ဦးဥတၱမမွာ ထိုကဲ့သို႔လူမ်ိဳးျဖစ္ၿပီး ျမန္မာ၊ ပါဠိ၊ သကၠတ၊ ဘဂၤလီ၊ နာဂရီ၊ တိဘက္၊ အဂၤလိပ္၊ ျပင္သစ္ ႏွင့္ ဂ်ပန္ဘာသာတို႔အား တတ္ကၽြမ္းသူလည္းျဖစ္ရာ အလြန္ေလးစားဖြယ္ပင္။
1ျမန္မာတမ်ိဳးသားလုံး ဝံသာႏုစိတ္ဓာတ္ရင့္သန္ေစရန္ ပထမဆုံး မ်က္စိဖြင့္ေပးခဲ့ေသာ ပုဂၢိဳလ္ကား ဆရာေတာ္ဦးဥတၱမ ပင္ျဖစ္ပါတယ္။သူ႔တစ္သက္တာလုံးတြင္ နိုင္ငံေရး အသိစိတ္ နိုးၾကားေစရန္ ႏွင့္ တိုင္းတစ္ပါးအုပ္ခ်ဳပ္မွုေအာက္မွလြတ္လပ္ေရးရရွိရန္ ေဆာက္ရြက္ႀကိဳးပမ္းသြားခဲ့သူ ျဖစ္ပါတယ္။ ျမန္မာ့လြတ္လပ္ေရးအတြက္ ေက်းဇူးတင္ထိုက္သူ တစ္ဦးဆိုပါကလည္း မမွားပါေခ်။
ဆရာေတာ္ဦးဥတၱမကို ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕တြင္ ၁၈၇၈ ခု ၊ ဒီဇင္ဘာ ၂၈ ရက္၌ အဖ ဦးၿမ အမိ ေဒၚေအာင္သူတို႔မွ ဖြားျမင္ၿပီး ငယ္အမည္မွာေပၚထြန္းေအာင္ျဖစ္ပါတယ္။ ေမြးခ်င္းမ်ားမွာ ေက်ာ္ထြန္းေအာင္ႏွင့္ မအိမ္စိုး တို႔ ျဖစ္ပါတယ္။ ေပၚထြန္းေအာင္ ၉ ႏွစအရြယ္ေရာက္တဲ့အခါ အဂၤလိပ္စာသင္ခ်င္သျဖင့္ မိဘမ်ားကိုပူဆာရာ မရသျဖင့္ အိမ္မွထြက္ေျပးခဲ့ပါတယ္။ မိဘမ်ားလိုက္လံရွာေဖြရာ ၁၅ ရက္ခန္႔ၾကာမွ သစ္ပင္တစ္ပင္ေအာက္မွာ ညီအစ္ကို ႏွစ္ေယာက္ကို သြားေတြ႕ပါတယ္။ ဆႏၵျပည့္ဝေအာင္ အဂၤလိပ္-ျမန္မာ ႏွစ္ဘာသာသင္ေက်ာင္းသို႔ ပို႔ေဆာင္အပ္ႏွံပါတယ္။ ေက်ာင္းအပ္တဲ့ အခါ ထုံးစံအတိုင္း သူငယ္တန္းမွ စတင္ေနေစရာ ေပၚထြန္းေအာင္က သူ႔ကို တတိယတန္း တြင္ ထားခြင့္ျပဳရန္ေျပာဆိုပါတယ္။ ဆရာႀကီးက အရည္အခ်င္းစမ္းသပ္လိုတဲ့အတြက္ တတိယတန္းဖတ္စာ ကို ဖတ္ခိုင္းရာ ေပၚထြန္းေအာင္က ဒိုးဒိုးေဒါက္ေဒါက္ ဖတ္ျပလိုက္ရာ ဆရာႀကီးအံၾသသြားၿပီး ေပၚထြန္းေအာင္အား ဒုတိယတန္းမွ စတင္ေနခြင့္ျပဳခဲ့ရပါတယ္။ ေက်ာင္းမေနေသးဘဲ ဖတ္ျပနိုင္ျခင္းမွာ အိမ္နီးခ်င္းသူငယ္ခ်င္းမ်ားထံမွ ႀကိဳတင္သင္ၾကားထားျခင္းေၾကာင့္ ျဖစ္ပါတယ္။ ငယ္စဥ္ကတည္းက ေတာ္ခဲ့သူ ျဖစ္ပါတယ္။
စတုတၱတန္း အတန္းတင္စာေမးပြဲႀကီးၿပီးေသာအခါ ေပၚထြန္းေအာင္ဟာ ဒုတိယပညာသင္ဆုရရွိၿပီး အဂၤလိပ္အရာရွိ ရခိုင္တိုင္းမင္းႀကီး ကိုယ္တိုင္ဆုခ်ီးျမႇင့္ျခင္းကို ခံခဲ့ရပါတယ္။ သို႔ေသာ္ေပၚထြန္းေအာင္ဟာ ဝမ္းမသာခဲ့၊ ဆုလက္ခံၿပီးၿပီးခ်င္း ကမ္းနားသို႔သြားကာ ဆုကိုခ်ိဳးဖဲ့ကာ ကုလားတန္ျမစ္ထဲသို႔ လႊင့္ပစ္ခဲ့ပါတယ္။ ၿပီးေနာက္ ညီျဖစ္သူ အား စကားတစ္ခြန္းေျပာဆိုလိုက္ပါတယ္။ ” ဒီမွာ ငါ့ညီ၊ ဆုယူရင္ ပထမဆုကိုသာယူ၊ ဒုတိယ တို႔ ၊ တတိယတို႔ဆိုရင္ ဘယ္ေတာ့မွ မယူနဲ႔ ” ဟူ၍ပင္။ ေပၚထြန္းေအာင္ရဲ့ စိတ္ထားကား တကယ္ပင္ ျမင့္မားခဲ့ပါတယ္။
ေပၚထြန္းေအာင္တြင္ ရည္မွန္းခ်က္ တစ္ခု ရွိပါတယ္။ ဒီရည္ရြယ္ခ်က္ကေတာ့ ကမၻာ့နိုင္ငံမ်ားသို႔သြားေရာက္ၿပီး ပညာသင္ၾကားဖို႔ပါပဲ။ သို႔ေၾသာ္ကံရြယ္ခဲ့တိုင္းမျဖစ္ခဲ့။ ပညာကို လိုလားလွတဲ့ ေပၚထြန္းေအာင္ဟာ စစ္ေတြၿမိဳ႕ ေရႊေစတီေက်ာင္းတြင္ ေရွးဦးစြာ ဖိုးသူေတာ္အျဖစ္ မဂၤလသုတ္မွ စ၊ သဒၵါရွစ္ေစာင္ ႏွင့္ သၿဂႋဳဟ္ ကိုးပိုင္းအထိ သင္ရိုးကုန္ေအာင္ သင္ယူခဲ့ပါတယ္။ ၁၆ ႏွစ္ အရြယ္တြင္ မိဘမ်ားက ရွင္သာမေဏ ျပဳေပးသျဖင့္ ” ရွင္ဥတၱမ ” ဟု တြင္ပါတယ္။ ပညာေတာ္လြန္းတဲ့ ရွင္ဥတၱမ အား ရွမ္းအမ်ိဳးသမီးႀကီး တစ္ဦးက သားရဟန္းအျဖစ္ေမြးစားကာ သူပညာသင္လိုတဲ့ ကာလကတၱားၿမိဳ႕သို႔ပို႔ေဆာင္ကာ ပညာသင္ေစပါတယ္။ ကာလကတၱားမွာ ၃ ႏွစ္ေနၿပီး အဂၤလိပ္ဘာသာ (၁၀) တန္း အဆင့္ကို ေအာက္ျမင္ၿပီး ျမန္မာျပည္ကို ျပန္လာခဲ့ပါတယ္။ ထို႔ေနာက္ ပခုကၠဴၿမိဳ႕သို႔သြားကာ ေရစႀကိဳတိုက္မွာ စာေပက်မ္းဂန္မ်ား ကို ရွင္ဝတ္ျဖင့္ ဆက္လက္သင္ယူခဲ့ၿပီး ထိုသို႔သင္ေနစဥ္အတြင္း ေဆြမ်ိဳးေတာ္သူ ဘုံေဘဘားမား ကိုယ္စားလွ ဦးထြန္းေအာင္ေက်ာ္က ပဥၨင္းဒါယကာျပဳလ်က္ ရဟန္းခံေပးခဲ့ပါတယ္။ ထိုစဥ္က ဦးဥတၱမ အသက္မွာ ၁၉ ႏွစ္ ၂ လ ရွိၿပီ ျဖစ္ပါတယ္။
ထို႔ေနာက္ ရဟန္းဝတ္ႏွင့္ပင္ ကာလကတၱားသို႔ ျပန္သြားခဲ့ပါတယ္။ ထိုအခ်ိန္တြင္ အိႏၵိယေခါင္းေဆာင္တို႔ လြတ္လပ္ေရးအတြက္နိုးၾကားေနခ်ိန္ႏွင့္ ၾကဳံႀကိဳက္ရာ ေဒါက္တာရာဘင္ျဒာနတ္တဂိုးႏွင့္ စီအာဒတ္စ္ အစရွိတဲ့ အိႏၵိယခါင္းေဆာင္တို႔ႏွင့္ တြဲမိသြားတဲ့ ဦးဥတၱမ မွာ နိုင္ငံေရးႏွင့္ အကၽြမ္းတဝင္ျဖစ္လာၿပီး ျမန္မာ့နိုင္ငံေရးအတြက္နိုးၾကားတက္ႂကြလာခဲ့ပါတယ္။ အိႏၵိယမွာ ေနစဥ္အတြင္း ဟိႏၵဴမဟာဆပ္ဗာအသင္းႀကီး၏ ဥကၠဌ အျဖစ္ ဦးဥတၱမ ဟာတင္ေျမႇာက္ခံခဲ့ရပါတယ္။ ထိုအသင္းႀကီး၌ ေခါင္းေဆာင္ျဖစ္ဖို႔ ဆိုတာ ေတာ္႐ုံ အရည္အခ်င္းႏွင့္ မျဖစ္နိုင္ပါေခ်။ အိႏၵိယျပည္၌ ကြန္ဂရက္အသင္း ႀကီးၿပီးလၽွင္ ဒုတိယအႀကီးဆုံး အသင္းဖြဲ႕ႀကီး ျဖစ္ပါတယ္။
ဦးဥတၱမဟာ အိႏၵိယျပည္တြင္ ၈ ႏွစ္ မၽွ ေနခဲ့ၿပီး ျပင္သစ္နိုင္ငံသို႔ ပညာသင္သြားျပန္ပါတယ္။ ဂ်ပန္ကဲ့သို႔ေသာ နိုင္ငံငယ္ေလးမ်ားက ရရွားကဲ့သို႔ေသာ နိုင္ငံႀကီး တစ္နိုင္ငံကို အနိုင္ရလိုက္တဲ့ သတင္းကို ၾကားသိခဲ့ရပါတယ္။ ထို႔ေနာက္မွာေတာ့ ဂ်ပန္ကိုအထင္ႀကီးသြားကာ စုေဆာင္းထားေသာေငြႏွင့္ ဂ်ပန္ကို ၁၉၀၇ ခုႏွစ္၊ ေဖေဖာ္ဝါရီ (၄) ရက္ေန႔မွာ သြားေရာက္ပညာဆည္းပူးရန္ စင္ကာပူသို႔ သေဘၤာျဖင့္ထြက္ခဲ့ပါတယ္။
ဂ်ပန္တြင္ ပညာသင္ယူကာ တစ္ဖက္တြင္လည္း သကၤရိုက္ဘာသာ ပါေမာကၡအျဖစ္ေဆာင္ရြက္ခဲ့ပါတယ္။ တပည့္မ်ားတြင္ တ႐ုတ္ေက်ာင္းသားမ်ားလဲ ပါဝင္ပါတယ္။ ထိုေက်ာင္းသားမ်ားအား ဂ်ပန္ျပည့္ ႏွင့္ ႏွိုင္းယွဥ္လ်က္တ႐ုတ္ျပည္ လြတ္ေျမာက္ေရးကို မည္သို႔မည္ပုံ ေဆာင္ရြက္သင့္ေၾကာင္း နည္းေပးလမ္းၿပ ညႊန္ၾကားေျပာျပခဲ့ပါတယ္။ တ႐ုတ္ေက်ာင္းသားမ်ားမွ တစ္ဆင့္ ဦးဥတၱမ အေၾကာင္းဟာ တ႐ုတ္ေခါင္းေဆာင္ ေဒါက္တာဆြန္ယက္ဆင္ ထံေရာက္သြားခဲ့ပါတယ္။ ေဒါက္တာဆြန္ယက္ဆင္ဟာ ဦးဥတၱမကို လာေရာက္ေတြ႕ဆုံခဲ့ၿပီး ေဆြးေႏြးစကားေျပာၾကည့္ေသာအခါ ဦးဥတၱမကို အထူးေလးစားခင္မင္ သြားခဲ့ၿပီး တ႐ုတ္ျပည္ကို ပင့္ေဆာင္ခဲ့ပါတယ္။
ေဒါက္တာဆြန္ယက္ဆင္ႏွင့္ အတူ ၁၉၁၉ တြင္ ဂ်ပန္မွကိုရီးယား၊ ကိုရီးယားမွ ဆိုက္ပန္၊ ဆိုက္ပန္မွ မန္ခ်ဴးကိုး၊ မန္ခ်ဴးကိုးမွ က်ိဖု၊ က်ိဖုမွ ရွန္ဟိုင္း၊ ရွန္ဟိုင္းမွ အမြိဳင္ၿမိဳ႕အသီးသီးသို႔ ခရီးလွည့္လည္သြားလာခဲ့ပါတယ္။ ထိုမွတဖန္ အင္ဒိုခ်ိဳင္းနား ရွိ ဆိုင္ဂုံ ( ယခု ဗီယက္နမ္၊ ဟိုခ်ီမင္းၿမိဳ႕ေတာ္) သို႔ဝင္ခဲ့ျပန္ပါတယ္။ ထိုေခတ္အခါက ျမန္မာလူမ်ိဳးတစ္ေယာက္အေနႏွင့္ ထိုမၽွမ်ားျပားလွတဲ့ ျပည္ပနိုင္ငံမ်ားကို ခရီးလွည့္လည္ျခင္း၊ ႏွစ္ရွည္လမ်ားေနထိုင္ျခင္းကို ျပဳလုပ္နိုင္သူမွာ အံခ်ီးဖြယ္ရာပင္ ျဖစ္ပါတယ္။ ဦးဥတၱမမွာ ထိုကဲ့သို႔လူမ်ိဳးျဖစ္ၿပီး ျမန္မာ၊ ပါဠိ၊ သကၠတ၊ ဘဂၤလီ၊ နာဂရီ၊ တိဘက္၊ အဂၤလိပ္၊ ျပင္သစ္ ႏွင့္ ဂ်ပန္ဘာသာတို႔အား တတ္ကၽြမ္းသူလည္းျဖစ္ရာ အလြန္ေလးစားဖြယ္ပင္။
ဆိုင္ဂုံတြင္ မင္းတုန္းမင္းႀကီး၏ သားေတာ္ျမင္ကြန္းမင္းသားႀကီးႏွင့္ ၎၏သားေတာ္ ႏွစ္ပါး တို႔ ေနထိုင္လ်က္ရွိပါတယ္။ ဦးဥတၱမ ဆိုင္ဂုံေရာက္ေနေၾကာင္း သိလ်င္သိခ်င္း ဆရာေတာ္အားပင့္ဖိတ္ ဆြမ္းေကၽြးခဲ့ပါတယ္။ ဆရာေတာ္ဆြမ္းဘုဥ္းေပးေနစဥ္ ျမင္ကြန္းမင္းသားႀကီးက ” အရွင္ဘုရား၊ တပည့္ေတာ္ ရာဇပလႅင္ေပၚ ဖင္မထိုင္ရသမၽွေတာ့ ျမန္မာျပည္ကို မျပန္ေတာ့ဘူး” ဟု ေလၽွာက္ထားရာ ဆရာေတာ္က ” ဒကာႀကီး၊ ခဲတစ္လုံး ေရထဲခ်က အသံျမည္ပါလိမ့္မည္၊ ျမန္မာျပည္ကေတာ့ အသံျမည္ေတာ့မည္ မဟုတ္ေပ” ဟု မိန္႔ရာ ျမင္ကြန္းမင္းသားႀကီး မ်က္ရည္မ်ားက်ရွာခဲ့သည္ ဟု ဆိုပါတယ္။
ထို႔ေနာက္ ရန္ကုန္ၿမိဳ႕ကို ျပန္လာခဲ့ရာ ထိုအခ်ိန္က ဝိုင္အမ္ဘီေအအသင္း က နိုင္ငံေရးလုပ္ငန္းမ်ား စတင္လုပ္ကိုင္ေနၿပီျဖစ္၍ ဦးဥတၱမလည္း ဝင္ေရာက္ ကူညီကာ စိတ္အားထက္သန္စြာ လုပ္ေဆာင္ခဲ့ပါတယ္။ ဦးဥတၱမ ျပန္ေရာက္ခ်ိန္တြင္ ဝိုင္အမ္ဘီေအ အသင္းႀကီးမွာ အေတာ္အသင့္ ႀကီးပြားတိုးတက္ေနၿပီ ျဖစ္ပါတယ္။ အသင္းသူ အသင္းသားမ်ားကလည္း ဘာသာစုံတတ္ကၽြမ္းေသာ ပုဂၢိဳလ္ထူး၊ ဂ်ပန္ပါေမာကၡ ျဖစ္ခဲ့သူအျပင္ ႏုိင္ငံေရးကို စိတ္အားထက္သန္ေသာ ဆရာေတာ္အား အထူးေလးစားၾကည္ညိဳၾကပါတယ္။
ဆရာေတာ္ဟာ ျမန္မာျပည္သူျပည္သားတို႔ နိုင္ငံေရးမ်က္စိပြင့္ေစရန္ အနယ္နယ္အရပ္ရပ္သို႔လွည့္လည္ကာ နိုင္ငံေရး တရားမ်ားကို ေဟာေတာ္မူခဲ့ပါတယ္။ တရားေဟာရာတြင္ နားရွင္းေအာင္ေဟာေလ့ရွိ၏။ မပ်င္းရိေစရန္ ရယ္ရြင္ဖြယ္ ပုံတိုပတ္စေလးမ်ားကို ထည့္ၿပီး ေဟာေသာေၾကာင့္ အလြန္ရယ္ရ၏။ မွန္ေသာအခ်က္မ်ားကို မေထာက္ မညႇာဘြင္းဘြင္းေဟာတတ္သျဖင့္လည္း မွန္ပါေပတယ္ဟု တရားနာသူတိုင္း ဝန္ခံခဲ့ရပါတယ္။ ထိုသို႔ေဟာေျပာျခင္းေၾကာင့္ အဂၤလိပ္အစိုးရရဲ့ မ်က္စိေဒါက္ေထာက္ၾကည့္ျခင္းကို ခံရကာ အျခား သံဃာေတာ္မ်ားကလည္း အစဦး၌ မေပါင္းဝံ့ ၊ မည္သည့္ေက်ာင္းကမွ လည္းလက္မခံၾကတာေၾကာင့္ မရမ္းကုန္းၿမိဳ႕နယ္ရွိ အိမ္တစ္အိမ္တြင္သာ သီးသန္႔ သီတင္းသုံးရရွာပါတယ္။
ထိုစဥ္ ေဝလမင္းသား ( ေနာက္နန္းစြန္႔မင္းသား အဌမေျမာက္ ေဂ်ာ့ဘုရင္ ) ျမန္မာျပည္သို႔လာမည္ျဖစ္ရာ ဝိုင္အမ္ဘီေအ မွႀကီးမွူးကာ သပိတ္ေမွာက္ၾကပါတယ္။ ေခါင္းေဆာင္အခ်ိဳ႕ကို ဖမ္းၿပီး သပိတ္ေမွာက္လ်င္ အျပစ္ေပးနိုင္ေသာ ဘြိဳင္ေကာက္ ဥေပဒကို ဘုရင္ခံက ထုတ္ျပန္ခဲ့ပါတယ္။ ထိုသို႔ ဘုရင္ခံက တင္းတင္းမာမာေဆာင္ရြက္လာေသာအခါ ျမန္မာျပည္သူမ်ား မေက်နပ္ၾက၊ သို႔ေသာ္ မိမိဆႏၵကို ထုတ္ေဖာ္ရန္လည္း မဝံ့ျဖစ္ေနခ်ိန္မွာ ဦးဥတၱမဟာ ဘုရင္ခံထံစာတစ္ေစာင္ ေရးပို႔လိုက္ပါတယ္။
ထိုစာမွာ” ဆာရယ္ဂ်ီနယ္ ကရက္ေဒါက္ မင္း ျမန္မာျပည္က ထြက္သြား” ဟူ၍ပင္။ ထိုစာကို သူရိယသတင္းစာက ထည့္သြင္းေဖာ္ျပရာ တစ္တိုင္း ျပည္လုံး မ်က္လုံးျပဴး အံအားသင့္ကာ မီးခဲျပာဖုံး ျဖစ္ေနေသာ လြတ္လပ္ေရးစိတ္၊ အမ်ိဳးသားေရးစိတ္ တို႔ နိုးၾကားလာခဲ့ပါတယ္။
ဆရာေတာ္ ဦးဥတၱမသည္ နိုင္ငံေရးတရားမ်ားကို လွည့္လည္ေဟာေနရင္း ၁၉၂၁ ခုႏွစ္၊ ဖ်ာပုံခရိုင္၊ ေဒးဒရဲၿမိဳ႕နယ္၊ ဆူးကလပ္ ေက်းရြာတြင္ အစိုးရအား အၾကည္အညိဳပ်က္ေအာင္ တရားေဟာသည္ဟု ရာဇသတ္ ဥပေဒ ပုဒ္မ ၁၂၄(က) အရ မအူပင္တရား႐ုံးတြင္ စစ္ေဆးကာ အလုပ္ၾကမ္းႏွင့္ေထာင္ဒါဏ္ (၁၂) လ အက်ဥ္းခ်ခဲ့ပါတယ္။ ျပစ္ဒါဏ္မွ လြတ္ေျမာက္ လာသည့္အခ်ိန္တြင္လည္း အစိုးရအားဦးမညႊတ္ပဲ နိုင္ငံေရး တရားမ်ားကို ဆက္လက္ေဟာရာ ၁၉၂၄ ခုႏွစ္တြင္ ဒုတိယ အႀကိမ္ ေထာင္ဒါဏ္ (၃) ႏွစ္ အခ်ခံရကာ ဒုတိယအႀကိမ္ အက်ဥ္းက်ခဲ့ျပန္ပါတယ္။ သို႔ေသော္ထာင္က လြတ္ၿပီးမၾကာမီ အမ်ိဳးသားနိုးၾကားေရး တရားမ်ားကို ဆက္လက္ေဟာၾကားရာ ၁၉၂၈ ခုႏွစ္ တြင္ တတိယအႀကိမ္ အဖမ္းခံရျပန္ပါတယ္။ အာဂ အာဇာနည္ေပ။
ဆရာေတာ္ဦးဥတၱမအား တစ္တိုင္းျပည္လုံး တခဲနက္ေထာက္ခံ ၾကည္ညိဳခဲ့ၾကပါတယ္။ သို႔ေသာ္ နယ္ခ်ဲ႕ဆန္႔က်င္ေရး မီးရွုးတန္ေဆာင္ ဆရာေတာ္၏ ဘဝနိဂုံးပိုင္းက ထိုသို႔မဟုတ္ခဲ့ေပ။ အဂၤလိပ္အစိုးရက အိမ္ၾကက္ျခင္း အိုးမည္းသုတ္ကာ ခြပ္ေစေသာ ၉၁ ဌာန အုပ္ခ်ဳပ္ေရးကို ေပးအပ္လိုက္သျဖင့္ ျမန္မာျပည္ကို အႏၵိယမွ ခြဲထုတ္ကာ ၁၉၃၆ ခုႏွစ္ နိုဝင္ဘာလတြင္ အေထြေထြေရြးေကာင္ပြဲ က်င္းပရန္ စီစဥ္ပါတယ္။ သည္တြင္ နိုင္ငံေရးပါတီမ်ား အနိုင္ရရွိဖို႔ ႀကိဳးပမ္းရာ၌ ဆရာေတာ္ဦးဥတၱမ အား ခ်ဥ္းကပ္စည္း႐ုံးၾကပါတယ္။ ထိုအခ်ိန္က ဆရာေတာ္မွာ ဆီးခ်ိဳေရာဂါ ႏွင့္ အသက္အရြယ္ရင့္လာတာေၾကာင့္ စိတ္ပန္း ကိုယ္ႏြမ္းျဖစ္သည့္အျပင္၊ စည္း႐ုံးမွုမရွိပဲ အာဏာရရွိေရးကိုသာ ႀကိဳးပမ္းေနေသာ နိုင္ငံေရးေခါေင္းဆာင္မ်ားေၾကာင့္ နိုင္ငံေရးလုပ္ေဆာင္မွုကို ရပ္ဆိုင္းကာ အိႏၵိယ ႏွင့္ ဗမာျပည္တြင္ အလ်ဥ္းသင့္သလိုေနထိုင္ခဲ့ပါတယ္။
သို႔ေသာ္ ငါးပြင့္ဆိုင္ အဖြဲ႕မွ ဆရာေတာ္အားလွည့္ဖ်ားကာ အိႏၵိယမွ ရန္ကုန္သို႔ျပန္လည္ပင့္ေဆာင္ခဲ့ပါတယ္။ နိုင္ငံေရး စိတ္မကုန္ေသးေသာဆရာေတာ္မွာ ငါးပြင့္ဆိုင္ အဖြဲ႕အတြက္ မဲဆြယ္ေပးရန္ ရန္ကုန္သို ့ေရာက္ရွိခဲ့ျပန္ပါတယ္။ မ်ိဳးခ်စ္လူငယ္အခ်ိဳ႕က ဆရာေတာ္အား ထိုသို႔ တစ္ပါတီတည္းမွေန၍ နိုင္ငံေရးမလုပ္ရန္ ေမတၱာရပ္ခံခဲ့ေသာ္လည္း အရွိန္အဝါေကာင္းေသာ ငါးပြင့္ဆိုင္မ်ား၏ စကားနားဝင္သျဖင့္ မည္သို႔မၽွ မတတ္နိုင္ၾကေတာ့ေခ်။ နယ္တကာလွည့္ကာ ငါးပြင့္ဆိုင္ တရားပြဲမ်ားကို ေဟာေတာ္မွုပါတယ္။ မျမင္ေတြ႕ရသည္မွာ ကာလအတန္ၾကာၿပီ ျဖစ္တာေၾကာင့္ ပရိသတ္မွာ တိုးမေပါက္ေအာင္ စည္ကားလွပါတယ္။ ေနာက္ဆုံးမွာ ဆရာေတာ္ရဲ့ အစြမ္းနဲ႔ ငါးပြင့္ဆိုင္ အဖြဲ႕က အျပတ္အသတ္နိုင္ခဲ့ကာ အမတ္ ၄၆ ေနရာ ရရွိခဲ့ပါတယ္။
သို႔ေသာ္လည္း ဝန္ႀကီးရာထူး အေဝမတည့္တာေၾကာင့္ ငါးပြင့္ဆိုင္ေခါင္းေဆာင္ ဦးဘေဖမွာ အစိုးရမဖြဲ႕နိုင္ေတာ့ပဲ အမတ္ ၁၆ ေနရာသာ ရရွိခဲ့ပါတယ္။ ေဒါက္တာဘေမာ္က ညြန္႔ေပါင္းအစိုးရဖြဲ႕ကာ နန္းရင္းဝန္ရာထူးကို ရာယူသြားခဲ့ပါတယ္။ အမ်ိဳးသားေရးအတြက္ေဆာင္ရြက္ခဲ့ေသာ ဆရာေတာ္မွာ တစ္ပါတီအတြက္ ရပ္တည္မိ၍ နိုင္ငံေရး သံေဝဂ ရစရာ ၾကဳံရပါေတာ့တယ္။ အျခားပါတီမ်ားက တစ္ပါတီ အတြက္မဲဆြယ္ေပးခဲ့သျဖင့္ ဆရာေတာ္အား အၾကည္အညိဳေလ်ာ့လာၾကသလို၊ ဆရာေတာ္၏ အရွိန္အဝါနဲ႔ ဝန္ႀကီး၊ အတြင္းဝန္ ရသြားသူ တစ္ကိုယ္ေကာင္း သမားမ်ားမွာလည္း ဆရာေတာ္အားလွည့္၍ပင္ မၾကည့္ၾက။ ျမန္မာ့နိုင္ငံေရး မီးရွုးတန္ေဆာင္ ဆရာေတာ္၏ ခါးသီးဖြယ္နိဂုံးပင္။
ဆရာေတာ္သည္ ေဟာင္းႏြမ္းစုတ္ျပတ္ေနေသာ သကၤန္းႀကီးကို ပိုသီပတ္ပီ ဝတ္႐ုံ၍ လြယ္အိတ္ႀကီး တလုံးလြယ္ကာ ထီဖိနပ္မပါ သတင္းစာတိုက္မ်ားသို႔ ေလၽွာက္သြားၿပီး အဂၤလိပ္၊ ျမန္မာ သတင္းစာမ်ားကို ေတာင္းယူေလ့ရွိၿပီး ရရွိေသာ သတင္းစာမ်ားကို လမ္းေဘးတိုက္ရိပ္၊ သစ္ပင္ရိပ္မ်ားေအာက္တြင္ ထိုင္ဖတ္ေလ့ရွိပါတယ္။ အသက္အရြယ္ႀကီး၍ အိုမင္းေနသည့္အျပင္ ဆီးခ်ိဳေရာဂါ၊ ေျခေထာက္ အနာေၾကာင့္ ပိန္ခ်ဳံးကာ ခပ္ယဲ့ယဲ့မၽွပင္ သြားလာေနရပါတယ္။ လမ္းတြင္ သတိေမ့လဲၿပိဳေနသည့္အခါ ဆရာေတာ္ကို ၾကည္ညိဳေလးစားသူမ်ားက သူတည္းခိုရာသို႔ ပို႔ေဆာင္ေပးၾကရပါတယ္။
ဆရာေတာ္အားျပဳစုသူကင္း၍ ဤမၽွအေျခအေနဆိုးလာသည့္အခါ ၁၉၃၉ ခု ၾသဂုတ္လ ၇ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕ ရခိုင္ရဟန္းေတာ္မ်ား သမဂၢအသင္း၏ ၄ ႀကိမ္ေျမာက္ အစည္းအေဝးမွ ဆရာေတာ္ဦးဥတၱမအား ေစာင့္ေရွာက္ရန္ ဆုံးျဖတ္လိုက္ၾကၿပီးငါးပြင့္ဆိုင္အဖြဲ႕ကိုလည္း အျပစ္တင္ေဝဖန္ၾကပါတယ္။ ဆရာေတာ္ဟာ ဆီးခ်ိဳေရာဂါအျပင္ ႏွစ္ရွည္စြဲကပ္လာတဲ့ေျခေထာက္ကင္ဆာ ၊ စိတ္ေရာဂါတို႔ေၾကာင့္ ၁၉၃၉-ခုႏွစ္ စက္တင္ဘာလ (၉)ရက္တြင္ ပ်ံလြန္ေတာ္မူခဲ့ပါတယ္။
ဆရာေတာ္ႏွင့္ ပတ္သတ္၍ ေမာင္ေဇယ်ာေရးသားထားတဲ့ လြတ္လပ္ေရးေရွ႕ေဆာင္လမ္းၿပ ဆရာေတာ္ဦးဥတၱမ စာအုပ္မွ စာပိုဒ္အခ်ိဳ႕ကိုေဖာ္ျပလိုက္ပါတယ္။
ဆရာေတာ္ဦးဥတၱမ ႂကြလာေတာ္မူမည္ျဖစ္၍ တစ္ၿမိဳ႕လုံး တစ္ရြာလုံး အုန္းအုန္းကၽြတ္ကၽြတ္ျဖင့္ ျပင္ဆင္လုံးပန္းၾကပုံမ်ား၊ ဆရာေတာ္၏ တရားပြဲမွာ လူေတြ ညႇပ္ညႇပ္တက္ ႀကိတ္ႀကိတ္တိုးလ်က္ အနီးအနားရွိ ၿမိဳ႕မ်ား၊ ရြာမ်ားက ထမင္းထုပ္ျဖင့္ လာကာ တရားနာၾကပုံမ်ား၊ ဆရာေတာ္ႂကြလာမည့္လမ္းစဥ္တြင္ ဆံပင္ကို တံတားခင္းလ်က္ ဝပ္စင္းေနၾကေသာ အမ်ိဳးသမီးမ်ား၊ ဆရာေတာ္၏ တရားပြဲအဓိက႐ုဏ္းတြင္ ဆရာေတာ္အား ပုလိပ္က ဒူးႏွင့္တိုက္ပုံမ်ား၊ ေထာင္ထဲတြင္ ေထာင္အရာရွိမ်ားက သကၤန္းကို အတင္းခၽြတ္၍ ေထာင္ဝတ္ ေထာင္စား ဝတ္ေပးပုံမ်ား၊ ေထာင္က လြတ္လာေသာအခါ ပရိသတ္ဗိုလ္ပုံ အလယ္တြင္ ေထာင္ဝတ္ကို ဝတ္ျပသျဖင့္ ပရိသတ္မ်ား မ်က္ရည္စီးယို ငိုေႂကြးၾကပုံမ်း၊ ဆရာေတာ္၏ ေနာက္ဆုံးေခတ္ျဖစ္ေသာ ခြဲေရး၊ တြဲေရးကာလ၌ အိႏၵိယျပည္တြင္ ခရီးလွည့္လည္ေတာ္မူေနေသာ ဆရာေတာ္အား ေဝဟင္ခရီးမွ ေလယာဥ္စီးၿပီး ႂကြလာေတာ္မူပါရန္ ပင့္ဖိတ္ပုံမ်ားသည္ တစ္သီႀကီး ကၽြန္ေတာ္၏ ဦးေခါင္းထဲသို႔ ဝင္လာေပါေတာ့သည္။
သို႔ေသာ္… ယခုကား… ယခုကား…
ဆြမ္းကပ္လွူဒါန္းမည့္သူ မရွိသျဖင့္ ေျခသလုံး ေက်ာင္းတိုင္ျပဳကာ အရပ္တကာေလၽွာက္၍ လည္ေနရေသာ ဦးဥတၱမ ဘဝသို႔ က်ေရာက္ေနရရွာေခ်ၿပီတကား၊ ဝမ္းနည္းဖြယ္၊ တရားရဖြယ္၊ သံေဝဂျဖစ္ဖြယ္၊ ေလာကကို စိတ္နာဖြယ္ ေကာင္းလွေပစြ။ ကၽြန္ေတာ္သည္ ဆရာေတာ္၏ အတိတ္ျဖစ္စဥ္မ်ားကို ေတြးရင္း ယခု ပစၥကၡမ်က္ျမင္ႏွင့္ ယွဥ္ၾကည့္ကာ ရင္ထဲမွာ ဆို႔၍ လာေတာ့သည္။
“ေတာ္ေတာ္ ေက်းဇူးကန္းတတ္တဲ့ လူေတြပဲ”ဟုလည္း ႀကိတ္၍ ေရရြတ္လိုက္မိကာ မ်က္ရည္ပူဝဲ၍ လာမိေတာ့သည္။
“ကိုင္း… ငါ သြားေတာ့မယ္”
ဆရာေတာ္က အမိန္႔ေပးရင္း ထေလရာ ကၽြန္ေတာ္သည္ ဝရံတာတြင္ လွန္းထားသည့္ ဆရာေတာ္၏ ဧကသီကို ေျပးယူၿပီး က႐ုဏာ ေစတနာျဖင့္ သကၤန္းကို ဆရာေတာ္၏ ကိုယ္ေပၚသို႔ တင္လႊမ္းကာ လက္ကန္ေတာ့ထိုး၍ ေပးမိ၏။
“အမယ္… မင္းက ငါ့ကိုမ်ား ကေလးေအာက္ေမ့ေနသလား”ဟု ဆရာေတာ္က ျပဳံးျပဳံးႀကီး မိန္႔ေတာ္မူ၏။
ဆရာေတာ္ ႂကြေရာက္လာသည္က ယခုျပန္လည္ႂကြသြားေတာ္မူ ခါနီးအထိ ဆရာေတာ္၏ အျပဳံးကို ဤတစ္ႀကိမ္သာလၽွင္ ေတြ႕ရေပသည္။ ဦးဥတၱမသည္ ေဆး႐ုံတက္၍ ေနသည္။ ၁၉၃၉ ခုႏွစ္၊ စက္တင္ဘာလ (၉)ရက္ေန႔၌ ဦးဥတၱမအရွင္ျမတ္ ေဆး႐ုံတြင္ ပ်ံလြတ္ေတာ္ မူရွာေခ်ၿပီ။ ဤကား ဆရာေတာ္၏အေၾကာင္းမ်ားကို သတင္းစာတြင္ ပါလာ ေတြ႕ျမင္ရျခင္းသာလၽွင္ျဖစ္၏။
လြမ္းၾကၿပီ… လြမ္းၾကေလၿပီ။
ဆရာေတာ္၏ အေလာင္းကို ေဆး႐ုံမွ ယူေဆာင္လ်က္ မပုပ္မသိုးေအာင္ ေဆးရည္စိမ္ကာ မွန္ေခါင္းတြင္သြင္း၍ ပုဇြန္ေတာင္ ေညာင္ကုန္းေက်ာင္းတိုက္တြင္ ထား၏။ စည္ကားလွေပ့၊ လူေတြျဖင့္ တိုး၍ မေပါက္၊ ေန႔ေရာ ညပါ တ႐ုံး႐ုံးျဖစ္ကာ ဝမ္းနည္းၾကသည္။ ငိုယိုၾကသည္။ ပူေဆြးၾကသည္။ ဆရာေတာ္၏ ေက်းဇူးဂုဏ္အထူးကို ခ်ီးက်ဴးထုတ္ေဖာ္ကာ ညစဥ္ညတိုင္း တရားပြဲႀကီးေတြ ၿခိမ့္ၿခိမ့္သဲမၽွ က်င္းပသည္။
ဟီးဟီ ရယ္ဖြယ္ ေကာင္းေလစြ တကားဟု ကၽြန္ေတာ့္အေတြးျဖင့္ ကၽြန္ေတာ္ ရင္ထုမနာ ျဖစ္မိသည္။
အာဇာနည္ျမျမ၊ ရဲရဲေတာက္ ၾကည္ၾကည္ စသည့္ ကၽြန္ေတာ့္တပည့္မ်ား သည္ ကၽြန္ေတာ့္ထံလာၾကကာ ဆရာေတာ္ ဦးဥတၱမ၏ ခ်ီးက်ဴးပြဲတြင္ေဟာေျပာရန္ အခ်က္အလက္ အေၾကာင္းအရာမ်ား လာ၍ ေမးၾက၏။
သြား… ငါမေျပာဘူး၊ ဘာလဲ… ေသမွ လြမ္းၾကတာ၊ ဆရာေတာ္ႀကီး မေသခင္က ငတ္ေနတယ္၊ စိတ္ ကေတာက္ကတက္ ျဖစ္ေနတယ္။ ဘယ္သူမွ ျပန္မၾကည့္ၾကဘူး။ ငတ္လြန္းလို႔ အမွိုက္ပုံထဲက ဖရဲခြံေတာင္ ေကာက္စားရတယ္လို႔ ၾကားဖူးတယ္။ ဘယ္ေလာက္ အသည္းနာစရာေကာင္းသလဲ။ အခု ခ်ီးက်ဴးပြဲေတာ္ က်င္းပတဲ့အတြက္ ကုန္က်မယ့္ေငြရဲ့ အပုံတစ္ရာပုံ တစ္ပုံေလာက္ ဆရာေတာ္ႀကီး အသက္ရွင္စဥ္က အကုန္အက်ခံလိုက္ရင္ ဘယ္ေလာက္ေကာင္းမလဲ”ဟု ကၽြန္ေတာ္က ေျပာမိသည့္ျပင္ ဆရာေတာ္ႀကီးအား ဆြမ္းတစ္နပ္ ဆက္ကပ္လိုက္ရသည့္ အျဖစ္ကေလးကိုပါ ေျပာျပလိုက္၏။
အျခား အျခားေသာ ေခါင္းေဆာင္ႀကီးမ်ား တိုင္းျပည္၏ ေက်းဇူးရွင္ႀကီးမ်ား သည္လည္း ဤနည္း၊ ဤလမ္းစဥ္အတိုင္း လိုက္ၾကရသည္မ်ားလည္း ရွိၾကေပမည္သာ။
ထို႔ေၾကာင့္ ကၽြန္ုပ္တို႔ တစ္ခုသတိျပဳသင့္သည့္ အခ်က္မွာကား တိုင္းျပည္၏ ေက်းဇူးရွင္ လူထု၏ေခါင္းေဆာင္၊ ျပည္သူ၏ အက်ိဳးေဆာင္ျဖစ္ကုန္ေသာ ပုဂၢိဳလ္မ်ားအား ေသမွလည္း လြမ္းၾကပါ။ ခ်ီးက်ဴးၾကပါ။ မေသခင္လည္း ေက်းဇူးတရားသိကာ ထိုပုဂၢိဳလ္မ်ား ေနေရး၊ စားေရး၊ စိတ္ခ်မ္းသာေရး၊ အပၸါယ မၽွတေရးမ်ားကို တတ္နိုင္သမၽွ ကူညီေစာင့္ေရွာက္ ေထာက္ပံ့ခ်ီးျမင့္ျခင္း ျပဳသင့္လွသည္သာ ျဖစ္ေပသတည္း။
Ref: လြတ္လပ္ေရးေရွ႕ေဆာင္လမ္းၿပ ဆရာေတာ္ဦးဥတၱမ – ေမာင္ေဇယ်ာ
ေျခေျချမစ္ျမစ္ ႏွစ္ႏွစ္ကာကာ ျမန္မာ့ ဗဟုသုတ – နႏၵာမိုးၾကယ္
ျမန္မာ့စြယ္စုံက်မ္း
creadit- ayesay
Today Bago New Version အား Download ျပဳလုပ္ျခင္းျဖင့္
ပိုမိုဆန္းသစ္ ၿပီးျပည့္စံု တဲ့ သတင္းမ်ားႏွင့္ အေၾကာင္းအရာမ်ားကို
ေန႕စဥ္အခမဲ့ ဖတ္ရႈလိုက္ပါ။
Download for blow link
www.todaybago.com/todaybago.apk
-------------------------------------------------------
Unicode
နိုင်ငံရေးအမှုနဲ့ ပထမဆုံး ထောင်ဒါဏ်အပြစ်ပေးခံရသူ (သို့) မြန်မာ့နိုင်ငံရေးရဲ့ မီးရှုးတန်ဆောင်
ဦးဥတ္တမမှာ ထိုကဲ့သို့လူမျိုးဖြစ်ပြီး မြန်မာ၊ ပါဠိ၊ သက္ကတ၊ ဘင်္ဂလီ၊ နာဂရီ၊ တိဘက်၊ အင်္ဂလိပ်၊ ပြင်သစ် နှင့် ဂျပန်ဘာသာတို့အား တတ်ကျွမ်းသူလည်းဖြစ်ရာ အလွန်လေးစားဖွယ်ပင်။
1မြန်မာတမျိုးသားလုံး ဝံသာနုစိတ်ဓာတ်ရင့်သန်စေရန် ပထမဆုံး မျက်စိဖွင့်ပေးခဲ့သော ပုဂ္ဂိုလ်ကား ဆရာတော်ဦးဥတ္တမ ပင်ဖြစ်ပါတယ်။သူ့တစ်သက်တာလုံးတွင် နိုင်ငံရေး အသိစိတ် နိုးကြားစေရန် နှင့် တိုင်းတစ်ပါးအုပ်ချုပ်မှုအောက်မှလွတ်လပ်ရေးရရှိရန် ဆောက်ရွက်ကြိုးပမ်းသွားခဲ့သူ ဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေးအတွက် ကျေးဇူးတင်ထိုက်သူ တစ်ဦးဆိုပါကလည်း မမှားပါချေ။
ဆရာတော်ဦးဥတ္တမကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၁၈၇၈ ခု ၊ ဒီဇင်ဘာ ၂၈ ရက်၌ အဖ ဦးမြ အမိ ဒေါ်အောင်သူတို့မှ ဖွားမြင်ပြီး ငယ်အမည်မှာပေါ်ထွန်းအောင်ဖြစ်ပါတယ်။ မွေးချင်းများမှာ ကျော်ထွန်းအောင်နှင့် မအိမ်စိုး တို့ ဖြစ်ပါတယ်။ ပေါ်ထွန်းအောင် ၉ နှစအရွယ်ရောက်တဲ့အခါ အင်္ဂလိပ်စာသင်ချင်သဖြင့် မိဘများကိုပူဆာရာ မရသဖြင့် အိမ်မှထွက်ပြေးခဲ့ပါတယ်။ မိဘများလိုက်လံရှာဖွေရာ ၁၅ ရက်ခန့်ကြာမှ သစ်ပင်တစ်ပင်အောက်မှာ ညီအစ်ကို နှစ်ယောက်ကို သွားတွေ့ပါတယ်။ ဆန္ဒပြည့်ဝအောင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်းသို့ ပို့ဆောင်အပ်နှံပါတယ်။ ကျောင်းအပ်တဲ့ အခါ ထုံးစံအတိုင်း သူငယ်တန်းမှ စတင်နေစေရာ ပေါ်ထွန်းအောင်က သူ့ကို တတိယတန်း တွင် ထားခွင့်ပြုရန်ပြောဆိုပါတယ်။ ဆရာကြီးက အရည်အချင်းစမ်းသပ်လိုတဲ့အတွက် တတိယတန်းဖတ်စာ ကို ဖတ်ခိုင်းရာ ပေါ်ထွန်းအောင်က ဒိုးဒိုးဒေါက်ဒေါက် ဖတ်ပြလိုက်ရာ ဆရာကြီးအံသြသွားပြီး ပေါ်ထွန်းအောင်အား ဒုတိယတန်းမှ စတင်နေခွင့်ပြုခဲ့ရပါတယ်။ ကျောင်းမနေသေးဘဲ ဖတ်ပြနိုင်ခြင်းမှာ အိမ်နီးချင်းသူငယ်ချင်းများထံမှ ကြိုတင်သင်ကြားထားခြင်းကြောင့် ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက တော်ခဲ့သူ ဖြစ်ပါတယ်။
စတုတ္တတန်း အတန်းတင်စာမေးပွဲကြီးပြီးသောအခါ ပေါ်ထွန်းအောင်ဟာ ဒုတိယပညာသင်ဆုရရှိပြီး အင်္ဂလိပ်အရာရှိ ရခိုင်တိုင်းမင်းကြီး ကိုယ်တိုင်ဆုချီးမြှင့်ခြင်းကို ခံခဲ့ရပါတယ်။ သို့သော်ပေါ်ထွန်းအောင်ဟာ ဝမ်းမသာခဲ့၊ ဆုလက်ခံပြီးပြီးချင်း ကမ်းနားသို့သွားကာ ဆုကိုချိုးဖဲ့ကာ ကုလားတန်မြစ်ထဲသို့ လွှင့်ပစ်ခဲ့ပါတယ်။ ပြီးနောက် ညီဖြစ်သူ အား စကားတစ်ခွန်းပြောဆိုလိုက်ပါတယ်။ ” ဒီမှာ ငါ့ညီ၊ ဆုယူရင် ပထမဆုကိုသာယူ၊ ဒုတိယ တို့ ၊ တတိယတို့ဆိုရင် ဘယ်တော့မှ မယူနဲ့ ” ဟူ၍ပင်။ ပေါ်ထွန်းအောင်ရဲ့ စိတ်ထားကား တကယ်ပင် မြင့်မားခဲ့ပါတယ်။
ပေါ်ထွန်းအောင်တွင် ရည်မှန်းချက် တစ်ခု ရှိပါတယ်။ ဒီရည်ရွယ်ချက်ကတော့ ကမ္ဘာ့နိုင်ငံများသို့သွားရောက်ပြီး ပညာသင်ကြားဖို့ပါပဲ။ သို့သြော်ကံရွယ်ခဲ့တိုင်းမဖြစ်ခဲ့။ ပညာကို လိုလားလှတဲ့ ပေါ်ထွန်းအောင်ဟာ စစ်တွေမြို့ ရွှေစေတီကျောင်းတွင် ရှေးဦးစွာ ဖိုးသူတော်အဖြစ် မင်္ဂလသုတ်မှ စ၊ သဒ္ဒါရှစ်စောင် နှင့် သင်္ဂြိုဟ် ကိုးပိုင်းအထိ သင်ရိုးကုန်အောင် သင်ယူခဲ့ပါတယ်။ ၁၆ နှစ် အရွယ်တွင် မိဘများက ရှင်သာမဏေ ပြုပေးသဖြင့် ” ရှင်ဥတ္တမ ” ဟု တွင်ပါတယ်။ ပညာတော်လွန်းတဲ့ ရှင်ဥတ္တမ အား ရှမ်းအမျိုးသမီးကြီး တစ်ဦးက သားရဟန်းအဖြစ်မွေးစားကာ သူပညာသင်လိုတဲ့ ကာလကတ္တားမြို့သို့ပို့ဆောင်ကာ ပညာသင်စေပါတယ်။ ကာလကတ္တားမှာ ၃ နှစ်နေပြီး အင်္ဂလိပ်ဘာသာ (၁၀) တန်း အဆင့်ကို အောက်မြင်ပြီး မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ ထို့နောက် ပခုက္ကူမြို့သို့သွားကာ ရေစကြိုတိုက်မှာ စာပေကျမ်းဂန်များ ကို ရှင်ဝတ်ဖြင့် ဆက်လက်သင်ယူခဲ့ပြီး ထိုသို့သင်နေစဉ်အတွင်း ဆွေမျိုးတော်သူ ဘုံဘေဘားမား ကိုယ်စားလှ ဦးထွန်းအောင်ကျော်က ပဉ္ဇင်းဒါယကာပြုလျက် ရဟန်းခံပေးခဲ့ပါတယ်။ ထိုစဉ်က ဦးဥတ္တမ အသက်မှာ ၁၉ နှစ် ၂ လ ရှိပြီ ဖြစ်ပါတယ်။
ထို့နောက် ရဟန်းဝတ်နှင့်ပင် ကာလကတ္တားသို့ ပြန်သွားခဲ့ပါတယ်။ ထိုအချိန်တွင် အိန္ဒိယခေါင်းဆောင်တို့ လွတ်လပ်ရေးအတွက်နိုးကြားနေချိန်နှင့် ကြုံကြိုက်ရာ ဒေါက်တာရာဘင်ဒြာနတ်တဂိုးနှင့် စီအာဒတ်စ် အစရှိတဲ့ အိန္ဒိယခါင်းဆောင်တို့နှင့် တွဲမိသွားတဲ့ ဦးဥတ္တမ မှာ နိုင်ငံရေးနှင့် အကျွမ်းတဝင်ဖြစ်လာပြီး မြန်မာ့နိုင်ငံရေးအတွက်နိုးကြားတက်ကြွလာခဲ့ပါတယ်။ အိန္ဒိယမှာ နေစဉ်အတွင်း ဟိန္ဒူမဟာဆပ်ဗာအသင်းကြီး၏ ဥက္ကဌ အဖြစ် ဦးဥတ္တမ ဟာတင်မြှောက်ခံခဲ့ရပါတယ်။ ထိုအသင်းကြီး၌ ခေါင်းဆောင်ဖြစ်ဖို့ ဆိုတာ တော်ရုံ အရည်အချင်းနှင့် မဖြစ်နိုင်ပါချေ။ အိန္ဒိယပြည်၌ ကွန်ဂရက်အသင်း ကြီးပြီးလျှင် ဒုတိယအကြီးဆုံး အသင်းဖွဲ့ကြီး ဖြစ်ပါတယ်။
ဦးဥတ္တမဟာ အိန္ဒိယပြည်တွင် ၈ နှစ် မျှ နေခဲ့ပြီး ပြင်သစ်နိုင်ငံသို့ ပညာသင်သွားပြန်ပါတယ်။ ဂျပန်ကဲ့သို့သော နိုင်ငံငယ်လေးများက ရရှားကဲ့သို့သော နိုင်ငံကြီး တစ်နိုင်ငံကို အနိုင်ရလိုက်တဲ့ သတင်းကို ကြားသိခဲ့ရပါတယ်။ ထို့နောက်မှာတော့ ဂျပန်ကိုအထင်ကြီးသွားကာ စုဆောင်းထားသောငွေနှင့် ဂျပန်ကို ၁၉၀၇ ခုနှစ်၊ ဖေဖော်ဝါရီ (၄) ရက်နေ့မှာ သွားရောက်ပညာဆည်းပူးရန် စင်ကာပူသို့ သင်္ဘောဖြင့်ထွက်ခဲ့ပါတယ်။
ဂျပန်တွင် ပညာသင်ယူကာ တစ်ဖက်တွင်လည်း သင်္ကရိုက်ဘာသာ ပါမောက္ခအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ တပည့်များတွင် တရုတ်ကျောင်းသားများလဲ ပါဝင်ပါတယ်။ ထိုကျောင်းသားများအား ဂျပန်ပြည့် နှင့် နှိုင်းယှဉ်လျက်တရုတ်ပြည် လွတ်မြောက်ရေးကို မည်သို့မည်ပုံ ဆောင်ရွက်သင့်ကြောင်း နည်းပေးလမ်းပြ ညွှန်ကြားပြောပြခဲ့ပါတယ်။ တရုတ်ကျောင်းသားများမှ တစ်ဆင့် ဦးဥတ္တမ အကြောင်းဟာ တရုတ်ခေါင်းဆောင် ဒေါက်တာဆွန်ယက်ဆင် ထံရောက်သွားခဲ့ပါတယ်။ ဒေါက်တာဆွန်ယက်ဆင်ဟာ ဦးဥတ္တမကို လာရောက်တွေ့ဆုံခဲ့ပြီး ဆွေးနွေးစကားပြောကြည့်သောအခါ ဦးဥတ္တမကို အထူးလေးစားခင်မင် သွားခဲ့ပြီး တရုတ်ပြည်ကို ပင့်ဆောင်ခဲ့ပါတယ်။
ဒေါက်တာဆွန်ယက်ဆင်နှင့် အတူ ၁၉၁၉ တွင် ဂျပန်မှကိုရီးယား၊ ကိုရီးယားမှ ဆိုက်ပန်၊ ဆိုက်ပန်မှ မန်ချူးကိုး၊ မန်ချူးကိုးမှ ကျိဖု၊ ကျိဖုမှ ရှန်ဟိုင်း၊ ရှန်ဟိုင်းမှ အမွိုင်မြို့အသီးသီးသို့ ခရီးလှည့်လည်သွားလာခဲ့ပါတယ်။ ထိုမှတဖန် အင်ဒိုချိုင်းနား ရှိ ဆိုင်ဂုံ ( ယခု ဗီယက်နမ်၊ ဟိုချီမင်းမြို့တော်) သို့ဝင်ခဲ့ပြန်ပါတယ်။ ထိုခေတ်အခါက မြန်မာလူမျိုးတစ်ယောက်အနေနှင့် ထိုမျှများပြားလှတဲ့ ပြည်ပနိုင်ငံများကို ခရီးလှည့်လည်ခြင်း၊ နှစ်ရှည်လများနေထိုင်ခြင်းကို ပြုလုပ်နိုင်သူမှာ အံချီးဖွယ်ရာပင် ဖြစ်ပါတယ်။ ဦးဥတ္တမမှာ ထိုကဲ့သို့လူမျိုးဖြစ်ပြီး မြန်မာ၊ ပါဠိ၊ သက္ကတ၊ ဘင်္ဂလီ၊ နာဂရီ၊ တိဘက်၊ အင်္ဂလိပ်၊ ပြင်သစ် နှင့် ဂျပန်ဘာသာတို့အား တတ်ကျွမ်းသူလည်းဖြစ်ရာ အလွန်လေးစားဖွယ်ပင်။
ဆိုင်ဂုံတွင် မင်းတုန်းမင်းကြီး၏ သားတော်မြင်ကွန်းမင်းသားကြီးနှင့် ၎င်း၏သားတော် နှစ်ပါး တို့ နေထိုင်လျက်ရှိပါတယ်။ ဦးဥတ္တမ ဆိုင်ဂုံရောက်နေကြောင်း သိလျင်သိချင်း ဆရာတော်အားပင့်ဖိတ် ဆွမ်းကျွေးခဲ့ပါတယ်။ ဆရာတော်ဆွမ်းဘုဉ်းပေးနေစဉ် မြင်ကွန်းမင်းသားကြီးက ” အရှင်ဘုရား၊ တပည့်တော် ရာဇပလ္လင်ပေါ် ဖင်မထိုင်ရသမျှတော့ မြန်မာပြည်ကို မပြန်တော့ဘူး” ဟု လျှောက်ထားရာ ဆရာတော်က ” ဒကာကြီး၊ ခဲတစ်လုံး ရေထဲချက အသံမြည်ပါလိမ့်မည်၊ မြန်မာပြည်ကတော့ အသံမြည်တော့မည် မဟုတ်ပေ” ဟု မိန့်ရာ မြင်ကွန်းမင်းသားကြီး မျက်ရည်များကျရှာခဲ့သည် ဟု ဆိုပါတယ်။
ထို့နောက် ရန်ကုန်မြို့ကို ပြန်လာခဲ့ရာ ထိုအချိန်က ဝိုင်အမ်ဘီအေအသင်း က နိုင်ငံရေးလုပ်ငန်းများ စတင်လုပ်ကိုင်နေပြီဖြစ်၍ ဦးဥတ္တမလည်း ဝင်ရောက် ကူညီကာ စိတ်အားထက်သန်စွာ လုပ်ဆောင်ခဲ့ပါတယ်။ ဦးဥတ္တမ ပြန်ရောက်ချိန်တွင် ဝိုင်အမ်ဘီအေ အသင်းကြီးမှာ အတော်အသင့် ြကီးပွားတိုးတက်နေပြီ ဖြစ်ပါတယ်။ အသင်းသူ အသင်းသားများကလည်း ဘာသာစုံတတ်ကျွမ်းသော ပုဂ္ဂိုလ်ထူး၊ ဂျပန်ပါမောက္ခ ဖြစ်ခဲ့သူအပြင် နုိင်ငံရေးကို စိတ်အားထက်သန်သော ဆရာတော်အား အထူးလေးစားကြည်ညိုကြပါတယ်။
ဆရာတော်ဟာ မြန်မာပြည်သူပြည်သားတို့ နိုင်ငံရေးမျက်စိပွင့်စေရန် အနယ်နယ်အရပ်ရပ်သို့လှည့်လည်ကာ နိုင်ငံရေး တရားများကို ဟောတော်မူခဲ့ပါတယ်။ တရားဟောရာတွင် နားရှင်းအောင်ဟောလေ့ရှိ၏။ မပျင်းရိစေရန် ရယ်ရွင်ဖွယ် ပုံတိုပတ်စလေးများကို ထည့်ပြီး ဟောသောကြောင့် အလွန်ရယ်ရ၏။ မှန်သောအချက်များကို မထောက် မညှာဘွင်းဘွင်းဟောတတ်သဖြင့်လည်း မှန်ပါပေတယ်ဟု တရားနာသူတိုင်း ဝန်ခံခဲ့ရပါတယ်။ ထိုသို့ဟောပြောခြင်းကြောင့် အင်္ဂလိပ်အစိုးရရဲ့ မျက်စိဒေါက်ထောက်ကြည့်ခြင်းကို ခံရကာ အခြား သံဃာတော်များကလည်း အစဦး၌ မပေါင်းဝံ့ ၊ မည်သည့်ကျောင်းကမှ လည်းလက်မခံကြတာကြောင့် မရမ်းကုန်းမြို့နယ်ရှိ အိမ်တစ်အိမ်တွင်သာ သီးသန့် သီတင်းသုံးရရှာပါတယ်။
ထိုစဉ် ဝေလမင်းသား ( နောက်နန်းစွန့်မင်းသား အဌမမြောက် ဂျော့ဘုရင် ) မြန်မာပြည်သို့လာမည်ဖြစ်ရာ ဝိုင်အမ်ဘီအေ မှကြီးမှူးကာ သပိတ်မှောက်ကြပါတယ်။ ခေါင်းဆောင်အချို့ကို ဖမ်းပြီး သပိတ်မှောက်လျင် အပြစ်ပေးနိုင်သော ဘွိုင်ကောက် ဥပေဒကို ဘုရင်ခံက ထုတ်ပြန်ခဲ့ပါတယ်။ ထိုသို့ ဘုရင်ခံက တင်းတင်းမာမာဆောင်ရွက်လာသောအခါ မြန်မာပြည်သူများ မကျေနပ်ကြ၊ သို့သော် မိမိဆန္ဒကို ထုတ်ဖော်ရန်လည်း မဝံ့ဖြစ်နေချိန်မှာ ဦးဥတ္တမဟာ ဘုရင်ခံထံစာတစ်စောင် ရေးပို့လိုက်ပါတယ်။
ထိုစာမှာ” ဆာရယ်ဂျီနယ် ကရက်ဒေါက် မင်း မြန်မာပြည်က ထွက်သွား” ဟူ၍ပင်။ ထိုစာကို သူရိယသတင်းစာက ထည့်သွင်းဖော်ပြရာ တစ်တိုင်း ပြည်လုံး မျက်လုံးပြူး အံအားသင့်ကာ မီးခဲပြာဖုံး ဖြစ်နေသော လွတ်လပ်ရေးစိတ်၊ အမျိုးသားရေးစိတ် တို့ နိုးကြားလာခဲ့ပါတယ်။
ဆရာတော် ဦးဥတ္တမသည် နိုင်ငံရေးတရားများကို လှည့်လည်ဟောနေရင်း ၁၉၂၁ ခုနှစ်၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ဆူးကလပ် ကျေးရွာတွင် အစိုးရအား အကြည်အညိုပျက်အောင် တရားဟောသည်ဟု ရာဇသတ် ဥပဒေ ပုဒ်မ ၁၂၄(က) အရ မအူပင်တရားရုံးတွင် စစ်ဆေးကာ အလုပ်ကြမ်းနှင့်ထောင်ဒါဏ် (၁၂) လ အကျဉ်းချခဲ့ပါတယ်။ ပြစ်ဒါဏ်မှ လွတ်မြောက် လာသည့်အချိန်တွင်လည်း အစိုးရအားဦးမညွှတ်ပဲ နိုင်ငံရေး တရားများကို ဆက်လက်ဟောရာ ၁၉၂၄ ခုနှစ်တွင် ဒုတိယ အကြိမ် ထောင်ဒါဏ် (၃) နှစ် အချခံရကာ ဒုတိယအကြိမ် အကျဉ်းကျခဲ့ပြန်ပါတယ်။ သို့သေော်ထာင်က လွတ်ပြီးမကြာမီ အမျိုးသားနိုးကြားရေး တရားများကို ဆက်လက်ဟောကြားရာ ၁၉၂၈ ခုနှစ် တွင် တတိယအကြိမ် အဖမ်းခံရပြန်ပါတယ်။ အာဂ အာဇာနည်ပေ။
ဆရာတော်ဦးဥတ္တမအား တစ်တိုင်းပြည်လုံး တခဲနက်ထောက်ခံ ကြည်ညိုခဲ့ကြပါတယ်။ သို့သော် နယ်ချဲ့ဆန့်ကျင်ရေး မီးရှုးတန်ဆောင် ဆရာတော်၏ ဘဝနိဂုံးပိုင်းက ထိုသို့မဟုတ်ခဲ့ပေ။ အင်္ဂလိပ်အစိုးရက အိမ်ကြက်ခြင်း အိုးမည်းသုတ်ကာ ခွပ်စေသော ၉၁ ဌာန အုပ်ချုပ်ရေးကို ပေးအပ်လိုက်သဖြင့် မြန်မာပြည်ကို အန္ဒိယမှ ခွဲထုတ်ကာ ၁၉၃၆ ခုနှစ် နိုဝင်ဘာလတွင် အထွေထွေရွေးကောင်ပွဲ ကျင်းပရန် စီစဉ်ပါတယ်။ သည်တွင် နိုင်ငံရေးပါတီများ အနိုင်ရရှိဖို့ ကြိုးပမ်းရာ၌ ဆရာတော်ဦးဥတ္တမ အား ချဉ်းကပ်စည်းရုံးကြပါတယ်။ ထိုအချိန်က ဆရာတော်မှာ ဆီးချိုရောဂါ နှင့် အသက်အရွယ်ရင့်လာတာကြောင့် စိတ်ပန်း ကိုယ်နွမ်းဖြစ်သည့်အပြင်၊ စည်းရုံးမှုမရှိပဲ အာဏာရရှိရေးကိုသာ ကြိုးပမ်းနေသော နိုင်ငံရေးခေါငေ်းဆာင်များကြောင့် နိုင်ငံရေးလုပ်ဆောင်မှုကို ရပ်ဆိုင်းကာ အိန္ဒိယ နှင့် ဗမာပြည်တွင် အလျဉ်းသင့်သလိုနေထိုင်ခဲ့ပါတယ်။
သို့သော် ငါးပွင့်ဆိုင် အဖွဲ့မှ ဆရာတော်အားလှည့်ဖျားကာ အိန္ဒိယမှ ရန်ကုန်သို့ပြန်လည်ပင့်ဆောင်ခဲ့ပါတယ်။ နိုင်ငံရေး စိတ်မကုန်သေးသောဆရာတော်မှာ ငါးပွင့်ဆိုင် အဖွဲ့အတွက် မဲဆွယ်ပေးရန် ရန်ကုန်သို ့ရောက်ရှိခဲ့ပြန်ပါတယ်။ မျိုးချစ်လူငယ်အချို့က ဆရာတော်အား ထိုသို့ တစ်ပါတီတည်းမှနေ၍ နိုင်ငံရေးမလုပ်ရန် မေတ္တာရပ်ခံခဲ့သော်လည်း အရှိန်အဝါကောင်းသော ငါးပွင့်ဆိုင်များ၏ စကားနားဝင်သဖြင့် မည်သို့မျှ မတတ်နိုင်ကြတော့ချေ။ နယ်တကာလှည့်ကာ ငါးပွင့်ဆိုင် တရားပွဲများကို ဟောတော်မှုပါတယ်။ မမြင်တွေ့ရသည်မှာ ကာလအတန်ကြာပြီ ဖြစ်တာကြောင့် ပရိသတ်မှာ တိုးမပေါက်အောင် စည်ကားလှပါတယ်။ နောက်ဆုံးမှာ ဆရာတော်ရဲ့ အစွမ်းနဲ့ ငါးပွင့်ဆိုင် အဖွဲ့က အပြတ်အသတ်နိုင်ခဲ့ကာ အမတ် ၄၆ နေရာ ရရှိခဲ့ပါတယ်။
သို့သော်လည်း ဝန်ကြီးရာထူး အဝေမတည့်တာကြောင့် ငါးပွင့်ဆိုင်ခေါင်းဆောင် ဦးဘဖေမှာ အစိုးရမဖွဲ့နိုင်တော့ပဲ အမတ် ၁၆ နေရာသာ ရရှိခဲ့ပါတယ်။ ဒေါက်တာဘမော်က ညွန့်ပေါင်းအစိုးရဖွဲ့ကာ နန်းရင်းဝန်ရာထူးကို ရာယူသွားခဲ့ပါတယ်။ အမျိုးသားရေးအတွက်ဆောင်ရွက်ခဲ့သော ဆရာတော်မှာ တစ်ပါတီအတွက် ရပ်တည်မိ၍ နိုင်ငံရေး သံဝေဂ ရစရာ ကြုံရပါတော့တယ်။ အခြားပါတီများက တစ်ပါတီ အတွက်မဲဆွယ်ပေးခဲ့သဖြင့် ဆရာတော်အား အကြည်အညိုလျော့လာကြသလို၊ ဆရာတော်၏ အရှိန်အဝါနဲ့ ဝန်ကြီး၊ အတွင်းဝန် ရသွားသူ တစ်ကိုယ်ကောင်း သမားများမှာလည်း ဆရာတော်အားလှည့်၍ပင် မကြည့်ကြ။ မြန်မာ့နိုင်ငံရေး မီးရှုးတန်ဆောင် ဆရာတော်၏ ခါးသီးဖွယ်နိဂုံးပင်။
ဆရာတော်သည် ဟောင်းနွမ်းစုတ်ပြတ်နေသော သင်္ကန်းကြီးကို ပိုသီပတ်ပီ ဝတ်ရုံ၍ လွယ်အိတ်ကြီး တလုံးလွယ်ကာ ထီဖိနပ်မပါ သတင်းစာတိုက်များသို့ လျှောက်သွားပြီး အင်္ဂလိပ်၊ မြန်မာ သတင်းစာများကို တောင်းယူလေ့ရှိပြီး ရရှိသော သတင်းစာများကို လမ်းဘေးတိုက်ရိပ်၊ သစ်ပင်ရိပ်များအောက်တွင် ထိုင်ဖတ်လေ့ရှိပါတယ်။ အသက်အရွယ်ကြီး၍ အိုမင်းနေသည့်အပြင် ဆီးချိုရောဂါ၊ ခြေထောက် အနာကြောင့် ပိန်ချုံးကာ ခပ်ယဲ့ယဲ့မျှပင် သွားလာနေရပါတယ်။ လမ်းတွင် သတိမေ့လဲပြိုနေသည့်အခါ ဆရာတော်ကို ကြည်ညိုလေးစားသူများက သူတည်းခိုရာသို့ ပို့ဆောင်ပေးကြရပါတယ်။
ဆရာတော်အားပြုစုသူကင်း၍ ဤမျှအခြေအနေဆိုးလာသည့်အခါ ၁၉၃၉ ခု သြဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့ ရခိုင်ရဟန်းတော်များ သမဂ္ဂအသင်း၏ ၄ ကြိမ်မြောက် အစည်းအဝေးမှ ဆရာတော်ဦးဥတ္တမအား စောင့်ရှောက်ရန် ဆုံးဖြတ်လိုက်ကြပြီးငါးပွင့်ဆိုင်အဖွဲ့ကိုလည်း အပြစ်တင်ဝေဖန်ကြပါတယ်။ ဆရာတော်ဟာ ဆီးချိုရောဂါအပြင် နှစ်ရှည်စွဲကပ်လာတဲ့ခြေထောက်ကင်ဆာ ၊ စိတ်ရောဂါတို့ကြောင့် ၁၉၃၉-ခုနှစ် စက်တင်ဘာလ (၉)ရက်တွင် ပျံလွန်တော်မူခဲ့ပါတယ်။
ဆရာတော်နှင့် ပတ်သတ်၍ မောင်ဇေယျာရေးသားထားတဲ့ လွတ်လပ်ရေးရှေ့ဆောင်လမ်းပြ ဆရာတော်ဦးဥတ္တမ စာအုပ်မှ စာပိုဒ်အချို့ကိုဖော်ပြလိုက်ပါတယ်။
ဆရာတော်ဦးဥတ္တမ ကြွလာတော်မူမည်ဖြစ်၍ တစ်မြို့လုံး တစ်ရွာလုံး အုန်းအုန်းကျွတ်ကျွတ်ဖြင့် ပြင်ဆင်လုံးပန်းကြပုံများ၊ ဆရာတော်၏ တရားပွဲမှာ လူတွေ ညှပ်ညှပ်တက် ကြိတ်ကြိတ်တိုးလျက် အနီးအနားရှိ မြို့များ၊ ရွာများက ထမင်းထုပ်ဖြင့် လာကာ တရားနာကြပုံများ၊ ဆရာတော်ကြွလာမည့်လမ်းစဉ်တွင် ဆံပင်ကို တံတားခင်းလျက် ဝပ်စင်းနေကြသော အမျိုးသမီးများ၊ ဆရာတော်၏ တရားပွဲအဓိကရုဏ်းတွင် ဆရာတော်အား ပုလိပ်က ဒူးနှင့်တိုက်ပုံများ၊ ထောင်ထဲတွင် ထောင်အရာရှိများက သင်္ကန်းကို အတင်းချွတ်၍ ထောင်ဝတ် ထောင်စား ဝတ်ပေးပုံများ၊ ထောင်က လွတ်လာသောအခါ ပရိသတ်ဗိုလ်ပုံ အလယ်တွင် ထောင်ဝတ်ကို ဝတ်ပြသဖြင့် ပရိသတ်များ မျက်ရည်စီးယို ငိုကြွေးကြပုံမျး၊ ဆရာတော်၏ နောက်ဆုံးခေတ်ဖြစ်သော ခွဲရေး၊ တွဲရေးကာလ၌ အိန္ဒိယပြည်တွင် ခရီးလှည့်လည်တော်မူနေသော ဆရာတော်အား ဝေဟင်ခရီးမှ လေယာဉ်စီးပြီး ကြွလာတော်မူပါရန် ပင့်ဖိတ်ပုံများသည် တစ်သီကြီး ကျွန်တော်၏ ဦးခေါင်းထဲသို့ ဝင်လာပေါတော့သည်။
သို့သော်… ယခုကား… ယခုကား…
ဆွမ်းကပ်လှူဒါန်းမည့်သူ မရှိသဖြင့် ခြေသလုံး ကျောင်းတိုင်ပြုကာ အရပ်တကာလျှောက်၍ လည်နေရသော ဦးဥတ္တမ ဘဝသို့ ကျရောက်နေရရှာချေပြီတကား၊ ဝမ်းနည်းဖွယ်၊ တရားရဖွယ်၊ သံဝေဂဖြစ်ဖွယ်၊ လောကကို စိတ်နာဖွယ် ကောင်းလှပေစွ။ ကျွန်တော်သည် ဆရာတော်၏ အတိတ်ဖြစ်စဉ်များကို တွေးရင်း ယခု ပစ္စက္ခမျက်မြင်နှင့် ယှဉ်ကြည့်ကာ ရင်ထဲမှာ ဆို့၍ လာတော့သည်။
“တော်တော် ကျေးဇူးကန်းတတ်တဲ့ လူတွေပဲ”ဟုလည်း ကြိတ်၍ ရေရွတ်လိုက်မိကာ မျက်ရည်ပူဝဲ၍ လာမိတော့သည်။
“ကိုင်း… ငါ သွားတော့မယ်”
ဆရာတော်က အမိန့်ပေးရင်း ထလေရာ ကျွန်တော်သည် ဝရံတာတွင် လှန်းထားသည့် ဆရာတော်၏ ဧကသီကို ပြေးယူပြီး ကရုဏာ စေတနာဖြင့် သင်္ကန်းကို ဆရာတော်၏ ကိုယ်ပေါ်သို့ တင်လွှမ်းကာ လက်ကန်တော့ထိုး၍ ပေးမိ၏။
“အမယ်… မင်းက ငါ့ကိုများ ကလေးအောက်မေ့နေသလား”ဟု ဆရာတော်က ပြုံးပြုံးကြီး မိန့်တော်မူ၏။
ဆရာတော် ကြွရောက်လာသည်က ယခုပြန်လည်ကြွသွားတော်မူ ခါနီးအထိ ဆရာတော်၏ အပြုံးကို ဤတစ်ကြိမ်သာလျှင် တွေ့ရပေသည်။ ဦးဥတ္တမသည် ဆေးရုံတက်၍ နေသည်။ ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့၌ ဦးဥတ္တမအရှင်မြတ် ဆေးရုံတွင် ပျံလွတ်တော် မူရှာချေပြီ။ ဤကား ဆရာတော်၏အကြောင်းများကို သတင်းစာတွင် ပါလာ တွေ့မြင်ရခြင်းသာလျှင်ဖြစ်၏။
လွမ်းကြပြီ… လွမ်းကြလေပြီ။
ဆရာတော်၏ အလောင်းကို ဆေးရုံမှ ယူဆောင်လျက် မပုပ်မသိုးအောင် ဆေးရည်စိမ်ကာ မှန်ခေါင်းတွင်သွင်း၍ ပုဇွန်တောင် ညောင်ကုန်းကျောင်းတိုက်တွင် ထား၏။ စည်ကားလှပေ့၊ လူတွေဖြင့် တိုး၍ မပေါက်၊ နေ့ရော ညပါ တရုံးရုံးဖြစ်ကာ ဝမ်းနည်းကြသည်။ ငိုယိုကြသည်။ ပူဆွေးကြသည်။ ဆရာတော်၏ ကျေးဇူးဂုဏ်အထူးကို ချီးကျူးထုတ်ဖော်ကာ ညစဉ်ညတိုင်း တရားပွဲကြီးတွေ ခြိမ့်ခြိမ့်သဲမျှ ကျင်းပသည်။
ဟီးဟီ ရယ်ဖွယ် ကောင်းလေစွ တကားဟု ကျွန်တော့်အတွေးဖြင့် ကျွန်တော် ရင်ထုမနာ ဖြစ်မိသည်။
အာဇာနည်မြမြ၊ ရဲရဲတောက် ကြည်ကြည် စသည့် ကျွန်တော့်တပည့်များ သည် ကျွန်တော့်ထံလာကြကာ ဆရာတော် ဦးဥတ္တမ၏ ချီးကျူးပွဲတွင်ဟောပြောရန် အချက်အလက် အကြောင်းအရာများ လာ၍ မေးကြ၏။
သွား… ငါမပြောဘူး၊ ဘာလဲ… သေမှ လွမ်းကြတာ၊ ဆရာတော်ကြီး မသေခင်က ငတ်နေတယ်၊ စိတ် ကတောက်ကတက် ဖြစ်နေတယ်။ ဘယ်သူမှ ပြန်မကြည့်ကြဘူး။ ငတ်လွန်းလို့ အမှိုက်ပုံထဲက ဖရဲခွံတောင် ကောက်စားရတယ်လို့ ကြားဖူးတယ်။ ဘယ်လောက် အသည်းနာစရာကောင်းသလဲ။ အခု ချီးကျူးပွဲတော် ကျင်းပတဲ့အတွက် ကုန်ကျမယ့်ငွေရဲ့ အပုံတစ်ရာပုံ တစ်ပုံလောက် ဆရာတော်ကြီး အသက်ရှင်စဉ်က အကုန်အကျခံလိုက်ရင် ဘယ်လောက်ကောင်းမလဲ”ဟု ကျွန်တော်က ပြောမိသည့်ပြင် ဆရာတော်ကြီးအား ဆွမ်းတစ်နပ် ဆက်ကပ်လိုက်ရသည့် အဖြစ်ကလေးကိုပါ ပြောပြလိုက်၏။
အခြား အခြားသော ခေါင်းဆောင်ကြီးများ တိုင်းပြည်၏ ကျေးဇူးရှင်ကြီးများ သည်လည်း ဤနည်း၊ ဤလမ်းစဉ်အတိုင်း လိုက်ကြရသည်များလည်း ရှိကြပေမည်သာ။
ထို့ကြောင့် ကျွန်ုပ်တို့ တစ်ခုသတိပြုသင့်သည့် အချက်မှာကား တိုင်းပြည်၏ ကျေးဇူးရှင် လူထု၏ခေါင်းဆောင်၊ ပြည်သူ၏ အကျိုးဆောင်ဖြစ်ကုန်သော ပုဂ္ဂိုလ်များအား သေမှလည်း လွမ်းကြပါ။ ချီးကျူးကြပါ။ မသေခင်လည်း ကျေးဇူးတရားသိကာ ထိုပုဂ္ဂိုလ်များ နေရေး၊ စားရေး၊ စိတ်ချမ်းသာရေး၊ အပ္ပါယ မျှတရေးများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက် ထောက်ပံ့ချီးမြင့်ခြင်း ပြုသင့်လှသည်သာ ဖြစ်ပေသတည်း။
Ref: လွတ်လပ်ရေးရှေ့ဆောင်လမ်းပြ ဆရာတော်ဦးဥတ္တမ – မောင်ဇေယျာ
ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ မြန်မာ့ ဗဟုသုတ – နန္ဒာမိုးကြယ်
မြန်မာ့စွယ်စုံကျမ်း

No comments:
Post a Comment