Saturday, 10 September 2016

မေတ္တာပေးတတ်ပါစေ...။

ကိုယ့်ကို နာကျင်စေသူပဲဖြစ်ဖြစ် ပျော်ရွှင်စေသူပဲဖြစ်ဖြစ် ရှေးကံမကုန်သရွေ့ ပြန်ဆုံကြရမှာ ဓမ္မတာပဲ။

ဘဝတွေက အဆုံးမရှိဘူး။ ခဏခဏ ပြန်ဆုံနေရအုံးမှာ။ ဆုံတဲ့အခိုက် သူများကို မေတ္တာပေးနိုင်အောင်
ကြိုးစား။ မေတ္တာဆိုတာမျိုးက ကိုယ်က သူများကို မပေးတတ်ခဲ့ရင် ကိုယ်လည်း သူများဆီက မရတတ်ဘူး။

ခုလို သိတတ်တဲ့အချိန်က စပြီး ကိုယ်က ပေးသူ ဖြစ်ပါစေ။
 ကိုယ့်အတွက် ကုသိုလ်များများ ယူ၊
သူများကို မေတ္တာများများပေး။ အဲ့ဒီလို အပေး အယူ မျှနေရင် ဘဝက ပျော်စရာ ကောင်းတာပဲ။

တစ်ဦးနဲ့ တစ်ဦး မေတ္တာတွေနဲ့ ခွဲခွါခဲ့ကြရတော့ ကံမကုန်လို့ ပြန်ဆုံ ကြရတဲ့အခါမျိုးမှာ
နှစ်ဦးနှစ်ဖက်လုံးအတွက် အေးချမ်းတယ်၊ ဘယ်သူ့ကိုမှ မနာကျင်စေရဘူး။
 အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ နေရတဲ့ ဘဝက ပိုပြီး ပျော်စရာကောင်းတယ်။
အရှင်သုဝီရ- မဟာဂန္ဓာရုံ
Ref:Young Buddhist Association

No comments:

Post a Comment