Thursday 29 September 2016
ရပ်တန့်သွားသော..။
နေ့၊ရက်၊နာရီတွေကို
ငါမုန်းချင်လာတယ်..။
ပြက္ခဒိန်ထဲက
နေ့စွဲတွေကတော့
သူ့တာဝန်နဲ့သူ
တရွေ့ရွေ့သွားနေပါတယ်..။
မေ့မရနိုင်တဲ့
ငါ့မှာသာ
ခုချိန်ထိမနေ့ကလိုပဲ
မပြောင်းလဲသေးဘူး..။
ဘယ်သူတွေဘယ်လိုသံပတ်ပေးပေး
နိုးထလာခြင်းမရှိတဲ့
ငါ့နှိုးစက်ကလေးကို
ကြည့်လိုက်တော့..။
သြော်
ငါ့နှလုံးသားနာရီလေး
ရင်ခုန်နှုန်းရပ်နေရှာတာကို..။
ရှိပါစေတော့
ဘယ်သူမှလာမနှိုးကြပါနဲ့
သွားလိုတဲ့ခရီး မမီနိုင်မှတော့
အိပ်ပျော်နေတာပဲကောင်းပါတယ်လေ..။
နေ့၊ရက်၊နာရီတွေကို
ငါမုန်းချင်လာတယ်..။
Tuesday 27 September 2016
၁၇ နှစ်အရွယ်မှာ ရလိုက်တဲ့ ဘဝသင်ခန်းစာ( ၁၇ ) ခု..။
၁။ ဘယ်တော့မှ မထားခဲ့ဘူးလို့ပြောတဲ့သူတွေကပဲ ထားသွားကြတယ်။
၂။ လိုချင်တဲ့အရာမရတိုင်း ကလေးလိုငိုနေမယ်ဆိုရင် အမြဲငိုနေရတော့မှာပါ။ ဘာဖြစ်လို့ လဲဆိုတော့ ဘဝဆိုတာ လိုအပ်ချက်တွေနဲ့အမြဲပြည့်နေလို့ပါ။ 
၃။ ချစ်ကြတယ်။ ပြီးတော့ ထားသွားခဲ့ကြတယ်။ ဒါပေမဲ့ နောက်ထပ်ချစ်တဲ့သူတွေ ပြန်ပေါ်လာတာပါပဲ။
၎။ ဒေါသထွက်နေတဲ့လူတွေဟာ စိတ်လိုက်မာန်ပါပြောတတ်ကြတယ်။ ဒါကြောင့် သူတို့ကို ဗွေမယူတာအကောင်းဆုံးပေါ့။
၅။ ဘဝက တိုတိုလေးပါ။ တကယ်မနှစ်သက်တဲ့အရာတွေကို နှစ်သက်ဟန်ဆောင်ရင်းနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို ဆုံးရှုံးမခံတော့ဘူး။
၆။ ရှေ့မှာကောင်းကြောင်းပြောဆိုပြီး ကွယ်ရာမှာ မကောင်းကြောင်းပြောတဲ့လူတွေအတွက်နဲ့ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို မဖြုန်းတီးတော့ဘူး။
၇။ သူငယ်ချင်းဆိုတာ ကိုယ်လိုအပ်ချိန်တိုင်း သေချာပေါက်ရှိနေပေးရမယ့်တာဝန်ကို ယူထားကြတဲ့ သူတွေမဟုတ်ပါဘူး။ ဒါကြောင့် ကြုံလာသမျှအခက်အခဲတိုင်းကို ကိုယ့်အားကိုယ်ကိုး ဖြေရှင်းတတ်အောင် အလေ့အကျင့်လုပ်ထားရတယ်။
၈။ အချစ်ရေးနဲ့ပတ်သက်လာရင် ကြိုတင်မျှော်လင့်ချက်တွေ အများကြီးထားတာက တကယ်ဖြစ်မလာတဲ့အခါ နာကျင်စေတတ်တယ်။ ဒါကြောင့် ဖြစ်လာသမျှကိုပဲ အကောင်းဆုံးရင်ဆိုင်ဖို့ ပြင်ဆင်သင့်တယ်။
၉။ ငယ်ရွယ်တဲ့ဘဝကို ပျော်ပျော်ရွှင်ရွှင်နေထိုင်မယ်။ အသက်အရွယ်ရလာတဲ့အခါ အလုပ်တွေပိုများလာပြီး အားလပ်ချိန်တွေ ပိုရှားလာတော့မှာလေ။
၁ဝ။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ်ပိုင်ခံစားချက်တွေကို ထုတ်ဖော်ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်မှမပြောရင် ကိုယ့်ခံစားချက်တွေကို ဘယ်သူမှသိမှာမဟုတ်လို့ပါ။
၁၁။ အိပ်ရေးဝအောင် အိပ်ပါ။
၁၂။ ပတ်ဝန်းကျင်က လူတွေနဲ့ သူတို့စိတ်ဝင်စားမယ်ထင်တဲ့အကြောင်းလေးတွေကို စကား စမြည်ပြောပါ။ ဒါက ဘဝအတွက် လေ့လာသင်ယူခြင်းလည်းဖြစ်တယ်။
၁၃။ ပြင်ဆင်မှုတိုင်းမှာ ဒုတိယဦးစားပေးကိုလည်း အမြဲထည့်စဉ်းစားပြင်ဆင်တယ်။
၁၄။ တစ်သမတ်တည်းလျှောက်လှမ်းသွားရမယ်ဆိုရင် ဘဝက ပျင်းစရာပါ။ ဒါကြောင့် မစားဖူးတာ လေးတွေစားတယ်။ မဝတ်ဖူးတဲ့ပုံစံလေးတွေ ဝတ်တယ်။ မသွားဖူးတဲ့နေရာအသစ်လေးတွေကို ခရီးထွက်သင့်တယ်။
၁၅။ ကိုယ့်ကိုယ်ကို ဂရုစိုက်တယ်။ အသီးနဲ့ ဟင်းသီးဟင်းရွက်တွေစားတယ်။ ရေများများသောက်တယ်။ သာယာတဲ့ပန်းခြံမှာ လမ်းလျှောက်တယ်။
၁၆။ ပညာရေးဆိုတာ လာမယ့်အနာဂတ်ကို ခိုင်မာစေမယ့် အရေးကြီးဆုံးလှေကားထစ်ပါ။ ဒါကြောင့် စာကြိုးစားသင့်တယ်။
၁၇။ ကိုယ့်ထက်ပိုပြီး လှပတဲ့၊ စမတ်ကျတဲ့၊ ပျော်စရာကောင်းတဲ့၊ ပိုပြီးနာမည်ကြီးတဲ့တစ်ယောက် ယောက်ဆိုတာလောကကြီးမှာ အမြဲရှိပါလိမ့်မယ်။ အဲ့ဒီအမှန်တရားကို လက်ခံဖို့ ကြိုးစားတယ်။
Ref: GandaWin Magazine
အောင်မြင်ချင်ရင် ကိုယ့်အကြောင်းကို အရင်စဉ်းစား..။
သင်ဟာ အောင်မြင်ချင်တဲ့ သူတစ်ယောက်လား? ဒါဆိုရင် သူများအကြောင်းတွေ လေ့လာဖို့ထက် ကိုယ့်အကြောင်းကို သိဖို့ ပိုအရေးကြီးပါတယ်။
 ဘီဂိတ်လ် မနက်ကျရင် ဘာလုပ်လဲဆိုတာကို သိဖို့ထက် သင်မနက်ကျရင် ဘာလုပ်မှာလဲဆိုတာက ပိုအရေးကြီးပါတယ်။ 
စတိဂျော့ဟာ ဘာလုပ်လို့ အောင်မြင်သွားတယ်ဆိုတာထက် သင့်အနေနဲ့ အောင်မြင်အောင် ဘယ်လိုလုပ်ရမှာလဲဆိုတာ ပိုအရေးကြီးပါတယ်။ 
(အောင်မြင်တဲ့သူတွေကို မလေ့လာရဘူးလို့ မဆိုလိုပါဘူး။ ကိုယ့်ကိုယ်ကိုအရင်လေ့လာဖို့လိုတယ်လို့ ပြောတာပါ။)
.
သေချာတာကတော့ ဘီဂိတ်ဟာ သူ့ရှေ့က အိုင်းစတိုင်းကို အားကျနေတာထက်စာရင် သူ့အောင်မြင်မှုကိုပဲသူ ခေါင်းထဲထည့်တယ်။
 စတိဂျော့ဟာ ဂရေဟမ်ဘဲလ်ကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်မယ့်အစား သူ့အလုပ်ကိုပဲ သူကောင်းအောင်လုပ်တယ်။
.
အောင်မြင်ချင်တဲ့သူတစ်ယောက်အနေနဲ့ အောင်မြင်သူတွေရဲ့ အမူအကျင့်ကို လေ့လာတာ ကောင်းပါတယ်။ 
ဒါပေမယ့် ကိုယ်ကိုယ်တိုင်က အောင်မြင်တဲ့ အပြုအမူတွေကို လုပ်ဆောင်ဖို့က ပိုအရေးကြီးပါတယ်။ ကိုယ်ဟာ ဘယ်လိုလူလဲ။ 
ကိုယ်ဟာ ဘာဖြစ်ချင်တာလဲ။ ကိုယ့်အားသာချက်က ဘာလဲ။ ကိုယ့်အားနည်းချက်က ဘာလဲ။ ဒီအရာတွေကို ဆင်ခြင်သုံးသပ်ပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ကို လျှောက်သင့်ပါတယ်။
Ref:  (Focus Youth)
ကိုယ်ပိုင် စီးပွားရေး စတင်ဖို့ အသက်ငယ်လွန်းတယ် မရှိ..။
ငါအသက်ငယ်သေးလို့ လုပ်ငန်းတစ်ခုတည်ထောင်ဖို့မဖြစ်နိုင်ဘူးလို့မထင်ပါနဲ့။ ပတ်ဝန်းကျင်ကပြောလာရင် လည်းနားမယောင်ပဲကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံကအယူအဆတွေထဲမှာ အသက်ငယ်သေးရင်ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်တည်နိုင်သေးဘူး မိဘအုပ်ထိန်းမှုအောက်မှာပဲရှိသင့် တယ်လို့ထင်ကြပါတယ်။ အသက်ငယ်သေးရင်အစွမ်းအစမရှိသေးဘူးလို့အထင်အမြင်သေးတတ်ကြပါတယ်။ ဒါပေမယ့် အသက်ဘယ်လောက်ငယ်ငယ်စီးပွားရေးစလုပ်လို့ရနေပါပြီ။ ကိုယ်ပိုင်လုပ်ငန်းကိုပြောတာပါ။ အောက်မှာရေးထားတဲ့ အချက်တွေကတော့ အသက်ငယ်ပေမယ့် စီးပွားရေးလုပ်ငန်းစတင်ချင်သူတွေ အတွက် အကျိုးရှိစေမယ့် လိုက်နာစရာအချက်လေးတွေပဲဖြစ်ပါတယ်။ 
(၁) လေ့လာသင်ယူပါ။ 
အတွေ့အကြုံမရှိသေးလို့ဆိုပြီးလက်လျော့ရင်တော့ အတွေ့အကြုံဘယ်တော့မှရလာမှာမဟုတ်ပါဘူး။ ငယ်ရွယ် သေးတဲ့အခါမှာပိုပြီးလေ့လာသင်ယူနိုင်စွမ်းရှိပါတယ်။ အမှားတွေတော့ရှိမှာပါပဲ ဒါပေမယ့် ငယ်ရွယ်သေးတဲ့ အတွက်အမှားထဲကနေသင်ယူနိုင်ပြီး အမှားပြင်နိုင်ဖို့အချိန်ပိုရမှာဖြစ်ပါတယ်။ အတွေးအမြင်သစ်တွေ အကြံဥာဏ်အသစ်တွေပိုများတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ 
(၂) ပိုက်ဆံစုပါ။ 
ဝင်ငွေမရှိသေးတဲ့အချိန်မှာဘယ်လိုစီးပွားရေးလုပ်မလဲ။ မုန့်ဖိုးတော့ပုံမှန်ရနေမှာပါ။ ပိုက်ဆံစုတဲ့အကျင့်ကို ငယ်ရွယ်တဲ့အချိန်ကနေစသင့်ပါတယ်။ ကိုယ့်တနေ့တာအသုံးစရိတ်ထဲကနေလိုတာပဲသုံးပြီး ပိုတာကိုစုထား ရမယ်။ တစ်နှစ်လောက်စုပြီးရင်ကိုတော်တော်လေးစုမိလာမှာပါ။ များလာတဲ့အခါကိုယ့်အတွက်လုပ်ငန်းလုပ်ဖို့ အရင်းအနှီးဖြစ်လာတာပေါ့။ အောင်မြင်ဖြစ်ထွန်းချင်တဲ့လူငယ်တစ်ယောက်ဟာ သူများပျော်ပါးနေချိန်မှာ ကုန်းရုန်းအလုပ်လုပ်နေတတ်ပါတယ်။ သူများသုံးဖြုန်းနေတဲ့အချိန်မှာ ကိုယ်ကအကျိုးရှိရှိသုံးစွဲနေတဲ့အခါ အောင်မြင်မှုလမ်းစနဲ့ပိုမိုနီးစပ်လာမှာပါ။ 
(၃) စီးပွားရေးစိန်ခေါ်မှုများနဲ့အခက်အခဲတွေကိုရင်ဆိုင်ဖို့အဆင်သင့်ရှိပါ
စီးပွားရေးလုပ်တယ်ဆိုတာအသက်နဲ့မဆိုင်ပေမယ့် လူနဲ့တော့အလွန်ဆိုင်ပါတယ်။ စီးပွားရေးလုပ်တယ်ဆိုတာ လူတိုင်းအတွက်တော့မဟုတ်ပါဘူး။ သင့်မှာစီးပွားရေးလုပ်လိုတဲ့စိတ်ပြင်းပြင်းပြပြရှိပြီး၊ ဦးဆောင်နိုင်စွမ်းရှိရပါ မယ်။ အစပိုင်းမှာအားကြိုးမာန်တက်လုပ်ပြီး အခက်အခဲလေးတွေတွေ့လာတာနဲ့လက်လျော့လိုက်တာမျိုးမလုပ် မိပါစေနဲ့။ အခက်အခဲကတော့ကြုံတွေ့ရမှာပါပဲ ဘယ်လိုဖြေရှင်းမယ်ရင်ဆိုင်မယ်ဆိုတာကိုအဆင်သင့်ပြင်ဆင် ထားရပါမယ်။
(၄) အစီအစဉ် plan ချဆွဲထားရပါမယ်
Plan ချတယ်ဆိုတာအကျင့်ကောင်းတစ်ခုပါ။ လုပ်ငန်းလုပ်ပြီဆိုရင် အစီအစဉ်တွေစဆွဲရတော့မှာပေါ့။ ဘာကုန်ပစ္စည်းကိုအရောင်းအဝယ်လုပ်မယ် Client တွေကဘယ်သူတွေဆိုတာသိအောင်လုပ်ရမယ်၊ ဘယ်အသက်အရွယ်ကိုဦးတည်မယ်ဆိုတာလဲသိထားရပါမယ်။
(၅) ကျရှုံးဖို့အတွက်ပြင်ဆင်ထားပါ
အပွင့်လင်းဆုံးပြောရရင် စီးပွားရေးစလုပ်ပြီတာနဲ့အောင်မြင်တာအရမ်းရှားပါတယ်။ ဒါပေမယ့်လုံးဝကြီး ရှုံနိမ့်သွားတာမျိုးလို့မသတ်မှတ်ပါနဲ့။ အထက်မှာပြောခဲ့သလိုပဲအမှားတွေလုပ်မိတဲ့အခါအဲ့ဒီ့အမှားထဲကနေ ပြန်လည်သင်ယူရမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ သင့်ရဲ့လုပ်ငန်းကသိပ်ပြီးအမြတ်ရမှာမဟုတ်ပါဘူး။ အဲ့ဒီ့အရာတွေကိုသေချာမှတ်သားပြီး နောက်ထပ်ပိုကောင်းတဲ့ plan တွေဆွဲဖို့ကြိုးစားရပါမယ်။ 
(၆) ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါ
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့အရမ်းအရေးကြီးပါတယ်။ သူများတွေကကိုယ့်ကိုဘယ်လောက်ပဲလျော့တွက် နေကြပါစေ နားမယောင်မိပဲစိတ်ဓါတ်မကျသွားပါစေနဲ့။ ယုံကြည်မှုမရှိပဲလုပ်ရင် ဘယ်အလုပ်မှအဆင်ပြေပြေ အောင်မြင်မှာမဟုတ်ပါဘူး။ သူတပါးဆီကပညာကိုယူပါ ဝေဖန်မှုကိုဆန်းစစ်ပါ ရှုံ့ချမှုကိုလျစ်လျူရှုပါ။ 
ပန်းတိမ်လွှာ 
Presented to you by Micro Max Education & Training Centre
Micro Max Education & Training Centre တွင် ILO အသိအမှတ်ပြု အသေးစား အလတ်စား လုပ်ငန်းရှင်များအတွက် လက်တွေ့ စီမံခန့်ခွဲမှုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
Saturday 24 September 2016
အချိန်နှင့် ဘဝ..။
==========
==========
ယနေ့ ဆုံးရှုံးခဲ့သော အချိန်နာရီသည် ထာဝရ ဆုံးရှုံးသွားပြီဖြစ်သည်။ မနက်ဖြန်တွင် သင်
နောက်ထပ် နှစ်ဆယ့်လေးနာရီ ရပါလိမ့်ဦးမည်။ သို့သော် မနေ့က အချိန်ကိုကား တစ်နာရီမျှပင်
ပြန်ခေါ်၍ မရနိုင်ပြီ။ ဆုံးရှုံးပြီးသမျှ သင် ပြန်ဆယ်ချင်၍ မရနိုင်တော့။ 
ဘဝဟူသည်လည်း အလားတူပင်။ သင် နေခဲ့ပြီးသော ဘဝအတွက် သင် နောင်တရချင်ရမည်၊ သို့မဟုတ် ဂုဏ်ယူချင် ယူမိလိမ့်မည်။ သို့သော် ထိုဘဝကို အစမှတစ်ဖန် အသစ်ပြန်နေချင်၍ကား မရနိုင်ပြီ။
(အာတီ ပါရီယာ)
Credit_ ထင်ရှားကျော်ကြားသူတို့၏ အဆိုအမိန့်များ
ဘဝအောင်မြင် တိုးတက်ဖို့ မေးခွန်း( ၅ ခု )
သင့်ဘ၀အောင်မြင်တိုးတက်ဖို့အတွက်
 ပြောင်းလဲမှုတွေ လိုက်ချင်ပါသလား ? ဒီမေးခွန်းတွေ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။
၁။ လက်ရှိအခြေအနေကို ဘယ်လောက်ထိစိတ်ပျက်နေပြီလဲ ?
ပြောရရင် သင့်ရဲ့လက်ရှိအခြေအနေ၊ သင့်မှာဖြစ်ပျက်နေတာတွေကို ဘယ်လောက်အတိုင်းအတာအထိ စိတ်ကုန်နေလဲဆိုတာပါ။ 
လက်ရှိအခြေအနေမှာ ထိခိုက်နာကျဉ်မှုတွေက တစ်စုံတစ်ခုပြောင်းလဲလိုက်တဲ့အခါမှာ ကြုံတွေ့ရမယ့် ထိခိုက်နာကျဉ်မှုတွေထက် ပိုဆိုးနေမယ်ဆိုရင် သင်အပြောင်းအလဲတစ်ခုခုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်
၂။ ဘာတွေကို စွန့်လွှတ်လိုက်ချင်လဲ ?
ပြောင်းလဲမှုတိုင်းမှာ ပေးဆပ်မှုရှိပါတယ်။ ကောင်းကျိုးအတွက် ပြောင်းလဲချင်ရင် သင့်ရဲ့ရည်မှန်းချက် ပျောက်မသွားဖို့ အရေးကြီးပါတယ်။
 အောင်မြင်မှုရရှိဖို့အတွက် သင့်ပတ်ဝန်းကျင်မှာရှိတဲ့အရာတစ်ခုခု ဒါမှမဟုတ် သင့်ရဲ့အမူအကျင့်တစ်ချို့ကို စွန့်လွှတ်နိုင်ဖို့ လိုပါတယ်။ ဒီလို စွန့်လွှတ်ဖို့ကတော့ အစပိုင်းမှာ ခက်ခဲပါတယ်။ ဒါပေမယ့်အချိန်ကြာလာရင် အဆင်ပြေသွားမှာပါ။
၃။ အစီအစဉ်က ဘာလဲ ?
ဘ၀အတွက် သိသာထင်ရှားတဲ့အပြောင်းအလဲတွေ လုပ်တော့မယ်ဆိုရင် ဒီအချက်ကို ထည့်မတွေးလို့ မရပါဘူး။ 
သင့်အနေနဲ့ အာရုံထွေပြားမှုမရှိစေဖို့အတွက် ရှင်းလင်းတိကျတဲ့ အစီအစဉ်နဲ့ စည်းမျဉ်းစည်းကမ်းတွေကို သတ်မှတ်ထားဖို့လိုပါတယ်။
 သင့်ရည်မှန်းချက်အောင်မြင်ဖို့ ဘာတွေလုပ်မယ်ဆိုတာကို ရိုးရိုးပဲ စီစဉ်သတ်မှတ်လိုက်ပါ။
၎။ နေ့စဉ်တာဝန်ခံမှုက ဘာလဲ ?
ဘယ်သူမှ ကြည့်မနေရင် လမ်းလွဲဖို့ လွယ်သလိုလမ်းကြောင်းပေါ်မှာရှိနေတယ်လို့ ကိုယ့်ကိုယ်ကိုလှည့်စားမိနိုင်ပါတယ်။ 
တစ်နေ့တာအတွက် ဘယ်လိုစိတ်ခံစားမှုတွေ လွှမ်းမိုးနေသလဲဆိုတာ ပြန်ဆန်းစစ်ကြည့်ပါ။ အေးဆေးပဲလား၊ သောကများနေလား။ ဒါမှမဟုတ် ပျော်နေလား ဒေါသဖြစ်နေလား စသဖြင့်ပေါ့။ 
သင်ချမှတ်ထားတဲ့ အစီအစဉ်အတိုင်းတဆင့်ချင်းလုပ်ဆောင်သွားမယ်ဆိုရင်တော့ အကျိုးရလဒ်တွေကို တွေ့ရမှာပါ။ ဒီတိုးတက်မှုတွေကို မျက်ခြေအပြတ်မခံပဲ ဆက်လက်တိုးတက်အောင် လုပ်ဆောင်ပါ။
 ဒါက သင့်ရဲ့နေ့စဉ်တာဝန်ခံမှုပဲဖြစ်ပါတယ်။
၅။ စိတ်ရှည်သည်းခံမှုကို ဘယ်လိုမွေးမြူပြီး အောင်မြင်မှုကို ဘယ်လိုခံစားသလဲ ?
ဘယ်လောက်ကြိုးစားနေပါစေ၊ သောကများတဲ့အခြေအနေကနေ ချက်ချင်း အားလုံးအဆင်ပြေသွားဖို့က မလွယ်ပါဘူး။ 
ပြီးပြည့်စုံဖို့အတွက် အချိန်ယူရပါတယ်။ စိတ်ရှည်သည်းခံတတ်ပါစေ။ စိတ်ဓာတ်တက်ကြွနေစေဖို့အတွက် အောင်မြင်မှုတိုင်းကို အသိအမှတ်ပြုခံစားပါ။ လမ်းတော့မလွဲသွားပါစေနဲ့။
Ref: Gentleman Magazine
Tuesday 20 September 2016
အသည်းကွဲနေတယ် ဆိုရင်..။
သူ့ကို ဒီတစ်သက် မေ့နိုင်တော့မှာ မဟုတ်ဘူးလို့ တွေးနေတယ် မဟုတ်လား။
ခေါက်ထားလိုက်စမ်းပါ။ ကြာရင် အားလုံးပြီးဆုံးသွားမှာပါ။
ပြီးတော့ အခုခံစားနေရတာတွေကိုလည်း သက်သာအောင် အကြံဥာဏ်ကောင်းလေး ပေးမယ်နော်။ အသည်းကွဲတဲ့အခါ ခံစားရတဲ့ စိတ်အခြေအနေကို ပြောပြမယ်။
၁။ မယုံနိုင်ဘူး ဖြစ်နေတယ် လမ်းခွဲခဲ့ကြတယ်ဆိုတာ မယုံနိုင်သေးဘူး ဖြစ်နေတယ်။ သူက ဖုန်းဆက်ပြီး တောင်းပန်လိမ့်မယ် လို့ တွေးနေတုန်းပဲ။ ဒီလိုဖြစ်နေတဲ့ ခံစားမှုက လမ်းခွဲလိုက်တာကို ချက်ချင်း ယုံကြည်လိုက်တာနဲ့စာရင် ဝေဒနာကို ဖြည်းဖြည်းချင်း ကုစား သက်သာစေတယ်။
၂။ အသိတရား ဝင်လာပြီ တကယ်ကို ဖြစ်သွားပြီဆိုတာ နားလည်သွားပြီ။ အတူရှိခဲ့တဲ့ အချိန်တွေကို သတိရပြီး ငိုယို မဆုံး ဖြစ်နေလိမ့်မယ်။ ငိုသာငိုချလိုက်ပါ။ မျိုသိပ်ထားရင် ပိုခံစားရလိမ့်မယ်။
၃။ ဒေါသ ပါလာတယ် “ကောင်းပြီ၊ သူက ငါ့ကို ထားခဲ့တယ်။ ဘာ အရေးစိုက်ရမှာလဲ။ သူ့မှာလည်း ကောင်းကွက် တစ်ကွက်မှ မရှိဘူး။ ရုပ်ကလည်း ဆိုးသေးတယ်။ ငါလည်း မကြိုက်ပါဘူး။” ဆိုပြီး မာနဒေါသထွက်မဆုံး ဖြစ်နေမယ်။ ဒီအခြေအနေကို အကြာကြီး မဖြစ်စေနဲ့၊ ဒေါသကနေ နာကျည်းမှုအဖြစ် ပြောင်းပြီး မင်းကို ဝေဒနာတွေ ပေးလိမ့်မယ်။ 
၎။ မျှော်လင့်ချက်ကို ပြန်ရှာတွေ့ပြီ ပြောင်းလဲလို့မရတော့ဘူးဆိုတာ နားလည်လာပြီး အရာရာကို လက်ခံနိုင်တဲ့ အချိန်ရောက်တဲ့အခါ မင်း သူ့ကို မေ့သွားလိမ့်မယ်။ ဝမ်းနည်းခဲ့ရတာတွေကိုလည်း သတိမရတော့ပါဘူး။
လုပ်သင့်တာတွေက -
၁။ ကိုယ်ဝါသနာပါတာတွေကို အာရုံစူးစိုက်ထားမယ်။ (ဥပမာ – ပန်းချီ၊ သီချင်း၊ ရုပ်ရှင် စသဖြင့်ပေါ့) 
၂။ ဘီရိုတွေရှင်း၊ အခန်းရှင်းမယ်။ 
၃။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်ဖြုန်းမယ်။ ရှောင်ရန်ကတော့ – ၁။ Online ပေါ်မှာ သူ့အပေါ် ခံစားချက်၊ နာကျည်းမှုနဲ့ ဒေါသတွေ လုံးဝ Post မလုပ်မိအောင် သွေးဆူနေတုန်းမှာ အင်တာနက် မသုံးပါနဲ့။ တစ်ချိန်မှာ နောင်တရလိမ့်မယ်။ ၂
။ တစ်ယောက်တည်း အကြာကြီး ခံစားမနေပါနဲ့။
၃။ ခံစားနေရတဲ့အချိန်မှာ သူ့ကို ဖုန်းနဲ့ ပြန်ဆက်သွယ်ဖို့ ကြိုးစားတတ်တယ်။ လုံးဝ မဆက်သွယ်မိအောင် ကြိုးစားပါ။
၎။ မင်းကိုချစ်တဲ့ မိသားစု၊ သူငယ်ချင်းတွေကို သူ့ကြောင့် စိတ်ပူဝမ်းနည်းအောင် မလုပ်ပါနဲ့။
အသည်းကွဲချိန် နားထောင်သင့်တဲ့ သီချင်းတွေ – (မိန်းကလေးများအတွက်)
1. Run The World (Girls) – Beyonce
2. So What – Pink
3. White Horse – Taylor Swift
4. Since U Been Gone – Kelly Clarkson
5. I Don’t Miss You At All – Selena Gomez 6. Take A Bow – Rihanna 7. Stronger – Britney Spears
(ယောက်ျားလေးများအတွက်)
1. Forget You (Cee Lo Green)
ကြည့်သင့်တဲ့ ရုပ်ရှင် 1. The Wedding Singer 2. Forgetting Sarah Marshall 3. Bridget Jones’ Diary 4. How To Lose A Guy In 10 Days 5. Legally Blonde 6. 500 Days of Summer
… ရေးမိရေးရာလေးများ
http://www.searchmyanmar.com/link/comment/cid/49352
လူဆင်းရဲ.।လူချမ်းသာ ဖြစ်ကြောင်းများ..။
လောကဓံနဲ့ အသားကျလာရင် လောကဓံဆိုတာ တရားရစရာပါပဲ..။
ဘဝမှာ စည်းစည်ဥစ္စာ ရာထူးဌာနန္တရလာဘ်လာဘတွေ ရှိတဲ့အချိန်လည်း ကြုံဘူး၊ ရှိဘူးကြသလို ၊
ဘာမှကုန်းကောက်စရာ မရှိလောက်တဲ့ အခြေအနေလည်းကြုံရမှာပါပဲ။ 
ရှိခြင်း၊မရှိခြင်းတွေကြား သိပ်ဗျာများ မနေပါနဲ့။ ကြာတော့လည်း အသားကျစွာ နေတတ်သွားမှာပဲပေါ့။
 ကိုယ်က ပေးနိုင်၊ကျွေးနိုင် ကူညီနိုင်တဲ့အချိန် မိတ်ဆွေအပေါင်းအသင်းတွေ ဝိုင်းဝိုင်းလည်နေတတ်ပေမယ့် အဲဒါတွေ မလုပ်ပေးနိုင်တဲ့အချိန် မေးထူးခေါ်ပြောသူတောင် မရှိပြန်တာလည်း ကြုံရမှာပါပဲ။ 
အပေါင်းအသင်းများခြင်း၊
မများခြင်းတွေကြား အထီးကျန်တာမျိုး ဖြစ်မနေပါနဲ့။ ကြာတော့လည်း အသားကျစွာ နေတတ်သွားမှာပဲပေါ့။
ကိုယ်နဲ့အဆင်ပြေနေတဲ့အချိန် ချီးမွမ်းမြှောက်ပံ့ပြောတတ်ပေမယ့် အဆင်မပြေတဲ့အချိန်မှာ 
အဲဒီပါးစပ်တွေကပဲ ကဲ့ရဲ့ရှုတ်ချ အပြစ်တွေ ပြောနေကြတာလည်း ကြုံရမှာပါပဲ။ 
စကားလုံးတွေကြား ခံစားမှုများမနေပါနဲ့။ ကြာတော့လည်း အသားကျစွာ နေတတ်သွားမှာပဲပေါ့။
ဘဝမှာ ချမ်းသာတဲ့အခါလည်းရှိ၊ ဆင်းရဲတဲ့အခါလည်းရှိနေပြီး လောကချမ်းသာဆင်းရဲဆိုတာ ဘာမှ
အကြာကြီးမှ မဟုတ်တာပဲလေ။ ချမ်းသာဆင်းရဲတွေကြား သောကပွားမနေပါနဲ့။ ကြာတော့လည်း အသားကျစွာ နေတတ်သွားမှာပဲပေါ့။
အရင်းစစ်တော့ အားလုံးဟာ လောကဓံတွေပါပဲ။ ဘာမှအကြာကြီး မဟုတ်ဘူး၊ ဘာမှမမြဲဘူးလို့သာ 
နှစ်နှစ်ကာကာ သိလာရင် ဘယ်လိုအခြေအနေမျိုးပဲ ကြုံကြုံ ကြာတော့လည်း ဒီဒဏ်တွေကြား 
အသားကျလာတာပဲ မဟုတ်လား။ 
အပြောင်းအလဲ အခိုက်အတံ့ကာလလေးမှာ အမှားမရအောင်သာ ကြိုးစားနိုင်ရင် တရားမရသေးတာတောင်မှ အသားကျလာမှာတော့ အသေအချာပါပဲ။
မဟုတ်တာတွေနဲ့ အသားမကျဖို့၊ အမှားတွေနဲ့ အသားမကျဖို့တော့ ကိုယ့်ကိုယ်ကိုယ်ပဲ 
ထိမ်းသိမ်းကြရမှာပေါ့။ ။
ဆရာတော်မနာပဒါယီ အရှင်ဝိစိတ္တ-ဒိုက်ဦး
Ref: Young Buddhist Association
Friday 16 September 2016
( မင်းယုဝေ )
Posted by: mingala
 ပိုမိုဆန်းသစ် ပြီးပြည့်စုံ တဲ့ သတင်းများနှင့် အကြောင်းအရာများကို
နေ့စဉ်အခမဲ့ ဖတ်ရှုလိုက်ပါ။
Download for blow link
www.todaybago.com/todaybago.apk
------------------------------------------------------
Unicode
 သင့်တင့်လျောက်ပတ်သောအရပ်၌ နေခြင်း
သင့်တင့်လျောက်ပတ်သောအရပ်၌ နေရခြင်းသည် မင်္ဂလာတပါးဖြစ်သည်။
တခါသော် ဘီလုံးငှက် တကောင်သည် မိမိနေထိုင်ကျက်စားရာ လယ်ကွင်းပြင်မှလွန်၍ အခြားအရပ်သို့ သွားရောက် ကျက်စားသည်။ ထိုစဉ် သိမ်းငှက်တကောင်သည် ဘီလုံးငှက်ကို တွေ့မြင်ကာ ထိုးသုတ်သွားလေသည်။
ဘီလုံးငှက်သည် သိမ်းငှက်လက်တွင် ပါသွားစဉ် ငါ့အရပ်မဟုတ်၍ သိမ်းငှက်၏ ထိုးသုတ်ခြင်းကို ခံရသည်။ ငါ့အရပ်ဖြစ်ပါမူ သိမ်းငှက်သည် ထိုးသုတ်နိုင်မည်မဟုတ်-ဟူ၍ မြည်တမ်း ငိုကြွေးသည်။
ထိုအခါ သိမ်းငှက်က မခံချင်။ မိမိသည် အရွယ် ၁-တောင်ကျော်ရှိသည်။ ဘီလုံးငှက်ကား လက်တဝါးခန့်သာ ရှိသည်။ မိမိကဲ့သို့ ခွန်အားကြီးသောသူကို မနိုင်နိုင်ဟု ခံယူထားသည်။ ထို့ကြောင့် ဟယ်-ဘီလုံးငှက်၊ သင်၏အရပ်ကား အဘယ်နည်း-ဟူ၍ မေးမြန်းသည်။ ဘီလုံးငှက်ကလည်း ငါ၏အရပ်ကား ထွန်စာခဲရှိရာ လယ်ကွင်းပြင်တည်း-ဟူ၍ အားမာန်အပြည့်ဖြင့် ပြန်ပြောသည်။
သိမ်းငှက်က သင်၏အရပ်၌ ရှိသော်လည်း ငါကဲ့သို့သော ကြီးမား၍ ခွန်အားရှိသူကို သင် အန်တုနိုင်မည်လော။ ငါ့လက်က သင်လွတ်နိုင်မည်လော-ဟု ဆို၏။
ဘီလုံးငှက်ကလည်း အန်တုနိုင်ပါသည်။ လွတ်နိုင်ပါသည်-ဟု ရဲရင့်စွာ ပြောကြားသည်။
ကောင်းပြီ။ ဤသို့ဆိုလျှင် သင့်ကို ယခု ငါလွှတ်လိုက်မည်။ သင့်အရပ်သို့ သွား၍ ငါ့ကို ခုခံလော့။ သိမ်းငှက်က ဤသို့ဆိုကာ ဘီလုံးငှက်ကို လွှတ်လို်က်သည်။ ဘီလုံးငှက်လည်း မိမိ ကျက်စားရာ လယ်ကွင်းပြင်သို့ ၀မ်းမြောက်ဝမ်းသာ ပြန်သွားသည်။ ရောက်သော် မြေစိုင်ခဲကြီး တခုပေါ်၌ ရပ်လိုက်သည်။ အို-သိမ်းငှက်ကြီး၊ အသင်စွမ်းလျှင် လာလော့။
သိမ်းငှက်လည်း ဟယ်-ဘီလုံးငှက် ငါ့လက်မှ သင်လွတ်နိုင်မည်လော-ဟူ၍ ကြုံးဝါးကာ လျင်မြန်စွာ ပျံသန်းလာသည်။ အနီးသို့ ရောက်သည်နှင့် တပြိုင်နက် အရှိန်ပြင်းစွာဖြင့် ပျံဆင်း၍ ဘီလုံးငှက်ကို ထိုးသုတ်လိုက်သည်။ ဤတွင် ဘီလုံးငှက်လည်း မြေစိုင်ခဲပေါ်မှ ရုတ်တရက်ဆင်း၍ မြေစိုင်ခဲအောက်အကြားသို့ ၀င်နေလိုက်လေသည်။ ထိုအခါ သိမ်းငှက်သည် ဘီလုံးငှက်ကို မသုတ်မိ၊ အရှိန်လည်း မသတ်နိုင်၊ မြေစိုင်ခဲကို ရင်ဖြင့် တိုက်မိသွားသည်။ တခဏအတွင်းပင် ရင်ကွဲ၍ သေဆုံးသွားလေသည်။
ဘီလုံးငှက်သည် မြေစိုင်ခဲအကြားမှ ထွက်လာပြီးလျှင် သိမ်ငှက်သေ၏ ကိုယ်ပေါ်၌ နားလျက်-ငါသည် သင့်တင့် လျောက်ပတ်သောအရပ်ကို အမှီပြုသောကြောင့် အင်အားကြီးသူကိုပင် အနိုင်ရလေသည်-ဟူ၍ ဆိုလေသတည်း။
အကိုး။ ငါးရာ့ငါးဆယ် သကုဏဂ္ဃိဇာတ်။
( မင်းယုဝေ )
Posted by: mingala
Saturday 10 September 2016
အကောင်းမြင်စိတ် ရှိပါ..။
အကောင်းမြင်ဖို့ဆိုတာက ကောင်းတဲ့အရာတွေကိုကြည့်နေရင်လွယ်ကူ ပေမယ့် မိမိစိတ်နဲ့မကိုက်တဲ့အရာတွေ အတွက်ကတော့ ခက်ခဲလှပါတယ်။သူတစ်ပါးကို အကောင်းမမြင်တော့ဘူး ဆိုရင် သင်ပျော်တော့မှာ မဟုတ်ပါဘူး။
သူကို မြင်တိုင်း သူ့အကြောင်းကြားတိုင်း ထိုထက်ပိုလာပါက သူနှင့်ပက်သက်သည့်အရာကို မြင်ရုံဖြင့် သင်စိတ်ချမ်းသာနိုင်တော့မည် မဟုတ်ပါ။ထို စိတ်မချမ်းသာမှု့များလာသည့်အခါ သင်မည်သည့် နည်းနှင့်မျှ ပျော်ရွှင်မှု့ကို ခံစားနိုင်တော့မည် မဟုတ်ပါ။
အကောင်းမြင်စိတ်ရှိပါ။အကယ်၍ မကောင်းဘူး ဆိုပေမယ့်လည်း ကောင်းကွက်ကိုရှာပြီး အကောင်းမြင်ပေးလိုက်ပါ။
အရာရာတိုင်း က အကောင်း အဆိုးဒွန်တွဲနေတာပါ။အကောင်းချည်း မရှိသလို အဆိုးချည်းလည်း မရှိပါဘူး။
သို့သော် ကြည့်ရှု့သူ ခံယူသူအပေါ်မှာသာ ပြောင်းလဲသွားတာပါ။
ဥပမာ ရေဗူးထဲတွင် ရေတစ်ဝက်ပဲရှိပါက သင်မည်သို့မြင်မည်နည်း။
ရေကလည်း တစ်ဝက်ပဲရှိတော့တယ်။(အဆိုး မြင်စိတ်)
ရေက တစ်ဝက်ကြီးတောင် ကျန်သေးတယ်။(အကောင်းမြင်စိတ်)
ရေဗူးထဲက ရေကရေပါပဲ။ဒါပေမယ့် ကြည့်သူအမြင်ပေါ်မူတည်ပြီး ပြောင်းလဲသွားတာပါ။
ထို အကောင်းမြင်စိတ်က သင့်ကို ပိုပြီးကျန်းမာစေသလို နေပျော်သော ဘဝကိုဖြစ်စေမှာပါ။အထူးသဖြင့် မိမိကိုယ်ကို အကောင်းမြင်စိတ်ထားပါ။
သင်၏ အတွေးများထဲလည်း ကောင်းသော အရာများနှင့်ပြည့်နှက်စေပါ။မကောင်းသောအတွေး စိတ်ကူးများအစား ကောင်းသော အတွေးများ ဖြင့်လဲလှယ်လိုက်ပါ။
ထိုသို့ဆိုလျှင် သင်ရဲ့နေ့စဉ်ဘဝသည် ကောင်းသောအရာများဖြင့် နေ့ရက်တိုင်းလှပနေမှာသေချာပါတယ်။
Ref:ayesay
မေတ္တာပေးတတ်ပါစေ...။
ကိုယ့်ကို နာကျင်စေသူပဲဖြစ်ဖြစ် ပျော်ရွှင်စေသူပဲဖြစ်ဖြစ် ရှေးကံမကုန်သရွေ့ ပြန်ဆုံကြရမှာ ဓမ္မတာပဲ။
ဘဝတွေက အဆုံးမရှိဘူး။ ခဏခဏ ပြန်ဆုံနေရအုံးမှာ။ ဆုံတဲ့အခိုက် သူများကို မေတ္တာပေးနိုင်အောင်
ကြိုးစား။ မေတ္တာဆိုတာမျိုးက ကိုယ်က သူများကို မပေးတတ်ခဲ့ရင် ကိုယ်လည်း သူများဆီက မရတတ်ဘူး။
ခုလို သိတတ်တဲ့အချိန်က စပြီး ကိုယ်က ပေးသူ ဖြစ်ပါစေ။
 ကိုယ့်အတွက် ကုသိုလ်များများ ယူ၊
သူများကို မေတ္တာများများပေး။ အဲ့ဒီလို အပေး အယူ မျှနေရင် ဘဝက ပျော်စရာ ကောင်းတာပဲ။
တစ်ဦးနဲ့ တစ်ဦး မေတ္တာတွေနဲ့ ခွဲခွါခဲ့ကြရတော့ ကံမကုန်လို့ ပြန်ဆုံ ကြရတဲ့အခါမျိုးမှာ
နှစ်ဦးနှစ်ဖက်လုံးအတွက် အေးချမ်းတယ်၊ ဘယ်သူ့ကိုမှ မနာကျင်စေရဘူး။
 အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ နေရတဲ့ ဘဝက ပိုပြီး ပျော်စရာကောင်းတယ်။
အရှင်သုဝီရ- မဟာဂန္ဓာရုံ
Ref:Young Buddhist Association
Tuesday 6 September 2016
ယုံကြည်မှုကို အလုပ်နဲ့ သက်သေပြပါ..။
ယနေ့ခေတ်လူငယ်တွေကြားမှာ ခေတ်စားလွန်းတဲ့စကားတစ်ခွန်း ရှိပါတယ် ။ အဲ့ဒါက ယုံကြည်မှုဆိုတာ စက္ကူတစ်ရွက်လိုပဲ ချေမွပြီးသွားရင် အရင်လိုအကောင်းတိုင်းဖြစ်ဖို့မလွယ်ပါဘူးတဲ့။ ဒီအဆိုက မှန်သင့်သလောက်ပဲမှန်တယ်လို့ ယုံကြည်တယ်။
.
ယုံကြည်မှုဆိုတာ လူတစ်ဦးနဲ့တစ်ဦးကြားမှာ မရှိမဖြစ်လိုအပ်တဲ့အရာပါ ။ ဒီလိုအရေးကြီးတာကြောင့်လည်း တန်ဖိုးထားကြတယ်။ ပျက်စီးသွားဖို့မပြောနဲ့ တိမ်းချော်သွားမှာကိုတောင် စိုးရိမ်လေ့ရှိကြတယ်။ စီးပွားရေးအရကြည့်ပြန်လည်း ယုံကြည်မှုကအရေးပါနေပြန်တာကြောင့် လဲပြိုသွားရင်ပြန်လည် အရင်လိုယုံကြည်နိုင်ဖို့ ခက်ခဲမယ်လို့ ပြောတတ်ကြပါတယ်။
.
တကယ်တမ်း ပြောမယ်ဆို ယုံကြည်မှုဆိုတာ အရင်လိုပြန်မဖြစ်နိုင်သော်လည်း အသစ်တစ်ဖန်ကြိုးစားလို့ရပါသေးတယ်။ ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ဖို့ အရင်ကအမှား ၊ အားနည်းချက် ၊ချို့ယွင်းချက်ကို ပြန်လည်ပြင်ဆင်ပြီး အကောင်းဆုံးလုပ်ဆောင်နိုင်မယ်ဆို တစ်ဦးနဲ့တစ်ဦးကြား ယုံကြည်မှုတွေပြန်လည်ရရှိစေနိုင်မှာပါ။
.
တစ်စုံတစ်ခုကို တွေးတောကြတဲ့အခါ အလုံပိတ်အတွေးတွေနဲ့ ကိုယ့်ဘ၀ကို မခြယ်လှယ်ကြပါနဲ့ ။ သင်အမှားတစ်ခုခုကျူးလွန်မိတယ်ဆိုရင်တောင် အဲဒီ့အမှားကို ပြင်ဆင်နိုင်ဖို့နဲ့ ယုံကြည်မှုတွေ ပြန်ရယူနိုင်ဖို့ အသစ်တစ်ဖန်ကြိုးစားခွင့်ရှိပါတယ်။ အမှားပေါ်က သင်ခန်းစာယူပြီး ယုံကြည်မှုအတွက် အရင်ကထက်ပို အလုပ်လုပ်ကြရအောင်ဗျာ ။ ။
  Ref: (Focus Youth)
Thursday 1 September 2016
ကံမကောင်းရင် ဒါလေးတွေပြန် သတိရလိုက်ပါ..။
ကံမကောင်း အဆင်မပြေလို့ အားမငယ်ပါနဲ့။ စိတ်အားငယ်နေချိန်မှာ ဒါလေးတွေကို ပြန်သတိရလိုက်ပါ။
အဆင်ပြေတဲ့နေ့ရှိသလို အဆင်မပြေတဲ့နေမျိုးလည်း ရှိမှာပါ။ ကိုယ့်ကိုကိုယ် ဖြေသိမ့်ဖို့ရန် ဘာတွေလိုအပ်သလဲ။
၀၁. ဘာလိုမှလုပ်လို့မရတော့တဲ့ကိစ္စဆိုတာ မေ့သာထားလိုက်ပါတော့
အောင်မြင်နေတဲ့သူတွေ တော်တော်များများဟာ အလုပ်များတာကြောင့် စိတ်ရှုပ်စရာတွေများတာကို လူတိုင်းသိမှာပါ။ ဒါပင်မဲ့လည်း စိတ်ပျော်ပျော်နေတတ်ဖို့ရန် အရေးကြီးပါတယ်။ ကိုယ့်ရဲ့အချိန်တွေက ဝမ်းနည်းစရာ စိတ်ညစ်စရာတွေနဲ့ပြည့်နေရင် ပြန်တွေးကြည့်ရင် နှမျောစရာကောင်းပါတယ်။
၀၂. ဘဝရဲ့ခါးသည်းမှုတွေဟာ အောင်မြင်သူတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်
ဆောင်းရာသီကအေးတာကြောင့် သည်းခံနေရပြီး နွေရာသီရောက်ရင် ဘယ်လောက်ပျော်စရာကောင်းသလဲ။ အောင်မြင်ဖို့ရန် သည်းခံမှုတွေလည်း လိုအပ်တယ်ဆိုတာကို မမေ့ပါနဲ့။ အောင်မြင်သည် ဆုံးရှုံးသည် နှစ်ခုစလုံးအတွက် ခံနိုင်ရည် ရှိရန်လိုအပ်ပါတယ်။
၀၃. ဘဝရဲ့အောင်မြင်ခြင်းဆိုတာ ကိုယ်တိုင်လုပ်ယူရမှ ရတာပါ
ဘယ်လောက်ပဲအောင်မြင်သူဖြစ်ပါစေ။ သူ့ရဲ့ဘဝက နွေးထွေးမှုရှိလားဆိုတော့ မသိနိုင်ပါ။ ဘဝရဲ့ နွေးထွေးမှုကို ရရှိစေရန်အတွက်ကတော့ ကိုယ်တိုင် ဆုံးဖြတ်မှသာလျှင် ရနိုင်မယ်လို့ထင်ပါတယ်။
၀၄. အတွေ့အကြုံတွေက ကိုယ့်ရဲ့ဘက်တော်သားတွေပါ
ဘယ်လောက်ပဲ စိတ်ဆင်းရဲခဲ့ရတဲ့အချိန်တွေဖြစ်ပါစေ။ ကိုယ်ကရခဲ့တဲ့ အတွေ့အကြုံတွေက ကိုယ့်ကို နောက်တခေါက်မမှားစေရန် ဆောင်ကြဉ်းပေးမှာပါ။ ဖတ်ခဲ့တဲ့စာအုပ်၊ တွေ့ခဲ့တဲ့သူ၊ ကိုယ့်ရဲ့ရည်မှန်းချက်တွေက တွေ့ကြုံခဲ့ရတဲ့အရာတွေအားလုံးကနေ ထွက်လာတဲ့အဖြေဖြစ်ပါလိမ့်မယ်။
၀၅. အမြဲတည်း တာထွက်နေရာမှာ ရှိနေနိုင်ပါစေ
လောကကြီးက တည်မြဲမှုမရှိပါ။ ဖြစ်ပြီး ပျက်နေတာပါ။ ကိုယ့်လုပ်ဆောင်ခဲ့တဲ့၊ ကြိုးစားခဲ့တဲ့ ကိစ္စတစ်ခုဟာ ဖြစ်မလာလဲ၊ စိတ်ဓါတ်ကျ အားနည်းနေဖို့ အချိန်မရှိပါ။ နောက်ပွဲတွေအတွက် တာထွက်ရန် အဆင်သင့်ဖြစ်ဖို့ လိုအပ်ပါတယ်။
၀၆. ကိုယ်ပဲခံနေရတယ်လို့ တွေးရင်တော့ မှားမယ်၊ ပြင်ပါတော့
အမြဲတမ်း ပြသာနာဖြစ်ရင် ကိုယ်အပေါ်ကို မကောင်းလုပ်သွားသူချည်းပဲ မထင်ပါနဲ့။ ကိုယ့်မှာလည်း အမှားရှိကောင်းရှိပါလိမ့်မယ်။ အခြားသူရဲ့အမြင်မှာ သင့်မှာလည်း အပြစ်ရှိကောင်းရှိပါလိမ့်မယ်။ ဒါကိုလက်မခံပဲ အဲဒါသူ့ကြောင့် ဖြစ်ရတာလို့ သူများအပြစ်ပဲတင်နေရင်တော့ ဘယ်တော့မှ တိုးတက်မဲ့သူမဟုတ်ပါ။ ဆင်ခြေတွေမပေးပဲနဲ့ ရဲရဲကြီး တာဝန်ယူတတ်ပါစေ။
၀၇. ကိုယ်ရဲ့ရည်မှန်းချက်တွေကို ဖြစ်အောင်လုပ်ပါ
အခုတော့မဖြစ်နိုင်ဘူး၊ ကဲထားလိုက်ပါတော့။ ငါဘဝက ဤမျှတင်လို့ ထင်ထားတဲ့သူကတော့ ပြောင်းလဲသင့်ပါတယ်။ ဘဝမှာ ကိုယ့်ရဲ့ရည်မှန်းချက်တွေနဲ့ အသက်ရှင်နေကြတာပါ။ မဖြစ်နိုင်တာ မရှိသေးပါ။ မဖြစ်သေးတာပဲ ရှိပါတယ်။ လက်မလျှော့လိုက်ပါနဲ့၊ အချိန်တွေရှိပါသေးတယ်။ 
ကြိုးစားကြည့်လိုက်ပါ။ ဖြစ်လာပါလိမ့်မယ်။
၀၈. ဒုက္ခတွေနဲ့ကြုံနေချိန်ဆိုတာ အခွင့်အရေးတစ်ခုပါ
အလုပ်ကြောင့် အကြောင်းကြောင်းကြောင့် အိပ်မပျော်တဲ့ အချိန်တွေမှာ ဟိုတွေးဒီတွေးလုပ်နေတာထက် လုပ်သင့်တာကို ဖြေးဖြေးချင်းလုပ်ကြည့်လိုက်ပါ။ ကိုယ်တောင် သတိမထားမိချိန်အတွင်းမှာ ဒီပြသာနာက အလိုလိုဖြေရှင်းနိုင်သွားမှာပါ။
၀၉. ဘယ်လောက်ပင် သေးမွှားတဲ့အရာပင်ဖြစ်ပါစေ၊ စိတ်ရှည်ရှည်နဲ့လုပ်ပါ
၁၀၀ ကီလိုရှိတဲ့အလေးကို ချက်ချင်းကတော့ မနိုင်သူကတော့ မရှိပါ။ ၁ ကီလိုအလေးကို အကြိမ် ၁၀၀ ကတော့ ခက်မယ်မထင်ပါ။ ဘာကိုပဲလုပ်လုပ် ဖြစ်နိုင်တဲ့ အခြေအနေကနေ ဖြေးဖြေးလုပ်သွားနိုင်ရန်သာ အရေးကြီးပါတယ်။
၁၀. လူတွေကပေးတဲ့ အမှတ်စာရင်းထက် ကိုယ်ကဘာဖြစ်ချင်တာလဲ
လူတွေကတော့ အမျိုးမျိုးသုံးသပ်ပြီး ဝေဖန်ကြမှာပါ။ ဒီအချိန်မှာ ကိုယ်က ဘာဖြစ်ချင်သလဲဆိုတာက အရေးကြီးဆုံးပါ။ ဒေါင်းယောင်ဆောင်သောကျီး မဖြစ်ပါစေနဲ့..။
၁၁. ပြသာနာဖြစ်လာရင် ပြာသာနာကနေ သင်ယူနိုင်တာတွေရှိပါတယ်
အလုပ်ပေါ်မှာ ဖြစ်လာတဲ့ ပြသာနာဆိုတာ မဖြစ်ချင်ပင်မဲ့လည်း ဖြစ်လာရင်တော့ မရှောင်သင့်ပါ။ ဒီပြသာနာကနေ နောင်မမှားအောင် လုပ်နိုင်တဲ့ ကောင်းကျိုးရလဒ်တွေလည်းရှိမှာပါ။
၁၂. လမ်းပျောက်နေရင် ခဏနားနေလိုက်ပါ
လမ်းပျောက်သွားရင် ခဏအနားယူလိုက်ပါ။ စိတ်ကို ငြိမ်ငြိမ်ထားပြီး ပြန်စဉ်းစားကြည့်ပါ။ စိတ်ငြိမ်ငြိမ်နဲ့တွေးနေရင် ဘာလုပ်သင့်သလဲဆိုတာ နားလည်လာပါလိမ့်မယ်။
၁၃. စိတ်စွဲစရာတွေထက် ပေါ့ပေါ့ပါးပါးနေတတ်ဖို့ အရေးကြီးပါတယ်
ဘာမှ ဆုံးရှုံးစရာမရှိ၊ ဖြစ်လာရင်လည်း အားလုံးကို စွန့်လွှတ်နိုင်တယ်ဆိုရင် အကောင်းဆုံးပါ။ အဟောင်းကို စွန့်ပြီး နည်းစနစ်သစ်ကို ထည့်သွင်းစဉ်းစားနိုင်ရင် တိုးတတ်မှာပါ။
၁၄. အဆင်မပြေရင် အစကို ပြန်သွားကြည့်ပါ
ကြိုးစားခဲ့သမျှက အရာမထင်လို့ ထင်လာရင်တော့ လုပ်ငန်းလုပ်ပုံကိုင်ပုံကို ပြောင်းလဲဖို့ အချိန်တန်ပါပြီ။ လိုအပ်ချက်နဲ့ ဖြစ်နေတာက လွဲနေလို့သာပါ။
၁၅. ဘယ်လောက်ပဲ စိတ်ဆင်းရဲနေပါစေ ကိုယ့်ကို ကူညီမဲ့သူ ပေါ်လာမှာပါ
စိတ်ဆင်းရဲနေချိန်မှာ အားလုံးဟာ ကိုယ့်ကိုကိုယ် အပြစ်တင်ပြီး ပတ်ဝန်းကျင်ကို မမြင်တော့ပါ။ ဒီလိုမျိုးအချိန်မှာလည်း ကိုယ့်ကို အားပေး၊ ကူညီမဲ့သူက ရှိနေမှာပါ။