ဘဝခရီးတလျှောက် လမ်းပျောက်နေတဲ့အခါ
စိတ်ဓါတ်မကျဖို့ခွန်အားရှိပါစေ။
အနာဂါတ်နေ့သစ်တွေတိုင်းမှာ
ကောင်းမြတ်တဲ့စိတ်ထားနဲ့စတင်ဖို့ခွန်အားရှိပါစေ။
မကောင်းမှုတွေကြုံဆုံရတဲ့အခါ
အမှန်တရားအတွက် မဟုတ်မခံတတ်တဲ့
စိတ်ထားမွေးမြူတတ်ဖို့ ခွန်အားရှိပါစေ။။
ကြမ်းတမ်းခက်ခဲတဲ့အရာတွေကို
မဆုတ်မနစ်တဲ့ ဇွဲ လုံ့လ ဝီရိယနဲ့
ကျော်ဖြတ်နိုင်ဖို့ ခွန်အားရှိပါစေ။
ဆုံးရှုံးမှုတွေ ကြုံဆုံရတဲ့အခါ
ဆုံးရှုံးမှုထဲက သင်ခန်းစာရယူပြီး
အောင်မြင်မှုကိုလှမ်းတက်နိုင်ဖို့ ခွန်အားရှိပါစေ။
ရည်ရွှယ်ချက်တွေ ပျောက်ဆုံးသွားတဲ့အခါ
ရည်မှန်းချက်အသစ်တွေထပ်ပြီး
မွေးဖွားဖို့ ခွန်အားရှိပါစေ။
ဘဝခရီးလမ်းမှာလျှောက်လှမ်းရင်းနဲ့
ခက်ခဲကြမ်းတမ်းမှုတွေ ရင်ဆိုင်ရတဲ့အခါ
ဇွဲမလျှော့ပဲ ဆက်လျှောက်ဖို့ ခွန်အားရှိပါစေ။
အခက်ခဲဆုံးအရာတွေကို စိတ်ဓါတ်မယိုင်ပဲ
ခိုင်မာတဲ့ရည်မှန်းချက်နဲ့
ဖြတ်ကျော်နိုင်ဖို့ ခွန်အားရှိပါစေ။
ဘဝမှာ အချစ်ကြောင့်ခံစားနာကျင်ရတဲ့အခါ
အဓိကနဲ့သာမညကို
ခွဲခြားသိနိုင်ဖို့ခွန်အားရှိပါစေ။
တစ်စုံတစ်ယောက်ကြောင့်
လမ်းစပျောက်နေတဲ့အခါ
လမ်းစကိုရှာဖွေနိုင်ဖို့ ခွန်အားရှိပါစေ။
ဘဝခရီးမှာလျှောက်လှမ်းကြရင်း
တခြားသူတစ်ယောက်က
လဲကျသွားအောင်တွန်းချလိုက်တဲ့အခါ …
အပြုံးမပျက် ပြန်ထ ထူမတ်ရင်း ဘဝအတွတ်သင်ခန်းစာတစ်ခုအဖြစ်
ရယူထားဖို့ ခွန်အားရှိပါစေ။
တစ်နေ့တာ ကုန်ဆုံးသွားတဲ့အချိန်မှာ အကျိုးရှိမှုတွေကိုသာရယူဖို့ ခွန်အားရှိပါစေ။
Credit >> Nan Khin May Win
No comments:
Post a Comment