Saturday 7 May 2016

မြောက်ဦး မျက်ရည်...။



သမိုင်းခေတ်ဦး မြို့မြောက်ဦးသို့
အလယ်တစ်ခေါက် ရောက်ခရေ ..။ 

** ဘုရားအိုအို ကျောင်းအိုအိုနန့် 
ဇရပ်လည်းအို .. ဆွီးမြေ့ တံတိုင်း
ဘုရားခေါင်းကျိုး .. မြို့ရိုးပျက်ကိုလည်း တွိ့ခရေ ..။ 

**တောင်ထိပ်ထိုထို.. စေတီအိုရို့ 
ထုံး ဖြူမဟိ .. ရေညှိတက်ဗျာလ် 
အငိုမျက်ရည် .. ဆင်နီစော်လည်း တွိ့ခရေ..။

**ခေါင်းပြတ်ဘုရား.. ဟိုနား ဒေနား
ပြုပြင်သူမဟိ .. 
မင်းစောမွန်ကို မျှော်နီရေလို့
ပြောသံတိလည်း .. ကြာခရေ.. ။

**မင်းဘာဘုရင် .. တည်ထားလီရေ 
ဇာတီ ပုထိုး အမျိုးမျိုးလည်း 
တောပျက် အုံပျက် ..
ခြုံတောထဲမှာ .. တွိ့ခရေ ..။

**အော်.. မြောက်ဦးကပြန်
မြောက်မြို့ရိုးကြား 
ပြန်ကြည့်မိသော် .. 
သမိုင်းထဲက .. လွတ်ကနဲ့ ထွက်ကျ
မျက်ရည်စဖြင့် .. 
ရင်နာနာနန့် ကြည့်နီယင့်..။

No comments:

Post a Comment