Wednesday, 22 February 2017

မင်းကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ မင်းကို ဒုက္ခမပေးနိုင်ပါဘူး..။

မင်းကိုယ်တိုင်ကလွဲပြီး ဘယ်သူမှမင်းကို ဒုက္ခမပေးနိုင်ပါဘူးကွဲ့။
မင်းရင်ထဲမှာ အာဃာတတွေ သိပ်များနေတာဘဘမြင်နေရတယ်။
ဒါတွေကို မထိန်းချုပ်နိုင်ရင် မင်းမှာ အန္တရယ်ဖြစ်လာမယ်။ 

မင်း ဒီမှာ စိတ်မချမ်းသာဘူး၊ ဒီပတ်ဝန်းကျင်နဲ့ ဝေးချင်လို့ တိုင်းပြည်
အသစ်တစ်ခုကို သွားမှာမဟုတ်လား၊ ဒါပေမယ့် မင်းဒီလူတွေဆီကသာ လွတ်နိုင်မယ်၊ မင်းကိုယ်မင်းတော့ လွတ်မြောက်နိုင်ပါ့မလား။

ရင်ထဲမှာ ဒေါသ အာဃာတတွေ ရှိနေတဲ့လူဟာ အပြင်မှာ ချမ်းသာသုခ ရှာတွေ့နိုင်ပါ့မလား။ ပြန်စဉ်းစားပါ။ နည်းနည်းလေးတော့ စိတ်လျော့လိုက်ပါ။ မင်းမှာ မင်းချစ်တဲ့သူတစ်ယောက်ဆုံးရှုံးခဲ့တယ်။

ဒါနဲ့တင် ၀မ်းနည်းပူဆွေးခဲ့ရပြီးပြီဘဲ။ ဘာလို့ ကိုယ့်ကိုယ်ကို ဆင်းရဲဒုက္ခထပ်ပေးနေဦးမှာလဲ။ ကိုယ့်နှလုံးသားကို ဖွင့်ပစ် ဆေးကြောပစ်ဖို့ သတ္တိ မမွေးနိုင်သေးရင် ကိုယ်ပဲ ဆက်ပြီးထိခိုက်နာကျင်နေဦးမှာဘဲ..~

မဟတ္တမ ဂန္ဓီ

No comments:

Post a Comment