~~~~~~
နှုတ်ခမ်းလှခြင်း မလှခြင်းက
စကားတွေကို နူးညံ့စေတာမဟုတ်ဘူး။
မျက်လုံးလှခြင်း မလှခြင်းက
အမြင်တွေကို ကြည်စေတာမဟုတ်ဘူး။
နားရွက်ကားခြင်း မကားခြင်းက
အကြားအမြင်ကို များစေတာမဟုတ်ဘူး။
ရင်ဘတ်ကျယ်ခြင်း မကျယ်ခြင်းက
နှလုံးသားကို ယဉ်ကျေးစေတာမဟုတ်ဘူး။
ဦးခေါင်းကြီးခြင်း မကြီးခြင်းက
ဦးနှောက်ကို အသုံးကျစေတာမဟုတ်ဘူး။
အရပ်ပုခြင်း ရှည်ခြင်းက
အမျှော်အမြင်ကို ရှိစေတာမဟုတ်ဘူး။
အကျင့်ကောင်းတဲ့နှလုံးသားနဲ့
ပညာများတဲ့ ဦးနှောက်သာ ရှိအောင်ကြိုးစား
အဆင့်အတန်းဆိုတာ
စကားထဲထည့်ပြောစရာကိုမလိုတော့ဘူး။
အဲ့ဒါမှ
တကယ့်အလှတရား။
အရှင်ကောသလ္လ(ရေဦး)
No comments:
Post a Comment