ကျနော်တို့ လူသားတွေထဲမှာ အများအားဖြင့်တော့ အမှန်တရားကို ချစ်မြတ်နိုးကြပေမယ့် ကြောက်ရွံ့စိတ်တွေက လွှမ်းမိုးနေတတ်တယ်…ဒါဟာကောင်းမွန်တဲ့နည်းလမ်းတော့မဟုတ်ဘူးအချိန်မလွန်ခင်တော့ ပြင်ဖို့သင့်ပါတယ်။
တစ်ချို့လူတွေက မိမိခံစားချက်ကို ထုတ်ဖော်မပြရဲကြဘူး။ငါပြောလိုက်ရင် ပိုပြီးတော့များရှုပ်သွားမလားအခြေနေကရော လက်ရှိထက် ပိုစိုးသွားမလား။စတဲ့ ထိန့်လန့်မှုတွေနဲ့ ရှင်သန်နေရတဲ့ဘဝတွေက သနားစရာကောင်းပါတယ်။
တကယ်တော့အမှန်တရားဆိုတာရှုပ်အောင်မလုပ်ပါဘူးပိုပြီး ရှင်းအောင်၊ သံသယကင်းအောင်သာလုပ်ပေးတတ်တဲ့ အရာတစ်မျိုးပါပဲ။စစချင်းမှာ ခက်ခဲ မှုရှိနေပေမယ့်နောက်ပိုင်း မှာ အဆင်ပြေသွားပါလိမ့်မယ်။
လောကမှာ မမှားဘူးတဲ့သူရယ်လို့မရှိပါဘူး…ဒီလိုပဲ အပြစ်ကင်းစင်သူရယ်လို့လည်းမရှိပါဘူးကိုယ်က မှန်နေတယ်ဆိုရင် သူ့အမှားကို ထောက်ပြရဲ ရမယ် … ဒါမှ သူလည်း အမြင်မှန်ရ ကိုယ်လည်းကောင်းသွားမှာပါ… ။
တစ်သက်လုံးမပြောပဲ ထားရင်တော့ သူလည်း အမှားတွေထပ်ကိုယ်လည်း မကောင်းတာကြီးကိုအမြဲတမ်းအရသာ ခံနေရမှာပါပဲ…။
အနာဂတ်မှာ အလင်းတန်းလေးရချင်တယ်ဆိုရင်…လက်ရှိ ပြဿနာတွေကို ဖြေရှင်းပါ…လုံးဝ တုံ့ဆိုင်းမနေပါနဲ့…ကြောက်ရွံ့ ပြီးဖြေရှင်းဖို့ကွေကွင်းမနေပါနဲ့ကြိုးတွေလိုပေါ့… အဖုကလေးတွေများလာတော့လည်းကြာရင် ထုံးသွားတတ်ပါတယ်..
Credit to ကိုရဲ
No comments:
Post a Comment