အဆိုးထင်ရင်လည်း လွှတ်ထားလိုက်…
အသိတရားဆိုတာ ဝါးခွံ့လို့လည်း
တချို့ရင်ဘတ်ထဲ ရောက်တာမဟုတ်ဘူး။
လုပ်ပေးလို့
အကောင်းမမြင်ရင်လည်း ရပ်လိုက်တော့…
စေတနာဆိုတာ တချို့လူတွေအတွက်
ခပ်ပေးရင်တောင် သွန်ပစ်ချင်ကြတာ။
တစ်ခါတစ်ခါတော့…
ပြောပြလို့မဖြစ်တဲ့ သူတွေအတွက်
ပါးစပ်မပါသလို နေတတ်ရပြီး
လုပ်ပေးလို့မရတဲ့ သူတွေအတွက်
လက်မပါသလို နေနိုင်ရပါမယ်။
မောလည်း မောရသေး
မုန်းလည်း မုန်းခံရသေးဆို
ကိုယ့်ဘက်ကချည်း နှစ်ခါနာလွန်းတယ်။
Ashin Vicitta

No comments:
Post a Comment