ငါရို့စွာ လာရာ အရပ် တူကတ်စွာပိုင်
လားရာ အရပ်လေ့ တတူဟိ့ရဖို့..။
ရည်မှန်းသလောက် မရသိမ့်ကေလေ့
ရည်ရွယ်ချက်တိ မပျက်စီးသိမ့်..။
ငါရို့စွာ အကင်း မသီသိမ့်ရေ
အတွင်းကြွီ ဒဏ်ရာတိနန့်
နာလာကေလေ့ မနာကြင်ရေပိုင် ခံစား..။
ငါရို့စွာ ဇာလောက်ပင် ပျံသန်းပျံသန်း
အတောင်ဖန်တိ မညောင်းရအောင်
ငါ့ရို့ နောက်မှာ အားဖြည့်ပီးသူတိ အပြည့်နန့်..။
တချို့က..အိမ်ချင်မချေ ကြင်နာမှု အသံချေနန့်..
တချို့က..ငှက်ချေတိ အစာတောင်းခံမှု အသံတိနန့်..
တချို့က..မျိုးဆက်သစ် ငှက်ချေတိ
အမြင့်ဆုံး ပျံသန်းနိုင်ဖို့ အတွေးနန့်..
တချို့က..အသိုက်အမြုံချေတိ ပြုပြင်ဖို့ အသိနန့်..
တချို့က..ကြင်သူချေနန့် သျှိုက်ခြင်းတိ ဗလှယ်ဖို့ စိတ်ကူးတိနန့်..
သေချာစွာကတော့
လောကဒဏ် လီကြမ်းတိ
တိုက်ချင်သလောက် တိုက်ပတ်စီ..။
ငါရို့စွာ အိမ်နန့် နီးသထက် နီးအောင်
ပျံသန်းဗြီးယင်း ပျံသန်းနိန်ရလီဖို့ရာ......။
No comments:
Post a Comment