ပျော်ပျော်နေပါ..
အတိတ်ကို ထမ်းပိုးပြီး မလာပါနဲ့...
အတိတ်က လူကို အိပ်ရေးပျက်စေတယ်...
ပျော်ပျော်နေပါ..
သောကတွေ ထပ်မရှာပါနဲ့...
လောကမှာ လူအများစု ရှာဖွေနေတာ သောကပဲ...
ပျော်ပျော်နေပါ..
အတ္တတွေ ပွားမလာပါစေနဲ့...
အတ္တက အထီးကျန်မှုရဲ့ အဓိကလက်သည်တရားခံပဲ...
ပျော်ပျော်နေပါ..
မေတ္တာတွေ မဝေးပါစေနဲ့...
မေတ္တာဟာ အနီးအဝေး သတ်မှတ်ချက်ကို ချေဖျက်နိုင်တယ်...
ပျော်ပျော်နေပါ..
အပြုံးတွေ မပျောက်ပါစေနဲ့...
အချစ်အမုန်းကို မသုံးတတ်ရင် အပြုံးက လမ်းပျောက်တတ်တယ်...
ပျော်ပျော်နေပါ..
စွဲလမ်းမှုတွေကို သယ်မလာပါနဲ့...
လွှတ်ချသင့်တာကို လွှတ်မချခဲ့ရင် ဘဝက
ပို လေးလံတယ်...
Credit : U Thu Mu Kha
No comments:
Post a Comment