၂။ လိုချင်တဲ့အရာမရတိုင်း ကလေးလိုငိုနေမယ်ဆိုရင် အမြဲငိုနေရတော့မှာပါ။ ဘာဖြစ်လို့ လဲဆိုတော့ ဘဝဆိုတာ လိုအပ်ချက်တွေနဲ့အမြဲပြည့်နေလို့ပါ။
၃။ ချစ်ကြတယ်။ ပြီးတော့ ထားသွားခဲ့ကြတယ်။ ဒါပေမဲ့ နောက်ထပ်ချစ်တဲ့သူတွေ ပြန်ပေါ်လာတာပါပဲ။
၎။ ဒေါသထွက်နေတဲ့လူတွေဟာ စိတ်လိုက်မာန်ပါပြောတတ်ကြတယ်။ ဒါကြောင့် သူတို့ကို ဗွေမယူတာအကောင်းဆုံးပေါ့။
၅။ ဘဝက တိုတိုလေးပါ။ တကယ်မနှစ်သက်တဲ့အရာတွေကို နှစ်သက်ဟန်ဆောင်ရင်းနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို ဆုံးရှုံးမခံတော့ဘူး။
၆။ ရှေ့မှာကောင်းကြောင်းပြောဆိုပြီး ကွယ်ရာမှာ မကောင်းကြောင်းပြောတဲ့လူတွေအတွက်နဲ့ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို မဖြုန်းတီးတော့ဘူး။
၇။ သူငယ်ချင်းဆိုတာ ကိုယ်လိုအပ်ချိန်တိုင်း သေချာပေါက်ရှိနေပေးရမယ့်တာဝန်ကို ယူထားကြတဲ့ သူတွေမဟုတ်ပါဘူး။ ဒါကြောင့် ကြုံလာသမျှအခက်အခဲတိုင်းကို ကိုယ့်အားကိုယ်ကိုး ဖြေရှင်းတတ်အောင် အလေ့အကျင့်လုပ်ထားရတယ်။
၈။ အချစ်ရေးနဲ့ပတ်သက်လာရင် ကြိုတင်မျှော်လင့်ချက်တွေ အများကြီးထားတာက တကယ်ဖြစ်မလာတဲ့အခါ နာကျင်စေတတ်တယ်။ ဒါကြောင့် ဖြစ်လာသမျှကိုပဲ အကောင်းဆုံးရင်ဆိုင်ဖို့ ပြင်ဆင်သင့်တယ်။
၉။ ငယ်ရွယ်တဲ့ဘဝကို ပျော်ပျော်ရွှင်ရွှင်နေထိုင်မယ်။ အသက်အရွယ်ရလာတဲ့အခါ အလုပ်တွေပိုများလာပြီး အားလပ်ချိန်တွေ ပိုရှားလာတော့မှာလေ။
၁ဝ။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ်ပိုင်ခံစားချက်တွေကို ထုတ်ဖော်ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်မှမပြောရင် ကိုယ့်ခံစားချက်တွေကို ဘယ်သူမှသိမှာမဟုတ်လို့ပါ။
၁၁။ အိပ်ရေးဝအောင် အိပ်ပါ။
၁၂။ ပတ်ဝန်းကျင်က လူတွေနဲ့ သူတို့စိတ်ဝင်စားမယ်ထင်တဲ့အကြောင်းလေးတွေကို စကား စမြည်ပြောပါ။ ဒါက ဘဝအတွက် လေ့လာသင်ယူခြင်းလည်းဖြစ်တယ်။
၁၃။ ပြင်ဆင်မှုတိုင်းမှာ ဒုတိယဦးစားပေးကိုလည်း အမြဲထည့်စဉ်းစားပြင်ဆင်တယ်။
၁၄။ တစ်သမတ်တည်းလျှောက်လှမ်းသွားရမယ်ဆိုရင် ဘဝက ပျင်းစရာပါ။ ဒါကြောင့် မစားဖူးတာ လေးတွေစားတယ်။ မဝတ်ဖူးတဲ့ပုံစံလေးတွေ ဝတ်တယ်။ မသွားဖူးတဲ့နေရာအသစ်လေးတွေကို ခရီးထွက်သင့်တယ်။
၁၅။ ကိုယ့်ကိုယ်ကို ဂရုစိုက်တယ်။ အသီးနဲ့ ဟင်းသီးဟင်းရွက်တွေစားတယ်။ ရေများများသောက်တယ်။ သာယာတဲ့ပန်းခြံမှာ လမ်းလျှောက်တယ်။
၁၆။ ပညာရေးဆိုတာ လာမယ့်အနာဂတ်ကို ခိုင်မာစေမယ့် အရေးကြီးဆုံးလှေကားထစ်ပါ။ ဒါကြောင့် စာကြိုးစားသင့်တယ်။
၁၇။ ကိုယ့်ထက်ပိုပြီး လှပတဲ့၊ စမတ်ကျတဲ့၊ ပျော်စရာကောင်းတဲ့၊ ပိုပြီးနာမည်ကြီးတဲ့တစ်ယောက် ယောက်ဆိုတာလောကကြီးမှာ အမြဲရှိပါလိမ့်မယ်။ အဲ့ဒီအမှန်တရားကို လက်ခံဖို့ ကြိုးစားတယ်။
Ref: GandaWin Magazine
No comments:
Post a Comment