Saturday, 18 February 2017

လောကမှာ..။



ဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်းအချီးကျူးခံနေရသူလည်း မရှိဘူး။

ကိုယ်စကားများရင် အပြစ်ပြောမယ်၊ ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်။

ကိုယ်စကား လုံးဝမပြောဘဲ 
ဆိတ်ဆိတ်နေရင်လည်း အပြစ်ပြောမယ်။

ဒါကြောင့် ဒီလောကမှာ 
မပြောမခံရတဲ့လူဆိုတာ မရှိဘူး။

ဆိတ်ဆိတ်နေခြင်းဟာ 
မဟုတ်မမှန် သွားပုပ်လေလွှင့်သတင်းတွေအတွက် 
အကောင်းဆုံး အဖြေဖြစ်တယ်။

လူတွေက ကိုယ့်ကိုကြောက်တယ်…
ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။ 

လူတွေက ကိုယ့်ကိုနှိမ်တယ်…
ဒါ ရှက်စရာမဟုတ်ဘူး။

တစ်ခြားသူက ကိုယ့်ကို
စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။

ကိုယ်က တစ်ခြားသူရဲ့ စကားကိုယူပြီး
ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာ။

နိုင်းနိုင်းစနေ

No comments:

Post a Comment