Sunday 27 March 2016

ဇာလုပ်ကတ် ဖို့လဲ...


နိဒန်း အဖြီရှာကတ်ဖို့ 
 ၁-- အယင်က သမိုင်းကို သိနီကတ်ဗျာန် ။ ယေကေ ယင်းဘ၀က လွပ်မြောက်ဖို့  နည်းလမ်းကို ရှာကတ်ဖို့  လိုလာရေ ။ 
ယင်းချင့်မှာ လက်နက်ကိုင်တော်လှန်ရီးနည်း နင့် နိုင်ငံရီးလမ်းဆိုစော် -၂-နည်းဟိရေ စော်ကို တွိရရေ ။
 လက်နက်ကိုင်တော်လှန်ရီးနည်းဆိုစော်က ရန်သူကို အပြုတ်တိုက်နိုင်ရေ လက်နက်အင်အား ဟိမှ ဖြစ်ဖို့ စော်လား-မဟုတ်ကေ ပြောက်ကြားစစ်နင့် တိုကလို့  ဖြိုက်ဖို့ စော်လား ဆိုစော် ဟိပြန်သီးရေ ။
 ပထမအချက်အဖြိုက်တေ ရန်သူကို အပြုတ်တိုက်ဖို့  လက်နက်အင်အားဆိုစော် ဟိဖို့ ဆိုစော်ကလဲ စိုင်းစားရခက်တေပိုင် လူတိ အသီအပျောက် များကတ်ဖို့ စော်တိလဲ ဖြိုက်တေ ။ ယေကေလဲသွင့် ဒေလက်နက်ကိုင်တော်လှန်ရီးကိုလဲ လုပ်ရဖို့  ဖြိုက်တေ ။
 ဒုတိယအချက်က နိုင်ငံရီးနည်းလမ်းဖြိုက်တေ ။ နိုင်ငံရီးနည်းလမ်းဆိုစော်က အပီးအယူ နင့် လုပ်တေ လမ်းမဟုတ် ။ 
ဖက်ဒရယ်စနစ်ကို ထူထောင်ဖို့ အတွက် ငြိမ်းချမ်းရီးလက်မှတ်ထိုးပနာ လုပ်စော် နည်းလမ်း ပြောစော် မဟုတ် ။ ဖက်ဒရယ်စနစ်ဆိုစော် ပြည်ထောင်စု တခုအတွင်းမှာ လုပ်ထားခြင်းခံရရေ ပြည်နယ်တိကို စုပေါင်းထားစော် ဖြိုက်တေ ။
 ရခိုင်လူမျိုးတိကို ယင်းပိုင် ဖက်ဒရယ်ပြည်ထောင်စုထဲမှာ ပါဖို့ မလိုစော် ဖြိုက်တေ-ဇါဖြိုက်လို့ ဆိုကေ ရခိုင်နိုင်ငံတော်က သီးခြား ဖြိုက်လို့ ရာ ဖြိုက်တေ ။ 
 ရခိုင်နိုင်ငံတော်က အခုအချိန်မှာ ကိုလိုနီဖြိုက်နီစော် ။ ယေကေ ကိုလိုနီဖြိုက်နီစော်ကို နိုင်ငံရီးအရ လွပ်လပ်ရီးပီးရေ အဖွဲ့ အစည်း ဆိုစော် ဟိရေ ။ ဒုတိယကမ္ဘာစစ်ဖြိုက်ပြီးစော်နင့် အင်္ဂလိပ်တိက ကိုလိုနီလုပ်ထားစော် နိုင်ငံတိကို လူ့ အခွင့်အရီး ကြေညာစာတမ်းပါ အချက်အရ လွပ်လပ်ရီးပီးရရေ ။
 လွပ်လပ်ရီးပီးရေ အဖွဲ့ နာမည်ကို -( Trusteeship Council )- လို့ ခေါ်ရေ ။ ယင်းကောင်စီက အမေရိကပြည်ထောင်စု နယူးယောက်မြို့  ကုလသမဂ္ဂရုံးမှ ဟိရေ ။
 ကုလသမဂလက်အောက်ခံ အဖွဲ့ အစည်းဖြိုက်တေ ။ ယင်းလွပ်လပ်ရီးပီးရေကောင်စီမှာ ရခိုင်နိုင်ငံတော်အတွက် လွပ်လပ်ရီးတောင်းဆိုဖို့  လိုအပ်လာဗျန် ။
 ယေကေ ဇါပိုင် တောင်းဆိုကတ်ဖို့ လဲ ။ ဇါပိုင်စော်တိလိုအပ်လေ ယေကေ ။ -------------- --------------- ------------- ---------------- နည်းလမ်းတိ ရခိုင်သားတိမှာ လက်နက်ကိုင်တော်လှန်ရီးတိ ခေတ်အဆက်ဆက် ပေါ်ခကတ်တေ ။
 ယေကေလဲ စစ်တပ်ဟိခပြီးကေ ပါတီ မဟိခစော် တိ ဟိခရေ ။ ပါတီဟိခကေလဲ အစိုးရ မဟိစော်တိ ဟိခရေ ။ ယေကေလဲသင့် ဇါပိုင် လွပ်လပ်ရီးတောင်းခရဖို့ လဲ ဆိုစော်ကို မစိုင်းစားခကတ်- မသိခကတ်-နားမလည်ခကတ် ။
 ယေဇူးနင့် ဒေပိုင်နည်းလမ်းကို ရခိုင်သားတိုင်း သိအောင် ရှင်းပြပီးလိုက်စော် ဖြိုက်တေ ။ ရခိုင်လက်နက်ကိုင် အဖွဲ့ အစည်းမှာ စစ်တပ်ကို ထိမ်းချုပ်ကွပ်ကွဲရေ ပါတီဟိရရေ ။
 ယင်းပါတီက ရခိုင်ပြည်အစိုးရကို ဖွဲ့ စည်းရရေ ။ ရခိုင်ပြည်အစိုးရဖွဲ့ စည်းပြီးစော်နင့် ကမ္ဘာ့ကုသမဂ လက်အောင်ခံ ဖြစ်တေ ကိုလိုနီဖျက်သိမ်းရေးကောင်စီ -( Treustee ship Council )- မှာ လွပ်လပ်ရီးတောင်းဆိုစော် စာတမ်းကို တင်ပြဖို့ လိုရေ ။ 
 ယင်းလွပ်လပ်ရီးတောင်းဆိုရေ စာတမ်းကို ကြားနာစစ်ဆီး ဖတ်ရရေ ။ ယေကေ ရခိုင်နိုင်ငံတော်သမိုင်းနင့် ရခိုင်ပြည်အစိုးရအကြောင်းကို ကိုလိုနီဖျက်သိမ်းရီးကောင်စီက လိလာဖတ်ကြား စစ်ဆီးရစော်ဖြိုက်တေ ။ 
လွပ်လပ်ရီးကို ကမ္ဘာ့ကုလသမဂမှာ မတောင်းဆိုသမျှ ရခိုင်လက်နက်ကိုင် တော်လှန်ရီးအဖွဲ့ ဆိုစော် ဖက်ဒရယ်ပြည်ထောင်စု ဖြိုက်ပေါ်ဖို့ အတွက် တိုက်နီရေ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုးထဲက တမျိုးလို့ ရာ ထင်ထားကတ်စော် ဖြိုက်တေ ။ 
 ရခိုင်လူမျိုးဆိုစော် တိုင်းရင်းသားလူမျိုး မဟုတ်တေပိုင် ရခိုင်နိုင်ငံဆိုစော် ပြည်နယ်ချေ တခုမဟုတ် ။ မင်းခရီဘုရင်က ရိုးမတောင်၏ အနောက်ဖက်ဆိုစော် ရခိုင်နိုင်ငံတော်လို့  ကြွေးကြော်ကြေညာခရေ နိုင်ငံဖြိုက်တေ ။
 ယေဇူးနင့် ကမ္ဘာ့ကုလသမဂမှာ ရခိုင်နိုင်ငံ လွပ်လပ်ရီးအတွက် တောင်းဆိုဖို့  အယင်ဆုံးလိုအပ်လာနီဗျန် အကြောင်း တင်ပြလိုက်တေ- လွပ်လပ်ရီးလိုချင်သူက လွပ်လပ်ရီးစကား ပြောဖို့ ရာ- လွပ်လပ်ရီးလိုချင်ကေ လိုချင်ကြောင်း လုပ်တတ်ရဖို့ ရာ ။
 ယေကေ ရခိုင်ပြည်အစိုးရဖွဲ့ စည်းပနာ ကမ္ဘာကို ကြေညာဖို့  အတွက် လွပ်လပ်ရီးတောင်းဆိုရေအတွက် ကြားနာစစ်ဆီးဖို့  တောင်းဆိုရဖို့ ဗျန် မနားချင့် --ဒေချင့်က ရခိုင်ပြည်လွပ်လပ်ရီးအတွက် နိုင်ငံရီးနည်းလမ်း ဖြိုက်စော်ကို ပြောပြစော်ပါဒေ ။
 ကျော်ခဏ်းနွယ်

Friday 18 March 2016

မိန်းကလေးတစ်ယောက် စကားမပြောဘဲနေခြင်းက အဓိပ္ပါယ် အမျိုးမျိုးရှိတယ်ဆိုတာ ယောက်ျားတွေ သိဖို့လိုပါတယ်....


U Than Win's photo.

မိန်းမတစ်ယောက် စကားတွေ တတွတ်တွတ်ပြောနေတဲ့အချိန်ထက် ပိုဆိုးတဲ့ အချိန်တစ်ချိန်ပဲ ရှိပါတယ်။ အဲ့ဒီအချိန်ကတော့ စကားမပြောတဲ့ အချိန်ပဲဖြစ်ပါတယ်။ စကားမပြောဘဲနေခြင်းက မျက်ရည်ကျတာနဲ့ နားပူနားဆာ လုပ်တာတွေလိုပဲ မိန်းမတစ်ယောက်ရဲ့ လက်နက်တိုက်ထဲက အကြီးဆုံး လက်နက် တစ်ခုပဲ ဖြစ်ပါတယ်။ စကားမပြောဘဲနေလို့ ဘာမှမဖြစ်ပါဘူးလို့ မထင်လိုက်ပါနဲ့။ စကားမပြောပေမဲ့ ပြောတာထက် နက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေရှိတာကို ယောက်ျားလေးတွေ သိဖို့လိုပါတယ်။ 
ဒီအဓိပ္ပါယ်တွေကတော့-
ကျွန်မဒေါသကို ကျွန်မဘာသာ မထိန်းရင် မပြောသင့်တာတွေပါ ပြောမိတော့မယ်။
စိတ်တိုစိတ်ဆတ်တဲ့ အမျိုးသမီးတွေအတွက် ရန်ဖြစ်ပြီး ထုတ်ပြောလိုက်ပြီးပေမဲ့ ဒီ့ထက်ပိုဆိုးတဲ့ စကားတွေပြောချင်နေသေးတာကို ကိုယ့်ဘာသာ ထိန်းထားနေရတဲ့ ပုံစံဖြစ်ပါတယ်။
ပျော်နေတဲ့ အချိန်လေးပျက်သွားမှာစိုးလို့ ရှင့်ကို ဘာမှ မပြောတော့ဘူး။
နှစ်ဦးသား ကြည်ကြည်နူးနူး ရှိနေတဲ့အချိန် ယောက်ျားလေးဘက်က အမှားလေးတစ်ခုလုပ်မိလိုက်ပေမဲ့ လျှော့ပေးလိုက်ပါတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။
ရှင်တော့ အမှားအကြီးကြီး လုပ်ခဲ့တာပဲ။
အော်ဟစ် ငိုယိုပြီးသွားတဲ့အခါမှာ ယောက်ျားလေးဘက်က ပိုကောင်းမယ့် အကြောင်းပြချက်ပေးနိုင်ဦးမလားလို့ အချိန်ပေးစောင့်ကြည့်တဲ့သဘော ဖြစ်ပါတယ်။
ကျွန်မမပြောဘဲ ရှင့်အသိစိတ်လေးနဲ့ လုပ်ဖို့လိုတယ်လေ။
မိန်းကလေးတွေအနေနဲ့ အသေးအဖွဲလေးတွေကစပြီး သတိပေးပြောဆိုနေရတာကို စိတ်ကုန်လာတဲ့အတွက် မပြောဘဲသိစေချင်တဲ့ သဘောဖြစ်ပါတယ်။
ဘာမှမပြောချင်လောက်အောင် စိတ်ဓာတ်ကျနေပြီ။
အမျိုးသားကို လုံးဝမကြည့်တော့သလို ရန်ဖြစ်တာလည်း လုံးဝမလုပ်တော့ဘဲ စကားလုံးဝမပြောတော့ဘူးဆိုရင် တော်တော်ကို ခါးသီးတဲ့ ခံစားမှုဖြစ်နေတာကို ပြတာဖြစ်ပါတယ်။
ရှင် အိမ်ရောက်မှ သိမယ်။
မိန်းကလေးတွေအနေနဲ့ လူကြားထဲမှာ ကိုယ့်အမျိုးသားကို အရှက်ခွဲသလိုဖြစ်မှာစိုးတဲ့အတွက် မကျေနပ်ကြောင်း မျက်လုံးနဲ့သာပြပြီး အိမ်ကျမှ ဒီအကြောင်း ဆက်ရှင်းကြမယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။
============

Tuesday 15 March 2016

ခရီးသစ်...



ယှုပ်နီခြင်းကို
ယှင်းတတ်ခြင်းက
လူဖြစ်ခြင်း၏အနှစ်သာရ။

ကျယှုံးနီခြင်းကို
အောင်မြင်အောင်လုပ်နိုင်ခြင်းက
လူ့ဘ၀တန်ဖိုး။

မဟိခခြင်းကို
ဟိလာအောင်လုပ်တတ်ခြင်းက
လူပီသရေ မာန။

လက်ဟိလိုအပ်ချက်ကို
ဖြည့်ပီးတတ်ခြင်းက
လက်တွိကျရေ ၀ါဒ။

မျှော်လင့်ချက်နန့် ရှိကိုတက်
ယုံကြည်ချက်နန့် လက်ချင်းဆက်
အိမ်မက်ကိုထုဆစ်
ခရီးသစ်မှာ
အနာဂတ်ဟိရေ…။

........
ဝံလက်ဖြူ
၁၁၊၀၆၊၂၀၀၉

စိတ္တဇ သန်ဖက်...



နားစိန့်ပါလားရေ
ရက်စက်ကြမ်းကြုတ်တေ
မိုးကြိုးပစ်သံ
တောင်ပြိုပါအောင်
ရွာနိန်ရေ အငြိုးကြီးရေ
တစူးထိုး မိုး
ကျည်ဆန်သီးထက်ပြင်းရေ
လီပြင်းတိုက်သံတိအောက်က...။

ညဥ့်မသန်းခေါင်အချိန်
လီတိုက်တိုင်းကိုင်းပါနိန်ရေ
အေးရာမအပင်ကြီးတစ်ပင်အောက်
ဝါကြီးမတစ်လုံး
ဆံပင်ဖဖါးချလုံး
သာခြင်းငြိမ့်နိန်ရေ...။

မြင်ကြွင်းကြောင့်
ကြက်သီးထလာရေ ငါ
ကြောက်စိတ်နန့်
သာခြင်းသံကို
နားတစ်ချက်ထောင်အကြည့်
ဒေချင့် အပုသျှေသိပ်တေ
သာခြင်းပိုင်ကာဂု...။

ထူးဆန်းစွာက
သံစဉ်ထဲမှာဆို့နစ်ကြွီကွဲသံတိ
ယင်း သာခြင်းပိုင်ရှင်ကို
ငါ မျက်စိတစ်ချက်လှမ်းအကြည့်
ထို ၀ါကြီးမမှာ
သွီးရဲရဲနန့်အသက်
ကုန်နိန်ရေ အဘုသျှေကို
ရင်ခွင်မှာပိုက်လို့ကာဂု...။


အော်..
ဆိုးလိုက်တေအဖြစ်
အကျည်းတန်လိုက်တေမြင်ကွင်း
ဒေသာခြင်းသံစွာ
အသက်ပျောက်နိန်ရေ
အဘုသျှေတွက်
ဇာ ဇာ အဓိပ္ပါယ်ပီးနိုင်ဖို့လဲ...။

မြင်ရ၊ကြားရရေ ငါက
ကြောက်စိတ်နန့်သနားစိတ်
ရောထွီးနိန်တုန်း
ငါ့ ခြီလှမ်းတိကိုဆုတ်ဖို့
ကြိုးစားလိုက်တေမှာ
ရုန်းလို့မရ
တတောင်ကျိုင်းနိန်ရေ
ငါ့ ခြီနှုစ်စုံ...။

လျှပ်စီတစ်ချက်
မြင်ကွင်းတစ်ခေါက်
ချွဲပပြစ်ကျနိန်ရေ ငါ
လမ်းလယ်ဂေါင်မှာ
ကယ်သူပျောက်လို့
ကြောင်စိတ်နန့်
အသံကုန် အော်ပလိုက်ဖို့
ကြိုးစားရေခါ
ပလာစတာနန့်ကပ်ထားရေပိုင်
ငါပါးစပ်ကိုလှုပ်လို့မရ...။

အော်..
ငါ..ငါ..
နခြင်းက
င့ါစွမ်းအားတိ
ဇာ ဇာ ရောက်လားလေဂု...။

မထူးပါအဆုံး
ငါ့မျက်လုံးကိုစုံပိတ်
မိုးကြိုးပစ်သံတိကို
မကြားဟန်ဆောင်
ဒေသံသရာဆိုး
စိတ္တဇညဥ့်အလယ်မှာ...။

လပြာစိုင်နိန်ရေ ငါ
သွီးရဲရဲနန့် အသက်မဲ့အဘုသျှေ
ဆို့နစ်သခြင်းသံနန့်ဝါကြီးမ
နောက်တစ်ရက်
ရောင်နီလာအောင်ထိ
စောင့်ကတ်ရဖို့သိမ့်ထင်ရေ..။

..........
အေးမောင်(ရင်အုံတော်ဓာတ်)
၀၇၊၀၆၊၀၉(၀၉:၀၀)

Sunday 13 March 2016

ကောင်မလေးရယ်..



နင်နဲ့ ပတ်သက်ရင်
နားမလည်နိုင်ခြင်းက ငါ့ကို ဖမ်းစားတယ်။

တစ်ခါတစ်လေတော့လည်း
နင့်ရဲ့ ငါ့အပေါ် သံယောဇဉ်ကို ငါခံစားမိပါရဲ့..။
တစ်ခါတစ်လေတော့လည်း
နင့်အသည်းနှလုံးက ငါ့အပေါ် အေးစက်ဆဲလို့ ငါထင်မိပါရဲ့..။

နင့်ကို ငါအရမ်းချစ်တယ် လို့ နေ့တိုင်း ပြောတာကို
နင်က ကြားရဖန်များလို့ အလေးမထားချင်ဘူး။
နင့်အသံကို ငါနေ့တိုင်း ကြားချင်တယ် လို့ ပြောတာကို
နင်က အပိုတွေ ပြောတယ်လို့ ထင်နေတယ်။

နင့်စကားကို နားထောင်ပြီး ငါဖုန်းမဆက်တဲ့အခါ
နင်က message တွေ စပို့တတ်တယ်။
ငါဖုန်းဆက်လို့ ငါ့ကို ချစ်လား မေးတဲ့အခါ 
နင်ဘယ်တော့မှ ဝန်မခံချင်ဘူး။

ကောင်မလေးရေ...

နင့်ကို ငါ သိပ်ချစ်မိသွားတာက လွဲရင်
နင့်အကြောင်း ငါဘာမှ သိပ်မသိသလို
ငါ့အကြောင်းလည်း နင်ဘာမှ မမေးတတ်ဘူး။

ကောင်မလေးရေ...

နင်က ထားခဲ့ခံရမှာစိုးလို့ မချစ်ချင်တဲ့အကြောင်း ပြောတယ်၊
ငါက ထားခဲ့ခံရမှာစိုးလို့ နင်ချစ်တာကို ခံချင်တဲ့အကြောင်း ပြောတယ်၊
ဒီလိုနဲ့ပဲ
ညတာတွေ ရှည်တယ်၊ သံယောဇဉ်ကြိုးတွေ ရှည်တယ်
ဒီလိုနဲ့ပဲ
မပြတ်သားမှုတွေ ရှည်တယ်...။
ဒီလိုနဲ့ပဲ
နင့်ကို ပိုတိုးတိုး ချစ်မိနေတယ်...။