သတိရလွမ်းဆွပ်တယ်ဆိုတာ...
ဆိုးရွားတဲ့ စိတ်ခံစားချက်တခုကို ပိုင်ဆိုင်ထားရသလိုပဲ...
ဒါပေမယ့် ကိုယ်သတိရနေတဲ့သူက ကိုယ့်ကိုမေ့ဖို့ကြိုးစာနေတာကို...
သိနေရတဲ့ အဖြစ်က ပိုပြီး ဆိုးရွားတယ်....။
မျှော်လင့်ရတယ်ဆိုတာ....
ရှည်လျားတဲ့ အချိန်အတိုင်းတာကြီးကို စောင့်နေရသလိုပဲ....
ဒါပေမယ့် ကိုယ်စောင့်မျှော်နေတဲ့သူက ကိုယ်ဆီပြန်မလာနိုင်ဘူးဆိုတာကို...
သိနေရတဲ့ ဘ၀က ပိုပြီး ရှည်လျားလွန်းတယ်။
ငိုကြွေးတယ်ဆိုတာ...
နာကျင်တဲ့ နှလုံးသားအနာတရတခုကို တူးဆွနေရသလိုပဲ...
ဒါပေမယ့် ကိုယ်ငိုကြွေးနေရတဲ့သူက တခြားရင်ခွင်မှာပျော်နေတာကို ...
သိနေရတဲ့ အဖြစ်က ပိုပြီး နာကျင်စရာကောင်းတယ်...။
တကယ် သံယောဇဉ်တွယ်မိသူသာ သတိရနေမိတယ်....။
တကယ် ယုံကြည်မိတဲ့ သူသာ မျှော်လင့်ချက်တွေနဲ့နေခဲ့ရတယ်။
တကယ် မုန်းလို့မရတဲ့ သူသာ အနာကျင်ဆုံး လူအဖြစ်ကျန်ရစ်ခဲ့ရတယ်...။
No comments:
Post a Comment