Sunday, 28 February 2016
လူငယ် အရွယ်...
လူငယ်အရွယ်မှာ -
ဘာသာတရားကို လေးစားလိုက်နာပါ။
အသက်ကြီးမှဆိုရင် မလွယ်ကူတော့ပါ။
လူငယ်အရွယ်မှာ မိဘ၊ ဆရာ နှင့် ရိုသေထိုက်သူတို့ကို ရိုသေတတ်အောင်လေ့ကျင့်ထားပါ။
အသက်ကြီးမှဆိုရင် မလွယ်ကူတော့ပါ။
လူငယ်အရွယ်မှာ ကျိုးကြောင်းပြညွှန်တဲ့ဆုံးမစကားကိုလိုက်နာပါ။
အသက်ကြီးမှဆိုရင် မလွယ်ကူတော့ပါ။
လူငယ်အရွယ်မှာ တန်ဖိုးထားသင့်တဲ့အရာတိုင်းကိုတန်ဖိုးထားပါ။
အသက်ကြီးမှဆိုရင် မလွယ်ကူတော့ပါ။
လူငယ်အရွယ်မှာ အချိန်ကို တန်ဖိုးရှိစွာအသုံးချတတ်အောင်လေ့ကျင့်ပါ။
အသက်ကြီးမှဆိုရင် မလွယ်ကူတော့ပါ။
လူငယ်အရွယ်မှာ ကြိုးစားချင်စိတ်ကိုလေ့ကျင့်မွေးမြူထားပါ။
အသက်ကြီးမှဆိုရင် မလွယ်ကူတော့ပါ။
လူငယ်အရွယ်လိမ်မာယဉ်ကျေးအောင်လေ့ကျင့်နေထိုင်ပါ။
အသက်ကြီးမှဆိုရင် မလွယ်ကူတော့ပါ။
လူငယ်အရွယ်မှာ ကျိုးကြောင်းဆင်ခြင်တတ်တဲ့ညာဏ်ပညာရှိအောင် လေ့လာသင်ယူပါ။
အသက်ကြီးမှဆိုရင် မလွယ်ကူတော့ပါ။
လူငယ်အရွယ်မှာ မိမိတာဝန်ကိုကျေပွန်အောင်လုပ်ဆောင်တတ်တဲ့အလေ့အကျင့်ရှိအောင်လုပ်ဆောင်ပါ။
အသက်ကြီးမှဆိုရင် မလွယ်ကူတော့ပါ။
လူငယ်အရွယ်မှာကြိုးစားချင်စိတ်မွေးပါ။
အသက်ကြီးမှဆိုရင် မလွယ်ကူတော့ပါ။
လူငယ်အရွယ်မှာ ကိုယ်ချင်းစာနာစိတ်ရှိအောင်မွေးမြူနေထိုင်ပါ။
အသက်ကြီးမှဆိုရင် မလွယ်ကူတော့ပါ။
လူငယ်အရွယ်မှာ ကိုယ်ကျင့်တရားကောင်းအောင် ပြုမူနေထိုင်ပါ။
အသက်ကြီးမှဆိုရင် မလွယ်ကူတော့ပါ။
လူငယ်အရွယ်မှာ ရိုသေလေးစားထိုက်သူကို ရိုသေလေးစားတတ်တဲ့စိတ်မွေးမြူပါ။
အသက်ကြီးမှဆိုရင် မလွယ်ကူတော့ပါ။
လူငယ်အရွယ်မှာ လူပီသအောင်နေထိုင်ပါ။
အသက်ကြီးမှဆိုရင် မလွယ်ကူတော့ပါ။
လူငယ်အရွယ်မှာ အမှန်တရားဘက်မှရပ်တည်ရဲတဲ့စိတ်မွေးမြူပါ။
အသက်ကြီးမှဆိုရင် မလွယ်ကူတော့ပါ။
လူငယ်ရွယ်နှင့်လူကြီးအရွယ်သည် တစ်ဆက်တည်းဖြစ်၏။
လူငယ်အရွယ်မှာလေ့ကျင့်ခြင်းသည် လူကြီးအရွယ်မှာကျွမ်းကျင်ခြင်းကိုဖြစ်စေသည်။
လူငယ်အရွယ်မှာ ကြိုးစားခြင်းသည် လူကြီးအရွယ်မှာ အောင်မြင်ခြင်းကို ဖြစ်စေသည်။
လူငယ်အရွယ်မှာ သင်ယူခြင်းသည် လူကြီးအရွယ်မှာ တတ်မြောက်ခြင်းကို ဖြစ်စေသည်။
လူငယ်ကောင်းမှ လူကြီးကောင်းမည်။
လူငယ်တော်မှ လူကြီးတော်မည်။
လူငယ်လိမ္မာမှ လူကြီးလိမ္မာမည်။
လူကြီးကောင်းများဖြစ်ချင်သူတိုင်း လူငယ်အရွယ်မှာကောင်းဖို့လိုသည်။
သားသမီးကောင်းဖြစ်ခဲ့မှ မိဘကောင်းဖြစ်နိုင်သည်။
တပည့်ကောင်းဖြစ်ခဲ့မှ
ဆရာကောင်းဖြစ်နိုင်သည်။
လူငယ်ကောင်းများဖြစ်အောင်ကြိုးစားကြပါစို့။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment