Tuesday, 13 December 2016

ကံကောင်းခြင်းကို ဖန်တီးနိုင်မယ့် နည်းလမ်းများ...။


တချို့ လူတွေ က ကံကောင်းခြင်းတွေ သူတို့ ဆီ အလိုလို ရောက်လာတတ်တယ်လို့ သူများ အမြင်မှာ ထင်နေတတ်ကျပါတယ် ။ 

တကယ်တော့ ကံကောင်းခြင်း ဆိုတာ ကိုယ်တိုင် ဖန်တီး ယူရင် ရနိုင်တဲ့ အရာ ဖြစ်ပါတယ် ။ ကံကောင်းခြင်းတွေ ရနိင်မယ့် နည်းလမ်းလေးတွေ အများကြီး ရှိပါတယ် ။ 

အနည်းငယ်ကို ဖော်ပြလိုက်ပါတယ် ။ မိမိ ဆီ ကံကောင်းခြင်းတွေ အများကြီးရောက် လာဖို့ အသင့်ပြင်ဆင် ထားနိုင်ပါတယ် ။

(၁) အလုပ်ကို တိတ် ဆိတ်ဆိတ် ကြိုးစားပါ ။

အလုပ်ကို ကြိုးစားပါ ။ သို့သော် မိမိ အလုပ် အလွန်ကြိုးစားနေကြောင်းကို လိုတာထက်ပိုပြီး သူများကို လိုက်လံ ပြောပြတာမျိုး မလုပ်ပါနဲ့ ။ မိမိ ဘာသာ ကြိုးစားနေတာကို တခြားသူတွေ အလိုလို သိသာ သိပါစေ ။

 အဓိက ကတော့ ကံကောင်းခြင်းဆိုတာ ရောက်လာတဲ့အခါ မိမိ မသိလိုက်ပဲ မဖြစ်ရလေအောင် မိမိ အလုပ်ကို စိတ်ဝင်တစား လုပ်ပါ ။

(၂) အကောင်းမြင်စိတ် ရှိသူတွေ အနားမှာနေပါ ။

မိမိ သာမက မိမိ ဘေးနားက လူတွေပါ အကောင်းမြင်စိတ်ရှိတဲ့ သူတွေ ဖြစ်ပါစေ ။ အချိန်ပြည့် ညည်းညူနေတတ်ပြီး သူများကို မကောင်းမြင် ၊ မပြစ်ချည်း ပြောနေတတ်တဲ့ သူတွေ ကို ရှောင်ပါ ။ 

သူတို့ ဆီကနေ တစ်ဆင့် မိမိဆီကို မကောင်းတဲ့ စိတ်တွေ ကူးစက်တတ်သလို မိမိကိုယ်တိုင်လည်း မကောင်းမြင်စိတ် နဲ့ ကင်းအောင် နေပါ ။

(၃) အတွေးလွန် ခြင်း ကို ဖယ်ထုတ်ပါ ။

တစ်ခုခု ကို တွေးတော ပေးတာက ကောင်းပါတယ် ။ စဉ်းစားတွေးခေါ်ပြီး မှ လုပ်တဲ့ အလုပ် က အမှားနည်း ပါတယ် ။ ဒါပေမယ့် အလွန် တွေးတောတာ ၊ လိုအပ်တာထက် ပို တွေးတာ ကို ရှောင်ပါ ။ အတွေးလွန်ခြင်း ကနေ မှ အကောင်းမြင်စိတ် ကို ကွယ်ပြီး မကောင်းမြင်တာတွေ ပေါ်လာတတ်ပါတယ် ။

(၄) ရှင်းလင်း တိကျတဲ့ ပန်းတိုင် ရှိပါစေ ။

ကံကောင်းတယ်လို့ လူတိုင်း ယူဆခြင်း ခံရတဲ့ သူတွေ ဆီမှာ မိမိဘာဖြစ်ချင်တယ် ။ မိမိရဲ့ ပန်းတိုင် က ဘာလဲ ဆိုတာ ရှင်းလင်း တိကျစွာ သိတဲ့ အတွက် အခွင့်အရေး ဆိုတာရောက်လာတာနဲ့ တစ်ခါတည်း ဖမ်းဆုတ်နိုင်ပြီး ကံကောင်းခြင်း အဖြစ် ပြောင်းလဲ လိုက်နိုင်တာပါ ။

(၅) မပြည့်စုံ ခြင်းကို လက်ခံပါ ။

လူတိုင်း ၊ အရာတိုင်း က မပြည့်စုံကျပါဘူး ။ ကောင်းတဲ့ အရာ နဲ့ ဆိုးတဲ့ အရာ က ဒွန်တွဲနေတတ်ပါတယ် ။ အရာတိုင်း ကို အကောင်းဆုံးမျှော်လင့်ပါ ။ အဆိုးဆုံး အတွက်လည်း ပြင်ဆင် ထားပါ ။

(၆) မိမိကိုယ်ကို ယုံကြည်ပါ ။

ဘာလဲ လုပ်တော့မည် ဖြစ်စေ မိမိ လုပ်နိုင်တယ် ဆိုပြီး ယုံကြည်ပါ ။ တစ်နည်း နဲ့ ကြိုးစားပါ ။ မရရင် နောက်တစ်နည်းပြောင်းပြီး ဆက် ကြိုးစားပါ ။ အလွယ်တကူ အားလျော့ပြီး စိတ်မပျက်မိပါစေနဲ့ ။ မိမိကိုယ်ကို ယုံကြည်ပါ ။
Ref:ayesay

No comments:

Post a Comment