ငှက်ချေတိပိုင် ပျံချင်ရေ..
ငါပိုင်ဆိုင်ရေ အတောင်ပံ တစုံနန့်
လိုရာ အရပ်ကို ဆန္ဒအတိုင်းပျံသန်း..။
တမ်တိပိုင့် လွှင့်ပလိုက် ချင်ရေ..
တွယ်ရာမရှိ ဦးတည်ရာ မရှိ
အခိုးအငွေ့တိ အဖြိုက်နန့်
အားလုံးနန့် ဝီးရာကို လွှင့်မျောချင်လို့..
အခုက
ငါစွာ
မြေပြင်မှာ ရပ်
အနောက်ဖက်ကို ဦးတည်လားရင်း
တစ်ခါ တစ်လီ အရှေ့ဘက်ကို လှမ်းကြည့်လိုက်..
တစ်ခါ တစ်ခါ ခလုပ်တိုက်လိုက်
တစ်ခါ တစ်ခါ လဲကျလိုက်
နှလုံးသား တိမှာ အစူးးတိ စူးလိုက်
ခြီလှန်းတိ လျှော်လိုက်
ပျော်ကေ ရယ်ပလိုက်
ဝမ်းနည်းကေ ငိုလိုက်
အေပိုင်နန့်
လဲနိန်လို့ ထူပီးဖို့လူ မရှိရေ ဘဝမှာ
ကိုယ်စွာကို...အားတင်းလို့..ထ
ခါးသီးမှုတိကို ချိုမြိတ်စွာ ခံစားရင်းးးးး
အင်း::::!!!!!
အသက် တစ်နှစ် ကြီးပါလတ်ရာ
ဇာခါ အီးချမ်းဖို့လည်း
ဇာခါမှ....
ဇာချိန်ခါမှ......
ဇာ..နိ့....ဇာ......ရက်....တိ..မှ..,
ငြိမ်း...ချမ်း...နိုင်......ဖို့......လည်းးးးး...။
No comments:
Post a Comment