Tuesday, 27 September 2016

အောင်မြင်ချင်ရင် ကိုယ့်အကြောင်းကို အရင်စဉ်းစား..။

သင်ဟာ အောင်မြင်ချင်တဲ့ သူတစ်ယောက်လား? ဒါဆိုရင် သူများအကြောင်းတွေ လေ့လာဖို့ထက် ကိုယ့်အကြောင်းကို သိဖို့ ပိုအရေးကြီးပါတယ်။
 ဘီဂိတ်လ် မနက်ကျရင် ဘာလုပ်လဲဆိုတာကို သိဖို့ထက် သင်မနက်ကျရင် ဘာလုပ်မှာလဲဆိုတာက ပိုအရေးကြီးပါတယ်။ 
စတိဂျော့ဟာ ဘာလုပ်လို့ အောင်မြင်သွားတယ်ဆိုတာထက် သင့်အနေနဲ့ အောင်မြင်အောင် ဘယ်လိုလုပ်ရမှာလဲဆိုတာ ပိုအရေးကြီးပါတယ်။ 
(အောင်မြင်တဲ့သူတွေကို မလေ့လာရဘူးလို့ မဆိုလိုပါဘူး။ ကိုယ့်ကိုယ်ကိုအရင်လေ့လာဖို့လိုတယ်လို့ ပြောတာပါ။)
.
သေချာတာကတော့ ဘီဂိတ်ဟာ သူ့ရှေ့က အိုင်းစတိုင်းကို အားကျနေတာထက်စာရင် သူ့အောင်မြင်မှုကိုပဲသူ ခေါင်းထဲထည့်တယ်။
 စတိဂျော့ဟာ ဂရေဟမ်ဘဲလ်ကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်မယ့်အစား သူ့အလုပ်ကိုပဲ သူကောင်းအောင်လုပ်တယ်။
.
အောင်မြင်ချင်တဲ့သူတစ်ယောက်အနေနဲ့ အောင်မြင်သူတွေရဲ့ အမူအကျင့်ကို လေ့လာတာ ကောင်းပါတယ်။ 
ဒါပေမယ့် ကိုယ်ကိုယ်တိုင်က အောင်မြင်တဲ့ အပြုအမူတွေကို လုပ်ဆောင်ဖို့က ပိုအရေးကြီးပါတယ်။ ကိုယ်ဟာ ဘယ်လိုလူလဲ။ 

ကိုယ်ဟာ ဘာဖြစ်ချင်တာလဲ။ ကိုယ့်အားသာချက်က ဘာလဲ။ ကိုယ့်အားနည်းချက်က ဘာလဲ။ ဒီအရာတွေကို ဆင်ခြင်သုံးသပ်ပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ကို လျှောက်သင့်ပါတယ်။
Ref:  (Focus Youth)

No comments:

Post a Comment