Friday 27 May 2016

အချစ်..........!


အချစ်ကို ပိုင်ဆိုင်ခွင့် ရတဲ့ သူတွေကတော့
အချစ်က ရယူခြင်း တဲ့............................


အချစ်ကို ဆုံးရူံးခဲ့ ရတဲ့ သူတွေကတော့
အချစ်က ပေးဆက်ခြင်း တဲ့...........


ငါကတော့ ကောင်မလေးရယ်...............
အတိကျမသိတဲ့ ခေါင်းစဉ် အောက်မှာ
မင်းကို ရူးသွပ်စွာ ချစ်နေရသူပါ.......................

Tuesday 24 May 2016

ဆန္ဒ....။



ဖြားယောင်းမှုတွေ
ဘယ်လောက်ရှိရှိ
ခံစားမှုမဲ့တဲ့ နှလုံးသားကို
ပိုင်ဆိုင်ချင်တယ်.......။

ဆွဲအားတွေ
ဘယ်လောက်ကောင်းကောင်း
လှည့်မကြည့်တတ်တဲ့စိတ်ကို
ပိုင်ဆိုင်ချင်တယ်........။

စကားလုံးတွေ
ဘယ်လောက်လှလှ
ရင်မခုန်တတ်တဲ့
နှလုံးသားကို
ပိုင်ဆိုင်ချင်တယ်........။

ချစ်တယ်
ဘယ်လောက်ပြောပြော
အယုံအကြည်မရှိတဲ့စိတ်ကို
ပိုင်ဆိုင်ချင်တယ်..........။

ဒါပေမယ့်
တကယ်တမ်းကျတော့
ငါဟာ
အကာအရံမရှိတဲ့
ဟင်းလင်းပြင်နှလုံးသားမှာ
ကောင်မလေး တစ်ယောက်ကိုသာ
စွဲစွဲလမ်းလမ်းချစ်နေမိတယ်..

Sunday 15 May 2016

What is mean*love*....?


ချစ်ခြင်း က............ ပြည့် စုံခြင်းလား.. .............ပျက် စီး ခြင်းလား.................

အပြုသဘောကိုဆောင်မှာလား.......အဖျက်သဘောကိုဆောင်မှာလား.........

အေးချမ်းဖို့ လား......................အထီးကျန်ဖို့ လား...............

မြတ်နိုး ဖို့ လား...................စိမ်းကားဖို့ လား.......................

ပျော်ရွှင် မှာလား..............၀မ်းနည်းမှာလား.......................။

Tuesday 10 May 2016

နှလုံးသား ရုပ်ကြွင်း..,,,,။


မင်းရဲ့ ph call တစ်ခုကြောင့် 
ပျော်ရွှင်ခဲ့ရဖူးသလို 
မင်းရဲ့ message တစ်ကြောင်းကြောင့်လည်း
ငိုကြွေးခဲ့ရဖူးတယ် …………

မင်းရဲ့ အပြုံးဝင့် တစ်ချက်ကြောင့် 
ကြည်နူးခဲ့ရဖူးသလို 
မင်းရဲ့ အကြည့်စိမ်းတချို့ကြောင့် 
နာကျင်ခဲ့ရဖူးတယ် …………

မင်းရဲ့ ဂရုစိုက်နွေးထွေးမှုကြောင့် နှစ်ခြိုက်စွာ အိပ်မောကျခဲ့ဖူးသလို 
မင်းရဲ့ ဥပက္ခော ပြုမှုတွေကြောင့် 
အိပ်မရတဲ့ညတွေ ရှိခဲ့ဖူးတယ် …………

ဘယ်လောက်ထိအောင် အနေဝေးပါစေ
မင်းရဲ့ နှလုံးသားထဲမှာ ငါရှိနေမှာပါဆိုတဲ့ 
မျှော်လင့်ချက်လေးတစ်ခုက
ငါ့ ရဲ့ လက်ရှိနေ့ရက်တွေကို 
နေပျော်စေခဲ့ဖူးတယ် ………… 

ဒါပေမယ့်လည်း …… 
မင်းအတွက် မလိုအပ်ဘူးထင်မှတော့ 
အပြီးအပိုင် ထွက်သာသွားပါတော့ ………… 

ငါဘယ်လိုပဲ လက်မလွှတ်ချင်ခဲ့လည်း 
စိတ်ဝိညာဉ်သေဆုံးနေတဲ့ 
နှလုံးသားရုပ်ကြွင်းတစ်ခုနဲ့တော့ 
မင်းကို ငါ့ ဘဝထဲမှာ မရှင်သန်စေချင်တော့လို့ပါ ……

Sunday 8 May 2016

ချစ်သူသို့.......,......။


..... ................

ဟိုးအဝေးတစ်နေရာကနေ

မင်းကိုလွမ်းတတ်...........

သတိရနေတတ်တဲ့ကောင်လေးတစ်ယောက်ရှိနေတယ်ဆိုတာကို

မင်း....မှတ်မိနေပေးပါနော်..............။

... .ချစ်သူ..............

ဟိုးအဝေးတစ်နေရာကနေ

မင်းကိုချစ်တဲ့

အူတိုတတ်တဲ့ကောင်လေးတစ်ယောက်ရှိနေတယ်ဆိုတာကို

မင်း.......... သတိရ နေပေးပါနော်..................၊

...ချစ်သူ.............

ဟိုးအဝေးတစ်နေရာကနေ

မင်းဆီ အရောက်ပြန်လာမယ် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့.........."

ပျော်နေတတ်တဲ့ကောင်လေးတစ်ယောက်ရှိနေတယ်ဆိုတာကို

မင်း..............ယုံကြည်နေပေးပါနော်..............၊

............ .ချစ်သူ..................

ကျန်တာတွေ သိသိမသိသိ

မင်းကိုငါအရမ်းချစ်တယ်ဆိုတာကိုတော့

သိနေပေးပါနော်..................။

သူငယ်ချင်း...,.,။


........ သတိရခြင်းရဲ့ ဟိုးးးးးးးးတစ်ဖက်မှာ

ဘာတွေရှိလဲ ငါမသိဘူး...........

အချိန်တိုင်းမဟုတ်ပေမဲ့......

နေ့တိုင်းတော့ ...ငါနင့်ကိုသတိရနေတယ်..........။

. ...... .ခင်မင်ခြင်းရဲ့ဟိုးးးးတစ်ဖက်မှာ

ဘာတွေရှိလဲ ငါမသိဘူး....

မေ့မရတာမဟုတ်ပေမဲ့.........

အမှတ်ရနေတာတော့အမှန်ပါ............။

........ ငါမမြင်ရတဲ့ နင့်ရင်ထဲမှာ
ဘာတွေရှိလဲငါမသိဘူး.....
အတိအလင်းမဟုတ်ပေမဲ့
တိုးတိုးလေးရင်ခုန်နေတာတော့အမှန်ပါ........။

....... .မသေချာတဲ့ နင်နဲ့ငါ့ရဲ့
အနာဂတ်မှာဘာတွေဖြစ်မလဲ ငါမသိဘူး.......
သေချာတာကတော့ အချိန်တစ်ခုအထိ
ငါကတော့သူငယ်ချင်းသီချင်းတွေဆိုနေဦးမှာပါ............။

Saturday 7 May 2016

မြောက်ဦး မျက်ရည်...။



သမိုင်းခေတ်ဦး မြို့မြောက်ဦးသို့
အလယ်တစ်ခေါက် ရောက်ခရေ ..။ 

** ဘုရားအိုအို ကျောင်းအိုအိုနန့် 
ဇရပ်လည်းအို .. ဆွီးမြေ့ တံတိုင်း
ဘုရားခေါင်းကျိုး .. မြို့ရိုးပျက်ကိုလည်း တွိ့ခရေ ..။ 

**တောင်ထိပ်ထိုထို.. စေတီအိုရို့ 
ထုံး ဖြူမဟိ .. ရေညှိတက်ဗျာလ် 
အငိုမျက်ရည် .. ဆင်နီစော်လည်း တွိ့ခရေ..။

**ခေါင်းပြတ်ဘုရား.. ဟိုနား ဒေနား
ပြုပြင်သူမဟိ .. 
မင်းစောမွန်ကို မျှော်နီရေလို့
ပြောသံတိလည်း .. ကြာခရေ.. ။

**မင်းဘာဘုရင် .. တည်ထားလီရေ 
ဇာတီ ပုထိုး အမျိုးမျိုးလည်း 
တောပျက် အုံပျက် ..
ခြုံတောထဲမှာ .. တွိ့ခရေ ..။

**အော်.. မြောက်ဦးကပြန်
မြောက်မြို့ရိုးကြား 
ပြန်ကြည့်မိသော် .. 
သမိုင်းထဲက .. လွတ်ကနဲ့ ထွက်ကျ
မျက်ရည်စဖြင့် .. 
ရင်နာနာနန့် ကြည့်နီယင့်..။

Friday 6 May 2016

တန်ဖိုးရှိတဲ့စာတိုလေးပါ,,,,,,။



တခါကဖားအုပ် တစ်အုပ်ဟာ တောအုပ်တစ်အုပ်ကို ဖြတ်ပြီး ခရီးသွားကြတယ် ...။ သွားရင်းနဲ့ ဖားအုပ်ထဲက ဖားလေး နှစ်ကောင်ဟာ တွင်းနက်တစ်ခုထဲကို ကျသွားသတဲ့ ...။

အဲတော့ကျန်တဲ့ဖားတွေအကုန်လုံးကလည်းတွင်းရဲ့အ၀မှာဝိုင်းကြည့်ကြတာပေါ့..။တွင်းဘယ်လောက်နက်လဲဆိုတာ သူတို့မြင်သွားကြတော့...ဒီလိုတွင်းနက်ထဲကျသွားတဲ့အတွက်ကံဆိုးတဲ့ဒီနှစ်ကောင်တော့အပြင်ကို၏ထွက်လို့ရတော့မှာ
မဟုတ်ဘူးဆိုတော့ အချင်းချင်းပြောနေကြတယ် ...။

ဖားနှစ်ကောင်ကတော့ဒီလိုပြောတာတွေကိုမကြားပဲတွင်းထဲက ပြန်ထွက်နိုင်အောင်ကြိုးစားပြီးခုန်နေကြတယ်တဲ့ ...။

အပေါ်ကဖားတွေကတော့ "မင်းတို့တွေ ဘယ်လိုပဲလုပ်လုပ် တွင်းထဲက ထွက်လို့ရမှာ မဟုတ်ဘူး ... တွင်းထဲမှာပဲ ပိတ်မိပြီး သေမှာပဲ ... အပင်ပန်းခံမနေနဲ့တော့ ... ရပ်လိုက်ပါတော့" ဆိုပြီး အော်ဟစ် ပြောနေကြတာပေါ့ ...။

နောက်ဆုံးမှာ ဖားနှစ်ကောင်ထဲက တစ်ကောင်ဟာ အပေါ်ကဖားတွေ ပြောနေတာတွေကို သတိပြုမိပြီး လက်လျှော့လိုက်သတဲ့ ...။
တစ်ကြိမ်ခုန်လိုက်ပြီး အကျမှာ စိတ်လျှော့လိုက်တာကြောင့် မြေကြီးနဲ့ရိုက်မိပြီး သေဆုံးသွားသတဲ့ ...။

နောက်ထပ် ဖားတစ်ကောင်ကတော့ သူတတ်နိုင်သမျှ ကြိုးစားပြီး ဆက်လက် ခုန်မြဲ ခုန်နေတယ် ...။
တစ်ကြိမ်ခုန်လိုက်တိုင်း ခုန်လိုက်တိုင်း ... အပေါ်က ဖားအုပ်က သူ့ကို သေမယ့် အတူတူ မထူးတော့လို့ ... ရပ်လိုက်ဖို့ ဆက်ပြီး အော်ဟစ်နေကြတယ် ...။

ဒါပေမယ့် ဖားလေးဟာ လုံးဝဂရုမစိုက်ပဲ .... ကြိုးစားပြီး ခုန်ရင်း ခုန်ရင်းနဲ့ နောက်ဆုံးမှာ တွင်းပေါ်ကို တက်နိုင်သွားတယ် ...။

အပြင်လဲ ရောက်ရော ... တခြားဖားတွေက "ဘာဖြစ်လို့ မင်းအဆက်မပြတ် မရရအောင် ခုန်ခဲ့တာလဲ ... ငါတို့ မင်းကို လက်လျှော့လိုက်ဖို့ ပြောနေတာ မကြားလို့လား" ဆိုပြီး ဖားလေးကိုမေးတယ် ...။

ဖားလေးက သူတို့မေးတာကို ဘာမှပြန်မဖြေဘူးတဲ့...။

နောက်မှ သူတို့တွေ သိလိုက်ရတာက ဖားလေးဟာ နားမကြားဘူး ဆိုတာ ပါပဲ ...။
သူ့အတွေးထဲမှာတော့ ဖားအုပ်ကြီး အော်ဟစ်နေကြဟာ သူ့ကို အပေါ်ကို ကြိုးစားတက်ဖို့ အားပေးနေကြတာလို့ ထင်ခဲ့ပါတယ်တဲ့ ...။

ဒီပုံပြင်မှာ သင်ခန်းစာယူစရာ နှစ်ချက်ရှိပါတယ် ...

(၁) တစုံတစ်ယောက်ကို အောင်မြင်တိုးတက်အောင် စိတ်ဓာတ်ခွန်အားပေးတာပဲ ဖြစ်ဖြစ်၊ သေလိုတဲ့အထိ စိတ်ဓာတ်ကျဆင်းအောင် ပြုလုပ်လိုလျှင်ပဲ ဖြစ်ဖြစ် ... အဲလို ပြုလုပ်နိုင်တဲ့ စွမ်းအားတွေဟာ လူတွေရဲ့ လျှာဖျားပေါ်မှာ ရှိပါတယ် ...။
တစ်စုံတစ်ယောက် စိတ်ဓာတ်ကျဆင်းနေချိန်မှာ နှစ်သိမ့်တဲ့စကားတစ်ခွန်းဟာ ထိုသူကို စိတ်ဓာတ်မြင့်တက်လာအောင် ပြုလုပ်ပေးနိုင်သလို အခက်အခဲရက်စွဲတွေက ကျော်ဖြတ်နိုင်အောင်လည်း ကူညီပေးနိုင်ပါတယ် ...။

(၂) ဖျက်ဆီးလိုတဲ့ စကားတစ်ခွန်းဟာ စိတ်ဓာတ်ကျဆင်းနေတဲ့ တစုံတယောက်ကို အသေသတ်နိုင်ပါတယ် ...။

အဲတော့ တို့တွေလည်း စကားတစ်ခွန်း ပြောတော့မယ်၊ တစုံတခုကို မှတ်ချက်ပေးတော့မယ် ဆိုရင် လက်လွတ်စပယ်မပြောပဲ သေချာဂရုစိုက် စဉ်းစားတွေးခေါ်ပြီး ပြောဆိုကြပါစို့နော် ...။

online ပေါ်မှ ဖတ်မိတာလေးတွေ မျှဝေတာပါ😊😊😊

ချစ်စကိုရှည်စေ..မုန်းစကိုတိုစေ.,,..,။



မိတ်ဆွေစစ်ကို ရှာဖွေခြင်း

တစ်ခါက

လယ်သမားတစ်ဦးနှင့်မုဆိုးတစ်ဦးသည်အိမ်နီးနားချင်းများဖြစ်ကြသည်။လယ်သမားမှာဘဲများမွေးမြူးထားပြီးမုဆိုးမှာမူအမဲလိုက်ခွေးများမွေးမြူထား၏။ထိုခွေးများသည်မကြာခဏဆိုသလိုလယ်သမားအိမ်သို့ကျူးကျော်ဝင်ရောက်ပြီး ခြံထဲရှိဘဲများကိုကိုက်ဖြတ်စားသောက်လေသည်။လယ်သမားကခွေးများကိုလှောင်ထားပေးရန်အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်းမုဆိုးမှာ ခွေးများကို သေချာထိန်းသိမ်းထားခြင်းမရှိပေ။

သည်းမခံနိုင်သည့်အဆုံး လယ်သမားကြီးသည် ရွာသူကြီးထံ ခွေးများကို အရေးယူပေးဖို့ တောင်းဆိုခဲ့သည်။ ရွာသူကြီးက

”တကယ်လို့အရေးယူပေးလိုက်ရင်ခင်ဗျားမှာမိတ်ဆွေကောင်းအိမ်နီးချင်းကောင်းတစ်ယောက်လျော့သွားနိုင်ပြီး ရန်သူတစ်ယောက်တိုးလာနိုင်တယ် “

။ ရန်သူတစ်ယောက်နဲ့ အိမ်နီးချင်းဖြစ်ချင်သလား . မိတ်ဆွေတစ်ယောက်နဲ့အိမ်နီးချင်းဖြစ်ချင်သလား”။သူက
” မိတ်ဆွေနဲ့ပဲ အိမ်နီးချင်းဖြစ်ချင်ပါတယ် “ လို့ ဖြေလိုက်တ
”ဒီလိုဆို ကျွ န်တော်ရဲ့အကြံဥာဏ်ကို လိုက်နာရမယ်။ အသင်ရဲ့ဘဲတွေ မဆုံးရှုံးစေသလို မိတ်ဆွေကောင်း
တစ်ယောက်တိုးလာလိမ့်မယ်။

သို့နှင့်လယ်သမားကြီးမှာသူကြီးပြောတဲ့အတိုင်းအိမ်ရောက်ရောက်ချင်းအလှဆုံးဘဲသုံးကောင်ကိုရွေးပြီးမုဆိုးအားလက်ဆောင်ပေးလိုက်လေသည်။ထိုအခါမုဆိုးလည်းရရှိထားသောဘဲများကို ခွေးကိုက်မည်စိုးသောကြောင့်ခွေးများကို လှောင်ထားလေတော့သည်။ 

လယ်သမားအားလည်းကျေးဇူးတင်ပြီးမိမိအမဲလိုက်ရာမှရလာသောအသားများကိုလဲဝေငှတတ်လာသည်။လယ်သမားလဲ ခြံထွက်သီးနှံများဘဲဥများလက်ဆောင်အဖြစ်ပေးကမ်းခဲ့သည်။တဖြေးဖြေးနှင့်ချစ်ခင်မှု့များဖလှယ်ကြရင် နှစ်ဖက်စလုံးမှာအိမ်နီးချင်းမိတ်ဆွေကောင်းများ ဖြစ်လာကြသည်။

ကိုယ်လိုချင်တာကိုပဲဦးစားမပေးသင့်ပါဘူး။ကိုယ်ချင်းစာစိတ်ထားပြီးသူ့အတွက်လဲထည့်စဉ်းစားပေးပါ။ရန်သူတစ်ယောက်လို့ထင်ခံရရင်ပထမဆုံးအကျိုးဆက်ကအမုန်းခံရခြင်းပဲ။လောကလူသားအာလုံးဟာအမုန်းခံဘ၀ကို ရောက်ချင်တဲ့သူတစ်ယောက်မှမရှိကြသလိုလူတွေရဲ့အချစ်ခံရတဲ့ဘ၀ကိုမရောက်ချင်ကြတဲ့သူဆိုတာလည်းတစ်ယောက်မှမရှိပါဘူး။ကိုယ့်မှာရန်သူတစ်ယောက်ရှိနေရင်တောင်များတယ်လို့ဆိုရမှာ ဖြစ်ပြီးမိတ်ဆွေဦးရေ(၅၀)ရှိနေရင်တောင်နည်းတယ်ဟုပင်ဆိုရမှာပါ။ထိုကြောင့်ရန်သူဆိုတစ်ယောက်မှမရှိလေ  ကောင်းလေပါပဲ။

ဖတ်မိတာလေးမျှဝေတာပါ😊😊😊

ဇာဖြိုက်လာဖို့ သိမ့်လဲ....။



ကြိုးစားခြင်း၏အဆုံး
ယှုံးနိမ့်ခြင်းနန့်ရာ
အဆုံးသတ်ရဖို့လား...။

ဆုံးယှုံးခြင်း၏အဆုံး
အနိုင်ယူခြင်းနန့်ရာ
အဆုံးသတ်ချင်ရေ...။

ကြိုးစားခြင်း၊ ယှုံးနိမ့်ခြင်း၏အဆုံး
ဇာနန့်အဆုံးသတ်လီဖို့လဲ...။

Thursday 5 May 2016

စိတ္တဇဆေးရုံမှ ဟာသများ....။


၁)
တစ်နေ့မှာ ရုတ်တရက် မိုးရွာချလာလို့ စိတ္တဇဝေဒနာသည်တွေအားလုံး အင်္ကျီ၊
ဇလုံတွေ ယူပြီး မိုးရေဆင်းချိုးကြတယ်။ ဒါပေမယ့် လူတစ်ယောက်က
ရေမဆင်းချိုးဘဲ ဝရန်တာမှာ ရန်နေတာတွေ့လို့ ဆရာဝန်က “ခင်ဗျားဘာဖြစ်လို့
သူတို့နဲ့အတူ ရေမဆင်းချိုးတာလဲ” လို့ မေးလိုက်တယ်။
လူနာပြန်ဖြေလိုက်တာက…
“ကျွန်တော် ရေနွေးတဲ့အထိ စောင့်နေတာပါ” ဟူတည်း။
၂)
ဆရာဝန်က စိတ္တဇဝေဒနာသည်တွေ စိတ်အခြေအနေ တိုးတက်မှု ရှိမရှိ
စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့တယ်။ ဆရာဝန်က နံရံတစ်ခုပေါ်
တံခါးပေါက်ပုံဆွဲပြီး လူနာတွေကို “ဒီတံခါးပေါက် ဖွင့်နိုင်တဲ့သူကို
ဒီအခန်းက လွတ်ပေးမယ်” လို့ ပြောပြီး စမ်းသပ်လိုက်တယ်။
ဆရာဝန်စကားကြားတာနဲ့ ရှိသမျှ လူတွေအားလုံး တံခါးပေါက်ကို ပြေးဖွင့်ကြတယ်။
ဒါပေမယ့် လူတစ်ယောက်က နေရာမှာတင် ထိုင်နေခဲ့လို့ ဆရာဝန်က
သူ့စိတ်တိုးတက်မှုရှိပြီ ထင်ပြီး မေးလိုက်တယ်။
“ခင်ဗျား ဘာဖြစ်လို့ သူတို့လို တံခါးသွားမဖွင့်တာလဲ”
လူနာက ဆရာဝန်ကို တစ်ချက်စိုက်ကြည့်ပြီး ဖြေလိုက်ပါတယ်။
“အဲဒီတံခါးသော့က ကျွန်တော့်ဆီမှာဗျ…”
၃)
ဝေဒနာသည်တစ်ဦးက ကုတင်ပေါ်မှာ ပက်လက်လဲပြီး သီချင်းဆိုနေခဲ့တယ်။
သီချင်းဆိုရင်းဆိုရင်း ပက်လက်လှန်ဆိုနေရာက ရုတ်တရက် မှောက်ရက်လဲပြီး
ဆက်ဆိုပြန်တယ်။ ဒါကို ဆရာဝန်က မြင်တော့ “ခင်ဗျား ဘာဖြစ်လို့
ဟိုလှန်ဒီလှန် လုပ်နေရတာလဲ” လို့ မေးလိုက်တယ်။
သူပြန်ဖြေလိုက်တာက “ခင်ဗျား သိပ်တုံးတာပဲ? အေဆိုက်ကုန်လို့
ဘီဆိုက် လှန်လိုက်တာပေါ့..ဟူတည်း...။

လေလွင့် အတွေးစများ...။


*  အချစ်ဆိုတာ
   တစ်ခါတစ်ခါမှာ ခွန်အားတွေပေးနိုင်ပြီး
   တစ်ခါတစ်ခါကျတော့လည်း
   ကိုယ့်ဆီက အရာအားလုံးကို
   နုတ်ယူသွားသလိုပဲ ....
* တစ်ခါတစ်ခါ
   မျှော်လင့်ချက်တွေ
   ဖြစ်ပေါ်စေခဲ့သလို
   တစ်ခါတစ်ခါကျတော့
   မျှော်လင့်ချက်မဲ့
   လမ်းပျောက်ခဲ့၇ပြန်တယ်...
*  တစ်ခါတစ်ခါ
   ပျော်ရွှင်ဖူးပါရဲ့
   တစ်ခါတစ်ခါကျတော့
   တိတ်ဆိတ်စွာ အထီးကျန်ခဲ့တယ်...
*  အချစ် အချစ်...
   နောက်ဆုံး ဇတ်သိမ်းတစ်ခုက
   လူတိုင်းကို

   ပျော်၇ွှင်စေတာလား ၊
   ကြေကွဲစေမယ့်အရာများလား ...
* ဇတ်သိမ်းပိုင်း
   မရေရာတာကိုသိလျှက်နဲ့
   အချစ်ပင်လယ်ထဲမှာ
   ငါဘယ်လောက်ထိ
   ဘယ်အချိန်ထိ ကူးခေတ်နေအုံးမှာလဲ...
* တစ်ခါတစ်ခါကျတော့
  မျှော်လင့်မိပါတယ်
  ငါရဲ့မေခလာနတ်သမီးလေးကိုပေါ့....
  ငါရဲ့လမ်းပျောက်မှုတွေမှာ
  လမ်းတစ်လမ်းလောက်တော့
  ကူရှာပေးဖို့အတွက် .........

Wednesday 4 May 2016

နင်ဟာ ငါ့ရဲ့အချစ်ဦးပါ...။



ကောင်မလေးရေ..
မမျှော်လင့်ပဲ ချစ်ခဲ့မိတာ ငါပါ..
နင်ပြန်မချစ်ခဲ့လည်း ထာဝရ ပတ်သက်ချင်သူငါပါ…
နင်ကြွေအောင် မဖြေတတ်ခဲ့တဲ့ ငါပါ…
ကြုံလာသမျှ ရင်မခုန်ခဲ့သူ ငါပါ…
အရာရာကို အလေးမထားတတ်တဲ့ ငါပါ…
နင်နဲ့ကျမှ ဦးစားပေး အလေးထားတတ်သူ ငါပါ….
မဆုံနိုင်လည်း အဝေးဆုံးမှာ ဆွေးလို့ နေတာ ငါပါ…
မျှော်လင့်ခြင်းတွေ အဆုံးမသတ်နိုင်သူ ငါပါ…
ငါလေ နင့်ကို ချစ်ခွင့်ရချင်တယ် ကောင်မလေးရယ်…
ကောင်မလေးရေ…..
တစ်ကယ်ပဲ နင်ဟာ ငါ့ရဲ့ အချစ်ဦးပါ….. ။

ဘဝရှင်သန်နည်းများ....။

 



သင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်စိတ်ဓာတ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။



သင့်အား ခလုတ်တိုက်လဲကျစေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ခြေနှစ်ဖက် ပိုသန်မာခဲ့လို့ပါပဲ။

သင့်အား လိမ်ညာခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင်အသိဉာဏ် ပိုတိုးခဲ့လို့ပါပဲ။

သင့်အား အထင်အမြင်သေးသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင်လေးစားရမှန်း သိခဲ့လို့ပါပဲ။

သင့်အား စွန့်လွတ်ခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင် အားကိုးတတ်ခဲ့လို့ပါပဲ။

(၁) ဘဝကိုပြောင်းလဲချင်ရင် ပထမဦးဆုံးပြောင်းလဲရမှာက ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားကို ဖြစ်တယ်။ စိတ်နေစိတ်ထားဖြောင့်မှန်ရင် ဒီလောကကြီးက နေရောင်တွေနဲ့ လင်းလက်မှာဖြစ်တယ်။

လူလူချင်းကြားမှာ ထူးခြားတဲ့ခြားနားချက်တွေက သိပ်မရှိကြဘူး။ တကယ်ခြားနားတယ်ဆိုလို့ စိတ်နေစိတ်ထားပဲ ရှိတယ်။

"ဘဝကို သင်မောင်းနှင်မလား? ဘဝမောင်းနှင်တာကို သင်ခံမလား? သင့်ရဲ့စိတ်နေစိတ်ထားက မောင်းနှင်သူရဲ့နေရာမှာ ဘယ်သူရှိမယ်ဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်"တဲ့။

စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျစရာအဖြစ်နဲ့ ကြုံတဲ့အခါ လူတချို့က ကိုယ့်ရည်မှန်းချက်၊ ကိုယ့်စိတ်ကူးအိပ်မက်ကို လက်လွတ်ပြီး ကိုယ်လွတ်ရုန်းကြတယ်။ လက်လျှော့ကြတယ်။ လူတချို့က ခေါင်းငုံ့အရှုံးမပေးဘဲ ကိုယ့်အမှားကိုခွဲခြမ်းစိတ်ဖြာပြီး ရှေ့ကိုရဲရဲတိုးကြတယ်။ အခက်အခဲက အလွတ်ရုန်းပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်စိတ်ကူးဦးတည်ရာကို ဆက်လျှောက်ကြတယ်။

ကံကြမ္မာ အခက်အခဲတွေကို ကျွန်တော်တို့ ထိန်းချုပ်မရနိုင်ဘူး။ ဒါပေမဲ့ စိတ်နေစိတ်ထားကို ကျွန်တော်တို့ ထိန်းချုပ်လို့ရနိုင်တယ်။ တခြားလူကို ကျွန်တော်တို့ ပြောင်းလဲလို့မရနိုင်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ကျွန်တော်တို့ ပြောင်းလဲလို့ရတယ်။ ဖြစ်ပျက်ပြီးတဲ့အရာတွေကို ကျွန်တော်တို့ ပြောင်းလဲလို့ မရနိုင်ဘူး။ ဒါပေမဲ့ စိတ်နေစိတ်ထားကို ပုံမှန်ဖြစ်အောင် ကျွန်တော်တို့ပြောင်းလဲလို့ရနိုင်တယ်။

လုပ်လိုစိတ်ရှိရင် အခက်အခဲဆိုတာကို ကျော်လွှားနိုင်သလို လုပ်ချင်စိတ်ရှိရင် လမ်းက ပေါက်စမြဲပါ။ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်နေစိတ်ထားက လူကို စိတ်လက်ချမ်းသာရှိစေပါတယ်။ စိတ်နေစိတ်ထားဆိုတာ သင်ကိုယ်တိုင် လုပ်ယူလို့ရတဲ့အရာပါ။ မှန်ကန်တဲ့ စိတ်နေစိတ်ထားကို သင်လိုချင်တိုင်း ရနိုင်ပါတယ်။

(၂) ရှင်သန်ရပ်တည်နေတယ်ဆိုတာ ပြဿနာ၊ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ပါ။ ဒါမှလည်း ဘဝက အဓိပ္ပာယ်ပြည့်စုံသလို ဘဝကို ကျေနပ်အားရမှုဖြစ်စေပါတယ်။ အခက်အခဲကို ရှောင်လွဲတာ ရှောင်ပုန်းတာဟာ နည်းတစ်ခုမဟုတ်ပါဘူး။ တည့်တည့်ရင်ဆိုင်တာဟာ အခက်အခဲကို ဖြေရှင်းတဲ့ အကောင်းဆုံးနည်းဖြစ်တယ်။

လူ့ဘဝလမ်းက အမြဲတစေ သာယာဖြောင့်ဖြူးနေမှာ မဟုတ်ဘူး။ ချောမွေ့တဲ့လမ်းရှိသလို ကြမ်းတမ်းတဲ့ ခရောင်းတောလမ်းလည်းရှိတယ်။ အောင်မြင်ခြင်းဆီသွားတဲ့ လမ်းပေါ်က သင်တွေ့ကြုံရတဲ့ အခက်အခဲတွေက သင့်ကို ပိုရှေ့ဆက်တိုးဖို့ စေ့ဆော်ပေးတယ်၊ လှုံ့ဆော်ပေးတယ်။ တနည်းပြောရရင် အခက်အခဲ၊ ညှင်းပန်းနှိပ်စက်မှုတွေက သင့်ကိုပိုသန်မာစေတယ်၊ ကြီးပြင်းစေတယ်။ အခက်အခဲကြုံချိန်မှာ သင့်ရဲ့သန်မာကြံ့ခိုင်မှုနဲ့ ပျော့ညံ့မှုက အနိုင်အရှုံးကို ခွဲခြမ်းပေးပါတယ်။ ကံကြမ္မာဆိုးကို တွန်းလှန်ပြီး ထူးခြားတဲ့ဘဝတစ်ခုကို ဖန်တီးနိုင်ဖို့ သင့်ယုံကြည်မှုကလည်း အရေးပါတယ်။ သင့်ယုံကြည်မှုက သင့်ဘဝကို ထူးခြားနိုင်စွမ်းရှိပါတယ်။

အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါ လူအများလက်လွတ်ချိန် နောက်ဆုံးစက္ကန့်ထိ သင်တောင့်ခံနိုင်ရင် သင်ဟာ အောင်နိုင်သူဖြစ်တယ်။ အောင်မြင်ခြင်းဟာ များသောအားဖြင့် နောက်ဆုံးမှရောက်လာတတ်တဲ့ အရာဖြစ်တယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် တစ်ဝက်တစ်ပျက်ကနေ ကျွန်တော်တို့ ရပ်မသွားသင့်ဘူး။ ရှောင်လွဲမသွားသင့်ဘူး။ ရှေ့ဆက်လမ်းတွေ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ ကြံ့ကြံ့ခံပြီး ဆက်လျှောက်သွားသင့်တယ်။ ဒါမှ နောင်တစ်ချိန်မှာ ငါမလုပ်လိုက်ရပါလားဆိုတဲ့ နောင်တတွေ မကျန်မှာဖြစ်တယ်။

နှစ်သက်ပျော်ဘွယ်တဲ့ဘဝဆိုတာ အခက်အခဲကြားက တည်ဆောက်ထားတာဖြစ်တယ်။ အခက်အခဲဆိုတာ လူတစ်ယောက်အတွက် ဓားသွေးကျောက်ဖြစ်တယ်။ အခက်အခဲတွေကို သင့်ရဲ့သန်မာမှု၊ သင့်ရဲ့ယုံကြည်မှုနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရင် ရောင်ခြည်ဖြာတဲ့ဘဝကို သင်တွေ့ရပါလိမ့်မယ်။

(၃) နိုင်ချင်ရင် ရှုံးမှာကို မကြောက်နဲ့။ ရှုံးတာကိုမကြောက်မှ နောက်ဆုံးမှာ အောင်နိုင်တာကိုရမယ်။ ရှုံးတာကိုကြောက်နေရင် နောက်ဆုံးမှာ ရှုံးတာပဲရမယ်။

လူ့ဘဝလမ်းမှာ အန္တရာယ်အမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုးကို ကျွန်တော်တို့လူတိုင်း ရင်ဆိုင်ရတတ်တယ်။ အောင်နိုင်တာရှိသလို ရှုံးနိမ့်တာလည်းရှိတယ်။ ဒါပေမဲ့ လူ့ဘဝရဲ့အောင်နိုင်မှုဆိုတာ တခဏတွင်းမှာရတဲ့ အောင်နိုင်မှုကိုခေါ်တာ မဟုတ်ဘူး။ နောက်ဆုံးအထိ ကြံ့ကြံ့ခံနိုင်သူမှ တကယ့်အောင်နိုင်သူဖြစ်တယ်။ လူ့ဘဝရဲ့နောက်ဆုံးအချိန်မရောက်မချင်း ဘယ်သူနိုင်တယ်၊ ဘယ်သူရှုံးတယ်ဆိုတာ ကျွန်တော်တို့သတ်မှတ်လို့ မရဘူး။ ဒါကြောင့် ဘဝရဲ့ဘယ်အချိုးအဆစ်မှာဖြစ်ဖြစ် ကျွန်တော်တို့ အားမလျော့သင့်ဘူး။ မျှော်လင့်ချက်တွေနဲ့ အမြဲပြည့်နေသင့်တယ်။

နာကျင်မှုကြောင့် သင့်ရဲ့ရွေးချယ်မှုကို လက်မလွတ်ပါနဲ့။ တကယ့်အောင်နိုင်သူဆိုတာ တခြားလူထက် ပေးဆပ်မှုများပြီး တခြားလူထက် ဆင်းရဲဒုက္ခ ပိုတွေ့ကြုံရတာလေးပါပဲ။ နာကျင်ပေမယ့် ရွေးချယ်မှုကို လက်မလွတ်တဲ့လူသာ အောင်မြင်မှုကို ရမှာဖြစ်တယ်။

ဇာမဏီငှက်တွေဟာ ပြင်းထန်တဲ့နာကျင်ခက်ခဲမှုတွေကို တွေ့ကြုံခံစားရပြီးမှ လှပတဲ့ ခန္ဓာနဲ့အမွှေးအတောင်ကို ရခဲ့တာဖြစ်တယ်။ လူတစ်ယောက်ရဲ့အောင်မြင်မှုက မတော်တဆရတာမျိုး မဟုတ်ဘူး။ မရေမတွက်နိုင်တဲ့ ကျရှုံးမှုတွေ၊ နာကျင်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ပြီးမှ ရလာတာဖြစ်တယ်။ လူတွေက သူ့ရဲ့အောင်မြင်မှုကိုသာ တွေ့တယ်။ အဲဒီအောင်မြင်မှုဆီရောက်ဖို့ သူရင်းခဲ့တဲ့ သွေးနဲ့ချွေးတွေကိုတော့ သူကိုယ်တိုင်ပဲသိပါတယ်။

(၄) လူ့ဘဝရည်မှန်းချက်က သတ်မှတ်ရ လွယ်ကူပေမယ့် အကောင်အထည်ဖော်ဖို့ရာ ခက်တယ်။ တကယ်လို့ မလှုပ်ရှား၊ မဆောင်ရွက်ရင် အကောင်အထည်ပေါ်ဖို့ ဆိုတာလည်း ရှိမှာမဟုတ်ဘူး။

မိုင်ထောင်ပေါင်းခရီးက စလှမ်းတဲ့ခြေလှမ်းတစ်လှမ်းရဲ့အောက်မှာ ရှိတယ်။ ခြေတစ်လှမ်းစ,မလှမ်းရင် မိုင်ထောင်ပေါင်းခရီးကလည်း ရှိမှာမဟုတ်ဘူး။ ချောင်းမြောင်းတွေ မပေါင်းစီးရင် ပင်လယ်ဆိုတာလည်း ရှိမှာမဟုတ်ဘူး။ ကြီးတာရချင်ရင် သေးတာကနေ စလုပ်ရတယ်။ တကယ်လို့ လူတစ်ယောက်ရဲ့ရင်ထဲမှာ ကြီးကျယ်မြင့်မြတ်တဲ့ စိတ်ကူးအိပ်မက်တွေရှိပြီး တစ်လှမ်းချင်း စ,မကြိုးစားခဲ့ရင် အကောင်အထည်ပေါ်ဖို့ဆိုတာလည်း လုံးဝရှိမှာ မဟုတ်ဘူး။

ပုံပြင်တစ်ပုဒ်က ဒီလိုဆိုတယ်။ ဘုန်းကြီးနှစ်ပါးဟာ တောနက်တစ်နေရာမှာ သီတင်းသုံးနေကြတယ်။ တစ်နေ့မှာ ဘုန်းကြီးတစ်ပါးက တောင်ပင်လယ်ဘက်ဆီ သွားမယ်လို့ဆိုတယ်။ ဒုတိယဘုန်းကြီးက ဘာနဲ့သွားမလဲလို့မေးတော့ ရေတစ်ပုလင်း၊ ထမင်းတစ်ထုပ်နဲ့သွားမယ်လို့ ပထမဘုန်းကြီးက ဖြေတယ်။ တောင်ပင်လယ်ဆီ လှေနဲ့သွားဖို့ စဉ်းစားခဲ့တာတောင် အခုထိ အကောင်အထည် မပေါ်သေးဘူး။ ရေတစ်ဗူး၊ ထမင်းတစ်ထုပ်နဲ့ဆို ပိုဆိုးတယ်လို့ ဒုတိယဘုန်းကြီးက ဆိုပါတယ်။

(၂)နှစ်အကြာမှာ နေရပ်ကို ပထမဘုန်းကြီးပြန်ရောက်လာပြီး ဒုတိယဘုန်းကြီးကို တောင်ပင်လယ်ဘက်က အကြောင်းတွေ ပြောပြခဲ့တယ်။ လူ့ဘဝရည်မှန်းချက်က သတ်မှတ်ရ လွယ်ကူပေမယ့် အကောင်အထည်ဖော်ဖို့ရာ ခက်ပါတယ်။ တကယ်လို့ မလှုပ်ရှား၊ မဆောင်ရွက်ရင် အကောင်အထည်ပေါ်ဖို့ ဆိုတာလည်း ရှိမှာမဟုတ်ဘူး။ ပထမခြေလှမ်းကို စလှမ်းရဲတာနဲ့ အောင်မြင်ဖို့အခွင့်အရေးက ပိုနီးစပ်သွားခဲ့ပါတယ်။

(၅) လူ့ဘဝမှာ ဒီလို ထူးဆန်းမှုတွေ အများကြီးရှိတယ်။ တိမ်ပေါ်တက်ဖို့ထက် ခက်တယ်လို့ ထင်မြင်ရတဲ့ အခက်အခဲတွေက တစ်ခါတလေမှာ လွယ်လွယ်ကူကူနဲ့ ပြီးမြောက်အောင်မြင်သွားနိုင်တယ်။ ဒါဟာ လွန်ကဲတဲ့ ယုံကြည်မှုကြောင့်ဖြစ်တယ်။

ဟိုးရှေးရှေးတုန်းက ဆင်းရဲသား ဆိတ်ကျောင်းသားတစ်ဦးဟာ လူမမယ်ကလေးငယ်နှစ်ယောက်နဲ့အတူ ဆိတ်ကျောင်းရင်း အသက်မွေးဝမ်းပြုတယ်။ တစ်နေ့မှာ ဆိတ်ကျောင်းရင်း တောင်ကုန်းတစ်ကုန်းပေါ် သူတို့ရောက်လာခဲ့ကြတယ်။ အဲဒီမှာ ဘဲတစ်အုပ်က အသံတစာစာနဲ့ သူတို့အပေါ်ကနေ ဖြတ်ပျံသွားတယ်။ သားငယ်က ဆိတ်ကျောင်းသားဖခင်ကို "ဖေဖေ.. ဖေဖေ.. ဒီဘဲအုပ်တွေ ဘယ်ကိုပျံသန်းကြသလဲ"လို့ မေးတယ်။ "ဆောင်းခိုဖို့ နွေးတဲ့အရပ်ဆီ ပျံသန်းသွားကြတာပါ" လို့ ဖခင်က ဖြေပါတယ်။ အဲဒီမှာ သားကြီးက အားကျတဲ့မျက်လုံးနဲ့ "ကျွန်တော်တို့လည်း ဘဲတွေလို ပျံသန်းနိုင်ရင် အရမ်းကောင်းမှာပဲ။ တကယ်လို့ ပျံသန်းနိုင်ရင် ဘဲတွေထက် ပိုမြင့်အောင် ကျွန်တော်ပျံသန်းပြီး ကောင်းကင်ထက်မှာ မေမေရှိတဲ့နေရာကို အရောက်သွားမယ်" လို့ ဆိုတယ်။ သားငယ်ကလည်း "ပျံသန်းတတ်တဲ့ ဘဲတစ်ကောင်ဖြစ်ရတာ သိပ်ကောင်းတာပဲ၊ ဒီလိုဆိုရင် ဆိတ်ကျောင်းစရာမလိုတော့ဘူး။ ကိုယ်သွားချင်တဲ့နေရကို ပျံသန်းသွားလို့ရတယ်" လို့ဆိုတယ်။

ဆိတ်ကျောင်းသားဖခင်က ခဏလောက် တိတ်ဆိတ်သွားပြီး သားနှစ်ယောက်ကို "သားတို့တကယ်ဖြစ်ချင်ရင် တကယ်ပျံနိုင်လိမ့်မယ်" လို့ဆိုတယ်။

ဖခင်စကားအတိုင်း သားနှစ်ယောက်လုံး စမ်းပျံကြည့်ကြတယ်။ ဒါပေမဲ့ ထပျံလို့မရနိုင်ခဲ့ဘူး။ ညီအစ်ကိုနှစ်ယောက်စလုံး ဖခင်ကို သံသယမျက်လုံးနဲ့ ကြည့်ခဲ့ကြတယ်။ ဖခင်က သူပျံပြမယ်ဆိုပြီး ထပျံခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ "ဖေဖေက အသက်ကြီးလို့ မပျံနိုင်တော့တာပါ။ သားတို့က ငယ်သေးတယ်။ မပြတ်ကြိုးစားပြီး ပျံကြည့်ပါ။ တစ်နေ့မှာ ပျံသန်းနိုင်ပြီး သွားချင်တဲ့နေရာကို သွားနိုင်လိမ့်မယ်" လို့ ပြောခဲ့တယ်။ ဖခင်ရဲ့စကားကို သူတို့စွဲစွဲမြဲမြဲမှတ်သားပြီး မပြတ်ကြိုးစားခဲ့ကြတယ်။ နောက်ဆုံးမှာ အောင်မြင်ပြီး သွားလိုရာကို သူတို့ရောက်ခဲ့ကြတယ်။

လူတစ်ယောက်ရဲ့ရင်ထဲမှာ ယုံကြည်မှုဆိုတာရှိပြီး ကြံ့ကြံ့ခံ မပြတ်ကြိုးစားခဲ့ရင် အောင်မြင်မှုကို မလွဲမသွေရမှာ အမှန်ဖြစ်တယ်။

(၆) လူ့ဘဝရဲ့ အကြီးဆုံးအခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရရင် အဲဒီအခက်အခဲကို ဖြေရှင်းနိုင်တဲ့ရှေ့ပြေးက --- အသက်ရှင်နေဖို့ပဲဖြစ်တယ်။ အသက်ရှင်နေမှ မျှော်လင့်ချက်ဆိုတာရှိမယ်။ ဘယ်လောက်ပဲ နာကျင်နေပါစေ၊ ဘယ်လောက်ပဲ စိတ်ပျက်ဝမ်းနည်းနေပါစေ အသက်ရှင်နေမှ အရာရာအားလုံးကို ရင်ဆိုင်ကျော်ဖြတ်နိုင်မှာ ဖြစ်တယ်။ အောင်နိုင်မှာဖြစ်တယ်။

ဘဝဆိုတာ ကျွန်တော်တို့ကို ဘုရားသခင်ပေးတဲ့ အထူးလက်ဆောင်ဖြစ်တယ်။ မျှော်လင့်ချက်မဲ့တဲ့ နွံ့အိုင်ထဲနစ်နေရင်တောင် ဘဝရဲ့အလင်းတန်းကို (အလင်းစက်လေး တစ်စက်ပဲဖြစ်နေရင်တောင်) ဖမ်းဆုပ်ပြီး လဲကျမသွားဖို့ ကိုယ့်ကိုယ်ကို အားပေးတောင့်ခံထားသင့်တယ်။ အသက်ရှင်ဖို့ကြိုးစားရမယ်။ အသက်ရှင်နေမှ မျှော်လင့်ချက်ဆိုတာရှိမယ်။ လောကမှာ မျှော်လင့်ချက်မဲ့တဲ့အရာ ဆိုတာမရှိဘူး။ မျှော်လင့်ချက်မဲ့တဲ့ လူပဲရှိတယ်။ အသက်ရှင်နေမှ မျှော်လင့်ချက်ဆိုတာရှိတယ်။ အသက်ရှင်နေမှ စိတ်ကူးအိပ်မက်ဆိုတာ ရှိတယ်။

(၇) တကယ့်အောင်မြင်တဲ့ဘဝဆိုတာ အောင်မြင်မှုအကြီးအသေးပေါ် မမူတည်ဘူး။ ကိုယ့်ရည်မှန်းချက်ကို ကိုယ်တကယ်ကြိုးပမ်းပြီး အားစိုက်ထုတ်ခဲ့တဲ့အပေါ် မူတည်တယ်။ ကိုယ်ပိုင်လမ်းလေးအဖြစ် လျှောက်လှမ်းနိုင်ဖို့ပဲ လိုပါတယ်။

အောင်မြင်သူတွေရဲ့ အင်အားပါတဲ့တက်ကြွမှုက သာမန်လူတချို့ရဲ့ရင်ကို နေမသိထိုင်မသာတဲ့ ခံစားမှုမျိုးဖြစ်စေတယ်။ အောင်မြင်သူတွေရှုံးနိမ့်ပြီး သူတို့လို သာမန်တဲ့ဘဝကိုရောက်ဖို့ သူတို့မျှော်လင့်ကြတယ်။ ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ ဒီကနေ့မှာ သင်ဟာ လူသားအားလုံးရဲ့ဇာတ်လိုက်ဖြစ်ပေမယ့် မနက်ဖြန်မှာ သင်ဟာ ကာလိုက်ကာဆွဲတဲ့ လူတစ်ယောက်လည်း ဖြစ်သွားနိုင်တယ်။ ဖြောင့်ဖြူးချောမွေ့တဲ့လမ်းဆိုတာ ရှိသလို သတိမမူ ဂူမမြင်တဲ့အခါလည်းရှိတယ်။ ထက်မြက်တဲ့လူက လူ့ဘဝရဲ့ အတက်အကျကို ဖြစ်ရိုးဖြစ်စဉ်လို့ပဲ မှတ်ယူထားတယ်။ ဒါဟာ အသိဉာဏ်တစ်မျိုးဖြစ်တယ်။ စင်ပေါ်ရောက်ရောက် စင်အောက်နေနေ ကြံ့ခိုင်သင့်တယ်။ ပေါ့ပါးနေသင့်တယ်။

ထက်မြက်တဲ့လူတွေက ကိုယ့်ဘဝကို အဆင့်အတန်းတစ်ခု သတ်မှတ်ထားတယ်။ လူတကာသတ်မှတ်လို့ လိုက်သတ်မှတ်တာမျိုး မဟုတ်ဘဲ ကိုယ့်စိတ်ထဲ တကယ့်ရှိနေတဲ့ အဆင့်အတန်း၊ စံနှုန်းကို သတ်မှတ်တာဖြစ်တယ်။ ကိုယ့်အတွက် အဓိပ္ပာယ်ရှိတယ်လို့ ထင်တဲ့အရာကို ဇွဲနဲ့လုပ်ဆောင်တာမျိုးဖြစ်တယ်။ တခြားလူကိုလည်း မထိခိုက်၊ လောကကြီးကိုလည်း မထိခိုက်ဘဲ ကိုယ်လုပ်ချင်တာ၊ ကိုယ်ပြောချင်တာကို ပြောဆိုလုပ်ကိုင်တာမျိုးဖြစ်တယ်။ ဒါဟာ လူတစ်ယောက်ရဲ့ အောင်မြင်တဲ့အနှစ်သာရဖြစ်တယ်။

(၈)ခေါင်းငုံ့တာဟာလည်း အင်အားတစ်မျိုးပါ။ ခေါင်းငုံ့တယ်ဆိုတာ သိမ်ငယ်တာမဟုတ်ဘူး၊ ပျော့ညံ့တာမဟုတ်ဘူး။ တစ်ခါတလေမှာ ခေါင်းလေးနည်းနည်းငုံ့တာက ကျွန်တော်တို့ရဲ့ လူ့ဘဝကို ပိုမိုတောင်ပြောင်စေနိုင်ပါတယ်။

လူ... စိတ်ကောင်းရှိရတယ်၊ ရိုးသားရတယ်၊ ကြံ့ခိုင်ရတယ်။
လူ... အောင်မြင်ချိန် စိတ်ကြီးမဝင်သင့်ဘူး။ ရှုံးနိမ့်ချိန် ရည်မှန်းချက်ကို လက်မလွတ်သင့်ဘူး။
လူ... ကိုယ့်ကိုယ်ကို လေးစားမှုမရှိရင် အရှက်တရားဆိုတာလည်း ရှိမှာမဟုတ်ဘူး။ အရှက်တရားမရှိရင် ကိုယ့်ကိုယ်ကို လေးစားမှုဆိုတာလည်း ရှိမှာမဟုတ်ဘူး။
လူ... စကားတစ်ခွန်း၊ လုပ်ရပ်တစ်ခုပဲဖြစ်ဖြစ် ပြောဆိုပြုလုပ်ပြီဆိုရင် သူတစ်ပါးကို အကျိုးသက်ရောက်စေလား၊ မသက်ရောက်စေဘူးလား၊ ထိခိုက်လား၊ မထိခိုက်လားဆိုတာ အရင်စဉ်းစားပါ။ ဒါဟာ လူတစ်ယောက်ရဲ့အခြေခံ ကြန်အင်လက္ခဏာဖြစ်တယ်။

ဂရိပညာရှင် ဆိုကရေးတီးကို လူတစ်ဦးက ဒီလိုမေးခဲ့တယ်။

"လောကကြီးမှာ မင်းက ပညာအရှိဆုံးဟုတ်လား! ဒါဆိုရင်မင်းကို မေးမယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ အမြင့်ကဘယ်လောက်လဲ?"

"၃ပေ" ဆိုကရေးတီးက မဆိုင်းမတွဖြေတယ်။

"၃ပေ! ငါတို့လူတွေတောင် ၅ပေအမြင့်ရှိကြတယ်။ ကောင်းကင်နဲ့မြေကြီးက ၃ပေပဲရှိတယ်ဆိုရင် ငါတို့က ကောင်းကင်ကို ဖောက်ထွက်သွားကြမှာပေါ့!"

"ဟုတ်တယ်။ ဒါကြောင့် ၃ပေထက်မြင့်တဲ့လူတွေက ကောင်းကင်နဲ့မြေကြီးအမြင့်ထက် မြင့်ခဲ့လို့ ခေါင်းငုံ့ဖို့ နားလည်တတ်ရမယ်" လို့ ဆိုကရေးတီးက ပြောခဲ့တယ်။

သူတို့ပြောတဲ့ "ခေါင်းငုံ့တတ်ရမယ်နဲ့ ခေါင်းငုံ့ဖို့နားလည်ရမယ်"ဆိုတဲ့စကားတွေဟာ သင်မှာဘယ်လောက်ပဲ အရည်အချင်းရှိနေပါစေ၊ ရာထူးအာဏာ ပြည့်စုံနေပါစေ ကျယ်ပြောတဲ့လောကကြီးထဲမှာ သင်ဟာ အမှုန်လေးတစ်ခုသာဖြစ်တယ်။ သေးငယ်တဲ့ အမှုန်လေးပဲဖြစ်တယ်။

ရည်ရွယ်ချက်ပန်းတိုင်ကို မြင့်မြင့်ထားလေ လူ့ဘဝဇာတ်ခုံမှာ အသံနိမ့်နိမ့် သီဆိုရလေ၊ ဘဝအခြေအနေကို ချိုးနှိမ်ရလေဖြစ်တယ်။ မိမိကိုယ်ကို နှိမ်ချပြီး သူတစ်ပါးကို အလေးပေးရမှာဖြစ်တယ်။ မိမိကိုယ်ကို အထင်ကြီးသူတွေဟာ တစ်ပါးသူရဲ့ကောင်းကွက်ကို မမြင်တတ်သူတွေဖြစ်တယ်။ မာန်မာန ဒေါသကြီးသူတွေဟာ လောကအလှအပကို မမြင်တတ်သူတွေဖြစ်တယ်။ ခေါင်းငုံ့ပြီး မမောက်မာ၊ မဝံ့ကြွားတတ်သူတွေကမှ သွန်သင်ဆုံးမတာတွေကို ခံယူတတ်မယ်၊ သူတပါးရဲ့အောင်မြင်မှုကို မုဒိတာပွားမယ်၊ ဝမ်းသာပီတိဖြစ်မယ်။ သူတပါးကို ကိုယ်ချင်းစာ နားလည်တတ်ပြီး အခက်အခဲ၊ ပြဿနာတွေကို ခေါင်းအေးအေး ရင်ဆိုင်တတ်မှာဖြစ်တယ်။

(၉) တချို့အချိန်မှာ မပျော်ရွှင်တာဟာ ပျော်ရွှင်ဖို့ အခြေအနေမပေးသေးလို့ မဟုတ်ဘူး။ ဘဝ မရိုးရှင်းလို့ဖြစ်တယ်။

ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ?

ပျော်ရွှင်ခြင်းဆိုတာ အိတ်ထဲမှာ ငွေကြေးတွေပြည့်နေတာကို ဆိုလိုတာမဟုတ်ဘူး။ ရာထူးအာဏာ ကြီးမြင့်တာကို မခေါ်ဘူး။ သာမန်လူတွေမှာလည်း သာမန်တဲ့ပျော်ရွှင်ခြင်းတွေရှိတယ်။ ဘဝမှာ ဘယ်လိုရှင်သန်ရမှာဆိုတာကို နားလည်ထားရင် ဘဝရဲ့လှပတဲ့အရာတွေကို လက်မလွတ်ခဲ့ရင် ပျော်ရွှင်ခြင်းက သင့်အနားမှာအမြဲရှိနေပါလိမ့်မယ်။

ပျော်ရွှင်ခြင်းဆိုတာ ရိုးရှင်းတဲ့အရာဖြစ်တယ်။ ပျော်ရွှင်ခြင်းက လူတိုင်းရဲ့အနားမှာရှိတယ်။ ဒါပေမဲ့ ပျော်ရွှင်ခြင်းကို လူတိုင်းမမြင်ကြဘူး။ ရိုးရိုးရှင်းရှင်းကြည့်မှ ကိုယ့်အနီးနားက ပျော်ရွှင်ခြင်းကို မြင်ရမှာဖြစ်တယ်။ တိုက်တာကြီးထဲနေရမှ၊ စားကောင်းသောက်ကောင်းတွေ စားရမှ၊ ရာထူးအာဏာကြီးမှ ပျော်ရွှင်တာ မဟုတ်ပါဘူး။ အလုပ်အကိုင်ရှိတဲ့ ပျော်ရွှင်ခြင်း၊ အိမ်သူမိသားစုနဲ့ အတူနေရတဲ့ ပျော်ရွှင်ခြင်း၊ ကိုယ်စိတ်လွတ်လပ်တဲ့ ပျော်ရွှင်ခြင်း.... ပျော်ရွှင်ဖို့က အဲဒီလောက် ရိုးရှင်းပါတယ်။

ရိုးရှင်းတဲ့ဘဝဆိုတာ အရာရာကို လက်လွတ်ခိုင်းတာ မဟုတ်ဘူး။ ရိုးရှင်းတဲ့ဘဝဆိုတာ သင့်ရင်ထဲက စစ်မှန်တဲ့အရာဖြစ်တယ်။ ရိုးရှင်းတဲ့ဘဝဆိုတာ ဆင်းရဲခြင်းထဲနစ်ဝင်တာကို ပြောတာမဟုတ်ဘူး။ တန်ဖိုးကြီးတဲ့ကားတစ်စင်း မောင်းနေရင်လည်း ရိုးရှင်းတဲ့ဘဝကို ရနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုရိုးသားဖို့နဲ့ ကိုယ့်ဘဝမှာ ဘယ်အရာက အရေးကြီးဆုံးလည်းဆိုတဲ့ အခြေခံအချက်ကို နားလည်ထားဖို့ပဲ လိုပါတယ်။

(၁ဝ) ကျေးဇူးသိတတ်တာဟာ ပျော်ရွှင်ခြင်းကို ရတာပါပဲ။ ကျေးဇူးသိတတ်တာဟာ ကိုယ့်ပတ်ဝန်းကျင်က အရာတွေအားလုံး လှပနေတာကို တွေ့မြင်တာပဲဖြစ်တယ်။

ရွက်ကြွေလေး လေထဲလွှင့်မြောပြီး ပျော်ရွှင်ခြင်းတေးတစ်ပုဒ်ကို ဆိုညည်းတယ်။ ဒါဟာ ကမ္ဘာမြေကြီးကို သစ်ပင်က ကျေးဇူးတင်တာဖြစ်တယ်။ တိမ်ဖြူလေးတွေ ကောင်းကင်ယံထက်လွှင့်ဝဲပြီး လှပတဲ့ ပန်းချီကားတစ်ချပ်ကို ဆွဲတယ်။ ဒါဟာ ကောင်းကင်ပြာကို တိမ်ဖြူက ကျေးဇူးတင်တာဖြစ်တယ်။

ဘဝရဲ့ နေရာတိုင်းမှာ ကျေးဇူးတင်သင့်တာတွေရှိတယ်။

လူတစ်ယောက်မှာ ကျေးဇူးသိတတ်တဲ့စိတ်တစ်ခု ပိုင်ဆိုင်ထားရင် ဘယ်အရာဟာ ပျော်ရွှင်ခြင်းလည်းဆိုတာကို သူခံစားမိလိမ့်မယ်။ ပျော်ရွှင်ခြင်းရဲ့အရသာကို နေရာတိုင်းမှာ သူခံစားရလိမ့်မယ်။ ဒီလိုဆိုရင် ဘဝရဲ့အရာအားလုံးကို သူတန်ဖိုးထားလိမ့်မယ်။ လူ့ဘဝဟာ လှပတယ်လို့ သူခံစားမိလိမ့်မယ်။

တကယ်လို့ လူလူချင်းကြားမှာ ကျေးဇူးသိတတ်တာတွေရှိခဲ့ရင် ပေါင်းသင်းဆက်ဆံရေးက ပိုသင့်မြတ်ပြီး၊ ပိုချစ်ခင်ရင်းနှီးကြလိမ့်မယ်။ ကျွန်တော်တို့ရဲ့ရင်ထဲမှာ ကျေးဇူးတရားတွေ ကိန်းအောင်းနေရင် ကျွန်တော်တို့ရဲ့ခန္ဓာဟာလည်း ကျန်းမာပျော်ရွှင်လိမ့်မယ်။

လောကမှာ တခြားလူနှိပ်စက်၊ အနိုင်ကျင့်တာထက် ပိုဆိုးတဲ့အရာတစ်ခုရှိတယ်။ အဲဒါကတော့ တစ်ခါမှ အနိုင်ကျင့်၊ အနှိပ်စက် မခံရဖူးတာပဲဖြစ်တယ်။ အကြောင်းက လူတစ်ယောက်ဟာ အနှိပ်စက်၊ အနိုင်ကျင့်ခံရလေ သူ့ရဲ့တိမ်ငုပ်နေတဲ့ အရည်အချင်းတွေက ပိုပေါ်လေ၊ ပိုသတ္တိရှိလေ၊ ပိုရင်ဆိုင်ရဲလေဖြစ်တယ်။ ဒါကြောင့်......

သင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်စိတ်ဓာတ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

သင့်အား ခလုတ်တိုက်လဲကျစေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ခြေနှစ်ဖက် ပိုသန်မာခဲ့လို့ပါပဲ။

သင့်အား လိမ်ညာခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင်အသိဉာဏ် ပိုတိုးခဲ့လို့ပါပဲ။

သင့်အား အထင်အမြင်သေးသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင်လေးစားရမှန်း သိခဲ့လို့ပါပဲ။

သင့်အား စွန့်လွတ်ခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင် အားကိုးတတ်ခဲ့လို့ပါပဲ။

သူငယ်ချင်း မင်းဘဝအတွက် စကားလေးတစ်ခွန်းလက်ဆောင်ပါ...။


သူငယ်ချင်းတွေနဲ့အတူရှိနေချိန်ဟာ အိပ်မက်တစ်ခုဆိုရင်

ငါဘယ်တော့မှ နိုးထဖို့မကြိုးစားတော့ဘူး .....

သူငယ်ချင်း

မင်းအားငယ်နေလား

အားတင်းထားပါ..

ဆုံးရှုံးမှုဆိုတဲ့နတ်ဆိုးကို

မင်းမျိုးဖြုတ်ပစ်နိုင်ပါတယ် ။


သူငယ်ချင်း

အရမ်းဝမ်းနည်းနေလား

မင်းမျက်ရည်တွေသုတ်ပစ်လိုက်

သူတို့ကမင်းရဲ့စိတ်ဓာတ်ကို

ပျော့ညံ့ညံ့ ဖြစ်စေတယ်။



သူငယ်ချင်း

စိတ်ပျက်နေပြီလား

ကိုယ့်ဘ၀ကိုယ် အမှန်အတိုင်းကြည့်

မင်းမြင်ရတဲ့ အရာကို

လှေကားထစ်လို နင်းတက်စမ်းပါ။


သူငယ်ချင်း

ရင်ဖွင့်ချင်လား

မျိုသိပ်မထားပါနဲ့

အဲဒါကိုအစကနေ စပြော

ငါတို့နားထောင်နေတယ်။


သူငယ်ချင်း

အသည်း ကွဲ နေလား

ဒါဆိုမင်းကံကောင်းပြီ

အဲဒီ့တစ်ယောက် က

မင်းအချစ်နဲ့ မတန်သေးဘူး။


သူငယ်ချင်း

အထီးကျန်နေလား

တစ်ယောက်တည်း မနေနဲ့

ငါတို့နဲ့ အတူ

ခံစားမှုဆိုတဲ့စနက်တံကိုမီးဝိုင်း ရှို့မယ်။


သူငယ်ချင်း

မင်းကို သူတို့ အထင်သေးနေလား

ဒေါသမဖြစ်နဲ့

မင်းရဲ့ မြှုပ်နေတဲ့အရည်အသွေးတွေ

သူတို့ မြင်နိုင်စွမ်းမရှိသေးလို့ပါ။


သူငယ်ချင်း

မင်း ... ပန်းတိုင်ရောက်ပြီလား

တက် ... မထောင်နဲ့ဦး

ငါနောက် လှေ ကြည့်လိုက်ဦးမယ်။


သူငယ်ချင်း

မင်းဘ၀အောင်မြင်ပြီလား

ဂုဏ်ယူပါတယ်

မင်းရဲ့နောက်မှာ(မင်းရဲ့ရှေ့မှာ)

မင်းသူငယ်ချင်းတွေလက်ခုပ်တီးနေကြတယ်။

ခင်မင်စွာဖြင့်

သူငယ်ချင်း ...
မင်းဘ၀မှာ တစ်ခါမှ မရဘူးတဲ့ အရာကို လိုချင်ရင် တယ်ဆိုရင်
မင်းတစ်ခါမှ မလုပ်ဘူးတဲ့ အလုပ်မျိုးကို လုပ်ဖို့ လိုလိမ့်မယ်။

ဘ၀ရဲ့ ခေါ်ရာကို မလိုက်နဲ့
မင်းသွားချင်တဲ့ ဆီ ဘ၀ကို ခေါ်သွား။

ရှင်သန်နေထိုင်ဖို့ အတွက် မင်းဖွေးလာတာ
မွေးဖွားလာလို့ ရှင်သန်နေရတာ မဟုတ်ဘူး။

လူဆိုတာ မွေးတစ်နေ့ သေတစ်နေ့ပဲ့
ဘာမှ လွမ်းဆွေး တမ်းတ နေဖို့ မလိုဘူးလေ။

ရှေ့ကို ဆက်ပြီးလျှောက်ပါ သူငယ်ချင်း
နေမ၀င်သရွေ့ ဘ၀ ကို ဘယ်တော့မှ အရှုံးမပေးနဲ့
သူငယ်ချင်းရေ။

မင်းအတွက် လိုအပ်လာတဲ့ အခါ လှမ်းခေါ်လိုက်ပါ ... အဖော်မွန်ကောင်းဆိုတာ ဘ၀မှာ မရှိမဖြစ်ပါ။
  ဖြိုးသူရ 
 

တရုပ်လူမျိုးတို့၏ ကံကောင်းစေသော အကြံပေးချက်များ....။


တရုတ်လူမျိုးတို့၏ ကံကောင်းစေသော အကြံပေးချက်ကို အောက်တွင်
ဖော်ပြထားသည်။

သင်ယုံချင်မှ ယုံပါလိမ့်မည်။ သို့ သော် ယင်းတို့ သည် တကယ်
ကံကောင်းစေသော အကြံပေးချက်များ ဖြစ်သည်။ အားလုံးကို ဖတ်ကြည့်သွားပါက
မှတ်သားစရာ တစ်စုံတစ်ရာ ရနိုင်ကောင်းပါသည်။

၁။ လူတွေကို သူတို့ မျှော်လင့်ထားတာထက် ပိုပြီး ရွှင်လန်းတက်ကြွစွာ ပေးကမ်း
လိုက်ပါ။

၂။ သင်နှင့် လေပေးဖြောင့်သူကို လက်ထပ်ပါ။ သင်အိုမင်းလာသောအခါ သူတို့၏
စကားပြောကျွမ်းကျင်မှုသည် တခြားအရာများ ကဲ့သို့ပင် အရေးပါလာ ပါလိမ့်
မည်။

၃။ ကြားသမျှမယုံ၊ ရှိသမျှမသုံး၊ အိပ်ချင်သလောက်မအိပ်ပါနှင့်။

၎။ “မင်းကိုချစ်တယ် ”ဟု ပြောကြားသည့်အခါ တကယ် အလေးအနက် ပြောပါ။

၅။ “ကျွန်တော်စိတ်မကောင်းပါဘူး” ဟု ပြောကြားသည့်အခါ ထိုသူ၏ မျက်လုံးကို
ကြည့်ပြီးမှ ပြောပါ။

၆။ အနည်းဆုံး ခြောက်လ စေ့စပ်ထားပြီးမှ လက်ထပ်ပါ။

၇။ မြင်မြင်ချင်း ချစ်တတ်တာကို ယုံပါ။

၈။ တစ်စုံတစ်ယောက်၏ မျှော်လင့်ချက် အိပ်မက်များကို ဘယ်သောအခါမှ ပြက်
ရယ်မပြုပါနှင့်။ မျှော်လင့်ချက် အိပ်မက်များ မရှိသူသည် အများကြီး မအောင်

မြင်နိုင်။

၉။ နက်နက်ရှိုင်းရှိုင်းနှင့် ပြင်းပြင်းပြပြ ချစ်မြတ်နိုးပါ။
သင်စိတ်ထိခိုက်နာကျင် ( အ
သည်းကွဲ) နိုင်သော်လည်း အချစ်သည် ဘ၀မှာ ပိုပြီးပြည့်စုံစွာ နေနိုင်ရန်
တစ်ခု
တည်းသောနည်းလမ်းဖြစ်သည်။

၁၀။ သဘောထား ကွဲလွဲမှုများတွင် တရားသဖြင့် ငြင်းခုံပါ။ ဆဲရေးတိုင်းထွာခြင်း
မပြုပါနှင့်။

၁၁။ လူတွေကို သူတို့ ၏ ဆွေမျိုးအသိုင်းအ၀ိုင်းကို ကြည့်ပြီး အကဲမဖြတ်ပါနှင့်။

၁၂။ ဖြည်းဖြည်းပြောပါ။ သို့ သော် လျှင်မြန်စွာ စဉ်းစားပါ။

၁၃။ သင်မဖြေချင်သည့် မေးခွန်းကို တစ်ယောက်ယောက်က မေးလာသည့်အခါ
ပြုံးပြီးမေးလိုက်ပါ။ “ခင်ဗျား ဘာဖြစ်လို့ သိချင်တာလဲ” လို့ ။

၁၄။ ထူးကဲသော ချစ်ခြင်းနှင့် ကြီးမားသော အောင်မြင်မှုများမှာ နက်ရှိုင်းသောစွန့်
စားမှု ပါဝင်နေသည်ကို သတိရပါ။

၁၅။ သင်ဆုံးရှုံးရချိန်တွင် သင်ခန်းစာယူပါ။

၁၆။ အနည်းငယ် သဘောထား ကွဲလွဲမှုကြောင့် ကြီးမားသော ခင်မင်ရင်းနှီးမှုကို မ
ထိခိုက်ပါစေနှင့်။

၁၇။ အမှားလုပ်မိကြောင်းသိသိချင်း ပြင်ဆင်ဖို့ ကြိုးစားပါ။

၁၈။ တယ်လီဖုန်း ကောက်ကိုင်ချိန်မှာ ပြုံးနေပါ။ ဖုန်းခေါ်သူက သင့်အပြုံးကို
သင့်
အသံထဲမှာ ကြားရပါလိမ့်မယ်။

၁၉။ တစ်ချို့ အချိန်တွေမှာ တစ်ကိုယ်တည်းနေပါ။

ဖတ်မိသမျှ၊မှတ်မိသမျှ

ဒီစကား တစ်ခွန်းကို သတိရပါ...။



ကြမ်းတမ်းတဲ့ လောကဓံကို ရင်ဆိုင်ရင်း

စိတ်ပျက် အားငယ်ပြီး 
ဘာမှလုပ်ချင်စိတ်မရှိတဲ့အခါ 

ဒီစကားတစ်ခွန်းကို သတိရပါ
"သင်သည် 
လောကကြီးမှာ
လေကဓံတရားကို 
ခါးသီးစွာ 
တစ်ယောက်တည်း 
ရင်ဆိုင်နေရသူမဟုတ်၊ 

သင်နှင့်အတူ ကျွန်ုပ်တို့ (လူသားတွေ) လည်းရှိသေးသည်။"

Tuesday 3 May 2016

အယင်က ငါ မဟုတ်ဗျာလ်......။


ရသလောက်ငါ ပီးဆပ်ကေလေ့
ငါပီးဆပ်သလောက် ပြန်မရစွာကို
ကောင်းဝမ်းနည်း နိန်ရရေ...။

နာခံမှုတိရာ အချစ်စစ်ဆိုကေ
အနိုင်ယူတတ်တေ နင်က ဇာလေ
လူရှေ့ကျကေ ဂျောင်ထိုးလို့
မမြင်ရမှ ကောင်း လွမ်းရေလတ်
ဆက်မပြောပါကေ့ဖိ့ သည်းခံရပေါင်း များလို့ နှလုံးသားမှာ အမာရွက်တိ မကန်..။

နောက်ပြန်လှည့်ကြည့်တိုင်းရာ 
ရင်နာကြည်းဆိုကေ ငါ ဆယ်ခါပြန်သီသင့်ရေ မချစ် ချင်ဗျာလ်ဆိုမှ ငါ့လက်ကို 
မလွတ်ပီးနိုင်လတ်  ငါ့ကို တန်းဖိုးထား နားလည်တတ်ရေလူ ငါရှာတွိ့မှ နင်နောင်တ မရပါကေ့....။
စကားမစပ် ပြောပါရစီ
ငါ အယင်က နင်သိရေ လူအချေတစ်ယောက် မဟုတ်ဗျာလ်....။

Monday 2 May 2016

အောင်မြင်သော ဘဝတစ်ခု၏ သင်္ကေတများ....။


အောင်မြင်သော ဘ၀တစ်ခု၏ သင်္ကေတများ… 

ဆရာဒေါက်တာခင်မောင်ညို(ဘောဂဗေဒ)ဘာသာပြန်ဆိုထားတဲ့စာအုပ်ထဲက

> အောင်မြင်သောဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက်
> သတိပြုသင့်တဲ့အချက်လေးနဲ့ ထားရှိရမည့်စိတ်ထားတွေကို ကမ္ဘာသစ်သူငယ်ချင်းများအတွက်
> မျှဝေ ပေးလိုက်ပါတယ်.
>
> (၁) အောင်မြင်ခြင်း၏ တည်နေရာ…
>
> …ဘ၀မှာအောင်မြင်မှုဆိုတာ ကိုယ့်ရဲ့ခံစားမှုနဲ့ ကိုယ့်ရဲ့အတွေးပေါ် မူတည်ပါတယ်.
> ကိုယ့်ခံစားချက်. ကိုယ့်အတွေးဆိုတာကလည်း ကိုယ့်စွမ်းအားကို
> ဘယ်လိုအသုံးချတယ်ဆိုတဲ့အပေါ် မူတည်ပါတယ်.
> ငွေရေးကြေးရေးအချိန်တွေလိုဘဲ ကိုယ့်ရဲ့စိတ်စွမ်းအားဟာလည်း အရေးပါတဲ့
> စွမ်းအားတစ်ခုဖြစ်ပါတယ်.
>
>
>
> (၂) ပေးသူလား. ယူသူလား…
>
> …လောကမှာလူနှစ်မျိုးရှိတယ်. ပေးသူနဲ့ယူသူဖြစ်တယ်.
> …အောင်မြင်သူတွေဟာ ရှိသူ.ယူသူတွေလို့ထင်ကြတယ်.
> …တကယ်တော့ အောင်မြင်သူတွေဟာ ပေးသူတွေဖြစ်ကြပါတယ်.
>
> (၃) မတူထူးခြားတဲ့နေ့…
>
> …ဒီနေ့ဟာ ကံမကောင်းပြန်ဘူးလို့ မပြောနဲ့
> …ဒီနေ့ဟာ တစ်ခြားနေ့တွေနဲ့မတူ ခြားနားတဲ့နေ့ဖြစ်တယ်.
>
> (၄) အပင်ပန်းမခံပါနဲ့
>
> …မျက်မှောင်ကြုတ်ရန်အတွက် ကြွက်သား(၆၅)ခုလိုသော်လည်း ပြုံးရန်အတွက်
> ကြွက်သား(၁၀)ခုမျှသာ အသုံးပြုရသည်.
>
> (၅) သတိ…
>
> …သူတစ်ပါးနောက်ကွယ်မှာ မကောင်းမပြောပါနဲ့. များများချီးကြူး. နည်းနည်း ဝေဖန်.
> ထမင်းစားချိန်မှာ ငြင်းခုံစရာ မပြောပါနှင့်.
> …အိပ်ရာမ၀င်ခင်မှာ အငြင်းပွားစရာ ရှောင်ပါ.
> …အလုပ်အားလပ်ရက်မစမှီ ပြဿနာမရှာပါနှင့်.
> …သင်က ခဏလေးအတွင်းမှာ မေ့သွားမှာဖြစ်ပေမဲ့ တစ်ခြားသူတွေက တစ်သက်လုံး
> ချမှတ်သွားမယ့်စကားဆိုးတွေကို မပြောပါနဲ့.
>
>
>
> (၆) ပိုပျော်ရသူ…
>
> …လက်ဆောင်တွေဟာ ရသူကိုသာ ကျေနပ်ပျော်ရွှင်စေတာမဟုတ်. ပေးသူကို
> ပိုပြီးပျော်ရွှင်ချမ်းမြေ့စေပါတယ်.
>
> (၇) အောင်မြင်မှုနောက်က မအောင်မြင်မှုများ…
>
> …စိတ်အနှောက်အယှက်ဖြစ်စရာတွေဟာ အလုပ်တွေများနေရင်လည်း ဖြစ်တတ်တယ်.
> အချိန်မရှိရင်လည်းဖြစ်တတ်တယ်. အောင်မြင်မှုမရလို့လည်း ဖြစ်နိုင်တယ်.
> …အချိန်တိုအတွင်းမှာ အောင်မြင်မှုအများကြီးရရင်လည်း ဖြစ်နိုင်တယ်.
> အောင်မြင်လေ. နာမည်ကျော်လေ. လူတွေဝိုင်းလေ ခင်ဗျားဆီက တစ်ခုခုကို ရယူဖို့
> ကြိုးစားလေ. စိတ်အနှောက်အယှက်ပိုဖြစ်ရလေဘဲ.
>
>
>
> (၈) တောင်ထိပ်က သစ်တစ်ပင်…
>
> …အမြင့်ရောက်လေ လေတိုးလေ. ဌာနအကြီးအကဲဖြစ်လေ လူသိလေ. လူမြင်လေ.
> အတိုက်အခိုက်ပိုများလေ. အားလုံးရဲ့ပစ်မှတ်ဖြစ်လေ.
> …တစ်ယောက်ရဲ့အောင်မြင်မှုဟာ တခြားလူတွေအတွက် အားကျစရာ. အတုယူစရာ. မနာလိုစရာ.
> စိတ်အနှောက်အယှက် ဖြစ်စရာတွေ ဖြစ်သွားတတ်တယ်.
> …အောင်မြင်ပြီဆိုရင် မနာလိုတာခံရမယ်.
>
> (၉) စေတနာ နောင်တ…
>
> …သင့်ရဲ့စေတနာ သဒ္ဓါတရားက တစ်ခြားလူတစ်ယောက်ရဲ့ ၀န်ထုပ်ဝန်ပိုးကို
> လျော့ပါးစေနိုင်တယ်.
> …ဒီအကျိုးကျေးဇူးဟာ ပြန်လည်တုန့်ပြန်လာတတ်ပါတယ်. ပေးသင့်တာ.
> ရက်ရောသင့်တာထက်ပိုပြီး ပေးလိုက်မိတယ်လို့ ဘယ်တော့မှ နောင်တမရပါနဲ့.
>
> မြန်မာတိုင်းဂျာနယ် (၂၉.၁.၁၀)မှ အောင်မြင်မှုနဲ့ ပတ်သက်ပြီး မှတ်သားစရာလေးပါ
> တွဲပြီးမျှဝေပေးလိုက်ပါတယ်.
>
> (၁၀)အောင်မြင်မှုရဖို့ ပြင်းပြတဲ့စိတ် (Burning Desire) နဲ့ အားထုတ်မှု
> (Effort) ကသာ အဓိကပါ.
> “ပညာလိုအိုသည်မရှိ” ဆိုရိုးစကားရှိသလို ပညာရဖို့အတွက် ငွေကြေးပြည့်စုံမှ
> ဖြစ်မယ်ဆိုတာ မေးခွန်းထုတ်စရာတစ်ခုပါ.
>
> တကယ်တော့ ပညာဘဲဖြစ်ဖြစ်. လိုချင်တာတစ်ခုကိုဘဲဖြစ်ဖြစ် ရလိုချင်တဲ့ ပြင်းပြ
> တဲ့ဆန္ဒကသာ အဓိကဖြစ်ပါတယ်.
> လူတစ်ယောက်ချင်းစီမှာရှိတဲ့ ကံအကျိုးပေးက တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး.
>
> တစ်ချို့လူတွေက အောင်မြင်မှုတစ်ခုဆီရောက်ဖို့ အဘက်ဘက်က ပံ့ပိုးမှုတွေ ရသလို
> အချို့ကျတော့လည်း အခက်အခဲမျိုးစုံကြားမှာ ကိုယ့်အားကိုယ်ကိုး ကြိုးစားကြရပါတယ်.
> အောင်မြင်မှုဆိုတာ ဘယ်သူသာပိုင်စေဆိုပြီး သတ်မှတ်ထားတဲ့အရာ မဟုတ်ပါဘူး.
> ချမ်းသာဆင်းရဲမရွှေး. မျက်နှာကြီးငယ်မလိုက်ဘဲ ကြိုးစား အားထုတ်မှုရှိသူသာ
> ခံစားနိုင်တဲ့အရာမျိုးပါ.
>
> …အောင်မြင်သောဘ၀တစ်ခုကို တည်ဆောက်နိုင်ကြပါစေ.
>ဖတ်မိသမျှ မှတ်မိသမျှ