်မှာမဟုတ်ပါဘူး (ဥပမာ ကိုယ် က ကုမ္ပဏီ ပိုင်ရှင်ကြီး ဖြစ်ချင်တာ လုပ်နေတာက အခုလောလော ဆယ်အတွက် သက်တောင့်သက်သာဖြစ်နေတဲ့ ၀န်ထမ်းအလုပ် ဒီအတွက် ဖြည်းဖြည်းမှန်မှန် ပြောင်းလဲပြီးရုန်းထွက်ရပါမယ်)အစီစဉ်များ ကို အကွက်ကျစီစဉ်ရမှာဖြစ်ပါတယ်။
ကျဆုံးတယ်ဆိုတာမရှိဘူး။
ကျဆုံးတယ်ဆိုတာမရှိပါဘူး ကိုယ်က အရှုံးပေးလိုက်တာပဲရှိပါတယ် အလုပ်တိုင်းမှာတော့အခက်အခဲဆိုတာရှိတယ် သေချာစဉ်းစားကြည့်ရင်မိမိ အပြစ်လို့ဆိုပင်မယ့် သင်ခန်းစာတစ်ခုကြောင့်နောက်တစ်ကြိမ်ဆို ပိုပြီးသန်မာလာပါလိမ့်မယ်။
မိတ်ဆွေများအားလုံး အောင်မြင်ကြပါစေ…ကြိုးစားတိုင်းအောင်မြင်ဖို့တိကျမှု နှင့်စတင်ပါ
Ref: Ye Min Phyo
Thursday, 2 March 2017
ကျွန်တော်တို့..။
ဘဝမှာ အသက်ရွယ်အရ အတွေကြုံတွေပါ ရလာတဲ့ အခါ..။
ပန်းတိုင် မရောက်ခင် ဘာကြောင့် ကျရှုံးရသလဲ...?
မဆုတ်မနစ်ကြိုးပမ်းမှုမရှိခြင်း
အခက်အခဲတစုံတရာတွေ့တိုင်း မကျော်လွှားနိုင်တော့တဲ့အခါမျိုးမှာ လက်လျှော့လိုက်ခြင်းဟာ အလွယ်ဆုံးနည်းလမ်းလို့ တော်တော်များများက မြင်နေကြတယ်.. အောင်မြင်သူတွေဟာ သူတို့အိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာ ကြန့်ကြာကောင်း ကြန့်ကြာနေလိမ့်မယ်.. ဒါပေမယ့် သူတို့အိပ်မက်တွေကို ဘယ်တော့မှ မဖျက်စီးခဲ့ကြဘူး.. ကျမတို့အားလုံး ဘဝမှာ ခေတ္တရပ်တန့်တာမျိုး ကြန့်ကြာတာမျိုးရှိကြမှာပါ.. ဒါဟာ ကျရှုံးခြင်းမဟုတ်ပါဘူး..။
ခိုင်မာတဲ့ယုံကြည်ချက်မရှိခြင်း.။
ခိုင်မာတဲ့ပန်းတိုင်၊ ခိုင်မာတဲ့ယုံကြည်ချက်မရှိတဲ့သူဟာ လမ်းဆုံးကိုမကြည့်ပဲ လမ်းတဝက်ကိုပဲ ကြည့်တတ်ကြတယ်.. ပန်းတိုင်မရောက်သေးတဲ့ လမ်းတဝက်မှာ ဘာဖြစ်လာမလဲဆိုတာကို ကြိုတင်တွေးဆကြတယ်..။
အကျိုးအကြောင်းဆီလျော်မှုအပေါ်တည်မီခြင်း..။
အောင်မြင်သူတွေဆိုတာ စီစစ်ပိုင်းခြားနိုင်စွမ်းရှိသူတွေပါ. ဒါပေမယ့် သူတို့ဟာ ဘယ်တော့မှ အကျိုးအကြောင်းပေါ် မမှီခိုဘူး.. ဒါဟာကျရှုံးသူတို့ရဲ့ကစားပွဲပါပဲ..။
-ငါကံမကောင်းဘူး
-ငါကမကောင်းတဲ့နက္ခတ်နဲ့မွေးဖွားလာတာ
-ငါအရမ်းငယ်လွန်းသေးတယ်
-ငါအရမ်းအသက်ကြီးသွားပြီ
-ငါကမသန်စွမ်းဘူး
-ငါကSmart မဖြစ်ဘူး
-ငါပညာမတတ်ဘူး
-ငါကကြည့်မကောင်းဘူး
-ငါ့မှာအဆက်အသွယ်ကောင်းမရှိဘူး
-ငါ့မှာပိုက်ဆံမရှိဘူး
-စီးပွားရေးအခြေအနေမကောင်းဘူး
-ငါ့မှာအခွင့်အရေးမရှိဘူး
စတဲ့ စတဲ့ အကြောင်းပြချက်တွေက အများကြီးပါ..။
အတိတ်ကအမှားတွေကနေမသင်ယူတတ်ခြင်း.။
အတိတ်ကနေပြန်မသင်ယူတတ်တဲ့သူတွေဟာ တကယ့်ကြမ္မာဆိုးနဲ့ ကြုံရသူမျိုးပါပဲ.. ကျမတို့မှာသာမှန်ကန်ကောင်းမွန်တဲ့ စိတ်နေသဘောထားရှိနေမယ်ဆိုရင် မအောင်မြင်ခြင်းဟာ ကျမတို့ရဲ့ ဆရာတဆူဖြစ်လာမှာပါ.။
လူတချို့က ဘဝကို ရှင်သန်နေရုံ၊ လူတချို့က ရှင်သန်နေရုံသာမက သင်ယူတတ်ကြပါတယ်..ပညာရှိတဲ့သူဆိုတာ ကိုယ်တိုင်ရဲ့အမှားတွေကနေပဲ သင်ယူနေကြတာလား? တကယ်ပညာရှိသူတွေဟာ သူတပါးရဲ့အမှားတွေကနေလည်း သင်ယူတတ်ကြပါတယ်..။
စည်းကမ်းလိုက်နာမှုမရှိခြင်း..။
တချို့သောပုဂ္ဂိုလ်တွေ ဘာကြောင့်သူတို့ပန်းတိုင်ကိုမရောက်ကြပါသလဲ? သူတို့ပန်းတိုင်ကို ပြောင်းပြန်ဖြစ်အောင်၊ ပျက်ပြားစေရအောင်၊ ကပ်ဆိုက်သလိုဖြစ်အောင် ဘာကြောင့်များ အမြဲလုပ်နေကြရသလဲ?
တချို့သောပုဂ္ဂိုလ်တွေကတော့ တခြားသူတွေ အဆုံးမရှိကျရှုံးနေချိန်မှာတောင် သူတို့က အောင်မြင်မှုတွေဆက်တိုက်ရနေတာ ဘာကြောင့်လဲ?
တကယ်ဆိုရင် စည်းစနစ်မရှိ စည်းကမ်းလိုက်နာမှုမရှိပဲ မည်သူတစ်ဦးတစ်ယောက်မှ ထိုက်တန်တဲ့အောင်မြင်မှုကို မရနိုင်ပါဘူး..။
ညီညွတ်မှုမရှိခြင်း...။
ညီညွတ်မှုမရှိတာဟာလည်း စည်းကမ်းပိုင်းအားနည်းမှုပါပဲ.. စည်းကမ်းချက်တွေလိုက်နာခြင်းအားဖြင့် လူတွေဟာ မိမိကိုယ်ကို ထိန်းချုပ်လာနိုင်စေခြင်း၊ စွန်လွှတ်အနစ်နာခံတတ်လာစေခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်မှုနှင့် စိတ်တိုစရာကိစ္စများ လျော့ပါးစေခြင်း စတဲ့ကောင်းကျိုးတွေရှိပါတယ်..။
မိမိကိုယ်ကိုတန်ဖိုးမထားတတ်ရင် မိမိကိုယ်ကိုလေးစားမှုနဲ့ မိမိရဲ့တန်ဖိုးတွေ လျော့ကျစေပါတယ်.. ဒါဟာ မိမိကိုယ်တိုင်သော်လည်းကောင်း တခြားသူတွေကိုသော်လည်းကောင်း အလွဲသုံးစားပြုလုပ်မှုမျိုးဖြစ်စေဖို့ ဦးတည်နေပါတယ်..။
ကံကိုပုံချတတ်ခြင်း..။
ကံကိုချည်းပုံချနေတတ်သူတွေဟာ ဘဝမှာ ကိုယ့်အနေအထားအရ တာဝန်ယူရမယ့်အရာတွေကို လက်ခံဖို့ ငြင်းဆန်တတ်ကြတယ်.. သူတို့ရဲ့ အောင်မြင်ခြင်း ကျရှုံးခြင်းတွေဟာ ကံတရားကြောင်းလို့ မှတ်ယူပြီး သူတိုရဲ့ ကံကြမ္မာကိုပဲ အလုံးစုံပုံချပြီး နောက်ဆုတ်တတ်ကြတယ်.။
ရဲရင့်သောသတ္တိမရှိခြင်း..။
အောင်မြင်တဲ့သူတွေဟာ လွယ်လွယ်ရလာတတ်တဲ့ အောင်မြင်မှုမျိုးကို မရှာဖွေတတ်ကြဘူး.. ရဲ့ဝင့်တဲ့စိတ်သတ္တိနဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်မယ့် ခွန်အားကိုပဲ သူတို့ရှာဖွေကြတယ်..။
Ref: TheEXPERT_BusinessGroup
Source : Internet
Wednesday, 1 March 2017
ကိုယ်က ကိုယ် သူက သူ...။
ဘယ်တော့မှ နှိုင်းယှဉ်ပါနဲ့။
သူ့ကိုမနာလိုမှုလည်း ဖြစ်တတ်ပြီး၊စိတ်ပူပန်ရပါတယ်။ ကိုယ်နှိုင်းယှဉ်လိုက်တဲ့ တစ်စုံတစ်ယောက်က
ကိုယ့်အောက်ညံ့နေခဲ့မယ်ဆိုရင် ကိုယ်က အထင်သေးစိတ်တွေ ဝင်တတ်ပါတယ်။
တကယ်တော့ ကိုယ့်ဘဝကို တစ်စုံတစ်ယောက်နဲ့ နှိုင်းယှဉ်နေတာဟာ ကိုယ့်စိတ်ကို အလကားနေ
ဒုက္ခပေးနေတာပါပဲ။ သူက ကိုယ်မဟုတ်သလို ကိုယ်ကလည်း သူမဟုတ်ပါဘူး။
သူလုပ်နိုင်တာကို ကိုယ်မလုပ်နိုင်တဲ့ အခိုက်အတန့်ရှိသလို၊ ကိုယ်လုပ်နိုင်တာကို သူမလုပ်နိုင်တဲ့ အခိုက်အတန့် ရှိပါတယ်။ ဘယ်သူ့ကို ဘယ်သူက ကြည့်ပြီး အားငယ်နေစရာ မလိုသလို၊ ဘဝင်မြင့်နေစရာလည်း မလိုပါဘူး။ လူသားအားလုံးမှာ ကိုယ့်ဘဝကို ထုဆစ်ပိုင်ခွင့် ရှိပါတယ်။
ထုဆစ်ဖို့ အခွင့်အရေးရဖို့ ကြိုးစားရမယ်။
အခွင့်အရေး ရလာပြန်ရင်လည်း အသုံးချတတ်ဖို့ ကြိုးစားရမယ်။ ကိုယ့်ဘဝရဲ့ အောင်မြင်မှုက
သူ့ဘဝအောင်မြင်မှုနဲ့ မတူနိုင်သလို၊ သူ့ဘဝအောင်မြင်မှုကလည်း ကိုယ့်ဘဝအောင်မြင်မှုနဲ့ မတူနိုင်ပါဘူး။
မတူညီကြတဲ့ လူသားတွေ ဖြစ်နေကြလေတော့ မတူညီတဲ့ အလုပ်အကိုင်၊ ယူဆချက်တွေကြောင့် မတူညီကြတဲ့ ရလဒ်၊ အောင်မြင်မှုတွေကလည်း ကွဲပြားကြမှာအသေအချာပါပဲ။
သူကလည်း ကိုယ်ဖြစ်မလာနိုင်သလို၊ ကိုယ်ကလည်း သူဖြစ်သွားမှာမဟုတ်ဘူး။ ဒါကြောင့် သူဘဝနဲ့ ကိုယ့်ဘဝကို သွားပြီးနှိုင်းယှဉ်စရာ မလိုအပ်သလို၊ သူကိုယ်တိုင် ကိုယ့်ဘဝနဲ့ သူ့ဘဝကို
လာပြီးနှိုင်းယှဉ်ရင်လည်း အပြုံးမပျက် ကိုယ့်အလုပ် ကိုယ်လုပ်နေဖို့ပါပဲ။
တကယ်တော့ ကိုယ့်ဘဝကိုသူများနဲ့ နှိုင်းယှဉ်တယ်ဆိုတာ “ကိုယ့်ဘဝ၊ကိုယ့်စိတ်ကို သူများကို အပ်နှင်း၊
စီမံခန့်ခွဲခိုင်းလိုက်တာနဲ့ အတူတူပဲ။”သူတစ်ခုခုဖြစ်လာတိုင်း ကိုယ်တစ်ခုခု လိုက်လုပ်နေရမယ်လေ။အဲဒါ သူကကိုယ့်စိတ်ကို အပိုင်ယူသွားပါပဲ။ ကိုယ့်စိတ်ကိုကိုယ် ပိုင်ဆိုင်အောင်ကြိုးစားပါ။
“ကိုယ်က ကိုယ်၊ သူက သူ”။ သူလုပ်ရင် သူရမယ်။ ကိုယ်လုပ်ရင် ကိုယ်ရမယ်။ ။
အရှင်ဇနက-မန္တလေးစာသင်သား
Ref:Young Buddhist Association
ရင့်ကျက်ခြင်း အတွေး..။
ကျွန်ုပ်...။
သင်..။
တည်ငြိမ်ရင့်ကျက်လာတယ် ဆိုတာ...။
Monday, 27 February 2017
သဘောထား ကြီးပါ..။
နေ့တိုင်းကြုံတွေ့နေရတဲ့ ပြဿနာပဲ။ ပြဿနာကို လွဲမှားတဲ့နည်းနဲ့ မမြင်ဖို့။ လွဲမှားတဲ့နည်းနဲ့ မဖြေရှင်းဖို့။ အခက်အခဲရှိတဲ့အခါ ပြဿနာရှိတဲ့အခါ သဘောထားမှန်မှန်ထားပြီး ကြည့်တတ်၊ မြင်တတ်ဖို့။
အကြောင်းအမျိုးမျိုးကြောင့် ပြဿနာတွေဟာ ဖြစ်နိုင်တာဆိုတော့ ကိုယ့်စိတ်ထားကို သေချာကြည့်ပါ။ စိတ္တာနုပဿနာ အားထုတ်တဲ့သူဆိုရင် ဒါဘာမှ မခက်ဘူးနော်။
သဘောထားမှန်မှန်၊ သဘောထားကြီးကြီး၊ ညဏ်ပါပါနဲ့ ပြဿာနာကို ဖြေရှင်းပါ။ ဆွေးနွေးပါနော်။
ဆရာတော်ဦးဇောတိက
(ဆရာတော်ဦးဇောတိက၏ “သဘောထားကြီးပါတယ်” စာအုပ်မှဖြစ်ပါသည်)
Ref:နှလုံးသားအာဟာရ
သင် အမြဲသတိရပါ..။
Sunday, 26 February 2017
ခေါင်းဆောင်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အသွေးတစ်ခု..။
တစ်ခါက နပိုလီယံ စစ်ချီတဲ့အခါမှာ ရန်သူတပ်က လမ်းမှာပိတ်ဆို့နေတယ်။ ရပ်သူတပ်ရဲ့ အင်အားကလဲ သူ့ရဲ့ အင်အားထက်များနေတယ်။
ရန်သူ့အင်အားက ( ၃၀၀ ) လောက်ရှိတယ် သူတို့က အင်အား ( ၇၀ ) လောက်ပဲရှိတယ်။
အဲဒီအချိန်မှာ ရှေ့ ကိုတက်ပြီး ရန်သူ့သတင်းရယူတဲ့ ကင်းထောက်တပ်သားက နပိုလီယံကို " ရှေ့ မှာ ရန်သူ့အင်အား ( ၃၀၀ ) လောက်နဲ့ လမ်း
ကို ပိတ်ဆို့ထားတယ် '' လို့ သတင်းပို့လိုက်တယ်။
အဲဒီအခါမှာ နပိုလီယံက သူရဲ့ တပ်သားတွေဘက်လှည့်ပြီး " အတော်ပဲ
ဟေ့ ......... သတင်းကောင်းတော့ ရပြီ ရှေ့ မှာ ရန်သူ့ရိက္ခာ ( ၃၀၀ ) လောက် ရောက်နေပြီတဲ့။ ငါတို့မှာလဲ ရိက္ခာပြတ်နေပြီ။.....မင်းတို့ဟာ စစ်တိုက်စွမ်းရည် ကောင်းကြတဲ့သူတွေဖြစ်တယ်ဆိုတာ အရင်ကတည်းက ငါသိခဲ့တယ်။ အဲဒီတော့ ရိက္ခာအတွက် ဘာမှ မပူရတော့ဘူး ဒီကောင်
တွေဆီမှာ သွားလုရမယ် '' လို့ ပြောလိုက်တယ် ။
ခေါင်းဆောင်တစ်ယောက်ရဲ့ ဒီလိုချီးကျူးသံကြားလိုက်ရတဲ့ စစ်သား
တွေဘယ်လိုဖြစ်သွားပါသလဲ....
သေချာတာပေါ့ ချက်ချင်းစိတ်ဓာတ်တက်ကြွသွားပြီး ကိုယ့်ထက်အင်အား ၄ဆကျော်ကြီးမားတဲ့ရန်သူတွေကို အစွမ်းကုန်တိုက်ပြီး အောင်ပွဲကိုယူနိုင်ခဲ့ပါတယ်။ ရိက္ခာတွေကိုလည်း သိမ်းနိုင်ခဲ့တာပေါ့။
နပိုလီယံရဲ့ စကားထဲက မင်းတို့စစ်တိုက်စွမ်းရည်ကောင်းတယ် ဆို
တဲ့စကားဟာ သူ့တပ်သားတွေ မှတ်မှတ်ထင်ထင်ချီးကျူးလိုက်တာပါ။
ဒါဟာ သူရဲ့စွမ်းရည်ထဲက တစ်ခုပေါ့။ ဒါကြောင့်လည်း နပိုလီယံရယ်လို့ နာမည်ကျော်ခဲ့တာပေါ့။
ဒါကြောင့် အောင်မြင်မှုရချင်တဲ့ ခေါင်းဆောင်တွေအတွက် ကိုယ့်လက်
အောက်ငယ်သားတွေကို ချီးကျူးခြင်း အတတ်ဟာလည်း မဖြစ်မနေလို
အပ်တဲ့ အရည်အသွေးတစ်ခုပဲဖြစ်ပါတော့တယ်။
Ref: သုတဇုန်
Wednesday, 22 February 2017
ကြောင်လည်ပင်းက ခြူ..။
တစ်ခါတုံးက အိမ်တစ်အိမ်မှာ ကြွက်တစ်သိုက် နဲ့ ကြောင်တစ်ကောင် ရှိသတဲ့ ..။ ကြွက် နဲ့ ကြောင် ဆိုတော့ သိကြတဲ့ အတိုင်းပဲ ကမ္ဘာ့ရန်ဖက်တွေ ..။ အားကြီးပြီး ဥာဏ်နီဥာဏ်နက် များတဲ့ ကြောင်ကြီးက ကြွက်တွေကို တတိတိ နဲ့ ချီပြီး စားပစ်ဝါးပစ်နေတော့ ကြွက်သိုက်မှာ တဖြည်းဖြည်းလုံးပါးပါး လာပါလေရောတဲ့ ..။ သွားရခက် လာရခက် စားဖို့ သောက်ဖို့ ရှာရခက် နဲ့ အနေအထိုင်ကြပ်လာရပါသတဲ့ ..။ အဲ့ဒီတော့ ကြွက်တွေက စဉ်းစားတယ် ဒါမျိုးရှေ့ဆက်သွားနေရင် သူတို့ ကြွက်မျိုးသုဉ်းရတော့မယ် ..။ ဒီကြောင်ကြီးပြသနာကို အားလုံးပူးပေါင်း အဖြေရှာမှ ရမယ်ဆိုပြီး ကြွက်တွေ စုဝေးကြတယ် ..။ ပြောရရင်တော့ ကြွက်ပေါင်းစုံညီလာခံကြီးပေါ့ဗျာ ..။
အဲ့ဒီမှာ ကြောင်ကြီးကို ရင်ဆိုင်ဖို့ အဆို အမျိုးမျိုးတင်သွင်းကြတယ်ပေါ့ဗျာ ..။ တစ်ကောင် တစ်ပေါက် နဲ့ ဆူညံနေကြတယ်ပေါ့ ..။ တစ်ချို့က အားလုံးစုပြီး တိုက်ခိုက်ဖို့ ..။ ဟာ .. အဲ့ဒါတော့ မဖြစ်နိုင်ဘူး .. ကြွက်တွေ ဘယ်လောက်များတယ်ပြောပြော .. ကြောင်ကို မယှဉ်နိုင်ဘူး .. ယှဉ်ရတယ် ထားဦး .. အကျအဆုံးများမှာ … မဖြစ်နိုင်ဘူး .. တစ်ချို့က ဒီနေရာကနေ ထွက်ခွာသွားဖို့ .. အဲ့ဒါဆို နောက်ပြောင်းသွားတဲ့နေရာမှာကြောင်နောက်တစ်ကောင် တွေ့ရင် ထပ်ပြောင်းကြဦးမှာလား .. ပြီးတော့ ဒီအစုအဝေးကြီးနဲ့ ဘယ်လို လုပ် နေရာထပ်ပြောင်းလို့ အဆင်ပြေမလဲ ..။ အဲ့လိုနဲ့ပေါ့လေ …. အချိန်သာ ကြာလာတယ် ..။ အဖြေက ရေရေရာရာ မရသေး ..။
နောက်တော့ ပညာရှိပုံရတဲ့ ကြွက်ကလေးက ထ အကြံပေးတယ် ..။ “ကျွန်တော်တို့ ကြောင်ကြီးရဲ့လည်ပင်းမှာ ခြူဆွဲထားမယ်ဆိုရင်ကောဗျာ” တဲ့ ..။ အလို … သိပ်ကောင်းတဲ့ အကြံဥာဏ်ပဲ ..။ အဲ့လို ကြောင်လည်ပင်းမှာ ခြူဆွဲပေးလိုက်ရင် .. သူသွားသမျှ လာသမျှမှာ ခြူသံကမြည်နေမှာ ..။ အဲ့တော့ ကြွက်တွေ အနေနဲ့ လွတ်ရာလွတ်ကြောင်း လှုပ်ရှားလို့လည်း ရနိုင်တယ် ..။ အကြံပေးတဲ့ ကြွက်ကလည်း ထောက်ခံချက်တွေ တတ်လာတော့ မြောက်ကြွမြောက်ကြွဖြစ်လာတယ်ပေါ့ ..။ ငါက ဒီဒုက္ခတွင်းကနေ ကယ်တင်မယ့် ကယ်တင်ရှင်ဖြစ်ပြီဆိုပြီးတော့များတွေလေသလား မပြောတတ်ဘူး ..
။ အဲ့ဒီ အချိန်မှာ အသက်ကြီးကြီး ပညာရှိကြွက်ကြီးတစ်ကောင်က ထပြောတယ် .. “ဟုတ်ပါပြီ .. ကြောင်လည်ပင်းမှာ ခြူဆွဲပေးထားမှာ.. သိပ်ကောင်းတာပေါ့ .. တစ်ခုပါပဲ .. ကြောင်လည်ပင်းမှာ ဘယ်သူခြူသွားဆွဲပေးမှာလဲ ..” အဲ့ဒီမှာ ကြွက်တွေ အားလုံး .. ဟာခနဲတောင် မဖြစ်နိုင်တော့ဘူး .. တိတ်ဆိတ်သွားတယ် .. အဲ့ဒီမှာ ပညာရှိကြွက်ကြီးက ပြုံးတယ် .. ဒီကောင်တွေ ဝေဖန်ဖို့ အကြံပေးဖို့ .. ပြောဆိုဖို့လောက်ပဲ သိတဲ့ ကောင်တွေ တကယ် လက်တွေ့လုပ်တဲ့နေရာမှာ အခက်အခဲတွေ အများကြီးရှိနိုင်တယ်ဆိုတာ နားမလည်ကြသေးဘူး ငါဆုံးမဦးမှပါ ဆိုပြီး ပြောမလို့ လည်ချောင်းရှင်းကာရှိသေးတယ် အသံ တစ်ခု ထွက်လာတယ်
“ကျွန်တော် ခြူသွားဆွဲပေးပါ့မယ် ”
တဲ့ .. အားလုံး စိတ်ဝင်စားသွားကြတယ် ..။ ဒီကောင်က ခြူဘယ်လို သွားဆွဲပေးမှာလဲပေါ့ ..။ အဲ့ဒီမှာ အားလုံးကိုယ်စား ကြွက်ပညာရှိကြီးက လှမ်းမေးတယ် ..။ မင်း ဘယ်လိုနည်းနဲ့ ကြောင်ကို ခြူဆွဲပေးမှာလဲ ..ပေါ့ .. အဲ့ဒီမှာ အသံရှင်ကြွက်ကလေးက ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြန်ဖြေတယ် ..။ “ဒီလိုဗျ ကျွန်တော်က ဒီတိုင်း ကြောင်ကို ခြူသွားဆွဲပေးရင် ဟိုက သတ်လွှတ်လိုက်မှာပေါ့ ..
ပြီးတော့ အဲ့ကောင်ကြီးက သတိမြဲတဲ့ကောင်ကြီးဆိုတော့ အငိုက်ဖမ်းပြီး လည်ပင်းခြူဆွဲပေးလို့လည်း ရမှာမဟုတ်ဘူး ရခဲ့လည်း ဒီကောင်က ပြန်ချွတ်မှာ .. အဲ့တော့ ဒီကောင့်လည်ပင်းမှာ ခြူမြဲဖို့ဆိုတာက တစ်နည်းပဲရှိတယ် အဲ့ဒါကတော့ အဲ့ကောင်ကြီးကိုယ်တိုင် သူ့လည်ပင်းမှာ ခြူကို ဆွဲမှရမှာ” အဲ့မှာ ကြွက်အုပ်က ထပွက်ပြန်ရော .. ဘယ်လိုလုပ် ကြောင်က သူ့ဘာသာသူ ခြူဆွဲမှာလဲ .. မဖြစ်နိုင်တာ .. ဘယ်သူက သူ့ပျော့ကွက် ကို သူကိုယ်တိုင်အသုံးခံမှာလဲ .. အဲ့ဒီမှာပဲ အသံရှင်ကြွက်က ပြန်ပြီး အဖြေပေးရပြန်ပါတယ် .. “သူ့ဘာသာသူ ခြူဆွဲဖို့ဆိုတာ မဖြစ်နိုင်ဘူး ထင်ရပေမယ့် ဖြစ်နိုင်တဲ့ တစ်နည်းတော့ ရှိပါတယ် ..” အဲ့ဒီမှာ ကြွက်အားလုံး စိတ်ဝင်စားပြီး ငြိမ်သွားကြပြန်တယ် “အဲ့ဒါက ကြောင်ကို ခြူ လက်ဆောင်ပေးလိုက်ဖို့ပါပဲ” အားလုံး မှင်သက် အံ့သြသွားကြတယ် .. ဟုတ်တယ် .. ကြောင်ကို လက်ဆောင်ပေးရမယ် .. သပ်သပ်ရပ်ရပ် ထုတ်ပိုးပြီး သူ့အတွက် သေချာပြင်ဆင်ပေးထားတဲ့သဘောမျိုးနဲ့လက်ဆောင်ပေးရမယ် .. ကိုယ့်ဆီကို တခုတ်တရ နဲ့ အသေအချာ ပေးတဲ့ လက်ဆောင်ကို ဘယ်သူငြင်းမှာလဲ .. ဟုတ်တယ် .. အဲ့ဒါအကောင်းဆုံးပဲ ..
ကြွက်တွေဟာ သူတို့ အကြံနဲ့ သူတို့မို့လို့ အနေအထိုင်သိုသိုသိပ်သိပ် ပိပိရိရိ နေကြပြီး အချိန်ကောင်းရောက်တဲ့အထိ စောင့်နေကြပါတယ် .. ဒီလိုနဲ့ ခရစ်စမတ်နေ့ လည်း ရောက်လာတော့ .. ခရစ်စမတ် လက်ဆောင်အနေနဲ့ ကြောင်ကြီးအနားမှာ မသိအောင်လက်ဆောင်ထုတ်ကလေးထားခဲ့ပါသတဲ့ .. ပန်းနုရောင်ပါကင်ပေပါလေး နဲ့ထုတ်ပိုးပြီး လိမ္မော်ရောင်ဖဲကြိုးလေစည်းလို့ .. ချစ်ခြင်းများဖြင့် .. ဆိုတဲ့ ပို့စ်ကတ်လေးနဲ့ … လက်ဆောင်ထုတ်ထဲက ခြူလေးကလည် ရွှေရောင်လေး .. ဖဲကြိုးအနီလေးနဲ့ .. အသံလေးက လွင်နေတာပဲ .. သိပ်ပြီးချစ်စရာကောင်းတဲ့ခြူလေးပေါ့ .. ကြောင်ကြီးကလည်း သိပ်သဘောကျတာပါပဲ တဲ့ .. အဲ့ဒါနဲ့ ဘယ်သူမှန်းမသိတဲ့ ပေးတဲ့သူကို ကျေးဇူးတွေတင်ပြီးတော့ .. ခြူလေးကို လည်ပင်းမှာ တခုတ်တရ ဆွဲထားလိုက်ပါသတဲ့ ..။
သူ့လက်နဲ့သူ ချည်ပြီးတုပ်ပြီးသွားတဲ့ ပျော့ကွက်ဟာ ကြွက်တွေအတွက် နိုင်ကွက် ခုခံကွက်ဖြစ် .. ကြောင်ကတော့ ခုတလော ဘာလို့ ကြွက်တွေ အတွေ့ရနည်းအဖမ်းရကျဲသွားသလဲ စဉ်းစားမရ .. ကြွက်တွေကတော့ ခြူတစ်လုံးနှင့် အကြံတစ်ကွက် ရင်းပြီး အနေချောင် အစားချောင်သွား … ဤသို့ ဤနှယ်ဖြင့် ခြူဆွဲသူ တို့၏ ပုံပြင်သည် ကြွက်နှင့်ကြောင်လောကတွင် အဆုံးသတ်သွားခဲ့လေသည် ..။ သို့သော် ၄င်းသည်ကား လူ့လောကကတွင်မူ တစ်ခေတ်ဆန်းအခြေတည် အစပြုလာသောယဉ်ကျေးမှု ဖြစ်လာလေတော့သတည်း ..။
Credit to မောင်ကောင်း