Saturday 28 January 2017

အကောင်းဆုံးကို ရေတွက်ခြင်း..။

အောင်မြင်ခြင်းကို ပိုင်နေရရင်…
အဲ့ဒါနောက်ဆုံး မဟုတ်သေးပါဘူး။

ကျရှုံးခြင်းကိုပိုင်နေရတယ်…
အဲ့ဒါသေလောက်တဲ့အထိ မဟုတ်သေးပါဘူး။

လူ့လောကကြီးမှာ ကိုယ့်ကိုယ်ကို 
စိတ်ကျေနပ်မှု ဖြစ်စေတာက…

အဆိုးတွေကို လျစ်လျှုရှုပြီး
အကောင်းတွေကို ရေတွက်ခြင်းဖြစ်ပါတယ်။ 

ကောင်းကင်ပြာ

သူငယ်ချင်း...။

သိန်းငှက်တွေဟာ
ဘယ်သူမှလက်ခုပ်တီး အားမပေးလည်း
အမြင့်ကို ပျံသန်းကြတယ်။

မြက်ကလေးတွေက
ဘယ်သူမှ မသနားလည်း 
မြေပြင်ပေါ်မှာ ကြီးထွားရှင်သန်ကြတယ်။

လမ်းဘေးနားက  ပန်းလေးတွေက
ဘယ်သူမှ မနှစ်သက်ပေမယ့်လည်း 
လှလှပပ  ဖူးပွင့်ကြပါတယ်။

ကိုယ်ဘာလုပ်လုပ် တစ်ခြားလူ
နားလည်စရာ  မလိုပါဘူး။

မိမိသာ အစွမ်းကုန်ကြိုးစား  
လုပ်ဆောင်နေဖို့ပဲ လိုပါတယ်။

ကိုယ့်ကို လူတိုင်းက
နှစ်သက်စရာမလိုပါဘူး။

အဓိပ္ပါယ်ရှိရှိ
ရှင်သန်နေဖို့ ပဲ လိုပါတယ်။

အကျိုးရှိတဲ့အလုပ်ကို ဇွဲရှိရှိလုပ်ဆောင်ရင်
လှောင်ရယ်သံများနဲ့ အထီးကျန်ခြင်းက  
အဝေးကို ပြေးထွက်သွားမှာ အမှန်ပါပဲ။

ဒဏ်ရာအနာတရတွေ ရခဲ့ရင်တောင်
ရုန်းကန် ထရပ်နိုင်ရတယ် ။

တကယ်တော့   
ဘဝဆိုတာ မရှည်ကြာပါဘူး ။

ဒီဘဝထဲ  ရောက်လာမှတော့ အဓိပ္ပါယ်ရှိရှိ   ငါတို့လှလှပပရှင်သန်ကြတာပေါ့ သူငယ်ချင်း…။

နိုင်းနိုင်းစနေ

Wednesday 25 January 2017

နွားလိုမကျင့်နဲ့ ကျွေးလိုကျင့်ပါ..။


+++++++++++++++++++++++

ကျွန်တော်ဟာ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်အလယ်ပိုင်းက ဘူလ်ဒါရွာလေးမှာ ကြီးပြင်းခဲ့ပါတယ်။ ကော်လိုရာဒိုနယ်မြေဟာ လှပတဲ့  ကျောက်တောင်ကြီးတွေရှိတာကြောင့် ရှုခင်းလှပလို့ နာမည်ကျော်ကြားပါတယ်။ ကျောက်တောင်တွေကြားမှာ စိမ်းလန်းပြီး ကျယ်ပြန့်တဲ့ မြက်ခင်းလွင်ပြင်ကြီးတွေ ရှိတယ်။ နွားစားကျက်လုပ်လို့ နေရာကောင်းလို့ အဲဒီမှာ ကျွဲတွေရော၊ နွားတွေရော တွေ့ရတယ်။ ကမ္ဘာပေါ်မှာ ကျွဲအုပ်နဲ့ နွားအုပ်ကိုအတူတူ တွေ့ရတာ ဒီတနေရာထဲ ရှိပါတယ်။

အဲဒါကြောင့် ကျွန်တော်ဟာ ကျွဲတွေနဲ့ နွားတွေရဲ့ သဘာဝကို သေသေချာချာ လေ့လာခွင့်ရခဲ့တယ်။ အဲဒီအထဲက လေပြင်းမုန်တိုက်ရင် သူတို့ရဲ့ တုံ့ပြန်ပုံ မတူကြတာပါ။

အနောက်ဖက်ကနေ မုန်တိုင်းလာပြီဆိုတာနဲ့ နွားအုပ်ကြီးဟာ အရှေ့ဖက်ကို ပြေးကြတယ်။ နွားဆိုတာက အပြေးသန်ကြတာမှာ မဟုတ်ဘူး။ ဒါကြောင့် မုန်တိုင်းဟာ ခဏနဲ့ သူတို့ကို မှီလာတယ်။ မုန်တိုင်းရဲ့ လေပြင်းဟာ နွားတွေကို ကစင့်ကရဲ လွင့်စင်သွားစေတယ်။ ဒါကြောင့် တချို့နွားတွေဟာ ကျိုးပဲ့ ဒဏ်ရာရကုန်ကြတယ်။

ကျွဲတွေကျတော့ အဲဒီလို မဟုတ်ဘူး။ အနောက်ဖက်က လာနေတဲ့ မုန်တိုင်းကို အားလုံးဟာ ရပ်ပြီး စောင့်နေကြတယ်။ မုန်တိုင်းအနားကို ရောက်ပြီဆိုမှ မုန်တိုင်းတည့်တည့်ဆီကို အတင်းပြေးကြတယ်။ ဒါကြောင့် သူတို့ဟာ မုန်တိုင်းအောက်မှာ ကြာကြာမမိလိုက်ဘဲ ခဏနဲ့ မုန်တိုင်းအောက်က လွတ်သွားကြတယ်။ အဲဒီခဏလေးကို ကြိတ်မှိတ်နေလိုက်တော့ ခဏပဲ ဝေဒနာခံစားရတယ်။

ကျွန်တော်တို့ဟာ ပြဿနာတစ်ခုခုနဲ့ ကြုံလာရင် အဲဒီကိစ္စကိုပဲ တွေးနေတယ်။ စိတ်ပူတယ်။ သောကရောက်တယ်။ ကံကောင်းရင် ပြဿနာ အလိုလို ပျောက်ကွယ်သွားမယ်လို့ ထင်နေတယ်။ မပျောက်လို့ ကြာလာတော့ စိတ်ဆင်းရဲဝေဒနာခံစားနေရတယ်။ အဲဒါ ကော်လိုရာဒိုက နွားတွေလိုပါပဲ။ မုန်တိုင်းနဲ့ ဝေးရာဆီကို ပြေးလို့ မုန်တိုင်းအောက်မှာ ကြာကြာမိနေတယ်။ ပြဿနာကို မဖြေရှင်းချင်လို့ အချိန်ဆွဲနေမယ်၊ ပြဿနာနဲ့ ဝေးရာကို ထွက်ပြေးပေနေမယ်ဆိုရင် ပြဿနာဟာ နောက်က လိုက်လာမှာပါ။ ပြဿနာက ဒုက္ခပေးနေမှာပါ။

ပြဿနာဆိုတာ ဖြစ်လာရင် အောင်းထားလို့ မကောင်းဘူး။ ပြဿနာဆိုတာ သူ့ အလိုလို ပျောက်သွားတာမျိုး မဟုတ်ဘူး။ ပျောက်သွားတယ်ဆိုရင် အဲဒါပြဿနာ မဟုတ်ဘူး။ ဒါကြောင့် ကျွဲတွေ မုန်တိုင်းကို တည့်တည့်ဝင်တိုးလို့ မုန်တိုင်းနဲ့ ခဏပဲ မိပြီး ဝေဒနာမခံစားရသလို ပြဿနာကို မရှောင်ပဲ မြန်မြန်ထက်ထက် ဖြေရှင်းလိုက်ရင် စိတ်ညစ်၊ စိတ်ဆင်းရဲ သောကဝေဒနာကို ကြာရှည်ခံစားရမှာ မဟုတ်ပါဘူး။

Credit:ဗန်းမော်သိန်းဖေ၂၅-၀၁-၂၀၁၇

Thursday 19 January 2017

အမှတ်မှားတော့..။

အမှတ်မှားတော့ အသိမှားတယ်။
အသိမှားတော့ အယူမှားတယ်။

အယူမှားတော့ အမြင်မှားတယ်။
အမြင်မှားတော့ အကျိုးရှိတဲ့အလုပ်ကို မလုပ်နိုင်တော့ဘူး။

အမှတ်မှန်မှ အသိမှန်မှာ
အသိမှန်မှ အယူမှန်မှာ

အသိတွေ အောက်တန်းကျနေရင်
အကျင့်တွေ ယုတ်မာလာလိမ့်မယ်။

ဆရာတော်ဥူးသုမင်္ဂလ

ငါတို့ ချို့တဲ့နေတာက..။

ငါတို့ ချို့တဲ့နေတာက 
အတွေးအခေါ် စိတ်ကူးစိတ်သန်းတွေ မဟုတ်ဘူး။

ငါတို့ ချို့တဲ့နေတာက 
လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှုတွေ ဖြစ်တယ်။

ငါတို့ ချို့တဲ့နေတာက
အပြောအဆိုတွေမဟုတ်ဘူး။

ငါတို့ ချို့တဲ့နေတာက 
အပြောနဲ့အညီ အမှန်တကယ်လုပ်ကိုင်မှုတွေ
ဖြစ်တယ်။

နိုင်းနိုင်းစနေ

Tuesday 17 January 2017

အထီးကျန်..နဲ့ တကိုယ်တော်.။

"အထီးကျန်" နဲ့ "တကိုယ်တော်"ဆိုတာ
ကွဲပြားခြားနားမှု့ရှိပါတယ်။

အထီးကျန်တယ်ဆိုတာက
အားငယ်မှု့ရှိနေတာကို ရည်ညွှန်းတယ်။
တကိုယ်တော်ဆိုတာကတော့
အားမာန်လေးရှိနေတာကို ရည်ညွှန်းတယ်။

အထီးကျန်တယ်ဆိုတာက
သိမ်ငယ်မှု့ကို ဖြစ်စေတယ်။
တကိုယ်တော်ဆိုတာကတော့
တက်ကြွမှု့ကို ဖြစ်စေတယ်။

အထီးကျန်တယ်ဆိုတာက
အဖော်တွေက ပစ်ထားခဲ့တယ်ဆိုတဲ့
အဓိပ္ပါယ်ကို ဖော်ဆောင်တယ်။
တကိုယ်တော်ဆိုတာကတော့
အဖော်တွေကို ကိုယ်က ပစ်ထားခဲ့နိုင်တယ်ဆိုတဲ့
အဓိပ္ပါယ်ကို ဖော်ဆောင်တယ်။
(ရသေ့ရဟန်းတွေကျင့်တဲ့ ဧကစာရီဆိုတာ
ဒီသဘောကို ရည်ညွှန်းတယ်)

အထီးကျန်တယ်ဆိုတဲ့ ခံစားမှု့ဝင်လာရင်
ဘဝဟာ ပျင်းရိသွေ့ခြောက်ပြီး
အနာဂတ်ဟာ ကြောက်ဖို့ ကောင်းနေလိမ့်မယ်။
တကိုယ်တော်ဆိုတဲ့ ခံစားမှု့ဝင်လာရင်တော့
ဘဝဟာ တက်ကြွလန်းဆန်းပြီး
အနာဂတ်ကို ရင်ဆိုင်ရဲ လာလိမ့်မယ်။

တစ်ယောက်ထဲ ဖြစ်နေတာခြင်းအတူတူ
အထီးကျန်ဆိုတဲ့ ခံစားမှု့လေးကို
အဝင်မခံမိဖို့  အရေးကြီးပါတယ်။
"တစ်ကောင်ထဲ ဒါပေမယ့် ခြင်္သေ့ "ဆိုတာကို
နှလုံးသားထဲနေရာပေးပြီး
တကိုယ်တော်ဆိုတဲ့ ရဲစိတ်လေးကို
မွေးပေးဖို့  လိုအပ်ပါတယ်။

ဘဝမှာ မိတ်ဆွေကောင်းဆိုတာ အရေးကြီးပါတယ်။
ဒါပေမယ့် တခါတရံမှာတော့
မိတ်ဆွေကောင်းတွေနဲ့ အဝေးကြီးမှာ
ရှိနေတတ်တဲ့ ဘဝအခြေအနေတွေကြားမှာ
အထီးကျန်တယ်ဆိုတာကို လက်မခံပဲ
တကိုယ်တော်ဆိုတဲ့အသိနဲ့ ဘဝခရီးကို
အားတင်းရှေ့ဆက်ဖို့  အရေးကြီးလှပါတယ်။

Credit;ဆောင်းရင်ခွင်

Sunday 15 January 2017

သင် ဖြစ်ပါစေ..။

သစ်ပင်တစ်ပင်ဟာ 
သစ်တောကြီးတစ်ခုရဲ့ စတင်ရာဖြစ်နိုင်သလို

ငှက်တစ်ကောင်ဟာလဲ 
နွေဦးကို သယ်ဆောင်လာနိုင်တယ်။

အပြုံးတစ်စဟာ 
မိတ်ဆွေစစ်အဖြစ် ဖန်တီးပေးနိုင်သလို

လက်တစ်ဖက်နဲ့လဲ 
နှလုံးသားတွေကို ကမ်းလင့်နိုင်တယ်။

ကြယ်တစ်စင်းဟာ 
လမ်းပျောက်သူကို လမ်းပြနိုင်သလို

စကားတစ်လုံးနဲ့လဲ 
ပန်းတိုင်ကို တည်ဆောက်လို့ရတယ်။

နေရောင်ခြည်တစ်စဟာ 
အခန်းတစ်ခုကို လင်းစေနိုင်သလို

ဖယောင်းတစ်တိုင်ဟာလဲ အမှောင်ထုကိုခွင်းအောင်စွမ်းဆောင်ပေးနိုင်တယ်။

ရယ်မောတဲ့တစ်ခဏဟာ 
ညှိုးငယ်ခြင်းတွေကို အောင်နိုင်သလို

မျှော်လင့်ချက်တစ်စကလဲ 
စိတ်ခွန်အားကို ဖြစ်စေတယ်။

ဖေးမမှုတစ်ခုက 
ဘဝတစ်ခုကို ကယ်ဆယ်နိုင်သလို

အသံတစ်သံဟာလဲ
လူအများကိုနိုးကြားစေနိုင်တယ်။

အဲဒီတစ်ခုဆိုတဲ့ အရာလေးသာ သင်ဖြစ်ပါစေ။

credit >> nayaung

Saturday 14 January 2017

အခက်ခဲမရှိဘူး ဆိုတာ ကြီးမားတဲ့ အခက်ခဲပါပဲ..။



NO-1(ပုံပြင်)
📚📚📚📚📚📚📚📚📚📚📚📚
တခါကကြွက်တစ်ကောင်ဟာ သွားရင်းလာရင်းနဲ့ မတော်တဆ ဆန်အပြည့်ရှိတဲ့ဆန်အိုးထဲကိုပြုတ်ကျသွားတယ်တဲ့
ပျော်တာပေါ့
ဒီလိုနဲ့ စားရင်း စားရင်းနဲ့ စားစရာဆန်ကုန်တဲ့အချိန်မှာမှ သူဟာအပြင်ကိုမထွက်နိုင်တော့တဲ့ သူ့အနေအထားကိုသတိပြုမိတော့သတဲ့....

NO.2(သင်ခန်းစာ)

-ဘဝမှာထောင်ချောက်တမျိုးရှိတယ်(သက်သာခြင်း)တဲ့

-ကိုယ်အပင်ပန်းခံကြိုးစားရုန်းကန်နိုင်တဲ့အချိန်တွေ/အခြေအနေတွေမှာ(သက်သာခြင်း)ကိုမရွေးခြယ်မိပါစေနဲ့တဲ့

-အခက်အခဲမရှိဘူးဆိုတာဟာ အကြီးမားဆုံးအခက်အခဲပါပဲတဲ့

-ကိုယ်ကကြိုးစားရုန်းကန်ချင်စိတ်မရှိဘူးဆိုရင် ကိုယ့်ရည်မှန်းချက်နဲ့မျှော်လင့်ချက်တွေကိုဖျက်ဆီးဝါးမျို ပစ်လိုက်မဲ့ အန္တရာယ်နဲ့အခက်အခဲတွေ တချိန်လုံးဝိုင်းရံနေတာကို သတိထားပါတဲ့

-မိမိဘဝကိုလက်ရှိအတိုင်းဆက်သွားဖို့က လွယ်ကူကောင်းလွယ်ကူနိုင်ပါလိမ့်မယ်တိုးတက်ဖို့ကတော့အလွန်ခက်ခဲမှာဖြစ်ပါတယ်တဲ့ခင်ဗျား

Credit;ညီထွန်း

Friday 13 January 2017

ကျွန်မက လိပ်တစ်ကောင်ပါ မေမေ..။

ငါးလေးတစ်ကောင်ဟာ လိပ်လေးတစ်ကောင်ကို ရေကူးခတ်ရင်းတွေ့တော့ မေးသတဲ့ ။ “မင်းက ဘာလို့ တစ်ခုခုကြုံလာတာနဲ့ အခွံထဲကိုခေါင်းဝှက်ထားဖို့ပဲ စဉ်းစားတာလဲ။”

 လိပ်ကလည်း ငါးကလေးမေးတဲ့ မေးခွန်းကို အေးအေးဆေးဆေးပဲ ပြန်ဖြေပါတယ်။ “

ငါ့ဟာငါ တိတ်ဆိတ်တဲ့ ဝန်းကျင်တစ်ခုကို လိုချင်လို့လေ၊ မမြင်ချင်တာမမြင်ရအောင် နေတတ်သလိုနေတာလေ။ “

ဒီတော့ ငါးကလေးက “သူများတွေမင်းကို ငကြောက်လို့ပြောနေတာ မင်းပြန်မကြားမိဘူးလား။” လိပ်ကလေးက ငါးလေးကို တစ်ချက်ပြုံးပြရင်းနဲ့ ခုလိုပြန်ဖြေသတဲ့။

 “ဒီအချက်က မင်းနဲ့ငါနဲ့ မတူတာပဲ။ ငါတို့လိပ်မျိုးတွေက မင်းတို့တွေ ဘာကြောင့်အသက်ရှည်ရသလဲသိလား။ အရာအားလုံးကို လိုက်ခံစားမနေပဲ တို့တွေက ဘဝမှာ ဘာအရေးကြီးသလဲဆိုတာကို ပိုအဓိကထားတယ်။

 သူများတွေရဲ့ အပြောတွေကို အမြင်တွေကို လိုက်ဂရုစိုက်ပြီး မခံစားနေဘူးလေ။

တစ်ခုခုကြုံလာလို့ ငါ့ရဲ့အခွံထဲ ခေါင်းဝှက်လိုက်တဲ့အခါ ငါ့ကိုငကြောက်လို့ ပြောကြတယ်။ ဘယ်သူတွေဘာပြောပြော ငါမရှက်ဘူးလေ။ သူတို့ရှက်နေလို့ ငါ့အန္တာရယ်က မအေးသွားဘူးလေ။ 

အဓိကက ငါလုံခြုံနေဖို့လိုတယ်။ သူများရဲ့အမြင်တွေ အပြောတွေကိုကြောက်လို့ ငါ့အန္တာရယ်တွေ ငါမရှောင်ရင် ငါပဲခံရမှာလေ။ အဲ့တော့ ပြောချင်တာပြောကြပါစေ ငါ့ရဲ့မှန်ကန်တဲ့ ခံယူချက်အတိုင်းပဲ နေလိုက်တယ်။

“ကိုယ့်ကိုနှစ်သက်တဲ့သူက ကိုယ်ဘယ်လောက် မကောင်းတာပဲလုပ်လုပ် အမြင်ကြည်နေပေမယ့် ကိုယ့်ကိုမနှစ်သက်တဲ့သူကို ဘယ်လိုပဲ ကောင်းတာလုပ်ပြလုပ်ပြ သူတို့ရဲ့ စိတ်ထဲမှာ အကောင်းမမြင်နိုင်ဘူး။

ဒီတော့ သူတို့အမြင်အပြောတွေထက် ကိုယ့်လုပ်ရပ်က မှန်နေရင်ရပြီ။ ဘယ်သူတွေ ကိုယ့်နောက်ကွယ်မှာ ဘာပြောပြော လိုက်ရှင်းပြနေစရာ မလိုဘူး။ တစ်ချိန်မှာ အချိန်ကအမှန်တွေကို ကိုယ့်ကိုယ်စားပြောပေးလိမ့်မယ်။

-မာရင်ရင်

Credit to မနုဿ ရဲ့ စာမျက်နှာလေးများ

Thursday 12 January 2017

အောင်မြင်မှု..။

ရေဆိုတာ
အမြဲမပြတ်စီးဆင်းနေမှ
ကြည်လင်သန့်ရှင်းတယ်။

လူဆိုတာ
အမြဲမပြတ်ကြိုးစားနေမှ
အောင်မြင်မယ်။

ရဲရင့်သူကို
ကံတရားက မျက်နှာသာပေးတယ်။

ကြိုးစားသူကို 
အောင်မြင်မှုက ဆီးကြိုတယ်။

မှားယွင်းသူကို
အမှန်တရားက လမ်းပြတယ်။

Credit*

သတိ ဆိုတာ..။

သတိဆိုတာ 
ကိုယ့်ကိုယ်ကို အနိုင်ယူတဲ့တရား

မေတ္တာဆိုတာ
ပတ်ဝန်းကျင်ကိုအနိုင်ယူတဲ့တရား

သတိကိုကိုင်တော့ 
ကိုယ့်ကိုယ်ကိုနိုင်တယ်။

ကိုယ့်ကိုယ်ကိုနိုင်တော့
ကြံ့ခိုင်တဲ့စွမ်းအားတွေ ပြည့်တယ်။
စွမ်းအားတက်အောင်ရယူနိုင်တယ်။

မေတ္တာကိုကိုင်တော့ သူ့ကိုနိုင်တယ်။
အားလုံးအပေါ်မှာ ချမ်းသာစေချင်တဲ့
မေတ္တာတရား ထားတဲ့ ပုဂ္ဂိုလ်ဟာ
အားလုံးအပေါ်မှာ အနိုင်ယူနေတာပေါ့…။

ယောဆရာတော်ဘုရားကြီး

သင့် အတွက်..။

သံယောဇဉ်တွေမကြီးမားပါနဲ့။
သင့်အတွက် ကမ္ဘာမြေကျဉ်းသွားလိမ့်မယ်။

ပူပင်စရာတွေ သိပ်မထားပါနဲ့။
သင့်စိတ် လှောင်ပိတ်ခံရကာမွန်းကြပ်နေလိမ့်မယ်။

လိုချင်တာတွေ သိပ်မများပါနဲ့ ။
လို,လို့ရှာခဲ့သမျှ ယိုယွင်းပျက်စီးသွားတာချည်းပဲ။

မာန်မာနတွေ သိပ်မထန်လွန်းနဲ့ ။
သင်အဖော်မဲ့ကာ အထီးကျန်လိမ့်မယ်။

အပျော်တွေမက်ခါ တရားမကွာလွန်းနဲ့ ။
သံသရာအရေးမှာ အကြွေးဆပ်ရတာတွေများလိမ့်မယ်။

အယူသည်းကာ မခက်ထန်လွန်းနဲ့ ။
အပူလဲ,မကွာ ပြစ်ဒဏ်များမှာ ဆင်းရဲပင်ပန်းစွာ ခရီးနှင်ရလိမ့်မယ်။

ပျင်းတဲ့စိတ်ကို အလိုမလိုက်လွန်းနဲ့။
အောက်တန်းကျကာ အနှိမ်ခံရလိမ့်မယ်။

ပေါ့ပေါ့ဆဆ မလုပ်ကိုင်ပါနဲ့။
မဆုံးရှုံးသင့်တာ ဆုံးရှုံးကုန်ရလိမ့်မယ်။

စကားအပြောအဆို နှုတ်မလွယ်လွန်းနဲ့။
အများမုန်းကာ အယုံကြည်တွေမဲ့သွားလိမ့်မယ်။

စာဖတ်ဖို့ရာ မပျင်းရိပါနဲ့။
စာတတ်မှသာ လူရှေ့ရောက်တာမဟုတ်ဘူး။

စာဖတ်တဲ့သူတွေ
လူ့ရှေ့ရောက်နေတာမနည်းဘူး။

အတွေးလှ ဆရာတော်

Wednesday 11 January 2017

ဘဝ ခရီး..။


•••••••••

ဘ၀ဆိုတာ တိုက်ပွဲမဟုတ်တဲ့အတွက်
အနိုင်အရူံးကို သိပ်ပြီးအလေးမပေးသင့်သလို

ပြိုင်ပွဲလည်းမဟုတ်လေတော့…
အဆင့် ဆိုတာမျိုးလည်းသိပ်အရေးမစိုက်သင့်ပါဘူး။

လူလူချင်းဆိုတာ….
နားလည်မူ နည်းနည်းပိုလာရင် အထင်လွှဲမှု နည်းနည်းလျှော့နည်းသွားမှာဖြစ်သလို

ခွင့်လွတ်မူ နည်းနည်းပိုလာရင် 
စိတ်ရှုတ်ထွေးမူ နည်းနည်းကျဆင်းသွားမှာပဲ။

ကိုယ့်ရဲ့အမြင် ကိုယ့်ရဲ့အသိနဲ့ 
သူတစ်ပါးကိုဖြစ်ဖြစ် ကိစ္စတစ်ခုကိုဖြစ်ဖြစ် 
မှန်တယ် မှားတယ်ဆိုပြီး အလျင်စလို
သွားမဆုံးဖြတ်ပါနှင့်။

သူများတကာနဲ့
ကိုယ်နဲ့အမြင်ချင်း ယုံကြည်မူချင်းတူအောင်
ဘယ်တော့မှ သွားမတောင်းဆိုပါနှင့်။

နားလည်သင့်တယ်ဆိုတဲ့ အယူအဆမျိုးနဲ့
ဘယ်တော့မှ သူများကိုသွားမမျှော်လင့်ပါနှင့်။

လူတိုင်းလူတိုင်း သူ့အမြင်နဲ့ သူ့အတွေးနဲ့ ရှိကြပါတယ်။

သူများကို ကွယ်ရာမှာ မဝေဖန်ပါနှင့်။
သူများဝေဖန်မည်ကိုလည်း ဘယ်တော့မှ မစိုးရိမ်ပါနှင့်။

အလကားအသုံးမကျတဲ့လူကို ဘယ်သူ့မှမဝေဖန်ချင်သလို
ထူးချွန်လေ အဝေဖန်ခံရလေဆိုတာ ဓမ္မတာပါပဲ။

သူများရဲ့အထက်မှာရှိတဲ့အချိန်မှာ 
သူများကို လူလို့ ထင်သင့်သလို…

သူများအောက်ကို ရောက်နေတဲ့အခါကျတော့ ကိုယ့်ကိုယ်ကို လူလိုထင်သင့်ပါတယ်။

ဘဝဆိုတာ ခရီးသွားခြင်းနဲ့ တူတတ်ပါတယ်။ 
ရလဒ်သည် ပန်းတိုင်မဖြစ်သင့်ပါ။ 

ခရီးစဉ်ကိုသာ အာရုံပြုခံစားနိုင်ကြပါစေ။ 

ခရီးစဉ်တစ်လျှောက် 
ပင်ပန်းဆင်းရဲတယ်ဆိုပေမဲ့…

လမ်းဘေးက 
လှပတဲ့ရူ့ခင်းတွေကိုတော့ ခံစားတတ်ဖို့ ဘယ်တော့မှမမေ့သင့်ပါကြောင်း……။

Ref: Wechat
Credit >> Sya Aung Ko Latt

Saturday 7 January 2017

မှတ်ထားသင့်သော..။

စာဖတ်ခြင်းဟာ 
ပြည့်ဝသော လူတစ်ယောက်ဖြစ်စေတယ်။

ဆွေးနွေးညှိနှိုင်းခြင်းက 
အသင့်ပြင်ထားသောလူတစ်ယောက်ဖြစ်စေတယ်။

မှတ်သားခြင်းက 
တိကျသော လူတစ်ယောက်ဖြစ်စေတယ်။

( ဖရန်စစ်ဘေကွန် )

Friday 6 January 2017

ဘဝမှာ..။



အကျိုးသက်ရောက်မှု လွဲနေတာတွေဟာ အကြောင်းအားထုတ်မှု လွဲနေလို့ပဲ။

အဖြေလွဲနေတာတွေဟာ 
အတွက်လွဲနေလို့ပဲ။

အမြင်မှားနေတာတွေဟာ 
အမှားမြင်နေလို့ပဲ။

အကောင်းမမြင်နိုင်တာဟာ 
အစောင်းမြင်နေလို့ပဲ။

နားလည်မှု လွဲနေတာတွေဟာ
သံသယတွေရှိနေလို့ပဲ။

အပူများနေတာတွေဟာ 
အယူများနေလို့ပဲ။

မကျေနပ်တာတွေဟာ 
အနေမတတ်လို့ပဲ။

ဒါကြောင့်…

အကျိုးပေးမှန်ဖို့ အကြောင်းမှန်အောင်
အားထုတ်ရမယ်။

အဖြေမှန်ဖို့ အတွက်
မှန်အောင် လေ့ကျင့်ရမယ်။

အမြင်မှန်ဖို့ 
အမှန်မြင်အောင် ကြည့်တတ်ရမယ်။

အကောင်းမြင်ဖို့ 
အစောင်းမြင်တာကို ပြင်ရမယ်။

နားလည်မှုမှန်ဖို့ 
သံသယကို ဖြေရှင်းရမယ်။

အပူမများဖို့
အယူများတာကို လျှော့ရမယ်။

မကျေနပ်တာကိုလျှော့ချဖို့ 
အနေတတ်အောင် ကြိုးစားရမယ်။

အရေးအကြီးဆုံးက သတိ
အရာရာညှိနေရမှာက ပညာ
အရှိခွါဖို့က အသိပါဖို့လည်း လိုတာပေါ့။

ဆရာတော်
မနာပဒါယီ အရှင်ဝိစိတ္တ

ကိုယ့်ကိုယ်ကိုဆုံးမခြင်း(၁၂၆)

ရေဆိုတာ..။

ရေဆိုတာ... 
အပျော့ပျောင်းဆုံးအရာဖြစ်ပေမယ့်
တောင်တန်းကြီးတွေ မြေပြင်တွေကို ထိုးဖောက်နိုင်တယ်။

အဲဒါ…
ပျော့ပျောင်းခြင်းရဲ့နိယာမဟာ
မာကျောခြင်းကို ကျော်ဖြတ်သွားကြောင်း
ထင်ထင်ရှားရှားပြနေတယ်။
                                       
လောင်ဇူး

အသင့် ပြင်ထားပါ..။


••••••••••••••••••

ပျော်ရွှင်ခြင်းတွေကို လက်ခံရင်း
ဝမ်းနည်းမှုတွေကိုပါ ကြံ့ကြံ့ခံနိုင်ဖို့
ကိုယ့်စိတ်ကို အသင့်ပြင်ထားပါ။

တက်ကြွတဲ့စိတ်တွေနဲ့ နိုးကြားစွာလုပ်ဆောင်ရင်း
စိတ်ဓါတ်တွေကျမိတဲ့အခါ အရှုံးမပေးမိဖို့လဲ
ကိုယ့်စိတ်ကိုယ် အသင့်ပြင်ထားပါ။

ချစ်ခြင်းတွေမှာ သာယာကြည်နူးမိရင်း
မုန်းခြင်းတွေရောက်လာတဲ့အခါ
ရင်နင့်ကြေကွဲခြင်းတွေ ခံနိုင်ရည်ရှိဖို့
ကိုယ့်စိတ်ကိုယ် အသင့်ပြင်ထားပါ။

အောင်မြင်မှုတွေမှာ ပျော်ရွှင်ယစ်မူးရင်း
ကျရှုံးမှုတွေနဲ့ ဆုံတွေ့ရတဲ့အခါမှာလည်း
ကြံ့ကြံ့ခံရင်ဆိုင်တတ်ဖို့
ကိုယ့်စိတ်ကိုယ် အသင့်ပြင်ထားပါ။

လက်ရှိခဏ တည်မြဲနေတဲ့အရာတွေမှာ
တည်ငြိမ်စွာ အာရုံစူးစိုက်ထားရင်း
မတည်မြဲတတ်တဲ့ လောကသဘာဝကို
သတိပြု ပြောင်းလဲမှုတွေကို ရင်ဆိုင်နိုင်ဖို့
ကိုယ့်စိတ်ကိုယ် အသင့်ပြင်ထားပါ။

ဆုံတွေ့ခြင်းတွေမှာ ပြုံးပျော်ရင်း
ခွဲခွါခြင်းတွေမှာလည်း ပျော်ပြုံးတတ်စေဖို့
ကိုယ့်စိတ်ကိုယ်သတိပေး
အသိပေးပြင်ဆင် အသင့်ပြင်ထားပါ ။

Credit  : O.W

အရှုံးနဲ့ အမှား..။


__________

အခါခါ တွေ့ဖူးရင် အောင်ခြင်း နှင့် 
အမှန် ကိုရောက်လာ နိုင်တယ် ။

အရှုံး ကိုတွေ လို့ သိမ်ငယ် မနေပါ နဲ့ ။
ဘိတ်ဆုံး ကနေ ထိပ်ဆုံးပြန် တက်ဖို့ 
မအိပ် မနေ ကြိုးစားသင့် က ကြိုးစား
ပစ်လိုက် စမ်းပါ  ။

လောကဓံ ဆိုးကို ကြောက်ပြီး ကိုယ် က
ထွက်ပြေး ရင် ရှေ့မှာ ချောက်နဲ့ ထပ်တွေ့မယ် ။
ချောက်ထဲ ကျတော့ တက်ရတာ ပိုခက်ပြန်ရော ။

" မှောင်တာ" ကို မညီးညူ ရဘူး ။ 
်" လင်း " လာအောင် မီးကို မရ မက ရှာရမယ် ။

                                             ~ " ဘ၀ " အတွက် ခွန်အား ~

Wednesday 4 January 2017

ကျေးဇူးတင်တယ်..။



ကံတရားကြောင့်ဖြစ်စေ...
တ.ိုတွေကိုယ်တိုင်ကြောင့်ဖြစ်စေ..
တွေ.ဆုံခွင့်ရခဲ့တဲ့အတွက်..
ကျေးဇူးတင်တယ်.....။

တကယ်ချစ်လို.ဖြစ်စေ..
အစားထိုးချစ်လို.ဖြစ်စေ..
ချစ်ခွင့်ရခဲ့တဲ့အတွက်..
ကျေးဇူးတင်တယ်.....။

မင်းအားငယ်လို.ဖြစ်စေ..
မင်းချစ်သူကိုလွမ်းလို.ဖြစ်စေ..
ဖြေသိမ့်ခွင့်ရခဲ့တဲ့အတွက်..
ကျေးဇူးတင်တယ်.....။

အဆိပ်ဘဲဖြစ်စေ..
အားဘဲဖြစ်စေ..
မင်းရဲ.အကြင်နာတွေအတွက်..
ကျေးဇူးတင်တယ်.....။

အမှန်ဘဲဖြစ်စေ..
မာယာဘဲဖြစ်စေ..
မင်းရဲ.အကြင်နာတွေအတွက်..
ကျေးဇူးတင်တယ်...။

အသစ်တွေ့လို့ဘဲဖြစ်စေ..
အပြစ်တွေ့လို့ဘဲဖြစ်စေ..
အရာအားလုံး အတွက် ကျေးဇူးတင်ပါတယ်....။

Tuesday 3 January 2017

ဘယ်သူ့ အတွက် အသက်ရှင်မလဲ...။


~~~~~~~~~~~~~~~~

လူရယ်လို့ ဖြစ်လာရင်…..
သင့်ကို အားကျတဲ့လူ ရှိသလို အမြင်ကပ်တဲ့လူလည်းရှိမယ်။

သင့်ကိုမနာလိုတဲ့ လူရှိသလို အထင်သေးတဲ့လူလည်းရှိမယ်။
ဒါ ဖြစ်လေ့ဖြစ်ထသဘာဝပါ။

သင်ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ်
သင်ဘယ်လောက်ပဲအနစ်နာခံ ကြိုးစားကြိုးစား..
လူတိုင်းကို ကျေနပ်အောင်တော့ သင်မစွမ်း ဆောင်နိုင်ပါဘူး၊

ဒါကြောင့်မို့လို့
သူများအကြိုက်ကိုဆောင်ဖို့…
သင့်ရဲ့ပင်ကိုယ်တန်ဖိုးကို အထိခိုက်မခံပါနဲ့။
သင့်ခံယူချက်အပေါ် သင်ကာကွယ်သင့်ပါတယ်။

သိထားဖို့က…
သူများပါးစပ်ဖျားပေါ်က ”သင်” ဟာ…
ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ
သင်အစစ်အမှန် မဟုတ်ပါဘူး။

လူဆိုတာ…….
မျက်စိချင်းတူသော်ငြားလည်း
အမြင်ချင်း မတူပါဘူး။

နားပေါက်ချင်းတူသော်ငြားလည်း
ကြားပုံချင်းမတူပါဘူး၊

ပါးစပ်ချင်းတူသော်ငြားလည်း
ပြောဆိုပုံချင်း မတူပါဘူး၊

ဦးနောက်ချင်းတူသော်ငြားလည်း
အယူအဆချင်းမတူနိုင်ပါဘူး။

လူချုင်းတူသော်ငြားလည်း
အသက်ရှင်နေထိုင်ပုံချင်း မတူပါဘူး။

ဒီအတွက်ကြောင့်….
သင်ဘယ်လောက်ပဲ ထူးချွန်ထူးချွန်
နားလည်တဲ့လူနဲ့ တွေ့ဦးမှ…

သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်
ကျေးဇူးတင်တတ်တဲ့လူနဲ့ တိုးဦးမှ..

သင်ဘယ်လောက်ပဲ ရိုးသားရိုးသား
သံသယနည်းတဲ့လူနဲ့ ဆုံဦးမှ..

သင်ဘယ်လောက်ပဲ နှိမ့်ချ နှိမ့်ချ
တန်ဖိုးထားတတ်တဲ့လူနဲ့ ကြုံဦးမှ…

နောက်ဆုံးတော့…

သိတာလည်း အားလုံးမပြောနဲ့။
မြင်တာလည်း အားလုံးမယုံနဲ့။

သင်ဘယ်သူ့ကို
ဘယ်လောက်ချစ်တယ် ခင်တယ်ပဲဆိုဆို
ကိုယ့်အတွက် အသက်ရှင်ဖို့လည်းမမေ့ပါနဲ့။

Credit: Sayar Aung Ko Latt

Sunday 1 January 2017

ဘဝဟူသည်..။



ပြင်းပြစွာ​ရေဆာ​နေတယ်​​.
ရေ​တော့မရှိဘူးအဆိပ်​ပဲရှိတယ်​။

သောက်​မိခဲ့ရင်​​သေသွားနိုင်​တယ်​။
ဒါ​ပေမယ့်​မ​သောက်​ပြန်​ရင်​လည်း​သေသွားလိမ့်မယ်​။

ဒီပြဿနာနှစ်​ခုပါပဲ…
တစ်​ဘဝလုံးလည်း​ပြေလည်မှုမရခဲ့ဘူး။

အိပ်​​ရေးလည်းမဝခဲ့သလို…
အိပ်​မက်​လည်းမပြည့်​စုံခဲ့ဘူး။

အချိန်​က​ပြောတယ်
နောက်​ထပ်​နဲနဲသည်းခံ​ပေးရင်​​ကောင်းမှာပဲ…

သည်းခံခြင်းက​ပြောတယ်
နောက်​ထပ်​နဲနဲအချိန်​ရရင်​​ကောင်းမှာပဲ....

မနက်​မနက်​ စီးပွားရှာဖို့​ စော​စောထရတယ်
စည်းစိမ်​ရှာဖို့ စည်းစိမ်​ကိုစွန့်​ပြီးသွား​နေရတယ်

အတတ်​ပညာ​​တွေက
လမ်းမ​တွေ​ပေါ်မှာပွဲဖြစ်​​နေတယ်​။

နဖူးစာ​တွေက​တော့
တိုက်​တာ​တွေထဲမှာစိုးမိုး​နေတယ်​။

သင်​နဲ့ပတ်​သက်​ပြီး
ငြီးငြူစရာ​တွေ​တော့အများကြီးပါပဲ

အို..ဘဝသက်​တမ်း.....

ဒါ​ပေမယ့်
သင်​​ပေးတဲ့အချို့အရာ​တွေကိုတောင်
အ​တော်​မျာများသူ​တွေမရကြတဲ့အတွက်
ငါလည်းတိတ်​တိတ်​ပဲ​နေ​နေလိုက်​တယ်​....!!

စည်းစိမ်​ဥစ္စာရဲ့ဆာ​လောင်​မှုက
ပြင်းထန်​လာ​တော့ရှာ​ဖွေဖို့ထွက်​ခဲ့လိုက်​တယ်​...

စည်းစိမ်​ဥစ္စာ လက်​ထဲရလာတဲ့အခါကျပြန်​​တော့
တော်​စပ်​မှု​တွေက လက်​လွတ်​သွားပြန်​တယ်​....

ရှာ​ဖွေရင်းနဲ့သားသမီး​တွေနဲ့အတူ​နေဖို့
မအားလပ်​နိုင်​ဘူးဖြစ်​​နေတယ်​......!!

အားလပ်​တဲ့အခါကျ​တော့သားသမီး​တွေက
ကိုယ်​တိုင်​ရှာဖို့ထွက်​သွားကြတယ်​.....!!

credit >> original uploader