Wednesday, 23 November 2016

ကိုယ်ကိုကိုယ် ဖျက်မှ ပျက်သည်..။


လူတို့သည်ကိုယ်ကိုကိုယ် ဖျက်၍ပျက်နေသည်ကို တစ်စုံတစ်ယောက်ကြောင့်
ပျက်ဆီးရသည်ဟုထင်နေသည်။

တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည်
မိမိ ဘဝ၏ပဲ့ကိုင်ရှင်မဟုတ်ပါ။မိမိ၏ ကောင်းမှု ၊ မကောင်းမှု သည်မိမိလက်ထဲမှာသာ ရှိသည်။

မိမိကာယကံကို မိမိကိုယ်တိုင် ဖျက်မှ ပျက်သည်။ တစ်ပါးသူကမဖျက်ဆီးနိုင်ပါ။
မိမိဝစီကံကိုလည်း မိမိကိုယ်တိုင် ဖျက်မှပျက်သည်။ တစ်ပါးသူကမဖျက်ဆီးနိုင်ပါ။

မိမိမနောကံကိုလည်း မိမိကိုယ်တိုင် ဖျက်မှပျက်သည်။ တစ်ပါးသူကမဖျက်ဆီးနိုင်ပါ။

အကုသိုလ်စရိုက်ဆိုး မှန်သမျှပြုလွယ်ဖြစ်လွယ် ကျူးလွန်ရန် အလွန်လွယ်ကူသည်။
ထိုကြောင့်မိမိကိုယ်ကိုဖျက်ဆီးရန်လည်း လွယ်ကူနေခြင်းဖြစ်ပါသည်။

“ပါပသ္မိံရမတိ မနော” ဟုဆိုသည်မဟုတ်လော။ကျောက်မှဖြစ်သော ဝရဇိန်သည် မှီရာကျောက်ကို
ထွင်းဖောက် ဖျက်ဆီးလေသကဲ့သို့ ၊မိမိပြုသောမကောင်းမှုသည် မိမိကိုယ်ပင်ပြန်လည်ဖျက်ဆီး၏။
(မဟာကာလဥပသကဝတ္ထု)
-【အရှင်ဝိလာသဂ္ဂ (ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】
Ref:ဓမ္မနဒီ

No comments:

Post a Comment