ကိုယ့်ဟာကိုယ် စဉ်းစားကြည့် တောကြီးထဲက ခြံအကျယ်ကြီးထဲမှာ အိမ်လေးတစ်လုံးနဲ့ တစ်ယောက်ထဲ နေတယ်ဆိုပါတော့။
နေပြီးရင် ဘာလုပ်မလဲ။ ဘယ်တုန်းက ဘယ်သူက ငါ့ကို ဘယ်လိုပြောခဲ့တာ၊ ဘာလုပ်ခဲ့တာဆိုပြီး တွေးနေအုန်းမှာပဲနော်။ ပြဿနာကို ကိုယ်က ရင်ထဲမှာ လွယ်ပြီးတော့ သွားနေရင် ဘယ်သွားသွား လွတ်စရာ အကြောင်းမရှိဘူးနော်။
နေ့တိုင်းကြုံတွေ့နေရတဲ့ ပြဿနာပဲ။ ပြဿနာကို လွဲမှားတဲ့နည်းနဲ့ မမြင်ဖို့။ လွဲမှားတဲ့နည်းနဲ့ မဖြေရှင်းဖို့။ အခက်အခဲရှိတဲ့အခါ ပြဿနာရှိတဲ့အခါ သဘောထားမှန်မှန်ထားပြီး ကြည့်တတ်၊ မြင်တတ်ဖို့။
ပြီးတော့ ပြောပုံဆိုပုံ လုပ်ပုံကအစ ပြောနည်း ဆိုနည်းကိုပါ သေချာစဉ်းစားပါ။ တစ်ဖက်သားခံသာအောင် ပြောပါ။
လူတိုင်းမှာ စိတ်ရင်းကောင်းဆိုတာ ရှိပါတယ်။ အဲဒီကောင်းတာလေးကို ထွက်လာအောင် ကြိုးစားပေးပါနော်။
တစ်ခုခုပြဿနာကြုံလာရင် သတိလေးထားလိုက်ပါ။ ကိုယ့်စိတ်ကို အမှန်အတိုင်းပြန်ကြည့်ပါ။ ပြဿနာသေးသေးလေးကို ငါပြဿနာကြီးကြီးဖြစ်အောင် ပုံကြီးချဲ့နေရော့လား။
ဒီပြဿနာဖြစ်ရတာ ငါ့ဘက်ကကော ဘာအမှားတွေ ပါနေသလဲ။ ဒီပြဿနာ ဖြစ်ရတဲ့ကိစ္စမှာ ငါ့ဘက်ကတာဝန် မကင်းတာ ဘယ်လောက် ပါနေသလဲ။ ငါ့ဘက်က မျက်နှာထားကြီးနဲ့ ပြောတာဆိုတာ ဖြစ်ချင်ဖြစ်မယ်။ ငါ့ဘက်ကလည်းပဲ စကားလုံး သုံးနှုန်းတာ အထက်စီးကနေ တင်စီးပြီးတော့ တစ်ဖက်သား မခံနိုင်အောင် ပြောမိတာတွေလည်း ရှိချင်ရှိမယ်။
င့ါဘက်ကပဲ တမင်တကာ အဆိုးမြင်နေလို့လား။
အကြောင်းအမျိုးမျိုးကြောင့် ပြဿနာတွေဟာ ဖြစ်နိုင်တာဆိုတော့ ကိုယ့်စိတ်ထားကို သေချာကြည့်ပါ။ စိတ္တာနုပဿနာ အားထုတ်တဲ့သူဆိုရင် ဒါဘာမှ မခက်ဘူးနော်။
အကြောင်းအမျိုးမျိုးကြောင့် ပြဿနာတွေဟာ ဖြစ်နိုင်တာဆိုတော့ ကိုယ့်စိတ်ထားကို သေချာကြည့်ပါ။ စိတ္တာနုပဿနာ အားထုတ်တဲ့သူဆိုရင် ဒါဘာမှ မခက်ဘူးနော်။
သတိလေးနဲ့ ကိုယ့်စိတ်ကို သေသေချာချာ ကြည့်ပြီးတော့ သိနေရင် အထူးသဖြင့် စိတ်ငြိမ်းချမ်းသွားတဲ့အခါ အဲဒီပြဿနာကို သေချာစဉ်းစားပါ။ စိတ်ငြိမ်းချမ်းတဲ့သူဟာ ကိုယ့်အမှားကို ကိုယ်ဝန်ခံရမှာ ဝန်မလေးတော့ဘူး။
ကိုယ့်အမှားကိုယ် မြင်လည်းမြင်တယ်။
သဘောထားမှန်မှန်၊ သဘောထားကြီးကြီး၊ ညဏ်ပါပါနဲ့ ပြဿာနာကို ဖြေရှင်းပါ။ ဆွေးနွေးပါနော်။
သဘောထားမှန်မှန်၊ သဘောထားကြီးကြီး၊ ညဏ်ပါပါနဲ့ ပြဿာနာကို ဖြေရှင်းပါ။ ဆွေးနွေးပါနော်။
အဲဒီလို သဘောထား မှန်မှန်နဲ့ ဖြေရှင်းရင် ဆွေးနွေးရင် တစ်ဦးကိုတစ်ဦး ပိုနားလည်မယ်။ ပိုပြီးတော့ ဒေါင့်စေ့အောင် စဉ်းစားတတ်မယ်။ ပိုပြီးတော့ ညဏ်ကြီးတဲ့သူ ဖြစ်လာမယ်။
ပိုပြီးတော့ သဘောထားကြီးတဲ့သူ ဖြစ်လာမယ်။ နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းသွားမယ်ဆိုရင် ဒီပြဿနာသည်ပင်လျှင် ကိုယ့်အတွက် ကြီးပွားရာ၊ကြီးပွားကြောင်း အသိညဏ်ရော စိတ်ဓါတ်ရော တိုးတက်ရာ တိုးတက်ကြောင်း အထောက်အကူ ဖြစ်လိမ်မယ်နော်။
ဆရာတော်ဦးဇောတိက
(ဆရာတော်ဦးဇောတိက၏ “သဘောထားကြီးပါတယ်” စာအုပ်မှဖြစ်ပါသည်)
Ref:နှလုံးသားအာဟာရ
ဆရာတော်ဦးဇောတိက
(ဆရာတော်ဦးဇောတိက၏ “သဘောထားကြီးပါတယ်” စာအုပ်မှဖြစ်ပါသည်)
Ref:နှလုံးသားအာဟာရ
No comments:
Post a Comment