ဘယ်နေရာဖြစ်ဖြစ် ဘယ်နိုင်ငံ ဘယ်မြို့မှာဖြစ်ဖြစ် ကိုယ်တိုင်ကြိုးစားပြီး အောင်မြင်ကြီးပွားနေသူတွေဟာ အကြမ်းဖျင်းအားဖြင့် အဲဒီက လူဦးရေရဲ့ ၂ ရာခိုင်နူန်းလောက်ပဲ ရှိကြတယ်။
ထူးဆန်းတာက အဲဒီအောင်မြင်သူ ၂ ရာခိုင်နူန်းနဲ့ ကျန်တဲ့ ၉၈ ရာခိုင်နူန်းတို့ဟာ သူတို့ဘဝမှာရတဲ့ အခွင့်အရေးတွေဟာ သိတ်မကွာခြားကြပါဘူး။ ဒါဆို ဘာကွာခြားလို့လဲ။ ကွာခြားတာက အဲဒီ လူ ၂ ရာခိုင်နူန်းဟာ ဘဝမှာ ဘာလိုချင်တယ်ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်(Goal) ရှိကြတယ်။
ပြီးတော့ အဲဒီပန်းတိုင်ရောက်အောင် ဘာတွေလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အစီအစဉ်တွေ ချမှတ်ပြီး လုပ်ဆောင်ကြသူတွေ ဖြစ်ကြတယ်။
ကျန်တဲ့ ၉၈ ရာခိုင်နူန်းသော လူတွေကတော့ ဘဝမှာ ဘာဖြစ်ချင်တယ်ဆိုတဲ့ တိကျတဲ့ ရည်မှန်းချက်ပန်းတိုင် မရှိကြဘူး။ ပန်းတိုင်မရှိတော့ ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ် ရှိဖို့ဆိုတာ ပိုဝေးရော။
ကျန်တဲ့ ၉၈ ရာခိုင်နူန်းသော လူတွေကတော့ ဘဝမှာ ဘာဖြစ်ချင်တယ်ဆိုတဲ့ တိကျတဲ့ ရည်မှန်းချက်ပန်းတိုင် မရှိကြဘူး။ ပန်းတိုင်မရှိတော့ ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ် ရှိဖို့ဆိုတာ ပိုဝေးရော။
ဒီတော့ သူတို့ဘဝဟာ ဘာနဲ့ တူသလဲဆိုတော့ ပင်လယ်ပြင်မှာ လှော်တက်မပါတဲ့ လှေငယ်တစ်စီးပေါ် ထိုင်လိုက်ရင်း ရေစုန်မှာမျောပါနေသလိုပါပဲ။ ရောက်ချင်ရာရောက်ပေါ့။
တနေ့နေ့တော့ ကံကောင်းပြီး ရွှေကျွန်းကြီး တခုဆီရောက်သွားပြီး ကြီးပွားချမ်းသာလာလိမ့်မယ်လို့ မျှော်လင့်နေကြတယ်။
တနေ့နေ့တော့ ကံကောင်းပြီး ရွှေကျွန်းကြီး တခုဆီရောက်သွားပြီး ကြီးပွားချမ်းသာလာလိမ့်မယ်လို့ မျှော်လင့်နေကြတယ်။
ဒါပေမဲ့ အဲဒီတနေ့ဆိုတာ ဘယ်သောအခါမှ ရောက်လာမှာ မဟုတ်ဘူးဆိုတာကို အသက်ကြီးပြီး အားအင်ကုန်ခန်းသွားချိန်ကျမှပဲ သိလာမှာပါ။ ဒါပေမဲ့ အဲဒါကို သိလိုက်တဲ့ အချိန်မှာ ဘဝနေဝင်ချိန်ရောက်နေပြီမို့ ဒီဘဝကို ဒီမျှသာလို့ပဲ နူတ်ဆက်ရင်း နောက်ဘဝကျမှ ကြီးပွားဖို့ပဲ မျှော်လင့်ရတော့မှာပါ။
သင်ဟာ အဲဒီလိုလူမျိုး မဖြစ်ချင်ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ သင်ဟာ ဘဝမှာ ရည်မှန်းချက်ပန်းတိုင်ဆိုတာ ဘာမှန်းမသိ၊ ပန်းတိုင်ရောက်ဖို့ ဘယ်လိုအစီအစဉ်တွေ ချမှတ်ရမယ်ဆိုတာ မသိဖြစ်နေပါလိမ့်မယ်။
သင်ဟာ အဲဒီလိုလူမျိုး မဖြစ်ချင်ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ သင်ဟာ ဘဝမှာ ရည်မှန်းချက်ပန်းတိုင်ဆိုတာ ဘာမှန်းမသိ၊ ပန်းတိုင်ရောက်ဖို့ ဘယ်လိုအစီအစဉ်တွေ ချမှတ်ရမယ်ဆိုတာ မသိဖြစ်နေပါလိမ့်မယ်။
အားမငယ်ပါနဲ့။ အဲဒါကို ဖြေရှင်းဖို့ သေချာပေါက် အောင်မြင်မယ့် နည်းလမ်းရှိပါတယ်။
ဘာဖြစ်လို့ သေချာပေါက် နည်းလမ်းလို့ ပြောရတာလဲ။ ဒီနည်းလမ်းကို တကယ်တိတိကျကျ လိုက်နာကျင့်သုံးကြလို့ မီလျံနာသူဋ္ဌေးကြီးတွေ၊ အောင်မြင်ကျော်ကြားကြသူတွေ အများကြီးရှိခဲ့တယ်။ ရှိနေဆဲမို့ပါ။
အဲဒီနည်းကို အချက် ၄ ချက်ပါတဲ့ အောင်မြင်ရေးနည်း (Success Formula)လို့ ခေါ်ကြရအောင်ပါ။

၁) သင် ဘာဖြစ်ချင်တယ်၊ ဘာလိုချင်တယ်ဆိုတာကို စာရွက်တစ်ရွက်ပေါ်မှာ တိတိကျကျရေးပါ။ တိကျနိုင်သမျှ တိကျအောင် အချိန်ယူစဉ်းစားပြီး ရေးပါ။ ဥပမာ - ကျနော့်ရဲ့ ဘဏ်အကောင့်ထဲမှာ ငွေကြေး ကျပ်သိန်းပေါင်း တစ်သောင်း စုဆောင်းပိုင်ဆိုင်မိတဲ့ သူဋ္ဌေးကြီး တစ်ယောက် ဖြစ်ချင်တယ်။
၂) အဲဒီလို ဖြစ်အောင် လုပ်ရမယ့် အစီအစဉ်တွေ ချရေးပါ။ အဲဒီအတွက် ဘာတွေ ပေးဆပ်မယ်ဆိုတာ ချရေးပါ။ ဥပမာ - သူဋ္ဌေးကြီး ဖြစ်ဖို့ ငွေရသလောက် စုမယ်။ မလိုအပ်တာအတွက် ငွေကို မဖြုန်းဘူး။ အပေါင်းအသင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တာ၊ တီဗွီကြည့်တာတွေတွေ မလုပ်တော့ဘူး။ အကျိုးမရှိတာတွေနဲ့ အချိန်မဖြုန်းတော့ဘူး။ အရောင်းအဝယ်။ စီးပွားရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ရှာဖတ်မယ်။ ပိုက်ဆံ စုလို့ လုံလောက်ရင် ဝန်ထမ်းအဖြစ်က နူတ်ထွက်ပြီး ကုန်စုံဆိုင်လေးတစ်ခု စဖွင့်မယ်။ တဖြည်းဖြည်းနဲ့ အရောင်းအဝယ် အတွေ့အကြုံ ရလာရင် သူများဆီက ပိုက်ဆံချေးပြီး ကုန်စုံဆိုင်ကို ချဲ့မယ် စသဖြင့်ပေါ့။ ရေးတဲ့ အစီအစဉ်ဟာ တကယ်ဖြစ်နိုင်ခြေ ရှိဖို့တော့ လိုအပ်ပါတယ်။
၃) အဲဒီဖြစ်ချင်တာကို ဘယ်အချိန်မှာ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ တိကျတဲ့ နေ့ရက်ကို ချရေးပါ။ ဥပမာ ဒီနေ့ကစလို့ နောက် ၁၀ နှစ်ကြာတဲ့ ၂၀၂၆ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့မှာ ဖြစ်ရမယ်။
၎) အခု ရေးပြီးထားတဲ့ စာတွေကို အနဲဆုံး တနေ့တစ်ခါ အသံထွက်ပြီး စိတ်ထဲမှာ တကယ် ယုံယုံကြည်ကြည်နဲ့ ဖတ်ပါ။ ဘယ်နှစ်ရက် ဖတ်ရမှာလဲ။ စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်မိသွားတဲ့အထိ ဖတ်ပါ။ ဖတ်ဖို့ အကောင်းဆုံးအချိန်က ညအိပ်ယာမဝင်ခင်မှာပါ။ ဒီအကြောင်းအရာတွေကို ခေါင်းထဲမှာ အချိန်ပြည့် ပေါ်နေပြီဆိုရင် ဆက်ဖတ်စရာမလိုတော့ဘူး။
သင့်ခေါင်းထဲက မသိစိတ်မှာ စွဲမြဲစွာ မှတ်ထင်သွားလို့ပါ။
ဒါကို ယုံယုံကြည်ကြည် လုပ်ပြီဆိုရင် မကြာခင်မှာ သင့်ဘဝမှာ ထူးထူးခြားပြောင်းလဲတိုးတက်လာတာကို တွေ့မြင်လာရပါလိမ့်မယ်။
တချို့က ကတ်သီးကတ်သတ် ခုလို မေးခွန်းမျိုး မေးကြပါတယ်။ ကျနော်တို့ သိတဲ့ သူဋ္ဌေးကြီးတွေ၊ အောင်မြင်သူတွေကျတော့ ခုလို စာရွက်ဖတ်ပြီး မလုပ်ခဲ့ကြပါဘူးလို့။ အဲဒီလို မေးတာလည်း မှန်ပါတယ်။

တချို့သူဋ္ဌေးကြီးတွေ။ အောင်မြင်နေကြသူတွေဟာ အဲလိုမျိုး စာရွက်ကို အသံထွက် ဖတ်တာ မလုပ်ခဲ့ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို လုပ်စရာကို မလိုလို့ပါ။ သူတို့ဟာ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်၊ အဲဒီပန်းတိုင်ရောက်အောက် ဘာတွေလုပ်ရမယ်၊ ဘယ်အချိန်မှာ ပန်းတိုင်ရောက်ရမယ်ဆိုတာ စိတ်ထဲမှာ အလွတ်ရနေပြီးသား ဖြစ်နေလို့ပါ။ မသိစိတ်ထဲမှာ ရောက်နေလို့ပါ။
ဒါကို ဖတ်ပြီးရင် မဖြစ်နိုင်တာတွေ လာမပြောပါနဲ့လို့ တချို့က ပြောကြပါလိမ့်မယ်။ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးလို့ ပြောရအောင် စမ်းရောကြည့်ပြီးပြီလား။ ဒီနည်းဟာ ဟင်နရီဖို့ဒ်အပါအဝင် မီလျံနာသူဋ္ဌေးကြီးများ၊ သောမတ်စ်အယ်ဒီဆင်အပါအဝင် တီထွင်ပညာရှင်နဲ့ အောင်မြင်သူပေါင်း မြောက်များစွာကို နှစ်ပေါင်း ၂၀ ကြာအောင် အင်တာဗျူးလုပ်၊ လေ့လာခဲ့ပြီး Napoleon Hill က တွေ့ရှိ ဖေါ်ထုတ်ခဲ့တာပါ။ ဒီနည်းကို ကျင့်သုံးရင်း သူကိုယ်တိုင်လည်း မီလျံနာသူဋ္ဌေးတစ်ယောက် ဖြစ်လာခဲ့သလို တခြားလူတွေလည်း ယုံယုံကြည်ကြည် လိုက်နာကျင့်သုံးလို့ မီလျံနာသူဋ္ဌေးဖြစ်သွားကြသူတွေလည်း အများကြီးပါ။
ဒီနည်းကို စမ်းကြည့်ပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်။ တကယ်အကျိုးရှိ မရှိသိရအောင် လုပ်ကြည့်ဖို့ကတော့ သင့်အပေါ်မှာပဲ မူတည်ပါတယ်။
မှတ်ချက်။ ဒီအောင်မြင်ရေးနည်းကို ကြီးပွားချမ်းသာဖို့အတွက်တင် မဟုတ်ပဲ တခြားဖြစ်ချင်တာတွေအတွက်လည်း သုံးလို့ ရပါတယ်။ ဥပမာ - ဆယ်တန်းကို ဂုဏ်ထူး ၆ ဘာသာနဲ့ အောင်ဖို့၊ ဆရာဝန်ဖြစ်ဖို့၊ အဆိုတော်ဖြစ်ဖို့၊ ရာထူးတိုးဖို့စသဖြင့်ပေါ့။
Ref:ဗန်းမော်သိန်းဖေ
No comments:
Post a Comment