Thursday, 29 September 2016

ရပ်တန့်သွားသော..။


နေ့၊ရက်၊နာရီတွေကို
ငါမုန်းချင်လာတယ်..။

ပြက္ခဒိန်ထဲက
နေ့စွဲတွေကတော့
သူ့တာဝန်နဲ့သူ
တရွေ့ရွေ့သွားနေပါတယ်..။

မေ့မရနိုင်တဲ့
ငါ့မှာသာ
ခုချိန်ထိမနေ့ကလိုပဲ
မပြောင်းလဲသေးဘူး..။

ဘယ်သူတွေဘယ်လိုသံပတ်ပေးပေး
နိုးထလာခြင်းမရှိတဲ့
ငါ့နှိုးစက်ကလေးကို
ကြည့်လိုက်တော့..။

သြော်
ငါ့နှလုံးသားနာရီလေး
ရင်ခုန်နှုန်းရပ်နေရှာတာကို..။

ရှိပါစေတော့
ဘယ်သူမှလာမနှိုးကြပါနဲ့
သွားလိုတဲ့ခရီး မမီနိုင်မှတော့
အိပ်ပျော်နေတာပဲကောင်းပါတယ်လေ..။

နေ့၊ရက်၊နာရီတွေကို
ငါမုန်းချင်လာတယ်..။

No comments:

Post a Comment