သူကို မြင်တိုင်း သူ့အကြောင်းကြားတိုင်း ထိုထက်ပိုလာပါက သူနှင့်ပက်သက်သည့်အရာကို မြင်ရုံဖြင့် သင်စိတ်ချမ်းသာနိုင်တော့မည် မဟုတ်ပါ။ထို စိတ်မချမ်းသာမှု့များလာသည့်အခါ သင်မည်သည့် နည်းနှင့်မျှ ပျော်ရွှင်မှု့ကို ခံစားနိုင်တော့မည် မဟုတ်ပါ။
အကောင်းမြင်စိတ်ရှိပါ။အကယ်၍ မကောင်းဘူး ဆိုပေမယ့်လည်း ကောင်းကွက်ကိုရှာပြီး အကောင်းမြင်ပေးလိုက်ပါ။
အရာရာတိုင်း က အကောင်း အဆိုးဒွန်တွဲနေတာပါ။အကောင်းချည်း မရှိသလို အဆိုးချည်းလည်း မရှိပါဘူး။
သို့သော် ကြည့်ရှု့သူ ခံယူသူအပေါ်မှာသာ ပြောင်းလဲသွားတာပါ။
ဥပမာ ရေဗူးထဲတွင် ရေတစ်ဝက်ပဲရှိပါက သင်မည်သို့မြင်မည်နည်း။
ရေကလည်း တစ်ဝက်ပဲရှိတော့တယ်။(အဆိုး မြင်စိတ်)
ရေက တစ်ဝက်ကြီးတောင် ကျန်သေးတယ်။(အကောင်းမြင်စိတ်)
ရေဗူးထဲက ရေကရေပါပဲ။ဒါပေမယ့် ကြည့်သူအမြင်ပေါ်မူတည်ပြီး ပြောင်းလဲသွားတာပါ။
ထို အကောင်းမြင်စိတ်က သင့်ကို ပိုပြီးကျန်းမာစေသလို နေပျော်သော ဘဝကိုဖြစ်စေမှာပါ။အထူးသဖြင့် မိမိကိုယ်ကို အကောင်းမြင်စိတ်ထားပါ။
သင်၏ အတွေးများထဲလည်း ကောင်းသော အရာများနှင့်ပြည့်နှက်စေပါ။မကောင်းသောအတွေး စိတ်ကူးများအစား ကောင်းသော အတွေးများ ဖြင့်လဲလှယ်လိုက်ပါ။
ထိုသို့ဆိုလျှင် သင်ရဲ့နေ့စဉ်ဘဝသည် ကောင်းသောအရာများဖြင့် နေ့ရက်တိုင်းလှပနေမှာသေချာပါတယ်။
Ref:ayesay

No comments:
Post a Comment