Wednesday, 28 December 2016

သူစိတ္ဓာတ္က်ေနတဲ့ အခါ..။



လူတိုင္းမွာ စိတ္ဓာတ္က်တဲ႔အခ်ိန္ေတြ ရွိကိုရွိတတ္ၾကပါတယ္။
စိတ္ဓာတ္က်ေစတဲ႔ အေၾကာင္းအရာအမ်ဳိးမ်ဳိးေပၚမူတည္ျပီး ႏွစ္သိမ္႔ေဖးမေပးသင္႔တဲ႔ နည္းလမ္းေတြလည္း အမ်ဳိးမ်ဳိးကြဲျပားမွာပါ။

သင္႔ရဲ႕အခ်စ္ရဆံုး၊ အျမတ္ႏိုးရဆံုးလူေတြ စိတ္ဓာတ္က်ေနတဲ႔အခါ ေအာက္ကနည္းလမ္းေလးေတြနဲ႔ ႏွစ္သိမ္းေပးလိုက္ပါ ...

  ငိုခြင္႔ေပးပါ..။

စိတ္ဓာတ္က်ေနတဲ႔လူတစ္ေယာက္ဟာ ေသခ်ာေပါက္ရင္ထဲမွာ ၀မ္းနည္းမႈေတြျပည္႔ေနျပီး ေျပာျပစရာေတြ ရွိေနမွာအေသအခ်ာပါပဲ။ ဒါေၾကာင္႔ သူ႔စိတ္ထဲက ၀မ္းနည္းစရာအစိုင္အခဲေတြ ေဖာက္ခ်ေပးလိုက္ပါ။

အဲ႔လိုလုပ္ဖို႔အေကာင္းဆံုးနည္းလမ္းကေတာ႔ ငိုခြင္႔ေပးတာပဲျဖစ္ပါတယ္။ သင္႔ပုခံုးေပၚမွာ ငိုခြင္႔ေပးျပီးသူ႔ရဲ႕၀မ္းနည္းစရာေတြကို ေဖာက္ထုတ္ေပးလိုက္ပါ။

  ေဒါသထြက္ေစပါ..။

စိတ္ထဲမွာ မေက်နပ္စရာေလးေတြမ်ားျပီး ေျပာျပစရာမရွိလို႔ က်ိတ္ျပီးခံစားေနရတဲ႔သူအတြက္ သူေပါက္ကြဲသမွ်ကို နားေထာင္ျပီး ေဒါသထြက္ခြင္႔ေပးလိုက္ပါ။ 

အဲ႔လိုလုပ္လိုက္လို႔ ျပသာနာေတြမေျပလည္သြားရင္ေတာင္မွ အနည္းဆံုးေတာ႔ ေပါ႔ပါးသြားျပီး ျပသာနာေတြေျဖရွင္းဖို႔ ခြန္အားေတြရသြားပါလိမ္႔မယ္။

  ရယ္ေမာေအာင္လုပ္ေပးပါ..။

ဘယ္လိုအေၾကာင္းမ်ဳိးေၾကာင္႔ပဲ စိတ္ညစ္၊ စိတ္ဓာတ္က်ေနပါေစ ရယ္ေမာလိုက္ရင္ အနည္းငယ္ေတာ႔ သက္သာသြားေစမွာျဖစ္ပါတယ္။

ဒါေပမယ္႔ စိတ္ဓာတ္က်ေနတဲ႔လူတစ္ေယာက္ကို ရုတ္တရက္ၾကီးရယ္ေမာေအာင္ျပဳလုပ္ႏိုင္ဖို႔ဆိုတာ မလြယ္ပါဘူး။ 
အေပၚကေျပာခဲ႔သလို သူ႔စိတ္ထဲက ၀မ္းနည္းစရာအစိုင္အခဲေတြ၊ မေက်ခ်က္အညစ္အေၾကးေတြကို ေဖာက္ထုတ္ျပီးမွ
ရယ္ေမာေစျခင္းဟာ ပိုမိုလြယ္ကူျပီး သူ႔အတြက္လည္း ပိုစိတ္သက္သာရာရေစမွာျဖစ္ပါတယ္။

မိတ္ေဆြအေပါင္းအသင္းေတြအမ်ားၾကီးရွိစရာမလိုပါဘူး။ ကိုယ္ရင္ဖြင္႔သမွ်ကို စိတ္ပါ၀င္စားစြာ နားေထာင္ေပးႏိုင္မယ္႔သူငယ္ခ်င္းရွိရင္ ဘ၀မွာ တကယ္ကံေကာင္းပါတယ္။

 ျပီးေတာ႔ ေပ်ာ္ရႊင္မႈဆိုတာ ေစာင္႔ဆိုင္းေနရတဲ႔အရာမဟုတ္ပါဘူး
ဖန္တီးယူရတာပါ။ အားလံုးပဲေပ်ာ္ရႊင္ႏိုင္ၾကပါေစ။
  Ref: ( Focus Youth )
 Today Bago New Version အား Download ျပဳလုပ္ျခင္းျဖင့္
ပိုမိုဆန္းသစ္ ၿပီးျပည့္စံု တဲ့ သတင္းမ်ားႏွင့္ အေၾကာင္းအရာမ်ားကို
ေန႕စဥ္အခမဲ့ ဖတ္ရႈလိုက္ပါ။
Download for blow link
www.todaybago.com/todaybago.apk
------------------------------------------------------
Unicode
 သူစိတ်ဓာတ်ကျနေတဲ့အခါ ...

လူတိုင်းမှာ စိတ်ဓာတ်ကျတဲ့အချိန်တွေ ရှိကိုရှိတတ်ကြပါတယ်။
စိတ်ဓာတ်ကျစေတဲ့ အကြောင်းအရာအမျိုးမျိုးပေါ်မူတည်ပြီး နှစ်သိမ့်ဖေးမပေးသင့်တဲ့ နည်းလမ်းတွေလည်း အမျိုးမျိုးကွဲပြားမှာပါ။
သင့်ရဲ့အချစ်ရဆုံး၊ အမြတ်နိုးရဆုံးလူတွေ စိတ်ဓာတ်ကျနေတဲ့အခါ အောက်ကနည်းလမ်းလေးတွေနဲ့ နှစ်သိမ်းပေးလိုက်ပါ ...

  ငိုခွင့်ပေးပါ
စိတ်ဓာတ်ကျနေတဲ့လူတစ်ယောက်ဟာ သေချာပေါက်ရင်ထဲမှာ ၀မ်းနည်းမှုတွေပြည့်နေပြီး ပြောပြစရာတွေ ရှိနေမှာအသေအချာပါပဲ။ ဒါကြောင့် သူ့စိတ်ထဲက ၀မ်းနည်းစရာအစိုင်အခဲတွေ ဖောက်ချပေးလိုက်ပါ။
အဲ့လိုလုပ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ငိုခွင့်ပေးတာပဲဖြစ်ပါတယ်။ သင့်ပုခုံးပေါ်မှာ ငိုခွင့်ပေးပြီးသူ့ရဲ့ဝမ်းနည်းစရာတွေကို ဖောက်ထုတ်ပေးလိုက်ပါ။

  ဒေါသထွက်စေပါ
စိတ်ထဲမှာ မကျေနပ်စရာလေးတွေများပြီး ပြောပြစရာမရှိလို့ ကျိတ်ပြီးခံစားနေရတဲ့သူအတွက် သူပေါက်ကွဲသမျှကို နားထောင်ပြီး ဒေါသထွက်ခွင့်ပေးလိုက်ပါ။ အဲ့လိုလုပ်လိုက်လို့ ပြသာနာတွေမပြေလည်သွားရင်တောင်မှ အနည်းဆုံးတော့ ပေါ့ပါးသွားပြီး ပြသာနာတွေဖြေရှင်းဖို့ ခွန်အားတွေရသွားပါလိမ့်မယ်။

  ရယ်မောအောင်လုပ်ပေးပါ
ဘယ်လိုအကြောင်းမျိုးကြောင့်ပဲ စိတ်ညစ်၊ စိတ်ဓာတ်ကျနေပါစေ ရယ်မောလိုက်ရင် အနည်းငယ်တော့ သက်သာသွားစေမှာဖြစ်ပါတယ်။
ဒါပေမယ့် စိတ်ဓာတ်ကျနေတဲ့လူတစ်ယောက်ကို ရုတ်တရက်ကြီးရယ်မောအောင်ပြုလုပ်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ အပေါ်ကပြောခဲ့သလို သူ့စိတ်ထဲက ၀မ်းနည်းစရာအစိုင်အခဲတွေ၊ မကျေချက်အညစ်အကြေးတွေကို ဖောက်ထုတ်ပြီးမှ
ရယ်မောစေခြင်းဟာ ပိုမိုလွယ်ကူပြီး သူ့အတွက်လည်း ပိုစိတ်သက်သာရာရစေမှာဖြစ်ပါတယ်။
မိတ်ဆွေအပေါင်းအသင်းတွေအများကြီးရှိစရာမလိုပါဘူး။ ကိုယ်ရင်ဖွင့်သမျှကို စိတ်ပါ၀င်စားစွာ နားထောင်ပေးနိုင်မယ့်သူငယ်ချင်းရှိရင် ဘဝမှာ တကယ်ကံကောင်းပါတယ်။ ပြီးတော့ ပျော်ရွှင်မှုဆိုတာ စောင့်ဆိုင်းနေရတဲ့အရာမဟုတ်ပါဘူး
ဖန်တီးယူရတာပါ။ အားလုံးပဲပျော်ရွှင်နိုင်ကြပါစေ။
  Ref: ( Focus Youth )

No comments:

Post a Comment