Tuesday, 7 February 2017

1500 Error..


ခေါင်းစားတယ်...
ပတ်သက်ဖူးသမျှ၁၅၀၀တွေလဲ
error တွေပဲပြပြနေတယ်

၅၂၈ ကလည်းအနားမှာမရှိဘူး၊

ကိုယ်စောင့်နတ်ကလည်းအိပ်ယာမထသေးဘူး

နှလုံးသား folder လည်း virus ကိုက်သွားပြီ
သက်ပျင်းတွေပဲချချနေရတယ်...

ကဗျာကောင်းကောင်းတစ်ပုဒ်ရေးဖို့
ဦးနှောက်နဲ့ရင်ဘတ်ကို
Network မချိတ်ရသေးဘူး

ဒိတ်အောက်နေတဲ့ငါ့ရင်ဘတ်ကြီးကိုလည်း
update ပြန်လုပ်ရအုန်းမယ်...

သိုးရေခြုံတဲ့ဝံပုလွေတွေငါ့နားမလာနဲ့

အနာဂတ်ကိုကြည့်ဖို့
ပစ္စုပန်ကိုမျက်မှန်တတ်ပေးလိုက်ပြီ
ဒီကဗျာ ဒီမှာပဲ ပုဒ်မချလိုက်ပြီ ။ ။

No comments:

Post a Comment