Wednesday, 30 November 2016
ဂျပန်တို့ရဲ့ လူသား တန်ဖိုး..။
ရောင့်တက်ကြ သူများ..။
Tuesday, 29 November 2016
ခရု နှစ်ကောင်...။
တစ်ခါတုန်းက ခရုလေး နှစ်ကောင်ဟာ ဥယျာဉ် တစ်ခုထဲမှာ အဆွေခင်ပွန်းဖွဲ့ပြီး နေထိုင်ကြသတဲ့။ ပန်းပင်တွေရဲ့ ထူးကဲတဲ့ အရသာလေးတွေကို မြိန်ရေယှက်ရေ စားသုံးကြပြီး နေထိုင်ကြတာပေါ့။
ခရုတစ်ကောင်ကတော့ အကောင်ကြီးတယ်၊ ဦးနှောက်ဉာဏ်နည်းတယ်။ ဒါ့အပြင် ထိုးထွင်းကြံစမှုလည်း ညံ့ဖျင်းပါတယ်။ ကျန်တစ်ကောင် ကတော့ အကောင်သေးပေမယ့် လေ့လာစူးစမ်းတတ်တယ်၊ လုံလ၊ ဝီရိယလည်းရှိတယ်။ ပညာကိုလည်း အသုံးချတတ်လေရဲ့။
တစ်နေ့မှာတော့ သူတို့နှစ်ကောင်ဟာ ပန်းပင်တစ်ပင်ပေါ်ကို အတူ တက်နေကြမိတယ်တဲ့လေ။ ဒါနဲ့ သူတို့နဲမလှမ်းမကမ်း မှာ ရှိတဲ့ ပန်းပင်ကြီး တစ်ပင်ကို လှမ်းမြင်လိုက်ကြပါတော့တယ်။
ပန်းပင်ကြီးဟာ မိမိတို့နေတဲ့ အပင်ထက် ကြီးပြီး အပွင့်ကြီးတွေ လှနေတာပေါ့။ ဒီချိန်မှာပဲ ခရုနှစ်ကောင်ဟာ တစ်ဖက် ပန်းပင်ကြီးကို ကြည့်ပြီး သွားလိုစိတ်တွေ ပြင်းပြလာပါတော့တယ်။ သို့ပေမယ့် ပန်းပင်ကြီးဟာ သူတို့ ကူးလို့မရနိုင်ပဲ ဖြစ်နေပါတယ်။
သူတို့နေတဲ့ အပင်ဟာ ပန်းပင်ကြီးနဲ့နိမ့်လည်း နိမ့်တယ်၊ အရွက်ချင်းကလည်း အလှမ်းဝေးပါသတဲ့။ ဒါကို အကောင်ကြီးပြီး ဉာဏ်ပညာနည်းတဲ့ ခရုကြီးဟာ မိမိတို့နေတဲ့ အပင်လေး ကြီးလာပြီး ပန်းပင်ကြီးကို မှီတဲ့ အထိ စောင့်နေမယ်လို့ ခရုငယ်လေးကို ပြောလိုက်ပါတယ်။ အပင်က အရွက်တွေ ရှည်လာတဲ့အခါ အရွက်ချင်းထိမိပြီး သူတို့တွေ ကူးနိုင်မယ်လို့သူတွေးမိလို့ပါပဲ။
ခရုငယ်လေးကတော့ ဒါဟာ ဘယ်ဖြစ်နိုင်ပါ့မယ်လဲ ဆိုတာ သိတာပေါ့။ အချိန်တွေ လွန်စွာမှ ကြာမည်ဖြစ်ကြောင်း သူစဉ်းစားမိပါတယ်။ သူတို့သက်တမ်းအားဖြင့်လည်း မစောင့်နိုင်တော့ဘူးဆိုတာ သူတွေးမိတာပေါ့။
ဒါ့အပြင် မိမိတို့နေတဲ့ ပန်းပင်က ကြီးပြင်းလာသလို တစ်ဖက် ပန်းပင်ဟာလည်း ဒီ့ထက် ပိုကြီးလာမယ် ဆိုတာ သူ ကောင်းကောင်း ဆင်ခြင်နိုင်လိုက်ပါတယ်။ ခရုငယ်လေးက ဒီပန်းပင်ကနေဆင်းပြီး တစ်ဖက် ပန်းပင်ကြီးပေါ်ကို တို့တွေ အတူတူတက်ကြရအောင်လို့ ပြောပါတယ်။ ပင်ပန်းမယ်ဆိုတာ သိပေမယ့် ဒီအကြံဟာ အကောင်းဆုံး ဖြစ်နိုင်တယ်လို့အကြံပြုလိုက်တာပေါ့။
အသိဉာဏ်နည်းပြီး အားမထုတ်ချင်တဲ့ ခရုကြီးခမျာမှာတော့ ပန်းပင်ကြီးကို မိမိနေထိုင်တဲ့ ပန်းပင်လေးက မှီလိမ့်နိုးနဲ့ စောင့်ရင်း ဘယ်အစာမှ မစားတာကြောင့် အစာငတ်ပြီး နောက်ဆုံး သေပွဲ ဝင်သွားရပါတော့သတဲ့လေ။
ဒီပုံပြင်လေးထဲက ခရုနှစ်ကောင်ရဲ့ အဖြစ်ကို လေ့လာကြည့်ရအောင်ပါ။ ဖြစ်နိုင်ချေ၊ မဖြစ်နိုင်ချေကို ဝေဖန်သုံးသပ် စဉ်းစားပြီးမှ လုပ်တဲ့ ခရုလေးနဲ့ကိုယ့်အားကိုကိုး လုပ်ရမှာတောင် အားအင်ကို ချွေတာပြီး စဉ်းစားဉာဏ်မဲ့တဲ့ ခရုကြီးရဲ့ ဘဝအဆုံးကို မြင်ရမှာပါ။
မိမိလုပ်ချင်တဲ့အလုပ်၊ သွားချင်တဲ့ လမ်းဆိုတာ ကြမ်းတမ်းရင် ကြမ်းတမ်းပါမယ်။ ချောမွေ့ရင် ချော့မွေ့ပါမယ်။ သို့သော် ကြိုတင် မျှော်တွေးမှုရှိရပါမယ်။ တိကျတဲ့ အဖြေကို ချက်ချင်းထုတ်နိုင်အောင် ကြိုးစားတတ်ရမယ်။
နောက်ပြီး အလုပ်ပြီးမြောက်ဖို့ ခွန်အားသုံးရပါမယ်။ ဒီလိုမှ မဟုတ်ပဲ၊ ပေါ့ပေါ့တွေး ပေါ့ပေါ့နေရင်တော့ ဘဝအဆုံးမှာ သေပွဲဝင်ပြီး ရည်မှန်းချက် မအောင်မြင်လိုက်တဲ့ ခရုကြီးရဲ့ အဖြစ်ကဲ့သို့ဖြစ်သွား ပါလိမ့်မယ်။
ဘဝကို ပေါ့ပေါ့မတွေးပါနဲ့၊ အမြဲအလေးအနက်ထားပြီး ဆုံးဖြတ်ပါဆိုတာ သင်ခန်းအဖြစ် မြင်ရပါလိမ့်မယ်။
Thursday, 24 November 2016
ကြိုးစားသော်လည်း မအောင်မြင် ရခြင်းဟာ..။
၂။ မှန်ကန်တဲ့ ကြိုးစားမှု ဖြစ်ပါစေ
ဒီနေ့ ထလုပ်လိုက် နောက်နေ့ မလုပ်လိုက် စသဖြင့် ကောက်ရိုးမီးလို ခနလောက် လောင်ကြွမ်းတဲ့ အရာမျိုး မဖြစ်စေဘဲနဲ့ မိမိသွားချင်တဲ့ နေရာတစ်ခု ရောက်အောင် အမြဲ အာသွန်းခွန်စိုက် ရှိဖို့ကိုလည်း သတိထားပါ။
၃။ ပေးဆပ်မှု များလေလေ အောင်မြင်မှု ကြီးလေလေပဲ
တကယ့် အမှန်ပါ။ ပေးဆပ်မှု နည်းတဲ့ အောင်မြင်မှု ဆိုတာလည်း သေးသေးလည်း ပါပဲ။ အောင်မြင်တဲ့ သူတွေ အများစုရဲ့ နောက်ခံ သမိုင်းကို ပြန်ကြည့်လိုက်ရင် ပေးဆပ်ထားတဲ့ အရင်းအနှီးက အလွန်ကြီးလွန် ပါပေတယ်။
၎။ ရည်မှန်းချက် မရောက်ခင် လက်မလျော့နဲ့
တော်ပြီကွာ ငါလုပ်ချင်တဲ့ အရာကို အရမ်းပင်ပန်းတယ် လက်လျော့လိုက်တော့မယ့် ဒီလိုလေး အေးအေးဆေးဆေးပဲ နေတော့မယ် သေရင် ကိုယ့်နောက်ပါတာမှ မဟုတ်တာ စသဖြင့် စိတ်ကို လျော့ချလိုက်ကြတယ်။ ဒီလိုဆိုရင် အောင်မြင်မှုကလည်း အနားရောက်ခါနီးမှ ပြန်လှည့်သွားပါလေရော။
၅။ ဖြစ်ချင်တဲ့ စိတ်ပြင်းပြပါစေ
ငါ သူဌေး ဖြစ်ချင်တာ၊ အဆိုတော် ဖြစ်ချင်တာ အဲဒီလို ပြင်းပြင်းပြပြ ငတ်ငတ်မွတ်မွတ်သာ ရှိ အဲဒီလူ တကယ် ဖြစ်တယ်။
ဘဝ နိမ့်ခြင်း မြင့်ခြင်း အကြောင်းရင်း..။
တန်ဖိုးရှိတဲ့ဘဝလေး လက်လွတ် ဆုံးရှုံးသွားမယ်ဆိုရင်ဖြင့်ပေါ့လေ၊ ကိုယ့်ဘဝတစ်ခုကို မြင့်တယ် နိမ့်တယ်၊ မြင့်အောင်လုပ်တယ်ဆိုတာ ဘယ်သူမှ လုပ်တာမဟုတ်ဘူး ကိုယ်ကလုပ်တာ။
စာဏကျနီတိဆရာတော်က ဒီအတိုင်းဆိုတယ်။
ဘဝမြင့်တယ် နိမ့်တယ်ဆိုတာ ဘယ်သူမှလုပ်တာ မဟုတ်ဘူး၊ ကိုယ့်ဟာကိုယ်ပဲလုပ်တာ။ ဥပမာအားဖြင့် ပြောမယ်ကွာတဲ့။
ရေတွင်းတူးတဲ့ လူတစ်ယောက်ကို ကြည့်ပါ။ ရေတွင်းတူးတဲ့ လူတစ်ယောက်ဟာ ဗွေလှည့်လှည့်ပြီး တူးသွားလိုက်တာ တဖြည်းဖြည်းနဲ့ ဒီလူသည် နိမ့်သွားတာလား၊ မြင့်သွားတာလား။
"နိမ့်သွားတာပါဘုရား"
ဒီလိုနိမ့်သွားတာဟာ ကိုယ်လုပ်လို့လား၊ သူများလုပ်တာလား။
"ကိုယ့်ဖာသာ ကိုယ်လုပ်တာပါဘုရား"
ကိုယ့်ဘဝကိုလည်း ဒီအတိုင်းပဲတဲ့။ ဒကာကြီးတွေ ဒကာမကြီးတွေ သူများမြှင့်လို့ မရဘူး။ ကိုယ့်ဖာသာကိုယ်မြှင့်ရမယ်။
"မရပါဘုရား"
ကိုယ့်ဖာသာကိုယ်နှိမ့်တာ၊ နောက်တစ်နည်း ဥပမာ တစ်ခုကွာတဲ့။ အုတ်ပုံပေါ်မှာ ထိုင်ပြီးတော့ အုတ်စီတဲ့လူတစ်ယောက်ကို ကြည့်ဦးတဲ့၊ တစ်ခါတည်းအုတ်ပုံပေါ် ဗွေလှည့်လှည့်ပြီး စီသွားလိုက်တာ တဖြည်းဖြည်းနဲ့ မြင့်သွားတာလား၊ နိမ့်သွားတာလား။
"မြှင့်သွားပါတယ်ဘုရား"
သူများမြင့်တာလား၊ ကိုယ့်ဟာကိုယ်မြင့်တာလား။
"ကိုယ့်ဟာကိုယ် မြင့်တာပါဘုရား"
ဘဝတစ်ခုဆိုတာ ဒကာကြီးတွေ ဒကာမကြီးတွေ၊ နိမ့်ကျအောင် သူတစ်ပါးက အပါယ်လေးပါးတွန်းချလို့ရတာမဟုတ်ပဲနဲ့။
အပါယ်လေးပါးကျအောင် သူများကလုပ်တာလား၊ ကိုယ်ကိုယ်တိုင်လုပ်တာလား။
"ကိုယ်ကိုယ်တိုင်လုပ်တာပါ ဘုရား"
နိဗ္ဗာန်ရောက်အောင် လုပ်တာလည်းပဲ သူများလုပ်ပေး လို့ရတာလား ကိုယ်ကိုယ်တိုင် အားထုတ်လို့ရတာလား။
"ကိုယ်ကိုယ်တိုင် အားထုတ်လို့ ရတာပါ ဘုရား"
ဘဝတစ်ခု နိမ့်တယ်မြင့်တယ်ဆိုတာ မိမိသာလျှင်ပဓာနပါ။
ဟုတ်ရဲ့လား။
"မှန်ပါဘုရား"
မိုးကုတ်ဆရာတော်ဘုရားကြီ:
Ref:ငွေတာရီ
Wednesday, 23 November 2016
တစ်ယောက်တည်း နေဖြစ်တဲ့ အခါ..။
.
(၁) စိတ်တွင်းငြိမ်းချမ်းမှုကို ခံစားရတယ်။
တစ်ယောက်တည်းနေတဲ့အခါမှာ စိတ်ရဲ့ ငြိမ်းချမ်းမှုကို ခံစားရပါတယ်။ စိတ်ကိုအနားပေးဖို့အတွက် တစ်နေ့ကို နာရီအနည်းငယ်တော့ တစ်ယောက်တည်း နေဖို့လိုအပ်ပါတယ်။
.
(၂) ဘဝအကြောင်း တွေးဖြစ်တယ်။
အများနဲ့ရှိနေတဲ့အခါ ပြောဆိုဆက်ဆံရတယ်။ နားထောင်ရတယ်။ တစ်ယောက်တည်း နေတဲ့အချိန်မှာတော့ ကိုယ့်အတွက်တွေးဖို့အချိန်ရပါတယ်။
.
(၃) တိုးတက်ရာ တိုးတက်ကြောင်းလုပ်ဖြစ်တယ်။
တစ်ယောက်တည်းနေတဲ့အခါမှာ စာဖတ်ဖြစ်တယ်။ ဝါသနာပါတာကို လုပ်ဖြစ်တယ်။ ကိုယ်လုပ်ရမယ့်အလုပ်တွေကိုပဲ အာရုံစူးစိုက်ပြီး လုပ်ဖြစ်တယ်။
.
(၄) စိတ်အနှောင့်အယှက်ဖြစ်စရာတွေနဲ့ မကြုံရဘူး။
လူတွေနဲ့ဆက်ဆံတဲ့အခါမှာ ကြုံရတဲ့ စိတ်သောကတွေကနေ ကင်းဝေးနိုင်ပါတယ်။ ဒီတော့ စိတ်ရှုပ်စရာတွေ၊ စိတ်သောကတွေ၊ အကုသိုလ်တွေ ကင်းဝေးပြီး လွတ်လပ်ပေါ့ပါးစွာ နေနိုင်ပါတယ်။
.
(၅) ဝါသနာပါရာတွေ လုပ်ဖြစ်တယ်။
ကိုယ့်ဝါသနာနဲ့ ဆက်ဆံတာတွေလည်း လုပ်ဖြစ်ပါသေးတယ်။ တရားထိုင်တာပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်၊ နောက်ဆုံး အလှပြင်တာပဲဖြစ်ဖြစ်
ဒီလိုအချိန်မှာ အေးဆေးစွာ လုပ်ဖို့ ဖြစ်နိုင်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအတွက်လည်း အထောက်အကူပေးပါတယ်။
.
ဘယ်အရာမှာမဆို သင့်တင့်မျှတတဲ့ နေထိုင်မှုကပဲ ကောင်းပါတယ်။ အမြဲတမ်းလူတွေနဲ့ ထိတွေ့ဆက်ဆံနေတာမျိုးက အဆင်မပြေသလို အမြဲတမ်း တစ်ယောက်တည်း နေမယ်ဆိုရင်လည်း မကောင်းပါဘူး။
တိုက်တွန်းအကြံပေးလိုက်ရပါတယ်။
Ref: (Focus Youth)
သူများအပေါ်မှာ မကောင်းရင် ကိုယ့်အပေါ်မှာလည်း ကောင်းမှာ မဟုတ်ဘူး..။
Ref: (ပစ်တိုင်းထောင်)
Today Bago New Version အား Download ပြုလုပ်ခြင်းဖြင့်
ပိုမိုဆန်းသစ် ပြီးပြည့်စုံ တဲ့ သတင်းများနှင့် အကြောင်းအရာများကို
နေ့စဉ်အခမဲ့ ဖတ်ရှုလိုက်ပါ။
Download for blow link
www.todaybago.com/todaybago.apk
----------------------------------------------------
Unicode
သူများအပေါ် မကောင်းရင် ကိုယ့်အပေါ်လည်း ကောင်းမှာမဟုတ်ဘူး
မိမိနေထိုင် ရှင်သန်ရာ ဘဝမှာ လူအမျိုးမျိုး စိတ်အထွေထွေနဲ့ ကြုံဆုံ ရပါလိမ့်မယ်။ ကောင်းသူ ရှိသလို မကောင်းသူလည်း ရှိပါတယ်။ အဲဒီတော့ လူတွေအပေါ်ကို ကောင်းမွန်စွာ ဆက်ဆံ တတ်ဖို့ အရေးကြီး ပါတယ်။ မိမိနေချင်သလို နေလို့ မရပါဘူး။ မိမိအဆင်ပြေရင် ပြီးရော ကျန်သူ ဘာပဲဖြစ်ဖြစ် တွေးလို့မရပါဘူး။
သူများ အပေါ် မကောင်းဘူးဆိုရင် ကိုယ့်အပေါ်ကိုလည်း လူတွေက ကောင်းမှာ
မဟုတ်ပါဘူး။ သူများကောင်းကောင်း မကောင်းကောင်း ကိုယ်ဘက်က ကောင်းနိုင်အောင် ဂရုစိုက်ပါ။ တစ်ခါတစ်ရံမှာ ကိုယ်ကကောင်းသော်လည်း ကိုယ့်အပေါ် မကောင်း တာတွေလည်း ရှိပါတယ်။ အဲဒီလို ရှိခဲ့တယ်ဆိုရင် ဝမ်းနည်းနေဖို့ မလိုပါ။
ဟန်ဆောင်ကောင်းတဲ့ သူတွေကို သတိထားပါ။ ရှေ့မှာ ပြံုးပြပြီး နောက်ကွယ်မှာ
မကောင်း လုပ်တတ်သူတွေကို ရှောင်။ အဓိက ကတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ကောင်း ထားနိုင်အောင် ကြိုးစားပါ။
Ref: (ပစ်တိုင်းထောင်)
ကိုယ်ကိုကိုယ် ဖျက်မှ ပျက်သည်..။
မိမိ ဘဝ၏ပဲ့ကိုင်ရှင်မဟုတ်ပါ။မိမိ၏ ကောင်းမှု ၊ မကောင်းမှု သည်မိမိလက်ထဲမှာသာ ရှိသည်။
မိမိကာယကံကို မိမိကိုယ်တိုင် ဖျက်မှ ပျက်သည်။ တစ်ပါးသူကမဖျက်ဆီးနိုင်ပါ။
မိမိဝစီကံကိုလည်း မိမိကိုယ်တိုင် ဖျက်မှပျက်သည်။ တစ်ပါးသူကမဖျက်ဆီးနိုင်ပါ။
မိမိမနောကံကိုလည်း မိမိကိုယ်တိုင် ဖျက်မှပျက်သည်။ တစ်ပါးသူကမဖျက်ဆီးနိုင်ပါ။
အကုသိုလ်စရိုက်ဆိုး မှန်သမျှပြုလွယ်ဖြစ်လွယ် ကျူးလွန်ရန် အလွန်လွယ်ကူသည်။
ထိုကြောင့်မိမိကိုယ်ကိုဖျက်ဆီးရန်လည်း လွယ်ကူနေခြင်းဖြစ်ပါသည်။
“ပါပသ္မိံရမတိ မနော” ဟုဆိုသည်မဟုတ်လော။ကျောက်မှဖြစ်သော ဝရဇိန်သည် မှီရာကျောက်ကို
ထွင်းဖောက် ဖျက်ဆီးလေသကဲ့သို့ ၊မိမိပြုသောမကောင်းမှုသည် မိမိကိုယ်ပင်ပြန်လည်ဖျက်ဆီး၏။
(မဟာကာလဥပသကဝတ္ထု)
-【အရှင်ဝိလာသဂ္ဂ (ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】
Ref:ဓမ္မနဒီ
Monday, 21 November 2016
Sunday, 20 November 2016
ကျေးဇူးတင်တယ်..။
အသက်ကြီးလာတဲ့ အခါ..။
Saturday, 19 November 2016
တစ်ခါတုန်းက ငါးဖမ်းသား..။
Thursday, 17 November 2016
မိမိ ပြောတဲ့ စကားကို နားထောင်စေချင်ရင်..။
(၁) အသံအကျယ်ကြီး မပြောနဲ့ ။
စကားပြောတဲ့ အခါမှာ အသံ အနိမ့် အမြင့် နဲ့ ပြောတာက တစ်ဖက်သူကို ပိုပြီး စိတ်ပါဝင်စားစေပါတယ် ။
(၂) သူတို့ စိတ်ဝင်စားတဲ့ အကြောင်းပြောပါ ။
မိမိ စကားပြောချင်တာ မှန်ပေမယ့် တခြားသူ စိတ်မဝင်စားတဲ့ အကြောင်းအရာ ဖြစ်နေရင်လည်း စိတ်ပါဝင်စားစွာ နားထောင် ပေးနိုင်မှာ မဟုတ်ပါဘူး ။
(၃) လိုရင်း တိုရှင်းပြောပါ ။
အထူးသဖြင့် တချို့ လူတွေ ရှိတယ် ။ စကားပြောရင် စကားချီးတွေ များနေတတ်တာ ၊ စကားပလ္လင် ခံတာ ၊ အဆမတန်များတဲ့ အခါ လိုရင်း မရောက်နိုင်တော့ပါဘူး ။
(၄) စကားကို တိုက်ရိုက်ပြောပါ ။
ပြောစကား ရှိတဲ့ စကား ကို တိုက်ရိုက် ပြောပါ ။ မဆိုင်တဲ့ သူတွေ ကို ကြားခံ အနေနဲ့ အသုံးပြုတာမျိုး ကို ရှောင်ရှားပါ ။
(၅) ပြောစရာ ပြောပြီးရင် နားပါ ။
တချို့ က ရှိတယ် ။ စကားပြောရင် အချိန်တွေ ဆွဲနေတတ်တယ် ။ ပြောစရာ စကား ကုန်သွားရင်တောင်မှ ချက်ချင်း စကားစ မဖြတ်ပဲ ရောက်တတ်ရာရာ စကားတွေ ကို လေကုန် ခံ ပြောနေချင်တာမျိုးပါ ။
Ref:ayesay
များလာလတ်တေ..။
လောကဒဏ် ဆိုတာ..။
Wednesday, 16 November 2016
ကျေနပ်ရောင့်ရဲခြင်းဟာ အကောင်းဆုံး ချမ်းသာ..။
ဘဝမှာ ကိုယ်သိပ်မုန်းတဲ့သူဟာ တစ်ချိန်တုန်းက ကိုယ်သိပ်ချစ်ရတဲ့သူ ဖြစ်ကောင်းဖြစ်နိုင်တာပဲ။
အခု ကိုယ်မသုံးချင်တော့အောင် ရိုးသွားတဲ့ ပစ္စည်းတစ်ခုခုဟာလည်း အရင်တုန်းက ကိုယ်အရူးအမူး လိုချင်ခဲ့တဲ့ ပစ္စည်းတစ်ခုခု ဖြစ်နေနိုင်တာပဲ။
လူ့စိတ်ဆိုတာ မရခင်ကတော့ "တစ်ယောက်ဆိုတစ်ယောက်ပဲ"လို့ ဆိုတတ်ပေမယ့် ရလည်းရပြီးရော နောင်ဘဝမပြောနဲ့ ဒီဘဝမှာပဲ ပြန်အမ်းလို့ရရင် ပြန်အမ်းချင်တော့တာ မဟုတ်လား။ ပစ္စည်းဝတ္ထုလည်း ဒီလိုပဲ။
မကျေနပ်နိုင်ရင်၊ မရောင့်ရဲနိုင်ရင် လိုချင်မှု၊ ရချင်မှုကြောင့်ဖြစ်တဲ့ ဆင်းရဲကတော့ ခံရမှာပဲပေါ့။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ
Ref:နှလုံးသားအာဟာရ
စာဖတ်သူတွေ လုပ်တဲ့ အချက်( ၇ ) ချက်..။
ခြေတစ်လှမ်းနဲ့ စတဲ့သူများ..။
Monday, 14 November 2016
Life tips....
Thursday, 10 November 2016
အတ္တ..။
သူကမချော့ပဲနဲ့ ကိုယ်က စမခေါ်ချင်ဘူး"ဆိုပြီး....
သူနဲ့ ကိုယ့်ရဲ့ ကြားမှာအတ္တမာနတွေ...
တဖြေးဖြေး ကြီးထွားလာခဲ့ကြတယ်.....။
"သူလည်း ကိုယ်မရှိပဲ နေနိုင်သေးတာပဲ....
ငါက ဘာလို့ မနေနိုင်ရမှာလဲ " ဆိုပြီး.....
သူနဲ့ ကိုယ့်ရဲ့ ကြားမှာ သဘောထားတွေ....
တဖြေးဖြေး ကွဲလွဲလာခဲ့ကြတယ်........။
"သူ ကိုယ့်ကို အေးစက်ပြနေတာလား....
ငါက ဘာလို့ ခံစားပြနေရမှာလဲ " ဆိုပြီး....
သူနဲ့ ကိုယ့်ရဲ့ကြားမှာ နားလည်မူတွေ....
တဖြေးဖြေး မှားယွင်းလာခဲ့ကြတယ်.....။
အတ္တမာနတွေ..
သဘောထားတွေ. နားလည်မူကွဲလွဲတာတွေဆိုတာ
ချစ်သူတွေကြားမှာ မရှိသင့်တဲ့အရာပါပဲ...။
ဘာမဟုတ်တဲ့ အကြောင်းအရာတချို့ကြောင့်လည်း...
ချစ်သူတွေကို ဟိုးအဝေးဆုံးကို ခွဲခြားသွားစေနိုင်တယ်...။
Monday, 7 November 2016
မိမိ ဘာဖြစ်ချင်တာလဲ...။
ဘ၀မှာ ” မိမိ ဘာဖြစ်ချင်တာလဲ” ဆိုတာကို သိနေဖို့ ဟာ ပထမဆုံးအရေးကြီးပါတယ်။ ဘာဖြစ်ချင်တယ်ဆိုတာ သိနေမှ ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားနိုင်မှာပါ။
ရှေ့ မှာ လုပ်ရမယ့်အရာတွေကို အခုကတည်းက စီမံထားတာ မရှိရင် အောင်မြင်မှုရဖို့ ထက် ရှုံးနိမ့်ဖို့ က ရာနှုန်းများတယ်။ ဘာလုပ်ရမှန်းမသိတော့ ဖြစ်သလို လုပ်မိသွားတတ်တာပေါ့။ ဖြစ်သလို လုပ်တတ်တာဟာ ဘ၀ကို စီမံမှုလုပ်တဲ့အခါမှာ အထောက်အကူ မပေးနိုင်ပါဘူး။
မိမိကိုယ်ကို အရင်သိအောင် လုပ်တတ်ရမယ်။
ကိုယ့်ရဲ့ စိတ်ကူး၊ ကိုယ့်ရဲ့ ယုံကြည်မှု၊ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေကို တကယ်သိမှ ဘယ်ချိန်မှာ ဘယ်ထိဖြစ်နိုင်မယ်ဆိုတဲ့ အချိန်ကို သတ်မှတ်လို့ ရမှာလည်း ဖြစ်ပါတယ်။
အချိန်ကန့် သတ်ချက်က ဘ၀အောင်မြင်ရေးမှာ အရေးကြီးပါတယ်။
ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတာမျိုးမရှိတဲ့အခါ တွေဝေတာမျိုးဖြစ်နိုင်တယ်။ အချိန်ကို စီမံမှုလုပ်တဲ့အခါ တွေဝေတတ်ရင် တိကျတဲ့ ရလာဒ်ကို အချိန်လွန်မှရလိမ့်မယ်။
ဒါတွေဟာ မိမိကိုယ်ကို မသိတာကြောင့်ဘဲ ဖြစ်လာတာပါ။
လူတစ်ယောက် ကိုယ့်ရဲ့ရည်မှန်းချက် ကိုယ်မသိတဲ့အခါသူ့ ပတ်ဝန်းကျင်လည်း အခက်တွေ့ စေတယ်။ သူကိုယ်တိုင်လည်း အကြီးမားဆုံး ကျရှုံးမှုကို ခံစားရနိုင်တယ်။ ဘာလို့ လည်းဆိုတော့ မိမိကိုယ်ကိုတောင် မသိတဲ့သူဟာ သူတပါးကိုလည်း နားလည်မှုပေးနိုင်ဖို့ မလွယ်ဘူး။
တိုးတက်မှုကို ရှာဖွေတဲ့အနေရာမှာ ” မိမိ ဘာဖြစ်ချင်တာလဲ ” ဆိုတဲ့ အမေးကို ကိုယ်တိုင် ပြန်မေးကြည့်ပါ။ သေချာတဲ့ အဖြေကို ရှာဖွေဖော်ထုတ်ပါ။ ဒါမှ မနက်ဖန် ကိုယ်ဘာလုပ်သင့်လဲဆိုတာ ရှင်းရှင်းလင်းလင်း သိလာပါမယ်။
Credit to True Men
Saturday, 5 November 2016
အဓိက ခြေတစ်လှမ်း..။
Credit To >>ဘ၀စာမျက်နှာ