Saturday 23 January 2016

အချစ်နွံထဲမှ ကိုယ်တိုင် ရုန်းထွက်ခဲ့သူ...



နင်.............ကြောင့်ပေါ့
ငါ အမုန်းဆုံး ဆေးရုံ တက်ခဲ့ရတယ်
နင့်............ကြောင့်ပဲ
မျက်ရည်တွေ ကျခဲ့ရတာ
နင် အတွက်ပေါ့............
ဆုတောင်းခြင်း တွေ နဲ့ 
အိပ်ယာဝင် တိုင်
တောင်းဆုပြုခဲ့တာ
နင် ....ကျမ်းမာပါစေလို့ 


ငါ...ဆက်သမျှ ဖုန်း တွေ
ပြန်ပြီး ကြားလိုက် ရ တာ..............
လူကြီးမင်း ခေါ်ဆိုသောဖုန်း မှာ
စက်ပိတ်ထားပါသဖြင့်..........အမြဲတမ်းပေါ့
မကြားချင်းတဲ့ .......သတင်း တစ်ခု နဲ့ 
မိဘ တွေ တဘောမကျ လို့ တဲ့ 
နင် ရှောင်ထွက်ခဲ့တယ်..........

ငါ....ဆိုးတာ ၀န်ခံ ခဲ့တယ်
ငါ.....မှားတာ တောင်းပန် ဖူးတယ်
ငါ.....ရူးရူးမူးမူး ချစ်ခဲ့တာ
နင် ဥပက္ခာ ပြုပြစ်ခဲ့တယ်
ဒီအတွက်ကြောင့်............
ငါ............ကျောခိုင်းခဲ့တယ်
ဒီ အတွက် ကြောင့် ...........
ငါ မမှားလောက်တော့ဘူး။။။။။။။။။။။။။။။။။။။

အဘိုးကြီး...ရှင်ကျွန်မကို ဘာဖြစ်လို့ ချစ်သလဲ.....

အဘိုးကြီး... ရှင်ကျွန်မကို ဘာဖြစ်လို့ ချစ်သလဲ

အဘိုးကြီး... ရှင်ကျွန်မကို ဘာဖြစ်လို့ ချစ်သလဲ လို့ အဘွားအိုက မေးလိုက်တယ်ဆိုရင်ပဲ အဘိုးအိုက အမြဲတမ်း ဒီ မေးခွန်းကို သတိရတိုင်း မေးတတ်တဲ့ အဘွားအိုကို ပြုံးလိုက်ရင်း -

"မင်းဟာ မင်း၊ ငါဟာ ငါ မို့လို့ ချစ်တယ်"

"ကျုပ် နားမလည်ဘူး၊ ရှင်းပြ..."

အမှန်တော့ ဒီအဖြေကို အဘိုးအို အခေါက်ပေါင်းများစွာ ရှင်းပြပြီးသားပါ။ ဒါပေမဲ့ ထပ်ခါထပ်ခါ ကြားချင်ပုံရတဲ့ အဘွားအိုရဲ့ ဆန္ဒကို သိတဲ့ အဘိုးအိုက ထပ်မံပြုံးပြလိုက်ရင်း -

"မင်းဟာမင်း ဆိုတာက မင်းဟာ လူသားတစ်ယောက်မို့ မင်းမှာ အားနည်းချက်တွေ ရှိမယ်၊ အားသာချက်တွေ ရှိမယ်။ မင်းမှာ ချမ်းသာနေတဲ့ အရာတွေ ရှိသလို၊ ဆင်းရဲနေတဲ့ အရာတွေ ရှိမယ်လေ။ ဥပမာအားဖြင့် ထမင်းဟင်း ကောင်းကောင်း လုပ်တတ်ပေမယ့် ငါ့လက်ရာမှ စားချင်တတ်တဲ့ မင်းရဲ့ အာသီသမျိုးပေါ့"

အဘွားအိုက ရှက်ပြုံးလေး ပြုံးလိုက်သည်။ အဘိုးအိုက ဆက်လက်၍ -

"ဒီတော့ လူတစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ကြတဲ့အခါ မင်းရဲ့ အားသာချက်တွေကိုသာမက အားနည်းချက်တွေကိုပါ ချစ် ခင်ရမယ်လေ။ လူတစ်ယောက်ဟာ ကောင်းမွေရှိသလို ဆိုးမွေလည်း ရှိတတ်တဲ့ သဘာဝကို လက်ခံရမယ်။ ကောင်းမွေကိုတော့မင်း မျှဝေခံစားလိုသူတွေကို မျှဝေခံစားနိုင်တယ်။ 

အဲ... ဆိုးမွေကျတော့ မင်းနဲ့ အနီးစပ်ဆုံးလူတွေ မခံစားချင်သော်လည်း ခံစားရမှာ အသေအချာပဲ။ ဒါဟာ မင်းဟာမင်းဖြစ်တာ။ ငါဟာ ငါ ဖြစ်တာကတော့ အဲ့သလို ကောင်းမွေ ဆိုးမွေတွေရှိနေတဲ့ မင်းရဲ့ အခြေအနေကို ငါ ကြည်ဖြူခွင့်လွှတ်နိုင်တယ်။ တစ်နည်းအားဖြင့် ပြောရရင် မင်းရဲ့ ဆိုးမွေတွေကို ငါ နားလည်လက်ခံ ပေးနိုင်တယ်။ မင်းနဲ့အတူ ရင်ဆိုင်ကျော်ဖြတ်ချင်တယ်လေ၊ ဒါ့ကြောင့် မင်းကို ငါ ချစ်တယ်။ ကဲ... မင်းကကော ငါ့ကို ဘာဖြစ်လို့ ချစ်တာလဲ.."

အဘိုးအိုက အဘွားအို မယ်စပ်စုကို စကားပြန်မေးလိုက်တယ်ဆိုရင်ပဲ...

"အို... ကျုပ်ဟာ ကျုပ်၊ ရှင်ဟာ ရှင်ဖြစ်လို့ ချစ်တာပေါ့" ရှင်...

ရခိုင့် ဟာကျူလီ*သံကိုးမောင်း*.....


သံကိုးမောင်း
xxxxxxxxxxxxxxxxxxx

သံကိုးမောင်ဟူသော ဝေါဟာရကို တတိယဓည၀တီခေတ်တွင် တွေ့ရ၏၊ စန္ဒသူရိယဘုရင်မင်းမြတ်နှင့် သံကိုးမောင်ညီအစ်သုံးယောက်တို့မှာ အဖိုးတူ ညီအကိုများဖြစ်ကြသည်။ သံကိုးမောင်း၏ ညီနှစ်ယောက်မှာ သံဘောတူနှင့် သံခဲ တို့ဖြစ်ကြပြီး သူတို့၏ ဖခင်မှာ သေနကုမ္မာဖြစ်၍ ဥဂ္ဂီရီအရပ်တွင် ဘုရင့်အမှုတော်ထမ်းနေသူဖြစ်သည်။ သားသုံးယောက်အရွယ်ရောက်ချိန်တွင် သူတို့၏ဖခင်မှာ ကွယ်လွန်သွားခဲ့လေသည်။
ရခိုင်ဘုရင်တို့သည် လောင်းလှေများကို စစ်အင်္ဂါအနေဖြင့် ရေလမ်းခရီးစစ်ကြောင်းများတွင် တိုက်လှေအဖြစ်အသုံးပြုခဲ့ကြသည်၊ ရခိုင်ဘုရင်မင်းများ၏ လောင်းလှေအသုံးပြုပုံများဆိုင်ရာကို တတိယဓည၀တီခေတ် စန္ဒသူရယမင်းလက်ထက်တွင် သံကိုးမောင်းညီအစ်ကို သုံးယောက်အကြောင်းနှင့် ဆက်စပ် ရေးသားထားသည်ကိုတွေ့ရသည်။



တစ်နေ့တွင် ဘုရင်မင်းကြီးသည် သံဘောတူနှင့် သံခဲတို့ကို ရေတပ်ဗိုလ်မှူးများအဖြစ် ခန့်ထားလျှက် တိုက်လောင်းလှေ(၁၀၀၀)ဖြင့်လည်းကောင်း၊ ကံသာစား “အောင်ဇီဝင်း” ကို တိုက်လောင်းလှေ (၃၀၀)ဖြင့်လည်းကောင်း စုစုပေါင်း တိုက်လောင်းလှေ(၁၃၀၀) ဖြင့် သက်မင်း၏အန္တရာယ်ကို နှိမ်နှင်းစေခဲ့သည်။ ယင်းအချိန်က အစ်ကိုကြီး သံကိုးမောင်းမှာ ကံသာချောင်း (ယခု စစ်တကောင်းနယ်) သို့ရောက်ရှိနေရာ ညီအကိုများ စုစည်းလျှက် စစ်သည်တော်ပေါင်း (၆၀၀၀)ဖြင့် သက်မင်း၏ စစ်သည်များကို ဖြိုခွင်းရာ အောင်မြင်လေသည်။ စစ်ပွဲကြီးအောင်မြင်သဖြင့် စန္ဒသူရိယဘုရင်သည် သံကိုးမောင်းအား တိုက်လောင်းလှေကြီးများကို ဦးစီးရသူ စစ်ဦးစီး(စစ်သူကြီး)အဖြစ် ရာထူးကိုခန့်အပ်မြှောက်စားလေသည်။ ထိုအခါမှစ၍ စစ်သူကြီးသံကိုးမောင်း ဟု ထင်ရှင်းလာလေသည်။ 

“သံကိုးမောင်း” တိုက်လောင်းလှေကြီးများဖြင့် စစ်စခန်းချနေထိုင်ရာ ဖြစ်ခဲ့သော ပလက်ဝမြို့နယ် ကျီးကန်းတောင်ခြေရင်းအနီးရှိ ကျောက်ကို ယခုထက်တိုင် “သံကိုးမောင်းကျောက်” ဟု ယနေ့ထက်တိုင် သမိုင်းတွင် ခေါ်ဝေါ်လျှက်ရှိကြသေးသည်ကိုတွေ့ရသည်။ 
ဤဖြစ်ရပ်ကား နှစ်ပေါင်း (၂၅၆၀) ကျော်က ဖြစ်ရပ်ဖြစ်ပေသည်၊ ရခိုင်တို့၏ဖြစ်ရပ်မှန်ပင်ဖြစ်စေ၊ ဒဏ္ဍာရီပင်ဖြစ်စေ၊ သံကိုးမောင်းဟူသော သတ္တိ ဗျတ္တိနှင့် ပြည့်စုံသည့် အားကောင်းမောင်းသန် ရခိုင်အမျိုးသားတစ်ဦးကား အမှန်ပင် သမိုင်းမှာ ပေါ်ထွန်းခဲ့ပေသည်။ သူသည် သူ၏အောင်မြင်မှုအတွက် ၀မ်းသားအားရဖြစ်လျှက် ရခိုင်ရိုးရားထုံးစံအတိုင်း “ကျင်ကွင်း” ဟန် ပျော်မြူးနေသည်ကို တွေ့ရသည်။

(စကားချပ်) ရွှေတိဂုံစေတီတော် အရှေ့ဖက်မုဒ် အလယ်ပစ္စယံ ကားလမ်းမအောက် ပိဋကတ်တိုက်တစ်ခု၏ မုဒ်ဝတွင်လည်း နှောင်းလူတို့ ပြုလုပ်ထးသော သံကိုးမောင်းအရုပ် နှင့် နီပါးလောက် အလားသဏ္ဍာန်တူသည့် အင်္ဂတေ ရုပ်ထုနှစ်ခု ထုလုပ်ထားသည်ကို တွေ့မြင်မိသည်၊ တစ်ခုခုများ ဆက်စပ်နေသလော့) စာရေးသူ

ကိုးကား
သံတွဲမြို့ -အောင်မြေသာစည်ဆရာတော်၊ဒွါရာဝတီ အရှင်ကုသလ(ငွေသဇင်) စီရင်ရေးသားသော ရက္ခပူရဒွါဒသရာသီဋီကာ အမည်ရှိ ရခိုင်ဌာနီ လရာသီကျမ်း ။

တင်ပြသူ
ဦးမောင်ဖြူ (ကြွီတဲကျွန်း) 1.7.2014 ၊ 73း0PM

ခင်မင်မှုတွေ ပြတ်စဲရခြင်း အကြောင်း....

ခင်မင်မှုတွေ ပြတ်စဲရခြင်း အကြောင်း

(၁) ဟန်ပန်အမူအရာကြောင့် ပျက်ရတယ်။ရိုးသားတဲ့ ခင်မင်မှုတိုင်းမှာ ပွင့်လင်းတဲ့ ဆက်ဆံရေးဆိုတာ ရှိစမြဲပါ။ သူငယ်ချင်းတွေကြား၊ ခင်မင်သူတွေကြားမှာ ဟန်ဆောင်မှုဆိုတာ လုံးဝ မရှိသင့်တဲ့အရာပါ။ကိုယ့်မှာရှိတဲ့အရာတွေကို ချမပြဘဲ ဟန်ဆောင်မှု မျက်နှာဖုံးတပ်ထားလို့ တစ်ယောက်နဲ့ တစ်ယောက်ကြား ခင်မင်မှုတွေ ပျက်တတ်ကြတယ်။

(၂) အပြုအမူကြောင့် ပျက်ရတယ်။ကိုယ့်ရဲ့ အနေအထိုင် အပြောအဆို၊ အပြုအမူတိုင်းဟာ ပေါင်းသင်းဆက်ဆံရေးမှာ ခရာကျတဲ့ အရာဖြစ်ပါတယ်။ ကိုယ့်ရဲ့ အပြော၊ အလုပ်မှန်သမျှဟာ တစ်ဖက်လူနဲ့ မကိုက်ညီတဲ့အခါ၊ ရိုင်းစိုင်းသလို၊ ကိုယ်ချင်းမစာသလို ဖြစ်တဲ့အခါ ခင်မင်မှုတွေ ပျက်တတ်ကြပါတယ်။

(၃) အတ္တကြောင့် ပျက်ရတယ်။လူတိုင်းမှာ အတ္တရှိပါတယ် ဒါပေမဲ့ အတ္တဆိုတာ အမြဲလိုလို ရှေ့တန်းတင်လို့ မကောင်းပါဘူး။ အထူးသဖြင့် ခင်မင်ရာ သူငယ်ချင်းများရှေ့မှာပါ။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နားမလည်တဲ့အခါ၊ ကိုယ်ဖြစ်ချင်တဲ့ ကိုယ့်အတ္တတွေကိုသာ ရှေ့တန်းတင်တဲ့အခါ ခင်မင်မှုတွေ ပျက်ရပါတယ်။

(၄) ပညာမဲ့ခြင်းကြောင့် ပျက်ရတယ်။တက္ကသိုလ်ဝင်တန်းမှာ သင်ခဲ့ရတဲ့ ရှင်မဟာရဋ္ဌသာရ ရေးသားခဲ့တဲ့ “၀ိဇ္ဇာသိပ္ပံ လူ့ကိစ္စ” ကဗျာလေးထဲကလို အတတ်ပညာ၊ အသိပညာ မရှိဘဲ အများအလည်မှာ ၀င်ရောက်ပြောဆို ဆွေးနွေးတဲ့အခါ “မပြေမပျစ်၊ ကျစ်လျစ်မရှိ၊ ဟုတ်လိနိုးနိုး၊ ဆင်ကန်းတိုးသို့” ဆိုတဲ့အတိုင်းကြောင့် ခင်မင်မှုတွေ ပျက်ရသလို မတတ်ဘဲနှင့် တတ်ယောင်ကား ဟန်ဆောင်ခြင်းကြောင့်လည်း ခင်မင်မှုတွေ ပျက်ရတယ်။

(၅) အကျိုးကို လိုလားခြင်းကြောင့် ပျက်ရတယ်။ဒီနေရာမှာ အကျိုးလိုလားခြင်းဆိုတာ ဒီလူနဲ့ ပေါင်းရင် ငါ ဒါရမယ် ဆိုတဲ့ စိတ်မျိုးကို ဆိုလိုတာပါ။ မျှော်လင့်ချက်ဆိုတာ လူတိုင်းမှာ ရှိသင့်ပေမဲ့ ခင်မင်မှုတွေဆီက မျှော်လင့်ချက်မျိုးကိုတော့ တတ်နိုင်သမျှ ရှောင်ကြည်သင့်ပါတယ်။ ဒီလို အကျိုးတွေကို လိုလားခဲ့မယ်ဆိုရင် သူငယ်ချင်းတွေကြားမှာ သင်ဟာ အကူအညီတောင်းလွန်းလို့ ဒုက္ခသည်တစ်ယောက်လို ဖြစ်လာပြီး အများတကာရဲ့ ရှောင်ကြည်ခြင်းကို ခံလာရပါလိမ့်မည်။

ကစ္စတိုင်းမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်....

ကိစ္စတိုင်းမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်။

မနက်တိုင်း ကျွန်တော့်ကို ကျွန်တော် ဒီမေးခွန်းနှစ်ခု အမြဲမေးတယ်။  ဒီနေ့အတွက် ရွေးချယ်စရာ နှစ်ခု ရှိတယ်။

"မင်း ဒီနေ့ ကောင်းမွန်တဲ့ စိတ်ထားမလား၊ မကောင်းတဲ့ စိတ်ထားမလား"။
ကိစ္စတစ်ခု၊ အခက်အခဲတစ်ခု၊ ပြဿနာတစ်ခု ကြုံလာတိုင်းမှာ ကျွန်တော့်ကို ကျွန်တော် ဒီမေးခွန်းလေးနှစ်ခု အမြဲမေးတယ်။

"မင်း အပြစ်တင်တဲ့ လူလုပ်မလား၊ ဒါမှမဟုတ် ဒီ ပြဿနာကနေ သင်ယူ လေ့လာမလား"။
ကျွန်တော့်အကြောင်း မကောင်းပြောတဲ့လူတွေ၊ ကျွန်တော့်ကို မလိုမုန်းထား တဲ့ လူတွေတွေ့ရင် ကျွန်တော် ဒီမေးခွန်းလေး နှစ်ခု မေးတယ်။

"ဒီလူတွေပြောတာ ဒေါသထွက်မလား၊ ဒါမှမဟုတ် သူတို့အပြောကနေ အမှန်တရားကို ရှာမလား"။
တကယ်တော့ ကိစ္စတိုင်းမှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတာကို စာဖတ်သူများ လည်း သတိထားမိမှာပါ။
"သင် အဆိုးမြင်သမား လုပ်မလား၊ အကောင်းမြင်သမား လုပ်မလား"။ ဆိုတာပါပဲ။

ဝေသာလီ ဒင်္ဂါးတံဆိပ်သည် သီရိဝစ္ဆမဟုတ်...




ဝေသာလီဒင်္ဂါးတံဆိပ်သည် သီရိဝစ္ဆမဟုတ်
=============================
သုတေသီအချို့က ဝေသာလီဒင်္ဂါးတွင် ပါရှိသော တံဆိပ်ကို သီရိဝစ္ဆဟူ၍၎င်း၊ သီဝဘုရားသခင်၏ ခက်ရင်းခွဟူ၍၎င်း၊ နောက်တစ်ဘက်တွင် ပါရှိသော နွားလားရုပ်ကို သီဝဘုရားသခင်၏ စီးတော်ယဉ် နန္ဒိနွားလား (Bull Nandi) ဟူ၍၎င်း အမျိုးမျိုးပြောဆို ရေးသားနေကြပေသည်၊ ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီကလည်း ဝေသာလီဒင်္ဂါးပါ အမှတ်တံဆိပ်ကို သီရိဝစ္ဆဟူ၍ အသိအမှတ်ပြုပြီး ရခိုင်ပြည်နယ် တံဆိပ်အဖြစ် သုံးစွဲလာခဲ့ကြသည်မှာ ယနေ့အထိဖြစ်သည်၊ ရခိုင်သူ ရခိုင်သားများကလည်း သီရိဝစ္ဆဟူ၍ အမြတ်တနိုး လိုလိုလားလား ဂုဏ်ယူပြောဆိုသုံးစွဲ နေကြပေသည်။


ကျွန်တော့်အနေဖြင့် နန္ဒိနွားလား၊ သီရိဝစ္ဆ၊ ခက်ရင်းခွဟူသော အဆိုများကို လုံးဝလက်မခံနိုင်ပါ။ ဝေသာလီဒင်္ဂါးပါ နွားလားသည် ဇာတ်နိပါတ်တော်လာ နွားလားဥဿပ၊ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ပွင့်တော်မူသောလ သဗ္ဗညုတဉာဏ်တော်ကို ရတော်မူပြီး ဘုရားအဖြစ်သို့ ရောက်တော်မူသောလ၊ ပရိနိဗ္ဗါန်စံဝင်တော်မူသောလ၊ ဗြိဿရာသီ၏ ရာသီရုပ်နွားလားဥဿပ၊ လေးခန်းဗုဒ္ဓ၀င်တွင် ပါရှိသော နွားလားဥဿပ၊ ဓည၀တီ၊ ဝေသာလီတည်းဟူသော ဆန်စပါးပွားများသည့် နိုင်ငံတော်၏ အဓိကကျေးဇူးရှင် မိခင်ဘခင်နှင့်တူသော နွားလားဥဿပ၊ ဘုရားရှင်၏ ခြေတော်စက်တွင်ပါသော နွားလားဥဿပ၊ ရခိုင်တို့၏ ၁၂ ရာသီစက်တွင် ပါသော ဗြိဿရာသီ ရုပနွားလားဥဿပ သာဖြစ်ကြောင်းကို ဦးရာဇ်မြေမဂ္ဂဇင်း အမှတ် (၁၀) စာမျက်နှာ (၄၁ - ၄၃) တွင် ရှင်းလင်းရေးသားခဲ့ပြီး ဖြစ်ပါသည်။
ယခုတစ်ဖန် ဤဆောင်းပါးတွင် ဝေသာလီဒင်္ဂါးတွင် ပါရှိသော အမှတ်တံဆိပ်သည် သီရိဝစ္ဆလုံးဝ မဟုတ်ကြောင်းကို ရှင်းလင်းရေးသား သွားမည်ဖြစ်ပါသည်။
မ. ဆ. လ အစိုးရခေတ်တွင် ရခိုင်ကိုပြည်နယ်ပေးပြီး ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီ၏ ပထမအကြိမ် ဒုတိယအစည်းဝေးတွင် အဖွဲ့ဝင် (၁၂) ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါသည်။ ယင်းအဖွဲ့တွင် ဆရာကြီးဦးဦးသာထွန်းလည်း အဖွဲ့အဖြစ်ပါဝင်ပါသည်။
ဤအဖွဲ့မှ ရခိုင်ပြည်နယ် အောင်လံ၊ ရခိုင်ပြည်နယ်တံဆိပ်၊ ရခိုင်ရိုးရာ ၀တ်စုံများကို လေ့လာဖေါ်ထုတ်ပြီး စာတမ်းတစ်စောင် ရေးသားခဲ့ပါသည်။ ပြည်နယ်အောင်လံနှင့် ပြည်နယ်တံဆိပ်တွင် ဝေသာလီဒင်္ဂါးပါ တံဆိပ်ကို သီရိဝစ္ဆဟု ဖေါ်ပြထားပါသည်။ သီရိဝစ္ဆဖြစ်ကြောင်း ရှင်းလင်းထားသည်မှာ “ဝေသာလီ စန္ဒြားမင်းတို့၏ ဒင်္ဂါးတွင် ခတ်နှိပ်သုံးစွဲသော ပုံဖြစ်သည်။ ဤတံဆိပ်ကို ဒင်္ဂါးတွင်သာမက ရာဇပလ္လင်မုတ်တံကဲများ၊ ဘုရားတန်းဆောင်း မုတ်တံကဲများ၊ တံခါးမုတ်စီးများတို့တွင် အမြဲသုံးစွဲခဲ့ကြသည်၊ သီရိဝစ္ဆမှာ ကြက်သရေ မင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံသည်ဟု အဓိပ္ပါယ်ရသည်ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုထားသည်၊ ယင်းအထဲတွင် သင်္ကေတများစွာ ပါရှိသည်” ဟူ၍ ရှင်းလင်းရေးသားထားသည်။ တံဆိပ်တွင်ပါဝင်သော အစိတ်အပိုင်းများကိုလည်း အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုထားသည်။
နေနှင့်လ
နေ နှင့် လ တို့မှာ ပထမဆုံးရခိုင်ဟူသော အမည်ကိုခံယူခြင်းမှစ၍ အုပ်ချုပ်ခဲ့သော မင်းတို့သည် နေလအမည်ရှိသော ဘွဲ့ထူးဂုဏ်ထူး အမည်များကို ခံယူခဲ့ကြသည်။ သူရိယမင်းဆက်၊ စန္ဒြားမင်းဆက် ဟူ၍ အုပ်ချုပ်ခဲ့ကြသည်။ နေ လ တို့သည် ကမ္ဘာ၏တန်ဆာများ ဖြစ်ကြသည့်အလျှောက် အအေးနှင့် အပူ၊ အလင်းနှင့် အမှောင် အကျိုးနှင့်အပြစ်တို့ကို ထင်ရှားစေနိုင်သော သတ္တိရှိကြသည်။ နေမင်းနှင့်တူသော အကျင့်၊ လမင်းနှင့်တူသော အကျင့်တို့ ရှိကြသည်။ ယင်းနှင့်အတူ မင်းနှင့်တကွ ပြည်သူတို့သည် သစ္စာတရား တည်ကြည်ရမည်။ ယဉ်ကျေး မှုအနုပညာ စီးပွါးရေး အခြေအနေနှင့် အမျိုးသားများ လက္ခဏာကို ဖေါ်ညွှန်းထားပါသည်။ နေသည် ကမ္ဘာမြေပြင်ပေါ်ရှိ လူသတ္တ၀ါတို့ကို အလင်းရောင်ပေးသည်၊ လသည် အေးမြကြည်လင်သော သာယာမှုတို့ကို ဒေသဌာနမရွေး ပုဂ္ဂိုလ်သတ္တ၀ါမရွေး မျှတသောအရောင်ကို ပေးတတ်သည်၊ လူသားသတ္တ၀ါတို့ အပေါ်တွင် အေးမြကြည်လင်သော သစ္စာတရားရှိသည်ကို ဖေါ်ညွှန်းထားခြင်းဖြစ်သည်။
လက်ဝဲရစ် ခရုသင်းနှင့် လက်ယာရစ် ခရုသင်း
တိုင်းပြည်ကို အုပ်ချုပ်သော ဘုရင်းများ ဘိသိတ်ခံရာ၌ လက်ဝဲနှင့် လက်ယာရစ် ခရုသင်းတို့ဖြင့် သစ္စာရေစင်ဖြန်းရသည်၊ ရေစင်ဖြန်းရာတွင် တိုင်းသူပြည်သား အပေါင်းတို့အား၊ သစ္စာ၊ သီလ၊ သမာဓိ တရားတို့ဖြင့် တရားသဖြင့် အုပ်ချုပ် အုပ်ထိန်းနိုင်ပါစေ၊ တိုင်းသူပြည်သားတို့ကလည်း သစ္စာ၊ သီလ၊ ဓမ္မ ရှိကြပါစေ ဟူသော သရုပ်ကို ဖေါ်ဆောင်ပါသည်။
စိန်တောင်
စိန်တောင်သည် အလယ်ဗဟို တည့်တည့်တွင် မဏ္ဍိုင်အဖြစ် မားမားမတ်မတ် ဖြောင့်တန်းစွာ ရပ်တည်ထားသည်၊ ဖော်ပြခဲ့သော သစ္စာ၊ ဓမ္မ တရားတို့သည် မင်းနှင့်တကွ ပြည်သူတို့အား တည့်တည့်မတ်မတ် အုပ်ချုပ်ခြင်း၊ ခံယူလိုက်နာခြင်း၊ လက္ခဏာကို ဖေါ်ပြထားပါသည်။
စိန်တောင်အောက်ခံ
စိန်တောင်အောက်ခံမှာ လခြမ်းသဏ္ဍန်ဖြစ်ပြီး စိန်တောင်အား အတိမ်းမစောင်း ဖြောင့်မတ် တည်ရှိနိုင်ရန် မယိမ်းမယိုင်စေခြင်းငှာ အောက်ခံပြုထားခြင်းသဘောကို သရုပ်ဆောင်သည်။
ရွေးလုံး (၇) လုံး (ဗိန္ဓု)
ရခိုင်တို့သည် ကြတ္တိကာနက္ခတ်နှင့် ယှဉ်သည့်လူမျိုးများ ဖြစ်ကြသည်၊ ကြတ္တိကာ နက္ခတ်သည် စပါးပင်မြေများ၏ လက္ခာဏာကို ဆောင်သည်၊ (တချို့ကျမ်း၌ ကြယ်ခုနှစ်ကောင်ဟုဆိုသည်) ကြတ္တိကာ နက္ခကိုမှီး၍ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းတို့ ပြုလုပ်ကြသည်၊ ရခိုင်ပြည်နယ်သည် ကြတ္တိကာနက္ခနှင့် လျှော်ညီစွာ စပါးစိုက်ပျိုးရေးကို အဓိကပြုလုပ်၍ သက်မွေးဝမ်းကျောင်း ဆောင်ရွက်ရသော ပြည်နယ်တစ်ခုဖြစ်သည်။ ယင်းကြောင့် ရခိုင်ပြည်နယ်၏ အသက်သွေးကျောဖြစ်သော စီးပွားရေးနှင့် စိုက်ပျိုးရေးလက္ခဏာ သဘောကို ဆောင်ထားခြင်းဖြစ်ပါသည်။
ခြူးပန်း
ခြူးပန်းသည် အမြင့်မြတ်ဆုံးသော ပန်းတစ်မျိုးတွင်ပါဝင်သည်၊ ခြူးပန်းမှာ အပင်မှပွင့်သော ပန်းမျိုးမဟုတ်ပေ၊ ခြူးကောင်ဟုခေါ်သော သတ္တ၀ါတစ်မျိုး၏ ခန္ဓာကိုယ်လက်မှ ပေါက်ရောက်နေသော အမွှေးအမှင်တို့၏ ပုံသဏ္ဍန်တွင် အခွေခွေ အလိပ်လိပ် ဖြစ်ပေါ်နေခြင်းကို သရုပ်ဖေါ်၍ ပန်းချီ၊ ပန်းပု ဆရာတို့သည် ဘုရားစေတီ အဆောက်အဦး၊ ပလ္လင်၊ မုခ်တံကဲများ၊ ထီးဆောင် နန်းဆောင်စသော အဆောက်အဦးတို့တွင် အပြောက်အပြိန်းများ ပန်းခက်ပန်းခွေ ပန်းလိပ်ပန်းနွယ်များ ထုလုပ်ရာတွင် သရုပ်ဖော်၍ ထုလုပ်ခဲ့ကြသည်၊ ပန်းခက်တို့၏ အလယ်တွင် ခြူးကောင်များ ထုလုပ်ထားခြင်းကြောင့် ခြူးပန်းဟူ၍ခေါ်သည်။ ခြူးကောင်တို့သည် လူအပေါင်းတို့၏ ပစ္စည်းဥစ္စာများကိုလည်းကောင်း၊ အသီးအနှံတို့ကိုလည်းကောင်း လုံးဝဖျက်ဆီးခြင်းမရှိ၊ သူတို့၏ သွားရာတွင် အမွှေးအမှင်များ တစ်ခုနှင့်တစ်ခု ထိခိုက်၍ ဆွဲလွဲမြည်သံကဲ့သို့ တခြွင်ခြွင်မည်သည်၊ ယင်းကြောင့် ဆွဲလွဲငယ်များကို ခြူငယ်ဟူ၍ခေါ်သည်။ ပတသက်လျှင် တစ်ကြိမ်သာ မှီဝဲခြင်းရှိသည်။ သူတပါး အမျိုးအနွယ်များကိုလည်း ဖျက်ဆီးခြင်းမရှိ အဗြဟ္မစရိယာ သိက္ခာပုဒ်ကို စောင့်ထိန်းခြင်း၊ တိုင်းသူပြည်သားတို့သည်လည်း မူဒိန်းတန္တ မကျူးလွန်ကြစေရန် သရုပ်ဆောင်ထားခြင်းဖြစ်သည်။
ဤသိရိဝစ္ဆတစ်ခုလုံး၏ သဘောတရားမှာ သစ္စာ ဓမ္မရှိခြင်း လယ်ယာစိုက်ပျိုးရေး၌ စပါးသီးနှံများ ပွါးများစေခြင်း၊ အလင်းနှင့်အမှောင်၊ အကျိုးနှင့် အပြစ်တရားတို့ကို ဆင်ခြင်နိုင်စေခြင်း၊ ခေတ်နှင့်လျှော်ညီစွာ တစည်းတလုံးတည်း တည်မြဲနိုင်စေခြင်း၊ ထွန်းသစ်ပွားများ တိုးတက်စေနိုင်သော သင်္ကေတ သဘောများကို သရုပ်ဆောင်ထားပါသည် ဟူ၍ အသေးစိတ် ဖွင့်ဆိုရှင်းလင်း ရေးသားထားသည်ကို လေ့လာဖတ်ရှုရပါသည်။
အထက်ဖေါ်ပြပါ ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီ ရခိုင်အလံ၊ ရခိုင်တံဆိပ် ရခိုင်ဝတ်စုံ ပြုစုရေးအဖွဲ့၏ သီရိဝစ္ဆနှင့် ပတ်သပ်၍ အဓိပ္ပါယ် ဖွင့်ဆိုချက်များသည်၊ သီရိဝစ္ဆဆိုသည်မှာ အဘယ်နည်းဟူသော မေးခွန်း၏ အဓိကအဖြေနှင့် လွဲချော်နေပါသည်။ သီရိဝစ္ဆဆိုသည်မှာ ဟိန္ဒူနတ်ဘုရားမ သီရိဒေ၀၏ ရုပ်ပုံအမှတ် သင်္ကေတ (Logo) ပင်ဖြစ်သည်။ သီရိဒေ၀ီဆိုသည်မှာ ဗိဿနိုးနတ်ဘုရား၏ ကြင်ရာတော် (ဇတ္တိ) ပင်ဖြစ်သည်၊ သီရိဒေ၀ီ လက်ကားရား ခြေကားရားဖြင့် ထိုင်နေပုံကို လူတို့ကကြက်သရေရှိသည်၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည်ဟု ယူဆကြသည်၊ သူ၏ထိုင်ဟန်ကို အမှတ်သင်္ကေတပြုပြီး မုခ်တံကဲ ရာဇပလ္လင်နှင့် ဒင်္ဂါးများတွင် ခတ်နှိပ်သုံးစွဲခဲ့ကြသည်။ ဤအမှတ်သင်္ကေတကို သီရိဝစ္ဆဟု ခေါ်သည်၊ သီရိ= သီရိဒေ၀ီ၊ ၀စ္ဆာ = နေခြင်း၊ သီရိဝိစ္ဆာ (သီရိဝိစ္ဆ) = သီရိဒေ၀ီ ထိုင်နေပုံဟု အဓိပ္ပါယ်ရသည်။

သီရိဝစ္ဆပုံများ
အထက်ဖေါ်ပြပါ သီရိဝစ္ဆပုံများတွင် ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီမှ ထုတ်နှုတ်တင်ပြသော သီရိဝစ္ဆတွင် ပါရှိသည့် နေ လ၊ လက်ဝဲရစ် ခရုသင်းနှင့် လက်ျာရစ် ခရုသင်း၊ စိန်တောင်၊ စိန်တောင်အောက်ခံ၊ ရွေးလုံး၊ ခြူးပန်း စသည်တို့မှာ လုံးဝမပါဝင်သည်ကို တွေ့ရလိမ္မည်။ မည်သည့်နိုင်ငံတွင်မျှ သီရိဝစ္ဆကို ဤသင်္ကေတများဖြင့် ပုံဖေါ်ထားသည်ဟူ၍ ပြောဆို ရေးသား ကြသည်များကို လုံးဝမကြားဖူးပါ။
သို့သော် ရခိုင်ဝေသာလီ ဒင်္ဂါးတံဆိပ်တွင်ကား ယင်းသင်္ကေတများ အားလုံးပါဝင်နေသည်ကို လူတိုင်းမျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါသည်၊ ဤသင်္ကေတ အမှတ်လက္ခဏာများသည်လည်း သီရိဝစ္ဆနှင့် လုံးဝသက်ဆိုင်မှု မရှိသည်မှာ ထင်ရှားလှပေသည်၊ ဤသင်္ကေတ အမှတ်လက္ခဏာများမှာ ရခိုင့်နည်း ရခိုင့်ဟန်ဖြင့် ရခိုင်အငွေ့အသက် ရခိုင်သရုပ် ရခိုင်ပုံရိပ်များကို စနစ်တကျ ဖန်တီးပုံဖေါ်ထားသော ရခိုင်မူပိုင် Logo အမှတ်သင်္ကေတများပင် ဖြစ်ကြပေသည်။ သို့သော် ယင်းသင်္ကေတများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီ၏ အယူကွာဟချက်များ ရှိနေပါသည်။ ကျွန်တော်၏ ယူဆချက်ကို အောက်ပါအတိုင်း တင်ပြပါမည်။
နေနှင့်လ
ရခိုင်လူမျိုးတို့သည် နေမျိုး လမျိုးတို့မှ ဆင်းသက်လာသည်။ သို့နှင့် ခေတ်ဦးရခိုင်ဘုရင်တို့သည် နေဟူသော သူရိယ၊ လဟူသော စန္ဒာ စသည့်ဘွဲထူးအမည် နာမများကို မှည်ခေါ်လေ့ရှိသည်။(ဥပမာ - စန္ဒာသူရိယ၊ သူရိယစန္ဒြား) စသည်တို့ပင် ဖြစ်ကြသည်။ ရခိုင်ဘုရင်တို့သည် နေမင်း၊ လမင်းတို့၏ ဘွဲ့အမည်များကို ခံယူကြပြီး တိုင်းသူပြည်သားများအပေါ် နေမင်း လမင်း ကဲ့သို့ကျင့်ကြံ အုပ်ချုပ်ခဲ့ကြပေသည်။
လက်ျယာရစ် ခရုသင်းနှင့် လက်ျဝဲရစ် ခရုသင်း
သက်ကျသာကီဝင် မင်းမျိုးတို့မည်သည် ဘိသိတ်မင်္ဂလာကို မဖြစ်မနေခံယူကြရသည်၊ မင်္ဂလာဘိသိတ်၏ အမှတ်သင်္ကေတ (Logo)သည် ခရုသင်းပင်ဖြစ်သည်။ ရခိုင်ဘုရင်တို့သည် သက်ကျသာကီဝင် မင်းများဖြစ်ကြသည့်အလျောက် ဘိသိတ်မင်္ဂလာကို ခံယူလေ့ရှိသော တရားစောင့်သော မင်းများပင် ဖြစ်ကြသည်ဟူ၍ ခရုသင်း နိမိတ်ပုံဖြင့် ဖော်ကျူးထားခြင်းဖြစ်သည်။
လှံမ
ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီမှ စိန်တောင် ဝေသာလီခေတ်မှ ဘုရင်တို့သည် သိကြားပေးသော အရိန္ဒမာလှံပျံကို ပိုင်ဆိုင်ခဲ့ကြသည်။ ရခိုင်ရာဇ၀င်တို့တွင် ဝေသာလီ၏ ထီးတည် နန်းတည်ဘုရင် မဟာတိုဉ်းစန္ဒြား မင်းကြီးသည် မဟာမုနိသိမ်တော်တွင် ရက်ရှည်ဥပုဒ် ဆောက်တည်နေစဉ် လေးရက်မြောက်သောနေ့၌ လေးဗဟိုလ်ရုတ် ခုနှစ်နာရီကျော်အချိန်တွင် အရိန္ဒမာလှံပျံကို သိကြားလာပေးသည်။ လှံပျံအရိုးကား ရွှေသုံးတောင်ရှိ၏၊ မိုးကြိုးလက်ကောက် ငါးခြည်ကိုင်၍၊ အခွေးလည်း မိုးကြိုးဖြစ်၏ အသွားကား စိန်သွားသုံးမိုက်ရှိ၏ အောက်မီးပွင့်ကား အနီ အောက်ခံကား ပတ္တမြား ဟူ၍တွေးရသည်။
စန္ဒားမင်းဘွဲ့(ပေမူ)တွင် “ထွန်းလင်းကြက်သရည်၊ လူပြည်ကျော်သောင်း၊ မင်းကောင်းရာဇာ၊ ကျောက်လှီကားမှာ၊ ကိုးဆယ်ပေါ်ရေး လောင်းတော်ဘုန်းရှင်၊ ဘုန်းအင်တွင်ဖြိုး၊ အာဏာမိုးလို့၊ နန်းရိုးစဉ်လာ၊ ဝေသာလိမှာ၊ မင်းဖြစ်လှာသော်၊ စက္ကြာအမှန်၊ လှံပျံလေးရ၊ ဘုန်းတောက်သံငြား၊ စန္ဒြားလေ” ဟူ၍တွေ့ရသည်။
လှံသွားသည် အာဏာစက်ကို ဖော်ညွှန်းသည်၊ ရခိုင်နိုင်ငံ၏ အချုပ်အချာ အာဏာစက်ကို ဖော်ကျူးသည်။ မြတ်စွာဘုရားရှင်၏ ခြေတော်စက်အစုံတွင် ပထမဆုံးတွေ့ရသော သင်္ကေတအဖြစ် “ဦးစွာအစ၊ လှမ်အိမ်မွန်း” ဟူ၍ဖော်ပြသည်၊ ဝေသာလီခေတ်တွင် ရခိုင်ဘုရင်စန္ဒြားမင်းတို့ ပိုင်ဆိုင်ခဲ့သော အရိန္ဒမာလှံပျံ၏ သင်္ကေတ ရခိုင်နိုင်ငံ၏ အချုပ်အခြာအာဏာ စူးယှက်ထက်မြတ်မှု၏ နိမိတ်ပုံ (Logo) ပင်ဖြစ်သည်။
လခြမ်း
ရခိုင်ပြည်နယ်ကောင်စီက စိန်တောင်အောက်ခံဟု အဓိပ္ပါယ်ဖွင့်ဆိုပါသည်၊ ကျွန်တော်က ရခိုင်ကမ်းခြေ လခြမ်းမြေကို ဖေါ်ကျူးထားသည်ဟု ယူဆပါသည်။
ရွှေလုံး(ဗိန္ဓု)(၇ လုံး)
ရခိုင်ပြည်၏ နက္ခတ်မှာ ကြတ္တိကာဖြစ်သည်၊ ဤရွေးလုံး (ဗိန္ဓု)(၇) လုံးမှာ ကြတ္တိကာ နက္ခတ်တွင်ပါဝင်သော ကြယ်စဉ်စု (၇) လုံးကို ဖေါ်ကျူးထားခြင်း ဖြစ်သည်။
သဇင်ပန်း
ရခိုင်ပြည်နယ် ကောင်စီက ခြူးပန်းဟုဆိုပါသည်။ ကျွန်တော်က ရခိုင်ပြည်၏ တော်ဝင်ပန်း ဦးဆောက်ပန်း ဖြစ်သည့် သဇင်ပန်းနှစ်ခက်သာ ဖြစ်သည်ဟု ဆိုချင်ပါသည်။
ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီမှ ရခိုင်အောင်လံ၊ ရခိုင်တံဆိပ်နှင့် ရိုးရာဝတ်စုံများ ပြုစုရေးအဖွဲ့တွင် ကျွန်တော်၏ဘခင် ဦးဦးသာထွန်းကိုယ်တိုင် ပါဝင်ခဲ့ပါသည်။ ထိုစဉ်က ကျွန်တော်ကိုယ်တိုင်ပင် ဘခင်ကို ကူညီဆောင်ရွက်ခဲ့ဖူးပါသည်။ ဤဝေသာလီခေတ် ဒင်္ဂါးပါ တံဆိပ်ကို ရခိုင်အောင်လံနှင့် ရခိုင်တံဆိပ်များတွင် သုံးစွဲရန်ရွေးချယ်ခဲ့ရာတွင်၎င်း ယင်းဝေသာလီ ဒင်္ဂါးတံဆိပ်တွင် ပါဝင်သော အမှတ်သင်္ကေတ လက္ခဏာများကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင်၎င်း ကျွန်တော်၏ဘခင် ဦးဦးသာထွန်း၏ အတွေးအခေါ် အယူအဆများ များစွာပါဝင်ခဲ့ပါသည်။ သို့သော် ဝေသာလီခေတ်ဒင်္ဂါးတံဆိပ်ကို သီရိဝစ္ဆဟု ကင်ပွန်းတပ်အမည်ပေးခဲ့သည့် အထဲတွင်ကား ဦးဦးသာထွန်းပါဝင် လိမ္မည်မဟုတ်ပါ။
အဘယ်ကြောင့်ဆိုသော် ဝေသာလီဒင်္ဂါးပါ သင်္ကေတနှင့် ပတ်သက်၍ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်စေသော ၁၉၆၃ ခု ဧပြီလထုတ် ပြည်ထောင်စု ယဉ်ကျေးမှုစာစောင် (စာ - ၁၄၀ - ၁၄၅) “ ဝေသာလီခေတ် ဒင်္ဂါးများ” ဆောင်းပါးတွင် ဦးဦးသာထွန်းကိုယ်တိုင် ရေးသားထားသည်များကို လေ့လာကြည့်ပါက ထင်ရှားလှပါသည်။ ယင်းဆောင်းပါးပါ အချက်အလက်များကို အောက်ပါအတိုင်း အနှစ်ချုပ်တင်ပြပါမည်။
၁။ နွားလားရုပ်
နွားလားရုပ်၏ မျက်နှာတည့်တည့်တွင် ပြိဿရာသီ၏ နက္ခတ်ပုံ အ၀ိုင်းသဏ္ဍန် လေးခုပါရှိသည်။ ပြိဿရာသီကို စန္ဒြားမင်းများသည် အထွဋ်အမြတ်ပြုသော မင်္ဂလာရှိသောလ၊ ဘိသိတ်သွန်းလောင်းသောလ ဟူ၍ယူဆပြီးနွားလားကို အမြတ်တနိုးသုံးစွဲထားသည်။
၂။ မကုဋ်သရဖူတော်၏ ထိပ်ထက်တွင် နေနှင့်လ ပုံသဏ္ဍန်ခတ်နှိပ်ထားသည်။
၃။ သရဖူတော်မှာလည်း အလယ်ဗဟိုလ်၌ ကြာငုံသဏ္ဍန် အနားတဘက် တချက်၌ ကြာချပ်သဏ္ဍန်နှင့် အပေါ်၌စီး၍ သဇင်ပန်းခွေသဏ္ဍန် အောက်ခြေတွင် ဗိန္ဓုပေါက်ငယ် ခုနှစ်ခုခတ်နှိပ်ထားသည်။
၎။ ကြာငုံ၏ အဓိပ္ပါယ်မှ ဘဒ္ဒဘပ်ကမ္ဘာတွင် ငါးဆူသော ဘုရားတို့၏ ပွင့်အပ်သော နိမိတ်ဖြစ်သဖြင့် ယင်းနိမိတ်ပုံကို ဗဟိုပြုထားသည်။
၅။ သဇင်ပန်းအဓိပ္ပါယ်မှ ၎င်းအချိန်မှ ယနေ့တိုင်အောင် ရခိုင်အမျိုးသားတို့သည် သဇင်ပန်းကို အထွဋ်အမြတ်ဟု ယူဆလျှက် ဦးခေါင်းထက်၌ ပန်ဆင်လေ့ရှိကြသည်။
၆။ ဗန္ဓုငယ် (၇) ခု၏ အဓိပ္ပါယ်မှာ ရခိုင်တို့၏ နက္ခတ်ဖြစ်သော ကြတ္တိကာ နက္ခတ် လုံးရေပင်ဖြစ်သည်။
၇။ နေနှင့်လ ပုံသဏ္ဍန်မှာ အဆိုပါ စန္ဒရားမင်းမျိုးတို့မှာ သူရိယစန္ဒရားမင်းဆက်မှ ဆင်းသက်လာသော အထိန်းအမှတ်အဖြစ် ခတ်နှိပ်ခြင်းဖြစ်သည်။
၈။ ဤသင်္ကေတများ အားလုံးစုပေါင်းထားသော ဝေသာလီဒင်္ဂါးပါ တံဆိပ်ကို ဦးဦးသာထွန်းက “သရဖူ” ဟူ၍ ရေးသားထားပါသည်။
မှန်ပါသည် ဦးဦးသာထွန်းယူဆ သကဲ့သို့ ဝေသာလီခေတ် မင်းတို့သည် ရခိုင်တို့၏သင်္ကေတ အထိန်းအမှတ် လက္ခဏာအပေါင်းနှင့် ပြည့်စုံသော ဝေသာလီဒင်္ဂါးပါ အမှတ်တံဆိပ်ကို မင်းတို့၏အကိုဋ်တော် အရှေ့မျက်နှာ အလယ်တည့်တည့်တွင် သရဖူတော် တံဆိပ်အဖြစ် ခတ်နှိပ်ခဲ့ကြပေလိမ္မည်။
ပေါင်ကားရား လက်ကားရားဖြင့် ထိုင်နေသော ဟိန္ဒူနတ်ဘုရား သီရိဒေ၀ီ၏ သင်္ကေတ သီရိဝစ္ဆမှာ ဝေသာလီနှင့် လုံးဝမဟပ်စပ်ပေ၊ ရခိုင်လူမျိုးတို့၏ အမှတ်သင်္ကေတ အငွေ့အသက် လုံးဝမပါသော အမှတ်တံဆိပ်ကို နိုင်ငံတော်၏တံဆိပ်အဖြစ်၎င်း ရခိုင်လူမျိုးတို့၏ သင်္ကေတအဖြစ်၎င်း၊ ခတ်နှိပ်ခဲ့လိမ္မည်ဟု လုံးဝမယုံနိုင်ပါ၊ ဝေသာလီဒင်္ဂါးပါ အမှတ်တံဆိပ်သည် ရခိုင်လူမျိုးတို့၏ အငွေ့အသက် အမှတ်သင်္ကေတ၊ အသက်ဝိဉာဏ်များဖြင့် ပြည့်နှက်နေသော ရခိုင်မျိုးရိုးဗီဇ စစ်စစ်ပေါင်းများစွာကို ပေါင်းစပ်ဖေါ်ကျူးထားသော တံဆိပ်တစ်ခု ပင်ဖြစ်သည်။ ရခိုင်လူမျိုးတို့၏ အမျိုးသားသင်္ကေတ အသက်ဝိဉာဏ်တန်ဘိုး (value) ပေါင်းများစွာဖြင့် ဖန်တီးထားသော သရဖူတော်မှာ ရခိုင်ဒင်္ဂါး ရခိုင်ဘုရင်တို့၏ မကိုဋ်တော်တွင် ဂုဏ်ယူဝင့်ကြွားစွာ ခတ်နှိပ်သုံးစွဲခဲ့ကြမည်မှာ သေရှာလှပါသည်။
တက်ထွန်းနီ (မြောက်ဦး)
၂၅ . ၁၂ . ၁၂
(မှတ်ချက်။ ။ ဒေဆောင်းပါးမှာ ယခင်ပြည်နယ်ဖြစ်စဉ်သမိုင်းရွီးသားရာတွင် ဆရာကြီးဦးသာထွန်းတင်ပြခသော်လည်း တိုးမရောက်ခသောအကြောင်းအရာအား ဆရာကျော်ထွန်းအောင်မှ အချက်အလက်များနှင့်တကွ ပြန်ပျာတင်ပြထားသည်။ ပုံတိမှာ ဆရာကျော်ထွန်းအောင်ကိုယ်တိုင်ဆွဲပျာ ရခိုင်ဒင်္ဂါးထဲက အမှတ်သင်္ကေတတိနှင့် သီရိဝစ္ဆပုံကိုနှိုင်းပျာ တင်ပြထားခသည်။)

Thursday 21 January 2016

ပြောက်ကျား....


ပြောက်ကျား
========

ပြောက်ကျား ငယ်နာမေကားမဟုတ်
ကြမ်းကြုတ်ရက်စက် မျိုးဂုဏ်ပျက်အောင်
ထိုးနှက်ရန်မူ ကျူးကျော်သူကို
ခံယူအောင်ပွဲ စစ်ဆင်နွဲဖို့
မလွဲတာဝန် ကျီပွန်ထမ်းရွက်
ခရီးဆက်သူ --။

ပြောက်ကျား
လူယမ်းကားမဟုတ်
မျိုးပြုတ်မခံ ဇာတိမာန်ကြောင့်
ပုန်ကန်တိုက်ခိုက် မျိုးချစ်စိတ်နန့်
ပစ္စက္ခသမိုင်း ကြမ္မာရိုင်းကို
တွန်းလှန်လိုသူ --။

ပြောက်ကျား
အကြမ်းဖက်သမား မဟုတ်
နစ်မြုတ်မခံ ကျွန်ဘဝအတွက်
တွန်းလှန်ဖယ်ယှား လူမျိုးခြားကို
တရားတဖက် ဒါးတလက်နန့်
အသက်ကိုပီး သွီးချောင်းစီးလည်း
ရန်ကြွီးထပ်လီ မျိုးချစ်ပီပြင်
တိုက်ပွဲဝင်သူ --။

ပြောက်ကျား
မတရား မလုပ်
မဟုတ်မခံ မမှန်မပြော
တရားသောစစ် အောင်ပွဲထိုက်ဖို့
ဆက်တိုက်ချီတက် ခရီးဆက်ယင်း
သွီးလမ်းခင်းသူ --။

ပြောက်ကျားလို့ဆိုဆို
သူပုန်လို့ပြောပြော
အမှန်တရားနန့် အမျိုးသားရေး
ရှိမျှော်တွေးလို့
ဖောက်လွဲဖောက်ပြန်
နယ်ချဲ့ ရန်ကို ခုခံသူရာ --။

ပြောက်ကျားရို့၏သမိုင်း
ခပ်ရိုင်းရိုင်းကားမဟုတ်
ပြောက်ကျားရို့၏စရိုက်
ယုတ်ယုတ်မိုက်မိုက်လည်း မဟုတ်ယေ
ငြိမ်းချမ်းရေးနန့် အမျိုးသား
လွတ်မြောက်ရေးအတွက် အမြုတေ
မွန်မြတ်ရေ နှလုံးသားနန့် ထုဆစ်
သမိုင်းတခေတ်၏ အသင့်တော်ဆုံး
လက်ရာကိုဖန်တီး
မအီးချမ်းနိုင်ရေ လူသားမျိုးနွယ်ရို့၏ဇစ်မြစ်
မြီအောက် မရောက်ဖြစ်အောင်
သမိုင်းပီး တာဝန်ကိုထမ်း
မီးခင်းလမ်းဘဲ ဖြစ်ဖြစ်
သွီးခင်းလမ်းဘဲ ဖြစ်ဖြစ်
ရသင့်ရထိုက်သော အဖိုးအဖီးအမွီအတွက်
ကိုယ်ကျိုးစွန့်(အရာရာ)
ပီးဆပ်ဝန့်သူအမှန်ရာ --။ ။

ဘော်ဒါလူသား(၁၆။၂။၀၆)

Saturday 16 January 2016

ကောသလမင်းကြီး အိမ်မက်( ၁၆)ချက် အစ/အဆုံး



ကောသလမင်းကြီးအိမ်မက် (၁၆) ချက် (အစ/အဆုံး)
===========================

အိမ်မက် (၁)

အရပ်လေးမျက်နှာမှ လေးခုသော နွားလားဥသဘရို့သည် လာလတ်၍ မင်းရင်ပြင်၌ ခတ်မည်ဟု အော်မြည်ကြုံးဝါးလျှက် မခတ်ပဲသာလျှင် ဖယ်လားလီကုန်သည်ဟု မြင်မက်သည်မှာ နောင်အခါ တရားမစောင့်သော မင်းများလက်ထက် အရပ်လေးမျက်နှာ၌ မိုးသည် ရွာအံ့သကဲ့သို့ ထိန့်ကြိုးလျှက် မရွာပဲသာလျှင် ရွှင့်ပျက်လားကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံများပျက်စီး၍ မြို့ပြည်ရွာအတွင်း စပါးဆန်ရီယှားပါးကာ အငတ်ဖီးကြီးဆိုက်လတ္တံ့။

အိမ်မက် (၂)

ငယ်နုနယ်၍ အညှောက်စို့သော အပင်များ သီးပွင့်လတ်သည်ကို မြင်မက်သည်မှာ
နောင်အခါ ဆုတ်ကပ်ကာလ လူ့သက်တန်းတိုသောကာလ၌ ယောင်္ကျားမိန်းမများသည်
ထက်သန်ပြင်းပြသော ရာဂဟိကုန်သည်ဖြစ်၍ ငယ်ရွယ်စဉ်အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွီးခြင်းအလုပ်ကို ပြုကုန်လတ္တံ့။

အိမ်မက် (၃)

နွားမကြီးများသည် မိမိ၏မွီးခါစနွားမငယ်များ၏နို့ကိုစို့သည်ဟု မြင်မက်သည်မှာ နောင်အခါ သက်ကြီးရွယ်အိုများအား အရိုအသေပြုခြင်းပျောက်ကင်းကာ အမိအဖ၊ ယောက္ခမစသည့်သက်ကြီးများသည် မှီခိုရာမဟိကုန်သည်ဖြစ်၍ မိမိရို့၏သားသမီး၊သားမက်ချွေးမအစဟိသည်များထံ၌ ကပ်ခိုမှီခို၍ ငြိုငြင်ညှိုးငယ်စွာ အသက်မွီးရကုန်လတ္တံ့။

အိမ်မက် (၄)

ကောသလမင်းကြီးအိမ်မက် (၁၆) ချက် (အစ/အဆုံး)
=========================
 
လှည်းများ၌ ဝန်ကိုဆောင်နိုင်သောနွားကြီးရို့အား မတပ်မူဘဲ နွားငယ်ရို့ကိုသာ တပ်ကုန်၏။
နွားငယ်ရို့သည်လည်း ဝန်ကိုမနိုင်ဘဲ လှည်းများကိုဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်သည်မှာ နောင်အခါ တရားမစောင့်သော မင်းများလက်ထက်၌ သက်ကြီးဝါကြီး ပညာဟိသောသူများအား အမတ်၊ တရားသူကြီးအစဟိသောရာထူးရာခံများကို မခန့်မူဘဲ အသက်၊ ဝါ၊ ပညာငယ်သော လူငယ်များကိုသာ ခန့်ထားမူလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော်မမှန်ဖြစ်၍ အမှုမပြီး၊ အကျိုးမပြီးဟိလတ်သောအခါဝယ် လူငယ်များသည် မိမိရို့၏ရာထူးစည်းစိမ်ကို စွန့်ကုန်လတ္တံ့။ လူကြီးရို့သည်လည်း ငါရို့မှာ အပပရံလူရာဖြစ်၏ဟု လျစ်လျှုပြု၍ နီကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးဖြစ်လတ်သည်နှင့် မင်းနှင့်တကွ တိုင်းပြည်မြို့ရွာ ဆုတ်ယုတ်ပျက်စီးကုန်လတ္တံ့။

အိမ်မက် (၅)

ခံတွင်းပါးစနှစ်ခုဟိသောမြင်းသည် ကျွေးသောမုယောစပါးကို ခံတွင်းနှစ်ခုဖြင့်စားသည်ဟု မြင်မက်သည်မှာ နောင်အခါ တရားမစောင့်သော မင်းများလက်ထက်၌ တရားမစောင့်သော တရားသူကြီးရို့သည် နှစ်ဖက်သောအမှုသည်များထံမှ ပီးခွံ့သော တံစိုးလက်ဆောင်ကိုစား၍ အမှုကို မမှန်မကန် ဆုံးဖြတ်ကုန်လတ္တံ့။

အိမ်မက် (၆)

အသပြာအဖိုးတသိန်းထိုက်သော ရွှီခွက်ကို ခဲဝါဖိုအား ကျင်ငယ်စွန့်ရန်ပီး၏။ ခဲဝါဖိုသည်လည်း ထိုရွှီခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်သည်မှာ နောင်အခါ တရားမစောင့်သောမင်းများလက်ထက်၌ အမျိုးမြတ်သောသူရို့သည် အချီအမြှောက်မခံရ။ ဆင်းရဲ၍ အမျိုးယုတ်သောသူရို့သည် အစိုးတရကြွယ်ဝချမ်းသာဖြစ်ကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတော်ကောင်းရို့သည် အသက်မွီးခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ မိမိရို့၏သမီးသားများအား အမျိုးယုတ်သူများနှင့် ထိမ်းမြားပီးစပ်၍ အသက်မွီးကုန်လတ္တံ့။

အိမ်မက် (၇)

တယောက်သောယောင်္ကျားသည် အင်းပျဉ်၌ထိုင်လျှက် လွန်ကိုကျစ်၍ ခြီရင်း၌ထား၏။
ထိုအင်းပျဉ်အောက်၌ဟိသော ဆာလောင်သောခဲဝါမသည် ထိုယောင်္ကျားမသိစဉ်လျှင် ထိုလွန်ကိုစား၏ဟု မြင်မက်သည်မှာ နောင်အခါ မိမ္မရို့သည် အစားအသောက်၊ အနီအထိုင်၊ အလားအလာစသည်များ၌ လော်လီဖောက်ပြားခြင်းဟိသည်ဖြစ်၍ မိမိ၏လင်ယောင်္ကျားက ဆင်းရဲငြိုငြင်စွာ ရှာဖွီစုဆောင်းအပ်သော ဥစ္စာပစ္စည်းများကို အ၀တ်အထည်၊ အပျော်အပါး၊ အသောက်အစား၌လည်းကောင်း၊ အမျှောင်လင်ငယ်ထားခြင်း၌လည်းကောင်း ဗြန်းစိကာရဖြုန်းတီးကုန်လတ္တံ့။ ခဲဝါမသည် မသိစဉ် ခိုးစားသကဲ့သို့ အိမ်သူမိမ္မသည်လည်း ဤသို့တိတ်တဆိတ် ဖြုန်းတီးခိုးစားဖြစ်ကုန်လတ္တံ့။

အိမ်မက် (၈)

ရီမဟိသောအိုးများဖြင့် ခြံရံအပ်သော အင်ဒုံကြီးတလုံးကိုမြင်၍ လူအများသည် အရပ်သျှစ်မျက်နှာမှ ရီကိုခပ်ယူလာလျှက် ထိုအင်ဒုံကြီးထဲသို့သာလျှင် ရီကိုလောင်းထည့်ကုန်၏။ လောင်းထည့်အပ်သော ရီသည် ပြည့်ဝှန်၍ကျကုန်၏။ ဤသို့လျှင် အဖန်တလဲလဲ အင်ဒုံကြီးထဲသို့သာလောင်းထည့်လျှက် ရီမဟိအခွံဖြစ်ကုန်သော တခြားသော အရံအိုးများအတွင်းထဲသို့ကား မည်သူမျှ မလောင်းမထည့်ပဲနီသည်ကို မြင်မက်သည်မှာ
နောင်အခါ မတရားသော မကောင်းသောမင်းများလက်ထက်၌ မင်းနှင့်တကွ လူအများပါ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ရောက်ကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရသည် ဆင်းရဲသားများအား မင်း၏အကျိုးစီးပွားအဘို့ကိုသာလျှင် လုပ်ကိုင်ဆောင်ရွက်စီ၍ မင်းရို့သည်သာ ပြည့်စုံစွာ အကျိုးစီးပွားခံစားရကုန်၏၊ ဆင်းရဲသူ ဆင်းရဲသားများမှာမူကား ရီမဖြည့်မပြည့်သာအိုးပမာကဲ့သို့ တစုံတရာအကျိုးခံစားခွင့်မဟိမူပဲ ငတ်မွတ်ခေါင်းပါးသို့ရောက်ကုန်လတ္တံ့။

အိမ်မက် (၉)

နက်လျှဉ်းကျယ်ဝန်းသော ရီကန်ကြီးတခုတွင် သတ္တဝါများဆင်း၍ ရီသောက်လတ်၏။ ကန်၏အလယ် ရီနက်ရာ၌ ရီသည်နောက်၍ ကန်နားဝန်းကျင် သတ္တဝါများဆင်းနင်းရာ ရီတိမ်ရာ အရပ်၌မူကား ရီသည် ကြိုင်လျှက်နီ၏ဟု မြင်မက်သည်မှာ နောင်အခါ တရားမစောင့်သော မင်းများသည် မတရားအုပ်စိုး၊ တံစိုးလဘ်စား၍ အညှာအတာကင်းမဲ့ ရက်စက်ကြမ်းကြုတ်သည်ဖြစ်၍ ပြည်သူများအပေါ်တွင် အထွေအထူးများပြားစွာသော အခွန်အတုတ်များကို ကောက်ခံယူလတ္တံ့။ ထိုအခါ လူအများသည် တစုံတရာ မပီးဆောင်နိုင်သည်ဖြစ်၍ ပင်ပန်းဆင်းရဲစွာဖြင့် မြို့ကြီးရွာကြီးအရပ်များကို စွန့်ခွါလျှက် ကျွန်းရွာဇနပုဒ်အရပ်များသို့ လားရောက်နီထိုင်ရကုန်လတ္တံ့။ ကန်၏အလယ်တွင်နောက်၍ ကန်နားဘေးဝန်းကျင် ရီကြိုင်လျှက်နီသကဲ့သို့ မြို့လယ်ရွာလယ်၌ လူသံတိတ်ဆိတ်၍ ရပ်စွန်ပြည်စွန်၌မူကား လူစည်ကားလတ္တံ့။

အိမ်မက် (၁၀)

တလုံးတည်းသောအိုးဖြင့် တချိန်တည်းချက်သောထမင်းသည် တချို့ပျော့၏၊ တချို့မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်သည်မှာ နောင်အခါ တရားမစောင့်သော မင်းများလက်ထက်၌ မိုးကွက်ကြားရွာလတ္တံ့။ ထိုအခါ တချို့နီရာ၌ မိုးများ၍ ကောက်ပဲသီးနှံ ပျက်အံ့။ တချို့နီရာ၌ မိုးနည်း၍ ပျက်အံ။ တချို့နီရာ၌ မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးလီထွေပြားဖြစ်လတ္တံ့။

အိမ်မက် (၁၁)

အဖိုးအသပြာတသိန်းထိုက်တန်သော စန္ဒကူးနှစ်ကို စိမ်ရည်ဖတ်ဖြင့် ရောင်းစားသည်ကို မြင်မက်သည်မှာ နောင်အခါ ငါဘုရား၏သာသနာတော် ဆုတ်ယုတ်သောကာလ၌ လာဘ်လာဘကိုမက်မော၍ ရဟန်းအလဇ္ဇီ လူအလဇ္ဇီများသည် ဆွမ်း၊ ဆီး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်းစသည်များကို အလိုဟိကုန်သည်ဖြစ်၍ လမ်းခွဆုံ၊ အိမ်ကြိုအိမ်ကြား ကျောင်းကြိုကျောင်းကြားအရပ်၌ ငါဘုရား၏တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန်အဘို့အလို့ငှာ ဟောတော်မူအပ်သော အလွန်မွန်မြတ်သောတရားတော်ကို တပဲ၊ တမူး၊ တကျပ်၊ တပြားစသည်ဖြင့် ကိုယ့်ဘိုးအကျိုးအလို့ငှာ ရောင်းစားဟောပြောကုန်သည်ဖြစ်၍ အသပြာတသိန်းထိုက်တန်သော စန္ဒာကူးနှစ်ကို စိမ်ရည်ဖတ်ဖြင့်ရောင်းစားသကဲ့သို့ အဖိုးနည်းအကျိုးမဲ့ဖြစ်ကုန်လတ္တံ့။

အိမ်မက်(၁၂)

ဗူးခေါင်းသည် ရီ၌ မြုတ်သည်ဟု မြင်မက်သည်မှာ နောင်အခါ တရားမစောင့်သော မင်းများလက်ထက်၌ အမျိုးယုတ်များသာ ရာထူးစည်းစိမ်ခံစားရသည်ဖြစ်၍ အမျိုးယုတ်တိ တန်ခိုးအာဏာကြီးထွားလျှက် အရာရာတွင် လူတွင်ကျယ်လုပ်ကာ သူရို့တိ၏စကားသာလျှင် ဗူးခေါင်းရီ၌ နစ်မြုတ်သကဲသို့ မြုတ်၍ တည်ကုန်လတ္တံ့။

အိမ်မက် (၁၃)

ကျောက်ဖျာကြီး ရီတွင်ပေါ်သည်ဟုမြင်မက်သည်မှာ
နောင်အခါ တရားမစောင့်သော မင်းများလက်ထက်၌ တတ်လိမ္မာသော ပညာဟိစကားကို သူမိုက်များက မနာယူ။ ကျောက်ဖျာကြီးသည် ရီတွင်ပေါ်သကဲ့သို့ နစ်မြုတ်ခြင်းမဟိ၊ မတည်မမြဲဟိကုန်လတ္တံ့။

အိမ်မက် (၁၄)

ဖားသူငယ်မသည် မြွီဟောက်ကြီးကို စားမျို၍မြင်မက်သည်မှာ နောင်အခါ လူအများသည် ပြင်းထန်သောရာဂဟိကုန်သည်ဖြစ်၍ ကိလေသာအလို့ငှာ ငယ်ရွယ်သောမယားနောက်သို့ လုံးဝဥသုန် ကောက်ကောက်လိုက်ကုန်လတ္တံ့။ အလုပ်မှုအကိုင်မှု၊ ပစ္စည်းဥစ္စာမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှုစသော အရပ်တကာ၌ လင်ပေါ်တွင် သြဖာလွှမ်းမိုးအုပ်စိုးခြင်းပြုလတ်သည်ဖြစ်ရကား ဖားသူငယ်မသည် အဆိပ်ပြင်းသော မြွီဟောက်ကြီးကိုစားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။

အိမ်မက် (၁၅)

အရောင်မဲ၍ အရုပ်ဆိုးသော ကျီးများကို ရွှီ၏အဆင်းသဏ္ဍန်ဟိသော ဟင်္သာငှက်များက ခြံရံလျှက်နီလတ်သည်ကို မြင်မက်သည်မှာ နောင်အခါ အားနည်းသော မင်းများလက်ထက်၌ ထိုမင်းများသည် ဆင်စီးမြင်းစီးစသောအတတ်များ၌ မလိမ္မာမကျွမ်းကျင်ရကား စစ်ထိုးခြင်း၌ မရင့်ရဲသည်ဖြစ်ကုန်လတ္တံ့။ ထိုအခါ တိုင်းပြည်နိုင်ငံ ဆုံးယှုံးမည်ကိုကြောက်၍ ဇတ်ခြားအမျိုးယုတ်များအားသူကောင်းပြု၍ အမျိုးနွယ်တူ သူကောင်းသားများမှာ ကိုးကွယ်မရဖြစ်ကာ အစိုးရခြင်း၌တည်ကုန်သော ဇတ်ခြားအမျိုးယုတ်များထံ၌ ခစားရကုန်လတ္တံ့။

အိမ်မက် (၁၆)

ဆိတ်သည် ကျားကို လိုက်သတ်စား၍ ကျားသည်ကြောက်လျှက် ဆိတ်ကိုမြင်လျှင် အ၀ီးကပင် တောခြုံထဲသို့ဝင်ပြီးသည်ကိုမြင်မက်သည်မှာ နောင်အခါ တရားမစောင့်သော မင်းများလက်ထက်၌ အမျိုးယုတ်များအစိုးရသည်ဖြစ်၍ အမျိုးမြတ်သူများ မထင်မရှားဖြစ်ကုန်လတ္တံ့။ အမျိုးယုတ်သူများမှာ မင်းကျွမ်းဝင်သည်ဖြစ်၍ တရားယုံးတော်၌ သြဇာလွှမ်းလျှက် အမျိုးမြတ်သူရို့၏ဘိုးဘပိုင်လယ်မြီဥစ္စာများကို မတရားသိမ်းယူလျှက် တရားတဘောင်ဖြစ်လျှင် တန်ခိုးမဲ့သူများအား ဖိနှိပ်ညှင်းဆဲ သတ်ပုတ်ခြိမ်းခြောက် နှင်ထုတ်အနိုင်ကျင့်ကုန်သည်ဖြစ်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူများမှာ ကြောက်လန့်ကုန်သည်ဖြစ်ရ၍ မိမိ၏လယ်ယာဥစ္စာကျွဲနွားများကို ပီးစွန့်လျှက် ထွက်ပြီးတိမ်းယှောင်ရကုန်အံ့။ ထိုမှတပါး အကျင့်သီလဟိသော ရဟန်းများကို အကျင့်သီလမဲ့သော ရဟန်းများက ဖိနှိပ်ချုပ်ချယ်သဖြင့် တောသို့ဝင်၍ ပုန်းအောင်းရလတ္တံ့။ ဤသို့လျှင် အမျိုးကောင်းသူတော်ကောင်းများသည် ကျွတ်ရာလွတ်ရာ အရပ်တကာသို့ ပြီးလွှားပုန်းအောင်း ခိုလှုံရကုန်လတ္တံ့။

ကောသလမင်းကြီးမီး၍ ဗုဒ္ဓဘုရားအသျှင်မြတ်ကိုယ်တော်တိုင် ဖြေကြားတော်မူအပ်သော ကောသလမင်းကြီးအိမ်မက် (၁၆) ချက် ဤတွင်ပြီး၏။

(ရခိုင်ပေါင်းကူး သာလှဦး)

၂၀၁၅ ခုနှစ် ဇန္န၀ါရီလ (၂၆) ရက် တလင်္လာနိ။ ညည့် တစ်ဆယ့်တစ်ချက်တီး ရွီးပြီးဆုံး၏။

ခြင်းတောင်းထဲက ကြက်ပုံပြင်...



ရှေးဟောင်း ရုရှားပုံပြင်တစ်ပုဒ်က စရမယ်။

ကြက်သတ်သမား တစ်ယောက်မှာ ကြက်ခြင်းကြီးတစ်ခု အကြီးကြီးပဲ ရှိသတဲ့။ အဲ့ဒီ ကြက်ခြင်း ထဲမှာ ကြက်တွေ အမြောက်အမြား ပြွတ်ကျိတ်နေအောင် ထည့်ထားတယ်။ ကြက်တစ်ကောင်ချင်း ကြပ်ညပ်နေကြလို့ အသက်ရှူရခက်လောက်အောင် ဖြစ်ကြတယ်။ အထူးသဖြင့် အောက်မှာ ပိနေတဲ့ ကြက်တွေပဲ။ သူတို့တွေ အသက်ရှူရကျပ်တဲ့ အခါ၊ အပေါ်က ကြက်တွေကို ခေါင်းနဲ့ ထိုးဆိပ် တွန်းထုတ်ပြီး ခေါင်းဝင့်လို့ အသက်ရှူကြရတယ်။ ဒီကြားထဲ ကြက်တွေအားလုံးက မဝရေစာသာ စားထားကြရတာရယ်။ အဲ့အတွက် မွတ်သိပ်တဲ့ ဝေဒနာနဲ့ ဒေါသတွေက ကိုယ်စီရှိကြတယ်။ အဲ့လို တစ်ကောင့် ခန္ဓာကိုယ်ကို တစ်ကောင်နင်းရင်း ထိုးဆိတ်နေကြတဲ့ ကြားက ကြက်မတစ်ကောင်များ တွေ့မိရင်လည်း ဝိုင်းအုံလုနေကြပြန်ရော။

ဒီလိုနဲ့ အဲ့ဒီ ကြက်ခြင်းကြီးထဲက ကြက်တွေဟာ အုတ်အော်သောင်းနင်း ဆူညံ ပွက်လော ရိုက်နေကြတော့တယ်။ အဲ့အချိန် ကြက်သတ်သမား ရောက်လာတယ်။ လက်နဲ့ နီးရာ တစ်ကောင်ချင်း စီကို နှိုက်၊ လည်ပင်းကနေကိုင်ပြီး ခြင်းထဲက ထုတ်သတ်တယ်။ တစ်ကောင်ချင်းစီ ထုတ်သတ်လိုက်၊ နားလိုက်၊ အေးအေးဆေးဆေး စိမ်ပြေနပြေပဲ။ ဓားနဲ့ ခုတ်ထစ်သတ်တာမို့ စင်လာတဲ့ သွေးစသွေးနတွေဟာ ကြက်ခြင်းပေါ်မှာ ပြန့်ကျဲနေကြတယ်။ ခဏနေ တစ်ကောင်ထုတ်၊ သတ်လိုက်၊ နောက်ခဏနေ၊ နောက်တစ်ကောင် ထုတ်၊ သတ်လိုက်နဲ့။
ဒါပေမယ့် ခြင်းတောင်းထဲမှာ ကြက်တွေ အများကြီးကျန်ပါသေးတယ်။ ကျန်ခဲ့တဲ့ ကြက်တွေက တစ်ကောင်လျော့ သွားရင် လျော့သွားတဲ့ အလျောက် ဝမ်းသာကြတယ်။ 
“ငါတို့ ကို ထိုးနေဆွနေတဲ့ သကောင့်သားတွေတော့ သွားရှာပြီ။ ငါတို့ အသက်ရှူချောင်ပြီ။ ငါ့ ကြက်မကို လုနေတဲ့ ပြိုင်ဘက် အေပေးလေးတွေ ခုတော့ ဘာတတ်နိုင်သေးလဲ၊ သွားကုန်ပြီ” ဆိုပြီး ဝမ်းသာအယ်လှဲ ဖြစ်ကြတယ်။ ရှိတဲ့ ကြက်တွေနဲ့ ဆက်ပြီး ခိုက်ရန် ဖြစ်ကြတယ်။ ထိုးကြဆိတ်ကြ၊ လုနေကြတယ်။ ကြက်ခြင်းကြီးဟာ သွေးအလိမ်းလိမ်းနဲ့ အော်ဟစ်ဗြောင်းဆန် နေကြတယ်။

အဲ့လိုနဲ့ နောက်ဆုံးမှာ ခြင်းကြီးထဲက ကြက်တွေ အားလုံးဟာ ကြက်သတ်သမားရဲ့ ဓားစာ ဖြစ်ကုန်ကြတယ်။ အဲ့အခါ တစ်ကောင်နဲ့ တစ်ကောင် ထိုးဆိတ်နေတဲ့ အကောင်တွေ မရှိတော့ဘူး။ ခွပ်နေ၊ သတ်နေ သံတွေ မရှိတော့ဘူး။ အသက်ရှူမဝတာတွေ မရှိတော့သလို၊ အသက်ရှူ မဝတဲ့ကောင်တွေ လည်း မရှိတော့ဘူး။ အတင်းကာရော အလိုက်ခံလုယက်နေကြတဲ့ ကြက်မတွေ လည်း မရှိတော့သလို၊ မွှန်ထူလိုက်နေကြတဲ့ ကြက်ထီး/ကြက်ဖတွေလည်း မရှိတော့ဘူး။ ကြက်ခြင်းကြီး တစ်ခုလုံးဟာ သွေးအလိမ်းလိမ်းသာ ကျန်ခဲ့တယ်။ ဘာသံမှ မကြားရတော့ဘူး။ ငြိမ်ဝပ်လို့။

ဒီရုရှားပုံပြင်ရဲ့ အမည်က “လောက” ဖြစ်ပါတယ်။ လောက ဟာ ဘာလဲ။ ဘယ်လိုဟာမျိုးလဲ။ လောကမှာ ဘယ်အရာတွေ ရှိသလဲ။ ဒီမေးခွန်းတွေထက် ကျိန်းသေတာက- လောကအတွင်းမှာ ရှိရှိသမျှ အရာ အားလုံးဟာ ပျက်စီးမှုကိုသာ အဆုံးသတ် စောင့်မျှော်နေကြတယ်။ ခဏတိုင်း ခဏတိုင်းမှာ အရာရာတိုင်း၊ သတ္တဝါတိုင်း၊ တစ်ခုပြီး တစ်ခု၊ တစ်ကောင်ပြီး တစ်ကောင် – သေမင်းရဲ့ လက်မှာ သတ်ဖြတ်ခံ၊ လည်စင်းခံနေကြရတယ်။ ဒါကိုပဲ – လည်စင်းမခံရသေးတဲ့ ကြက်တွေ၊ အလှည့်မရောက်သေးတဲ့ ကျန်သူတွေက တစ်ဦးနဲ့ တစ်ဦး တိုက်ခိုက်နေကြ၊ သေသွားသူတွေ အတွက် ဝမ်းသာအယ်လှဲ နေရာလုကြ။ အသက်ရှူဝဖို့ ထိုးဆိတ် နေကြဆဲပဲ။ လိုချင်တဲ့ အရာတွေ တစ်ခုပြီး တစ်ခုနောက်ကို လိုက်ရင်း အပြိုင်အဆိုင် လုယက်နေဆဲပဲ။

တစ်နေ့မှာ ကိုယ့်လည်ပင်းကို ဆွဲဆုပ်၊ ခေါ်ထုတ်သွားမယ့် လက်တံရှည်ကြီးဟာ ဘယ်သူမဆို အပေါ် ချွင်းချက်မရှိ ရောက်လာပါလိမ့်မယ်။ တစ်ဦးနဲ့ တစ်ဦး အရင်သွားမယ့်သူ၊ နောက်သွားမယ့်သူ၊ အရှေ့နဲ့ နောက် သာ ကွာခြားလိမ့်မယ်။ ခဏတိုင်း ခဏတိုင်းမှာ သေမင်းရဲ့ ဓားချက်နဲ့ အသက်ထွက် ကြရမယ်။ အဲ့မတိုင်ခင်ကြား – မိမိ အသက်ရှူဝဖို့၊ မိမိ ဂုဏ်သိက္ခာတက်ဖို့၊ မိမိ အထင်ကြီးခံရဖို့၊ မိမိ လိုရာ ရဖို့ ပြိုင်ဆိုင်နေဆဲ၊ ညှင်းဆဲနေဆဲ။ တိုက်ခိုက် ပုတ်ခတ်နေကြဆဲပဲ။ မိမိ မျက်စိရှေ့မှောက်- သွေးအလိမ်းလိမ်း မြင်နေရတဲ့တိုင် – လျော့သွားတဲ့ သူနေရာကို ဝင်ယူဖို့ ဝမ်းသာအားရ ပြင်ဆင်နေကြဆဲ။ နောက်ဆုံးမှာတော့ ဒီသူတွေ အားလုံးပဲ သေမင်းရဲ့ လက်အောက် လည်စင်းရောက်သွားကြတော့တာပဲ

တန်ဖိုးချင်းတော့ မတူနိုင်...



တစ်ခါတုန်းက သစ်ပင်တွေဟာ စကားပြောတတ်တယ်ဆိုပဲ။ စကားပြောတတ်တဲ့ သစ်ပင်တွေကို ပန်းပုဆရာတစ်ယောက်က ပန်းပုထုဖို့ ယူလာခဲ့တယ်။ ခုတ်ထားတဲ့ သစ်သား တုံးတွေကို ပန်းပုထုတော့ သစ်သားတုံးတစ်တုံးက အထုခံရ၊ အခုတ်ခံရ၊ အထွင်းခံရ၊ အရိုက်ခံရ၊ အနှက်ခံရတော့ "နာတယ်" ဆိုပြီး အော်တယ်။

ဒါကြောင့် ပန်းပုဆရာဟာ အဲ့သစ်သားတုံးကို အသေးစိတ် မွန်းမံမနေတော့ဘဲ တုံးမောင်းအဖြစ်၏နဲ့ပဲ ထားခဲ့လိုက်တော့တယ်။ နောက်သစ်သားတုံးတစ်တုံးကျတော့ ဘယ်လောက် နာပေမယ့် သူ မအော်ဘဲ ကြိတ်မှိတ်သည်းခံပြီးတော့ နေခဲ့လိုက်တယ်။ ပန်းပုဆရာက အဲဒီသစ်တုံးကိုကျတော့ လူသားတွေ အပူဇော်ခံမယ့် နတ်ဘုရားရုပ်တုအဖြစ် ထုခဲ့လိုက်တယ်။

လူသားတွေက တုံးမောင်းကို ခေါက်ပြီး နတ်ဘုရားရုပ်တုကို ပူဇော်တဲ့ အခါကျတော့ တုံးမောင်းဖြစ်နေတဲ့ သစ်သားက အသည်းအသည် ငိုကြွေးတယ်။ သူတို့ဟာ အစပထမတုန်းက သစ်ပင်တွေ အတူတူ ဖြစ်ပါရဲ့နဲ့ ခုကျမှ သူကျ အခေါက်ခံရပြီး ဟိုသစ်သားတုံးကျတော့ အပူဇော်ခံရတယ် ဆိုပြီး မကျေမနပ်ဖြစ်သွားတယ်။ ဒါနဲ့ ပန်းပုဆရာကို ဘက်လိုက်တယ်ဆိုပြီး စွပ်စွဲလိုက်တယ်။ ဒီအချိန်မှာ နတ်ဘုရားရုပ်တုအဖြစ် ထုခံလိုက်ရတဲ့ သစ်သားက သူ့ကို ပြောတယ်။

"မင်းကမှ သည်းမခံတာကိုး"

ဟုတ်ပါတယ်။ လူသားတွေလည်း ကိုယ်ပိုင် လမ်းကြောင်းပေါ်ကိုတော့ သွားနေခဲ့ကြတာချင်း တူပါတယ်။ ဒါပေမဲ့ အချို့က အောင်မြင်ကြတယ်။ တချို့က ဘာမှမဖြစ်ထွန်းကြဘူး။ တချို့က ဖြစ်တော့ ဖြစ်ထွန်းပါရဲ့၊ ဒါပေမဲ့ အကျိုးဖြစ်ထွန်းမှု အားနည်းကြရတယ်။ ဒါဟာ ဘာကြောင့် ဖြစ်ရတာလဲလို့ ဆန်းစစ်ကြည့်တော့ ခုနကပြောတဲ့ လောကဓံရဲ့ ရိုက်ပုတ်မှုဒဏ်ကို အလူးအလဲ ခံရတဲ့အခါမှာ သည်းခံနိုင်မှု၊ သည်းမခံနိုင်မှုအပေါ်မှာ မူတည်ပြီးတော့ အကျိုးရလဒ်တွေလည်း ကွာခြားသွားတာမျိုး ဖြစ်ပါတယ်။


သိက္ခာမဟိသူ မလာရ...


သိက္ခာမဟိသူ မလာရ
==========

မချစ်တတ်စွာလား?…
အချစ်မဟိခစွာလား?……
သူသုံးလားရေ Law တိက
အဆိပ်ခွက်ထက်ပြင်းရေ……။

ဆူးလမ်းထက်မှာ လားနီရရေလူအတွက်
တောအထပ်ထပ်ကိုလည်း … ကမ္ဘာ…
တခုလည်း မကျန်ခရေ ငါ့အဖမြီစွာ
ငါ့အတွက်တော့ခါ တန်ဖိုးဖြတ်မရရေ…ကမ္ဘာ…။

နောက်ဆုံး………
ဂုဏ်ပကာသနတိက ဖိနှိပ်လို့
အောင့်တက်လာရေ ငါ့ရင်ဘတ်
လွမ်းနီစွာ မဟုတ်ပါ……။

မုန်းစွာထက်တောင် နာကြင်ခရရေ………
အလိုတော်ကျ ရယ်ပြလိုက်ရရေ ငါရို့ဘဝ
မာယာတိ သုတ်လိမ်းထားရေ သူ့နှုတ်ခမ်းက
နှစ်သိမ့်ဆုတိ တပုံတခေါင်းပီးလို့……။

ရလိုက်စွာက အတွင်းကြီစီရေ…… ဆု…
မစာနာတတ်တေ နှလုံးသားကိုမှ
မျက်ရည်ကျပြမိစွာ ငါ့အမှား……။

တချို့ကပြောရေ……
လူမျိုးခြားအုပ်ချုပ်စွာကို ခံရစွာ 
ကိုယ်ညံ့လို့လတ်……။

မဟုတ်ပါ……
ရိုးသားရေ ငါရို့တိက
ကောက်ကျစ်တေနှလုံသားတိကို
အကြည့်မှားခလို့ရာ………။

ဘဝတိအထပ်ထပ်လှဲလို့
ဖိုးဖီးသွီးစက်ကျရာမြီမှာ
နီထိုင်ခွင့်ရစွာ ကံကောင်းလို့ရာလို့
ငါစွာငါဖြေသိမ့်..............။

ကိုယ့်ကမ္ဘာကိုယ် တည်ဆောက်ချင်ကေ
လိုချင်စွာ တိုက်ယူဆိုမှတော့ခါ
ဒေကလည်း စိတ်မပါလည်း အလိုလိုတိုက်ပြီးသား.....။

သည်းခံခြင်းဆိုရေ စိတ်၏စေရာမှာ
နှလုံးသားက ဟာကွက်ဖြစ်နီရေ..........။

ဒေပွဲမှာ ကမ္ဘာပျက်လားရေဆိုတောင်
နောက်ကမ္ဘာအသစ်ကျကေ
ရိုးမကို ယောင်လို့တောင် မကျော်ချင်ပျာ.....။

ကမ္ဘာဟောင်းကို ကားချဖို့
ကြိုးစကိုဆွဲပျာ စာတန်းထိုးလိုက်မေ
"သိက္ခာမဟိသူ မလာရ"..........။

လွမ်းမိသူ ( မင်းပြား)

သွီးစက် ငိုသံ.....


သွီးစက်ငိုသံ
======

မှောင်ပိတ်နီရေ. ရမ္မက်နွံထဲမှာ
အတောမသတ်ခြင်းတိကြောင့်
ရိုးတောင်အောက် ကယ်သူမဲ့အလောင်း၏
အီးစက်နီရေ ခန္ဓာကိုယ်နန့်
သွီးစက်တိက. ငိုကျွီး....။

သူရို့... ရမ္မက်ပြေဖို့အရေး
သဇင်တခက်ကိုခြွီ..........
လခြမ်းကို ခိုးဝင်ကတ်တေ သူရို့်အတွက်
ငါ့..သွီးစက်တိက. ကျွီးအော်လို့.... ။

နောက်သဇင်တခက် မကြွီခင်မှာ
ဟိသမျှ ဉာဏ်နန့်ကာကွယ်
မျက်ရည်မိုးတိနန့်. ဆုတောင်းနီတုန်း
ကြောက်လှန့်မှုကြောင့်. အိပ်မပျော်ရေ
ရိုးတောင်အောက်က. လူသားတချို့လည်း
တယောက်ကိုတယောက် ဖက်ယင်း...။

ရင်တွင်းမှာ....
ဆုတောင်းမှု ထောင်သောင်းချီလို့......

လောဘတိ တဖြောက်ဖြောက်
ရမ္မက်တိ တတောက်တောက်နန့်
ဒေါသ. မွှန်သံကြားထဲမှာ
ငါ့ .. ရင်ထဲ ခဲ ဆွဲထားပိုင်.......။

မောဟတိ ရွှန်းရွှန်းစိုလို့
ဒေါသတိနိုးထချိန်မှာ
ထိုး..... ရိုးတောင်အောက်က
သွီးစက်တိက... ငိုနီတုန်းပျာ.....။

လွမ်းမိသူ ( မင်းပြား )

ရက္ခမဏ္ဏိုင်....


ရက္ခမဏ္ဍိုင်
=====
အမျိုးဂုဏ်ရောင် နီတန်းဆောင်သို့
ထွန်းပြောင်အလှ ရက္ခမဏ္ဍိုင်
ရခိုင်လူမျိုး ကိုးသည့်ဗုဒ္ဓ
ထွန်းပသာသနာ သဒ္ဓါတင့်ဆန်း
ပွင့်လန်းစာပီ ရှိမွီထိန်းသိမ်း
မတိမ်းအယူ အလှူဒါန
သီလဘာဝနာ သုံးဖြာသဒ္ဓမ္မ
နိညမပြတ် မလပ်အားထုတ်
ကြိုးကုတ်စီးပွား စိတ်ထားဖြူစင်
မှန်လျှင်မှန်ကြောင်း မကောင်းဘွင်းဘွင်း
ရိုးစင်းစကား မကြွားမညစ်
ကောက်ကျစ်မပြု ယခုထက်တိုင်
ရခိုင်ရို့သွီး ရဲတွီးနီတျာ
သံထက်မာသည်
ကမ္ဘာတည်သရိဟိမည်တည်း --။

ငွေသဇင် (သံတွဲ)

Friday 15 January 2016

တခါက အရမ်းချစ်ကြပြီး လက်ထပ်ဖို့ ပြင်ဆင်ထားတဲ့ စုံတွဲတစ်တွဲရှိတယ်...

တခါက အရမ်းချစ်ကြပြီး လက်ထပ်ဖို့ ပြင်ဆင်ထားတဲ့ စုံတွဲတစ်တွဲရှိတယ် ... ဖြစ်ချင်တော့ ... လက်မထပ်ခင် တစ်လလောက်အလို ... ကောင်မလေးက ကား accident ဖြစ်ပြီး ... မျက်နှာမှာ သေရာပါတဲ့ အမာရွတ်တွေနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပါတယ် ။

အဲ့ဒါနဲ့ ကောင်မလေးက


သူ့ချစ်သူကောင်လေးဆီကို ဖုန်းဆက်လိုက်တယ် ။

"ငါနင့်ကိုလက်မထပ်နိုင်တော့ဘူး .. လှပတဲ့ကောင်မလေးတစ်ယောက်ယောက်ကိုပဲ နင်လက်ထပ်လိုက်ပါ ... တသက်လုံး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ မိန်းမတစ်ယောက်နဲ့ နင်အတူနေနိုင်မှာ မဟုတ်ဘူးဆိုတာ ငါသိပါတယ် ... ငါကနင့်အတွက် တန်ဖိုးမရှိတော့ပါဘူးဟာ" ...

သူ့ကောင်လေးက အခုလိုပြန်ပြောတယ် ..

" နင်နဲ့မတွေ့တဲ့ ဒီရက်ပိုင်းမှာ ရမ်းကားတဲ့လူတစ်စုက ငါ့ကို ၀ိုင်းပြီးထိုးကြိတ်ကြတယ် ... အပြင်ကဒဏ်ရာတွေက ကျက်သွားခဲ့ပေမယ့် ... ခေါင်းကိုထိခိုက်မိတဲ့ ဒဏ်ကြောင့် ငါတသက်လုံးမျက်စိမမြင်နိုင်တော့ဘူးလို့ ဆရာဝန်တွေက ငါ့ကိုပြောခဲ့တယ် ... ဒါကြောင့် တကယ်တမ်း ကိုယ့်ချစ်သူကို အရှက်ရစေတဲ့လူဟာ ငါပါဟာ ... နင်ရုပ်ပျက်ဆင်းပျက် ဘယ်လောက်ဖြစ်ဖြစ် ... ငါနင့်ကိုမြင်နိုင်မှာ မဟုတ်ပါဘူး ... ဖြစ်နိုင်ရင် ငါ့ရဲ့လက်ထပ်ခွင့်ကို မငြင်းဆန်လိုက်ပါနဲ့နော် "

ဒီလိုနဲ့ကောင်လေးနဲ့ ကောင်မလေးတို့ လက်ထပ်လိုက်ကြတယ် ... ... နှစ်ပေါင်းအတော်ကြာတဲ့အထိ သူတို့နှစ်ယောက်ဟာ နားလည်မှုတွေ ချစ်ခြင်းတရားတွေနဲ့ အရာရာကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ခဲ့ပါတယ် ...

အိမ်ထောင်သက်နှစ် နှစ်ဆယ်အရောက်မှာတော့ ... ဇနီးဖြစ်သူ ကောင်မလေး ကွယ်လွန်သွားခဲ့တယ် ။ အသုဘအခမ်းအနားပြီးတော့ ... ဇနီးဖြစ်သူရဲ့ အုတ်ဂူရှေ့မှာ ယောကျာ်းဖြစ်သူ ကောင်လေးက မျက်ရည်တွေစီးကျလာပြီး ... အခုလို တီးတိုးပြောလိုက်ပါတယ် ။

"နင်ထင်ခဲ့သလို ငါ မျက်မမြင်တစ်ယောက် မဖြစ်ခဲ့ပါဘူး ... ချစ်သူရဲ့အမြင်မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ လူတစ်ယောက်အဖြစ် မနေလိုတဲ့ နင့်ကို လက်ထပ်နိုင်ဖို့အတွက် ငါဟန်ဆောင်ခဲ့တာပါ ... နင့်ကိုချစ်လွန်းလို့ ပိုင်ဆိုင်ခွင့်ရဖို့ ဟန်ဆောင်မိခဲ့တဲ့ ငါ့ကို ခွင့်လွှတ်ပါဟာ ... ငါနင့်ကို သေတဲ့အထိ ချစ်နေဦးမှာပါ " တဲ့ .

Wednesday 13 January 2016

သရဖူ.....


ယုံကြည်မှု ထုတ်တန်းကိုကိုင်
ရုန်းနိုင်သမျှ ခွန်အားကိုညစ်
အမှန်တရား အောက်
အနိုင်နှင့် အယှုံးကို
အလောင်းအစားပြုလိုက်ယင့်…။

လက်တစ်လုံးခြား ပြုံးလို့
အားသာတုန်း ခဏ
လီဘ၀င်ကို ခိုတွဲ
ဘ၀ မိဗျာယ်လား….။


မတူရေ ခွန်းအားနန့်
င့ါလက်ပေါ်က ဓါး
အစွမ်းမပြနိုင်ခလည်း
အလှည့်ဆိုစွာ
တံခါးမခေါက်ဘဲ ရောက်လာတတ်စွာ
မမိန့်ပါကေ့ ….။

ဦးမကျိုးသိမ့်ရေ အခိုက်
မိုးကောင်းတုန်းဖြစ်လို့
အောင်နိုင်တုံးဆောင်းထား သရဖူ ….။


မင်းယှုံးကေ တစ်လှည့်
မင်းဝတ်စင်းလို့ ငါကို ပြန်ဆက်
တစ်လှည့်ဆောင်းမယ် သရဖူ…။
...................

စောစစ်
၁၉.၁၀.၂၀၀၉

အချစ်ဆိုတာ တစ်ယောက်ရဲ့လိုအင်ကိုတစ်ယောက်ကဖြည့်ဆည်းပေးရင်း ကိုယ်ချစ်ရတဲ့လူကိုစိတ်ချမ်းသာစေခြင်းပဲမဟုတ်လား...?

" တစ်ခါက အရမ်းဆင်းရဲတဲ့ လင်မယား ၂ယောက်ရှိတယ်..
တနေ့မှာတော့ မိန်းမဖြစ်သူက သူ့ယောက်ျား အလုပ်သွားကာနီးမှာ
" ..သူ့ဆံပင်တွေ အရမ်းကိုရှည်လွန်းနေပြီဖြစ်လို့
ရှင်းလင်းဖို့ ဘီး ကောင်းကောင်းလေးတစ်ချောင်းလောက် ၀ယ်လာခဲ့ပေးပါလား " လို့ ပူဆာတယ်။
မိန်းမရဲ့စကားကိုကြားတော့ ယောက်ျားဖြစ်သူက အရမ်းကိုဝမ်းနည်းသွားတယ်.......

" ငါ့အတွက် မရှိမဖြစ်လိုအပ်တဲ့နာရီလေးကြိုးပြတ်နေခဲ့တာကိုလဲဖို့အတွက်တောင်
ငါ့မှာ ပိုက်ဆံ အလုံအလောက်မရှိပါဘူး မိန်းမရယ်" လို့ ပြန်ပြောတယ်..
ဒါနဲ့ မိန်းမကလည်း ဇွတ်အတင်း မပူဆာခဲ့ဘူး..
ယောက်ျားလည်းသူ့အလုပ်ကိုထွက်သွားခဲ့တယ်..

ညနေအလုပ်ကအပြန်မှာတော့
သူ့ရဲ့ကြိုးပြတ်နေတဲ့ နာရီလေးကို နာရီဆိုင်တစ်ခုမှာဝင်ရောင်းခဲ့ပြီး
သူ့မိန်းမအတွက် ဘီးလှလှလေးကိုဝယ်လို့အိမ်ကိုပြန်လာခဲ့လိုက်တယ်..
အိမ်လည်းရောက်တော့...
ဆံပင်တွေကိုတိုကပ်နေအောင် ညှပ်ထားတဲ့သူ့မိန်းမကို လက်ထဲမှာ နာရီအသစ်လေးတစ်လုံးကိုင်လျှက်သားနဲ့ အရမ်းကိုအံ့အားသင့်စွာပဲ တွေ့လိုက်ရလို့
မိန်းမဖြစ်သူကလည်း ဆံပင်တွေကိုရောင်းပြီး သူ့အတွက်နာရီ အသစ်လေးတစ်လုံး ၀ယ်ထားတယ်ဆိုတာကိုသူနားလည်လိုက်တယ်။

အဲ့ဒီအချိန်မှာပဲ လင်မယား နှစ်ယောက်တယောက်အဖြစ်ကိုတယောက်ကြည့်ရင်း ၂ဦးလုံး မျက်ရည်တွေကျလာခဲ့ပါတော့တယ်..
အဲ့ဒီမျက်ရည်တွေဟာ...
ချို့ချို့တဲ့တဲ့ကြားကနေတယောက်အတွက် တယောက်ကဝယ်လာတဲ့
လက်ဆောင်တွေကအသုံးမဝင်တော့လို့ ကျလာတဲ့မျက်ရည်တွေမဟုတ်ပဲ
အချင်းချင်းတစ်ဦးပေါ်တစ်ဦးထားရှိတဲ့ မေတ္တာကိုခံစားမိတာကြောင့်
ကျလာတဲ့ မျက်ရည်တွေပဲဖြစ်ခဲ့တယ်..........

တကယ်တော့ အချစ်ဆိုတာ တစ်ယောက်ရဲ့လိုအင်ကိုတစ်ယောက်ကဖြည့်ဆည်းပေးရင်း
ကိုယ်ချစ်ရတဲ့လူကိုစိတ်ချမ်းသာစေခြင်းပဲမဟုတ်လား...?
===============================

Tuesday 12 January 2016

လယ်သမားနဲ့ နာရီပုံပြင်...


တစ်ခါက လယ်သမားတစ်ယောက်ဟာ စပါးကျီထဲမှာ အလုပ်လုပ်နေရင်း လက်မှာ ပတ်ထားတဲ့ နာရီဟာ ပျောက်သွားခဲ့တယ်..။ ဒီနာရီဟာ သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရများစွာ ရှိနေတဲ့ နာရီ တစ်လုံးလည်း ဖြစ်တယ်..။ အသစ်ပြန်ဝယ်လို့ ရနိုင်ပေမယ့် ဒီနာရီကို သူအရမ်း နှမျောတသ ဖြစ်နေမိတယ်..။

သူဟာ အတော်ကြာအောင် နာရီကို ကောက်ရိုးပုံတွေကြားထဲမှာ ရှာဖွေခဲ့တယ်..။ နောက်ဆုံးတော့ သူဟာ လက်လျှော့လိုက်ပြီး အပြင်မှာဆော့ကစားနေတဲ့ ကလေးတစ်သိုက်ကို အကူအညီတောင်းဖို့ ဆုံးဖြတ် လိုက်တယ်..။ ပြီးတော့ နာရီတွေ့အောင်ရှာပေးတဲ့ကလေးကို ဆုချမယ်လို့လည်း မက်လုံးပေးလိုက်တယ်..။
ဒါကိုကြားကြားခြင်းပဲ ကလေးတွေဟာ စပါးကျီထဲကို ပြေးဝင်သွားကြပြီး သူ့ထက်ငါ အလုအယက် ရှာဖွေ ကြတယ်..။ ဒါပေမယ့် ပျောက်ဆုံးနေတဲ့ နာရီကိုတော့ ပြန်မတွေ့ ပါဘူး..။

 ဒီလိုနဲ့ နောက်ဆုံး မရှာတော့ပဲ လက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ အခြားကလေးတွေလို နာရီကို ၀င်မရှာပဲ ထိုင်နေတဲ့ ကလေး တစ်ယောက်က သူရှာပေးမယ် ဆိုပြီး လယ်သမားကြီးကို ပြောလာပါတယ်…

လယ်သမားက "ကလေးတွေတော့ ရှာပြီးကုန်ပြီ.. ထပ်ရှာသေးချင်ရင်လည်း ရှာလေ.." လို့ ပြောလိုက်တယ်..။ ကလေးဟာ စပါးကျီထဲကို အေးအေးဆေးဆေးဝင်သွားပြီး ခဏအကြာမှာတော့ လက်ထဲမှာ နာရီ တစ်လုံး ကိုင်ပြီး ပြန်ထွက်လာပါတယ်..။

လယ်သမားဟာ အံ့သြ ၀မ်းသာမှုတွေနဲ့အတူ ကလေးကို တစ်ခြားကလေးအများကြီး ရှာမတွေ့တာကို တစ်ယောက်တည်း ဘယ်လို ရှာလာတာလဲလို့ မေးလိုက်တယ်..။

ကောင်လေးက "ကျွန်တော် ဘာမှ ထွေထွေထူးထူး မလုပ်ပါဘူး..။ အားလုံးတိတ်ဆိတ်နေတဲ့အခါမှာ..၊ နာရီရဲ့ တစ်ချက်ချက် မြည်သံကို နားထောင်ရင်း သူ့နေရာကို ခန့်မှန်းရှာလိုက်တာပါ…."

သင်ခန်းစာ  ။    စိတ်ကို တည်ငြိမ်အောင် ထားပြီး အလုပ်တစ်ခုကို တွေးတော လုပ်ဆောင်တာဟာ စိတ်စောလျင်စွာ အလောတကြီး လုပ်ဆောင်တာထက် ပိုမို အကျိုးရှိပါတယ်..။ 

တပင်တိုင် ရွှေမင်းသမီး...













VCD Cover

၀၁။ သမိုင်းသစ်
၀၂။ စည်းနံရံ
၀၃။ မပြောပါကေ့ (+စောနှင်းနွယ်)

၀၄။ ဇာပိုင်လဲ
၀၅။ ချစ်ရိပ်မြေ
၀၆။ တပင်တိုင်ရွှီမင်းသမီး

၀၇။ ...... ပြန်လာလတ်ပါ
၀၈။ မ၀ီးချင်လို့
၀၉။ အသဲဦး

၁၀။ တဒင်္ဂအလွမ်း
၁၁။ မိုးလင်းလေ့လင်းပတ်စီ
၁၂။ နှောင်ကြိုး

ဘူးသီး ခရမ်းသီး အခင်ကြီး....
















VCD Cover
၀၁။ ပျော်စရာသင်္ကြန်ခါ (စောနှင်းနွယ်)
၀၂။ အသွင်းနင်းတောင်းမေ (ဦးထွန်းဝေ)

၀၃။ ၀အောင်လောင်း ချမ်းအောင်လောင်း (ငြိမ်းစန္ဒာ)
၀၄။ အခင်လူပျို (ဦးမောင်သိန်း + စောနှင်းနွယ်)
၀၅။ ချစ်ကိုကို (သန်းသန်းဆင့်)

၀၆။ ဘူးသီးခရမ်းသီးအခင်ကြီး (ဒိုးကလေး)
၀၇။ မိုးနတ်သမီး (မောင်ကိုကို)
၀၈။ တပျင်းဝအောင် က (ငြိမ်းစန္ဒာ)

၀၉။ ချစ်ပန်းပွင့် (ရဲလင်းအောင်)
၁၀။ နှစ်ဦးတန်ဆာ (သန်းသန်းဆင့်)
၁၁။ သင်္ကြန်သူ (ဦးထွန်းဝေ)

Sunday 10 January 2016

ကဝိအမော် မဟာပညာကျော်...,



ရခိုင်ပြည်ကြီး လွတ်လပ်ရီးတွက်
အသက်ကိုပီး သွီးချောင်းစီးလော့
လက်သီးလက်မောင်း ဖြောင်းဖြောင်းဆန့်တန်း
လမ်းကောင်းညွှန်ပြော သူဆော်သြ၏ --။

အမျိုးဘာသာ သာသနာမှာ
ကွယ်ကာမပျောက် တိမ်းမမှောက်အောင် 
ဂုဏ်ရောင်ဘုန်းမီး ညီးညီးတောက်အောင်
အာပေါက်အောင်ပြော သူဆော်သြ၏ --။

သို့ပါသော်ငြား 
သူဆော်သြစာ ကဗျာမှာကား
မြန်မာပိုင်ယှောင်ဖြစ်နီသတည်း --။ 

သူများနခေါင်းနှင့် အသက်လျှူ
သူများလျှာနှင့် အငှားယက်ကေ
မရှက်လားဝေး သူငယ်ချင်း --။

မြင်လိုက်ကေပင် အံလိုက်ချင်သည်
ရင်မှာ နှလုံးပျို့သောကြောင့် --။


(၀ရင်းတုတ်)

လွမ်းရ ဓညဝတီ.....



လွမ်းရ ဓည၀တီ
---------------
ရွှီပင်လယ်ကြီး၊ ဇာပိုင်ဆီးလည်း
ခရီးမ၀ီး၊ အနီးချေပင်
ပြီးလမ်းမထွက်၊ လီယာဉ်တက်၍
မိုးထက်အာကာ၊ ကောင်းခင်ပြာဝယ်
ထိုမှာမျှော်ယင်း၊ ဤကြည့်ယင်းဖြင့်
မြင်ကွင်းစုံဆန်း၊ တောင်ညိုတန်းနှင့်
ကမ်းခြီအလှ၊ ကြည့်မ၀တည်း
ဓည၀တီ၊ ဆီးပန်းချီပိုင်
ရွှီပြည်ရခိုင် သာစွလေ --။

ဂစ္ဆပနဒီ၊ မြစ်ရီပြင်လွှာ
လပသာလျှင်၊ ပြီးလာဆုံဆိုက်
ထိုခိုက်ခဏ၊ လောကနန္ဒာ
စေတီသာကို၊ ကောင်းစွာဦးချ
ဖူးမျှော်ရ၍၊ ချမ်းမြမဆုံး
ပီတိဖုံး၏၊ သလုံးတော်ဓါတ်
စေတီမြတ်နှင့်၊ အထွဋ်ထင်ရှား
ဘုရားစုံညီ၊ လက်ဦးချီသော်
ဌာနီရခိုင် သာစွလေ --။

သြော် ရခိုင်ရခိုင်
ရခိုင်အလှ၊ ရှုမ၀တည်း၊
နှမချစ်ဖွယ်၊ အပုချေရို့
ရွှီသဇင်ခိုင်၊ အလှပြိုင်သော်
နိုင်မည်မှာက၊ ရခိုင်အလှပင်
မေဃ၀တီ၊ မာန်အောင်မြီနှင့်
ဒွါရာဝတီ၊ သံတွဲမြီနှင့်
ရမ္မာဝတီ၊ ရမ်းဗြဲမြီထိ
တလီခြီဆန့်၊ အနှမ့်လည်လား
ဘုရားစုံစွာ၊ ဖူးလိုပါလည်း
ကိုယ့်မှာအခွင့်၊ ခန့်မသင့်၍
ရင်နင့်ခံစား၊ လွမ်းစိတ်များဖြင့်
တရားသိမှတ်၊ ဦးညွတ်ပူဇော်
စိတ်ဖြင့်သာလျှင်၊ ဖူးမျှော်ပါ၏
မုနိရပ်မြီ၊ ဓည၀တီကို
အလီလီအခါခါ လွမ်းမိရေ --။

(မြင်းမှုး မောင်နိုင်မိုး)

Saturday 9 January 2016

ဟားဗတ် စီးပွားရေး တက္ကသိုလ်မှာ မသင်ခဲ့ရသော အခြေခံ( ၇ )ချက်....,


(၁) လေးလေးနက်နက် နားထောင်ပါ။ ။တစ်ဘက်လူ 'ဘာကို' ပြောနေတာလဲ ဆိုတာကိုသာမက 'ဘယ်လို' ပြောနေတာလဲ ဆိုတာကိုပါ နားထောင်ပါ။ လူတွေဟာ သူတို့ ပြောသင့်တာထက်ပိုပြီး ပြောတတ်ကြပါတယ်။

တစ်ဖက်သား ပြောနေတဲ့အခါ ကိုယ်ကမသိမသာ မရိုးမရွဖြစ်ဟန်နဲ့ ငြိမ်ပြီးနားထောင်ပါ၊ သူကပြောသင့်တာထက် ပိုပြီးအများကြီး ပြောလာပါလိမ့်မယ်။

(၂) လေးလေးနက်နက် လေ့လာပါ။ ။ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေမှာ တစ်ချို့က အကြောင်းအမျိုးမျိုးကြောင့် စိတ်လှုပ်ရှားပြီး ခြေတုန်လက်တုန် ဖြစ်နေတတ်ကြတယ်။

တစ်ချို့ကျတော့လဲ မေးခွန်းတစ်ခု မေးလိုက်တာနဲ့ မျက်နှာပျက်သွားတာမျိုး၊ 

အမူအရာ ပြောင်းတာမျိုးတွေရှိတယ်။ 

သူ့စကား၊ သူ့ဟန်ပန်နဲ့ သူ့အဝတ်အစားကိုကြည့်ပြီး သူ့စိတ်နေသဘောထားကို အကဲခက်နိုင်ပါတယ်။

(၃) နည်းနည်းပြောပါ။ ။တစ်ဘက်သားပြောတာကို များများနားထောင်ပြီး ကိုယ်ကနည်းနည်းသာပြောရင် များများမြင်ရမယ်၊ များများကြားရမယ်၊ ကိုယ့်ဘက်က အမှားနည်းမယ်။

ဒါပေမဲ့ အခြေအနေအရ လိုအပ်လို့ ကိုယ်ကမေးခွန်းထုတ်တဲ့အခါမှာ ကိုယ့်ဟာကို ပြန်ဖြေတဲ့ မေးခွန်းမျိုးတွေတော့ မဖြစ်ပါစေနဲ့။ 

(၄) ပြန်ပြီး သုံးသပ်ပါ။ ။ကျွန်တော်က ကိုယ့်ရဲ့ ပထမဆုံး အထင်အမြင်ကို အဓိကထားတယ်။ ဒါပေမယ့် သေသေချာချာ ပြန်လည်သုံးသပ်ပြီးမှ လက်ခံတာပါ။ တစ်ဘက်သားအပေါ် ပထမဆုံး အဆင်အမြင်နဲ့ နောက်ဆုံး ခံယူမှု အကြားမှာ စဉ်းစားတွေးခေါ်မှု ပြုပြီးမှ ဆက်ဆံရေး တစ်ခုရဲ့ အခြေအနေကို ရနိုင်ပါတယ်။ 

(၅) အချိန်ယူပါ။ ။တစ်ယောက်နဲ့တစ်ယောက် သွားတွေ့ရတော့မယ်၊ ဒါမှမဟုတ် ဖုန်းဆက်ရတော့မယ်ဆိုရင် နည်းနည်းအချိန်ယူပြီး စဉ်းစားပါဦး။ 

ကိုယ်ကတစ်ဘက်သားအကြောင်း ဘယ်လောက်သိထားသလဲ၊ သူ့ဆီက ဘယ်လိုတုန့်ပြန်မှုမျိုး လိုချင်သလဲ။ 

အဲဒီလို တစ်ဘက်သားအကြောင်း သိသင့်တာတွေကို ကြိုတင်သိထားမှသာ ကိုယ့်ဘက်က ဘာပြောရမယ်၊ ဘာလုပ်ရမယ် ဆိုတာကိုသိမယ်၊ ဒါမှ တစ်ဘက်သားဆီက ကိုယ်လိုချင်တာကို ရနိုင်မယ်။ 

(၆) ချင့်ချိန်တတ်ပါစေ။ ။လူကဲခက်ရာမှာ ချင့်ချိန်တတ်ဖို့ အရေးကြီးပါတယ်။ တစ်ဘက်သား အကြောင်းနဲ့ ပက်သက်ပြီး ကိုယ်လေ့လာ သိရှိထားတာတွေကို အခြေအနေ အချိန်အခါနဲ့ လျော်ညီစွာ အသုံးချတတ်ဖို့ လိုပါတယ်။ 

တစ်ဘက်သားအကြောင်း ကိုယ်သိတာတွေ၊ သူ့ရဲ့ ချွတ်ယွင်းချက်တွေကို သူ့ကိုမပြောပါနဲ့။ အဲဒီလို ပြောလိုက်ရင် ကိုယ်သိထားတာတွေကို အကျိုးရှိရှိ အသုံးချဖို့ အခွင့်အရေး ဆုံးရှုံးသွားတတ်တယ်။ 

ကိုယ့်အကြောင်း သူမသိလေလေ ကိုယ်သိတာတွေကို အသုံးချနိုင်လေလေပဲ။ အကောင်းဆုံးကတော့ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ၊ အောင်မြင်မှုတွေ၊ အရည်အချင်းတွေကို တစ်ဘက်သားသိအောင် လုပ်ဖို့ပဲ။ ဒါပေမဲ့ ကိုယ်တိုင် မပြောပြပါနဲ့။ တစ်ခြားလူတွေဆီက တစ်ဆင့်သာ တစ်ဘက်သား သိပါစေ။ 

(၇) တန်ပြန်ခြင်းကို ရှောင်ပါ။ ။စီးပွားရေးလုပ်ငန်း အခြေအနေတစ်ရပ်မှာ တင်းမာမှု ရှိနေရင် ထိပ်တိုက်ရင်မဆိုင်ပါနဲ့၊ ကိုယ်က နောက်ဆုတ်ပေးပါ။ အဲဒီလိုဆိုရင် ကိုယ့်ရဲ့ လေ့လာမှုစွမ်းရည် ပိုပြီးထက်မြတ် လာလိမ့်မယ်။ တစ်ဘက်လူက တင်းမာနေရင် အဲဒါဟာ ကိုယ့်အတွက် အခွင်းအရေးပဲ။ အဲဒီအချိန်ဟာ သူ့ကိုယ်သူ အများဆုံး ရင်ဖွင့်တတ်တဲ့ အချိန်ပဲ။ 

သူတင်းသလို ကိုယ်ကပြန်တင်းမယ်ဆိုရင် ကိုယ်ဟာ ခံယူသူ၊ လေ့လာသူ မဖြစ်တော့ဘဲ တရားခံ ဖြစ်သွားလိမ့်မယ်၊ ကိုယ့်အကြောင်းတွေကို အများကြီး ရင်ဖွင့်မိလိမ့်မယ်။ 

ဘယ်လိုစီးပွားရေး အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် 'လုပ်ဆောင်ခြင်း' (acting) ဟာ 'တန်ပြန်ခြင်း' (reacting) ထက် အရေးကြီးပါတယ်။ တန်ပြန်ခြင်း မပြုဘဲ လုပ်ဆောင်ခြင်းမှသာ ကိုယ်လေ့လာထားတာတွေကို အကျိုးရှိရှိ အသုံးချနိုင်မယ်။ 

ကိုယ့်ကိုယ်ကို မထိန်းဘဲ တစ်ဖက်သားကို တန်ပြန်ထိုးနှက်မယ်ဆိုရင် ကိုယ်လေ့လာထားတာတွေဟာ 'ဖွဲထဲ ရေသွန်' ဖြစ်သွားလိမ်မယ်။ ကိုယ်က တန်ပြန်ခြင်းမပြုရင် ကိုယ့်ဘက်က ဘယ်တော့မှ လွန်ကျူးမှု မဖြစ်နိုင်တော့ဘူး။ ပြိးတော့ 'အထိန်းခံရသူ' လဲ မဖြစ်တော့ဘဲ 'ထိန်းသူ' သာ ဖြစ်လာလိမ့်မယ်။ 

မှတ်ချက်။ ။မောင်ပေါ်ထွန်း (မြန်မာပြန်) ၏ "ဟားဗတ် စီးပွားရေးတက္ကသိုလ်မှာ မသင်ခဲ့ရသမျှ" မှ အချက် (၇) ချက်ကို ကောက်နုတ် ဖော်ပြလိုက်သည်။ 

Friday 8 January 2016

အဘာ....


အဘာ.....
သွီးထွက်တေ ဒေအသဲ...
မိုးရွာ ရေ ပိုင် မျက်ရည်....
ရမ်းပေါက်လီ လောက် ပြင်းရေ....
လွမ်းခြင်း....
တပေါင်းလ မှာ အရွက်တိကြွီစွာ....
အသဲ အဖွဲရာ..... အဘာ...

ဒေပိုင်.....
တပြည်တရွာ မှာ....
ရောက်နိန်ရေ....
သားချေ အတွက်....
အဘာ ကို လွမ်းစွာ တိကို.....
အသူက လာလို့ နှစ်သိမ့်ဖို့လဲ...???

အဘာ.....
သက္ကရာဇ် တိ အရှုပ်အထွီး.....
စက္ကန့် အပြောင်း အလဲ....
မာယာ များရေ နိန့် ရက်တိနန့်.....
လှောင်ပြောင် ရယ်ကတ်တေ.....
လောကဓံ တိကြားက.....
အဘာ.....
ထွက်ပြီးလား ရေ မနားယေ.....

အဘာ..........
လူတိက ပြောကတ်လိမ့်မေ.....
အဝေး..... မင်းရူးနိန်လာလို့......
ယကေလေ့....အဘာ....
ကြပ်ခိုး လိုက်နိန်ရေ.....
အဘာ..ကို ချစ်စွာ အချစ်တိ.....
ဘဇောင် ပိုင်လို့....
သားချေ ခွာချဝံ့ဖို့လဲ.......

အေးမောင်(ရင်အုံတော်ဓာတ်)
"ဒေ ကဗျာကို ၁၃.၁၀.၂၀၀၈ ရက်နိန့် ဂျာမဏီ ကိုလားခါ လေယာဉ်ထက်မှာ ရွီးစပ်ပါရေ....။"

အို......အဖ


အို ........အဖ
ကျောက်သား၊ကျောက်စိုင်တိက
စီးဆင်းလာရေ
အကျွန်ရို. သွီးတိ
မခြောက်လား သိမ့်ပါ ....................။

အို ..........အဖ
မာန်ဟုန်ပြင်းစွာနန်.
ရက်စက် တိုက်ခိုက်ခရေ
လိုင်းတိ၊လီတိ
အဂုထိ မငြိမ်သက်ကတ် သိမ့်ပါ ...........။

အို ..........အဖ
နှစ်ပေါင်း ထောင်ကျော်ကပင်
ကဝေ အတက်နန်.
ကျိန်စာတိုက်ထားရေ
မိစ္ဆာညာဏ်ရှင်တိ လက်က
အဂုထိ ရုန်းမထွက်နိုင်သိမ့်ပါ ...............။

အို .........အဖ
ငရို.အသျှင် မုနိမြတ်လည်း
အသွင်မတူရေ
မျိုးခြား ပြည်ခြားမာ
မှိုင်တိုင်တိုင် နန်.
အဂုထိ မပြုံးနိုင်သိမ့်ပါ ......................။

အို ..........အဖ
အဖ လက်ကျန်တိလေ့
ထိုပြုခံရ ဒေပြုခံရ
ထိုတစ်စု ဒေတစ်စု နန်.
အနာဂတ်မှာ ရင်သန်ထမြောက် ဖို.
ရောင်ခြည် ရှာမတွိသိမ့်ပါ ...............။

အို ...........အဖ
ရီငတ်နိန်ရေ
သားချေ၊ သမီးချေတိကို
ဒေတိုင်း ပစ်မထားပါကေ့
ဒေပိုင်ခါးသီးရေ
ညဥ့်အမှောင်ထဲက
လွတ်မြောက်ပနာ
အဖ နန်.ဆုံတွိဖို.
အကျွန်ရို.တိ နှလုံးသွီးတိကို
ပူဇော်ခွင့် ပီးပါ အဖ ..................................။

(ဘုရင်မာရယုဘလော့မှ)

ခတ်ကျောက် သီးမ....


တွင်းဝမှာ
မိတ်တင်
နှူတ်ခမ်း ကို
အတောက်ခံ
ခါးပိုင်းကို မှန်းသတ်
ယကေလေ့
နင် မမှတ်.....................။

အဟုန်နန်.
လွင့်ပါလားရေ .......နင်
အာကာမှာ ပျံလို.
ကကောင်း မကြာလိုက်
နပြင်ကို
ဘဘုန်းမြည်အောင်
နင်.... လူးကျရေ

ယကေလေ့
မမှတ်သိမ့်ရေ ... နင်................။

ထိုသူရို.တိ
တစ်တောင်၊ နှစ်တောင်
သုံး၊လေးတောင်
တာကတ်တေ ထိ......................။

ထုဆစ် လက်ရာ......


ထုဆစ်လက်ရာ
----------
ခံစားမှုနန့် အားလုံးအောင်မြင်ဖို့
နိရက်သစ်ကို ဦးတည်ပြီးလားနီကတ်
မမြင်နိုင်ရေ ကံတရားကိုအပြစ်ဖို့
ယုံကြည်မှုတိ ယိမ်းထိုးလာရေနောက် --။

ငါ.... အကြောင်းမဲ့
လူသားတိကို မုန်းတီး
ရွံမိအံမိရေနောက်
သူရို့တိပြောနီကတ်တေ
အမှောင်လောက
ငါ....ဆက်လျှောက်မိုက်နီရေ --။

မှန်ကန်ရေထင်လို့ စကြာဝဠာထဲက
သဲတပွင့် ငါ... ခါးခါးချေမျိုချ
အရုပ်ကြိုးဆွဲပိုင် ကကွက်ကလွတ်မြောက်ဖို့
အသွီးသားတိ ကုန်ခမ်းခြောက်သွိလို့
စက်ရုပ်ဖြစ်ကေတောင်
အသုံးတော်ခံဖြစ်နီဖို့အစား --။

ငါလေ....တမ်းတမိရေ တခါတခါ
ချစ်သူလက်ဆွဲပြီး
အီးယောင်ဝမ်းထဲကို --။

မကောင်းဆိုးဝါးတကောင်ပိုင်
ပြုပျင်ဖို့ခက်ခဲရေစိတ်
ဇာသူဖန်တီးပီးခရေလဲမသိ
တမာပိုင်ခါးခါးချေ အလွမ်းသခြင်းတိဖွဲ့ဆိုလို့
ငါ့လက်ရာ ၀င်းသန္တာလည်းမကြိုက်
အဖြစ်သနင်းတိရာ
နွီဒဏ်သင့် ကျိုးကိုင်းပိုင်
ငါ....လေ
သတိရမိယင်း လွမ်းငိုယင်းနန့် --။

ခိုင်မြတ်သျှင်(စနီချောင်း) 
၎.၈.၂၀၀၉