••••••••••••••••••
ရိုးသားတော့မယ်ဆိုရင်
အဆိုးလောကဓံတွေကို
ပိုခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်။
"လွတ်လပ်မှု"ဆိုတဲ့
ခေါင်းစဉ်အောက်မှာ
မလွတ်လပ်ခြင်းတွေ ရှိတတ်တယ်။
"တရားမျှတမှု"ဆိုတဲ့
ခေါင်းစဉ်အောက်မှာ
မတရားခြင်း မမျှတခြင်းတွေ ရှိတတ်တယ်။
"မှန်ကန်မှု"ဆိုတဲ့
ခေါင်းစဉ်အောက်မှာ
မမှန်ကန်ခြင်းတွေ ရှိတတ်တယ်။
"ရိုးသားမှု"ဆိုတဲ့
ခေါင်းစဉ်အောက်မှာ လည်း
မာယာတွေ ရှိတတ်တယ်။
နေရာကောင်းတိုင်းမှာ
လူကောင်းတွေချည်း
ရှိလိမ့်မယ်မထင်နဲ့ ။
ရိုးသားတော့မယ်ဆိုရင်
အဆိုးလောကဓံတွေကို
ပိုခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်။
အရှင်ဇနက (တောင်တွင်း)
No comments:
Post a Comment