Thursday 28 April 2016
ရခိုင့် တပ်မတော် ပေါ်ပေါက်လာပုံ....။
★★★★★★★★★★★★★★★★★★★★★★★★★★★★★
★ ရခိုင်ပြည်တပ်မတော် (Arakan Army)ကို ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (All Arakan Students’ and Youths’ Congress - AASYC)နှင့် တသီးပုဂ္ဂလ မျိုးချစ်ပြည်ချစ်များ ပူးပေါင်းတည်ထောင်သည်။ 
★ (AASYC)အနေဖြင့် (၁၉၉၅)တွင် ရခိုင်မျိုးဆက်သစ် တပ်မတော် (Arakan New Generation Army – ANGA)ကို တည်ထောင်ပြီး နောင်တွင် ဗိုလ်ချုပ် ခိုင်ရာဇာ၏ ရခိုင်တပ်မတော် (Arakan Army – AA)နှင့် ရခိုင်ပြည်တပ်မတော် (Arakan Army)အဖြစ် ပေါင်းစည်းပြီး အနောက်ဘက်သို့ဆင်းရာတွင် ဗမာအစိုးရမှ အိန္ဒိယအစိုးရ ထောက်လှမ်းရေးများအား လာဘ်ထိုးပြီး လုပ်ကြံချေမှုန်းခိုင်း သဖြင့်ကျဆုံးခဲ့ရသည်။ 
★ တဖန် (၂၀၀၅)တွင် ရခိုင်ကျောင်းသားနှင့် လူငယ်တပ်မတော် (Arakan Students’ and Youths’ Army – ASYA)ကို တည်ထောင်ရန် ကြိုးစားခဲ့သော်လည်း မိမိတို့ အခြေစိုက်ထားသည့် မဟာမိတ်နယ်မြေများ (၂၀၀၇)တွင် လက်လွတ်ဆုံးရှုံးခဲ့ရသဖြင့် ပြည်တွင်း၊ ပြည်ပ၌ အမည်ဝှက်ဖြင့် မဟာမိတ်တချို့နှင့် ပူးတွဲစစ်ဆင်ရေး ကိစ္စများကို အကောင်အထည်ဖော်ခဲ့သည်။ ဗမာအစိုးရမှ (၂၀၁၀)ရွေးကောက်ပွဲအပြီး အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် (BGF)အဖြစ် ပြောင်းလဲရန် ကြိုးပမ်းလာချိန်မှစ၍ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (Democratic Karen Buddhist Army – DKBA)နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (Karen National Liberation Army – KNLA)တို့နှင့် နာမည်ထုတ်ဖော်ခြင်းမပြုဘဲ ပူးတွဲတိုက်ပွဲဝင်ခဲ့သည်။ 
★ မိမိတို့အနေဖြင့် ယခု ဖော်ထုတ်လိုက်သည့် တပ်ကို ရခိုင်အမျိုးသားတပ်မတော် (Arakan National Army – ANA)ဟု အမည်ပေးရန် စဉ်းစားချက်ရှိခဲ့သော်လည်း - 
(၁) မိမိတို့၏ နောင်တော်ရဲဘော်များ ကိုယ်တိုင်ပါဝင်ခဲ့သော၊ နိုင်ငံရေး စစ်ရေးအရ စုစည်းမှုကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်နိုင်ခဲ့သော၊ ရခိုင်ပြည်သူလူထုအား အဖိနှိပ်ခံဘ၀မှ လွတ်မြောက်ရေးအတွက် ထူးထူးခြားခြား မျှော်လင့်ချက်ပေးနိုင်ခဲ့သော အစဉ်အလာရှိသည့် ရခိုင်ပြည်တပ်မတော် (Arakan Army)ဆိုသည့် အမည်ကို ဆက်လက် ထိန်းသိမ်းလိုသဖြင့် လည်းကောင်း၊ 
(၂) ဗမာပြည်၏ တပ်မတော်သည် (Burma Army)၊ အမေရိကန်၏ တပ်မတော်သည် (U.S Army)စသည်ဖြင့် သက်ဆိုင်ရာ တိုင်းနိုင်ငံ၏ နောက်မှ Army ဆိုသော စာလုံးကို တိုက်ရိုက်ထည့်သွင်း သုံးစွဲသည့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းဖြင့် အံဝင်ခွင်ကျ ဖြစ်စေရန် လည်းကောင်း၊ 
(၃) ပြည်သူလူထုနှင့် မဟာမိတ်များအမြင်တွင် မတူကွဲပြားသော အဖွဲ့အစည်းတခု သီးခြားပေါ်ပေါက်လာပြန်ပြီဟု အထင်ရောက်ကာ ရခိုင်အမျိုးသား လက်နက်ကိုင် အင်အားစုများအချင်းချင်း ရန်ဘက်သဘောဆောင်နေသည်ဟု မမြင်စေလိုသဖြင့်လည်းကောင်း၊ 
(၄) အခြား (Arakan Army)နာမည်ကို ခံယူသည့် အဖွဲ့အစည်းများနှင့် နောင်အနာဂတ်တွင် တဖွဲ့တစည်းတည်းအဖြစ် ပူးပေါင်းဖို့ ညှိနှိုင်းဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်လည်းကောင်း ရည်ရွယ်ပြီး ရခိုင်ပြည်တပ်မတော် (Arakan Army)ဟူသော အမည်ကို ပေးခဲ့ခြင်းဖြစ်သည်။ 
★ လက်ရှိ ရခိုင်ပြည်တပ်မတော် (Arakan Army)၏ ရည်ရွယ်ချက်မှာ - 
(၁) လူမျိုးစုံ ရခိုင်ပြည်သူလူထု တရပ်လုံး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေး
(၂) အမျိုးသားရေး လက္ခဏာနှင့် ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး
(၃) အမျိုးသားရေး ဂုဏ်သိက္ခာနှင့် အကျိုးစီးပွါးကို မြှင့်တင်ရေး
(၄) ဗမာပြည်ရှိ လူမျိုးစုတိုင်း နိုင်ငံသူ/သားတိုင်း အာဏာရှင်စနစ်လက်အောက်မှ လွတ်မြောက်ရေး
(၅) လူသားမျိုးနွယ်စုတခုလုံး၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး
★ ရခိုင်ပြည်တပ်မတော် (Arakan Army) ★
Wednesday 27 April 2016
အလှည့်ကျ ဘဝ.....။
ငါ...လှိုင်းဖြစ်တေဘ၀ခါ
တောင်လီတိုက်ကေ မြောက်ကိုယှက်လို့
မြောက်လီတိုက်ကေ တောင်ကိုယှက်လို့။
တစ်ခါ... တစ်ခါ... မုန်တိုင်းထကေ
ပျော်လို့မဆုံး အသံတ၀ုန်းဝုန်းမြည်လို့
တောင်ယိုင် မြောက်ယိုင်
ဘဇောင်ပျော်ဖို့ကောင်းရေ။
ငါ... လောင်းဖြစ်ရေဘဝ
အဘာလဲ မုန်တိုင်းလာရေ
ပဲ့ကိုနနောင်းကိုင်
စိတ်ကိုတင်းထား
မပျက်စီးအောင်ကာကွယ်
သတ္တိကြီးစွာထားရရေ။
တစ်ခါ... တစ်ခါ... သာယာအီးမြရေနိန့်
လွတ်လပ်စွာနားဖို့ပြင်သိမ့်
လီပြင်းလို့ရွက်ပြင်
ပဲ့စင်ကိုဖမ်း အန္တရာယ်ကင်းဂါထာဆို
ကမ်းကိုရောက်ဖို့ကြိုးစား
လောင်းအိုကြီးဖြစ်ရေနိန့်
ကပ်ချင်ကမ်းကိုကပ်လီဖိ။
ဂျာအေးငြိမ်း
ရခိုင် အကြောင်းကို ကမ္ဘာက သိစေမဲ့ စာအုပ်......။
ရခိုင်အကြောင်းကို ကမ္ဘာကသိစေမဲ့  စာအုပ်
"Arakan, the neglected land and her voiceless people" အပယ်ခံရခိုင်ပြည်နှင့် နှုတ်ဆိတ်နေရသောပြည်သူပြည်သားများ - 
စာအုပ်ကို ဂျာမဏီနိုင်ငံ ဘာလင်မြို့ တွင် နေထိုင်သည့် ရခိုင်သမိုင်းသုတေသီ ခင်မောင်စော ( ဘာလင် )-မှ ရေးသားပြီး အမေရိကနိုင်ငံ နယူးယောက်မြို့ မှာ နေထိုင်သည့် စာရေးဆရာ ကဗျာဆရာ ခိုင်အောင်ကျော် ( နယူးယောက် )- မှ အမှာစာ ရေးသားလျှက် တာဝန်ခံထုတ်ဝေ ဖြန့် ချီတော့မည် ။ 
အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ဆရာခင်မောင်စော -( ဘာလင် )-၏ စာအုပ်ကို အာဆီယံနိုင်ငံများ-အမေရိကန်နိုင်ငံသမ္မတနှင့် ဆီးနိတ်တာအမတ်များ- ဥရောပနိုင်ငံများ-နိုင်ငံတကာအစိုးရများ- မြန်မာနိုင်ငံအတွင်းရှိ -NGOs -များ- ရခိုင်ပြည်နယ်အတွင်းရှိ -NGOs-များတို့ ကို ဖြန့် ချီပေးပို့ မည် ဖြစ်သည် ။ 
နိုင်ငံတကာမှ ရခိုင်ပြည်နယ်သို့ လာရောက်ကြပြီ ဆိုလျှင် သမိုင်းလိမ်ဘင်္ဂလီကုလားများကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြု ရန်- သမိုင်းလိမ်ဘင်္ဂလီနာမည်ကို လက်ခံအသိအမှတ်ပြု ရန် တိုက်တွန်းပြောဆိုလာတတ်ကြသည် ။ ဤအခါ ဤစာအုပ်ကို ၄င်းတို့ အား သိရှိစေရန် ပေးဖတ်စေရမည် ဖြစ်သည် ။ ၄င်းတို့ သမိုင်းလိမ်ဘင်္ဂလီကုလားတို့ မှာ တိုင်းရင်းသားလူမျိုးများ မဟုတ်ကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဤစာအုပ်သည် အဓိကအခန်း ကဏ္ဍမှနေပြီး အကျိုးသက်ရောက်မှု ပေးစေမည့် စာအုပ်ဖြစ်သည် ။  
ရခိုင်သမိုင်း-မြန်မာသမိုင်း-ဘင်္ဂလားဒေ့င်္ရှသမိုင်း- အိန္ဒိယနိုင်ငံသမိုင်း-အင်္ဂလန်နိုင်ငံသမိုင်းတို့ တွင် သမိုင်းလိမ်ဘင်္ဂလီကုလားနာမည်များမပါရှိခဲ့ သည်ကို ခုနှစ်သက္ကရာစ်တို့ နှင့် ဖြေရှင်း တင်ပြထားကာ သုတေသနပြု ရေးသားတင်ပြထားခြင်း ဖြစ်သည် ။
ယခုနှစ် မကြာခင်ကျင်းပမည့် ကုလသမ္မဂညီလာခံကျင်းပရာတွင် မူဆလင်နိုင်ငံများ အဖွဲ့ အစည်းဖြစ်သော အိုအိုင်စီအဖွဲ့ ဝင်နိုင်ငံများက ညီလာခံသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးထင်ကျော် အပါအ၀င် အစိုးရအဖွဲ့ ဝင်များကို သမိုင်းလိမ်ဘင်္ဂလီ လူများများ၏ အရေးကို ဖိအားပေးတောင်းဆိုမည် ဖြစ်သည် ။ သို့ ဖြစ်၍ ၄င်းတို့ တောင်းဆိုလာမည့် အခြေအနေကို ကာကွယ်ပိတ်ဆို့ နိုင်ပြီး သမိုင်းလိမ်နှင့် အမှန်တကယ် ဖြစ်ရပ်များကို သိသာစေရန် အင်္ဂလိပ်ဘာသာဖြင့် ရေးးသားထားသည့် ဤစာအုပ်ကို ရေးသားထုတ်ဝေ ဖြန့် ချီပေးရခြင်း ဖြစ်သည် ။ 
သမိုင်းကိုလေ့လာနေသော တက္ကသိုလ်ကျောင်းသား ကျောင်းသူများ- နိုင်ငံရေးသမားများအတွက် လေ့လာသုတေသနပြုနိုင်သည့် စာအုပ်ဖြစ်သလို ကမ္ဘာ့အလယ်တွင် သမိုင်းစာအုပ်အဖြစ် ကဗ္မည်းတင်ကျန်စေမည့် ရခိုင်အကြောင်းကို ကမ္ဘာကသိသွားစေမည့် ဤစာအုပ်အား မကြာခင်အချိန်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့  စာပေလောက--၂-မှာ စတင်ဖြန့် ချီ ရောင်းချမည် ဖြစ်ပါကြောင်း သတင်းကောင်းကြားသိရပါသည် ။
ဂန်ဒကောက် 
Monday 25 April 2016
ရခိုင့် တာဝန်( ၁၀ )ချက်...
ရခိုင့်တာဝန် နံပတ်တစ်(ဆင်းရဲတွင်းက လွတ်မြောက်အောင် ငါရို့ကြိုးစားကတ်ရပါမေ)
ရခိုင့်တာဝန် နံပတ်နှစ် (တစ်ယောက်ကောင်းစားကေ နောက်ကလူကို ဆွဲတင်ပါ။ဆွဲခေါ်ပါ)
ရခိုင့်တာဝန် နံပတ်သုးံ (ရခိုင်တစ်မျိုးသားလုးံ ညီရင်းအစ်ကို စိတ်ဓာတ်နန့်
                              မနာလိုမှု    ကင်းဝီးပါ)
ရခိုင့်တာဝန် နံပတ်လေး(ရခိုင်တစ်ယောက် တတ်ရေ ပညာ ရခိုင်အချင်းချင်း ၀ီမျှပါ)
ရခိုင့်တာဝန် နံပတ်ငါး (ရခိုင်တစ်ယောက် လမ်းမှားနိန်ကေ သိကေ သင်ပြကတ်ပါ)
ရခိုင့်တာဝန် နံပတ်ခြောက်(ရခိုင်ပြည်ကို ရခိုင်သားအုပ်ချုပ်ရဖို့
စိတ်ဓာတ် အမြဲမွီးမြူပါ)
ရခိုင့်တာဝန် နံပတ်ခုနှစ် (အာရိယံနွယ် ရက္ခိတဆိုရေအတိုင်း သီရေ အရက်
                                    သောက်စားခြင်းမှ ရှောင်ကြဉ်ပါ)
ရခိုင့်တာဝန် နံပတ်ရှစ်(ရခိုင်လူမျိုးအချင်း
ချင်း
လက်ဆက်ပါ။သွီးမရော၊ချွေးမရောပါစီကေ့)
ရခိုင့်တာဝန် နံပတ်ကိုး(မိမိအမျိုးဂုဏ်ကို မြင့်တင်နိုင်ဖို့
လမ်းစကိုရှာဖွီပါ။အမြဲကြံဆပါ)
ရခိုင့်တာဝန် တစ်ဆယ်(ရခိုင်ပြည်က နယ်ချဲ.တိကို တိုက်ထုတ်ပနာ
                              ရခိုင်နိုင်ငံတော်သစ်ကို    ထူထောင်ပါ)
(မျိုချစ်ခြင်းသည် အမြင့်မြတ်ဆုးံသော စိတ်ထား အကောင်းဆုးံသော
လုပ်ရပ်ဖြစ်သည်။မိမိလူမျိုးကို တန်ဖိုးမထားကေ ဇာလူမျိုးကမှ
တန်ဖိုးလာထားလာလိမ့်မေ မဟုတ်။မိမိဘာသာစကားကို မိမိရို့ ချစ်ခင်ပါ။တန်ဖိုးထားပါ)
(ရွှီမြောက်ဦး-ခိုင်ကျော်ဆန်း)
Wednesday 20 April 2016
ကျေးဇူးပြုပြီး....။
အပြုံးတုတွေ သယ်ဆောင်မလာပါနဲ့၊
အားနာလို့မဟုတ်ဘူး။
ထားစရာနေရာ မရှိလို့ပါ။
ကျေးဇူးပြုပြီး--- 
ဟန်ဆောင်စကားတွေ လာမပြောပါနဲ၊့
နှလုံးသားမရှိလို့ မဟုတ်ဘူး။
မခံစားချင်လို့ပါ။
ကျေးဇူးပြုပြီး---
သံယောဇဉ်တွေ မထားခဲ့ပါနဲ့
ခံစားရမှာကြောက်လို့ မဟုတ်ဘူး။
မျက်ရည်တိမ်တိုက်တွေ မရှိလို့ပါ။
အချင်းချင်းရာ.....,။
အချင်းချင်းရာ
---------------------
ရိုးမမြီကို စွန့်ခွာပြီးကေ
အမျိုးသားရီး ထွန်းပြောင်ညီးဖို့
ရက္ခစိတ်ဓာတ် ရင့်သန်လျှက်
စူးငြောင့်ခလုတ် ကြံ့ကြံ့ခံလို့
တောရောက်တောင်ရောက်
မကြောက်မလန့် ချီတက်ကတ်မည်
အချင်းချင်းရာဝေ --၊၊
ထီးကျိုးစည်ပေါက် 
ထီးနန်းပျောက်ကာ
အဖရက္ခ လူမူဘဝ
ချွတ်ခြုံကျပျာ
ဖက်ခွက် မြန်မာ
နယ်ချဲ့လက်အောက်
ကျရောက်သည်မှာ
ရာစု (၂) စု ကျော်ခလီပျာ
အချင်းချင်းရာဝေ --၊၊
ခက်ခဲကြမ်းတမ်း ခရီးလမ်းကို
လျှေက်ချင်သူမှာ ဟိမည်မဟုတ်
ယေကေလည်းသော့
ဘ၀ပီးတူ ကံကျိုးတူ၍..
ဝဋ်ကြီးဝဋ်ငယ် အသွယ်သွယ်နှင့်
အမျိုးဂုဏ်ရောင် ထွန်းလင်းပြောင်ဖို့
နောင်ဘ၀မဟုတ် ဒေဘ၀မှာ
ဆုံးခန်းတိုင်အောင် ရက္ခမာန်နှင့်
လက်တွဲကတ်မည်
အချင်းချင်းရာဝေ --။
သန်းစိုး (စစ်တွေ)
လူကိုများ အရူးမှတ်လို့....(. ဟာသ. )
စုံထောက်တစ်ယောက်က .. လျှို့ဝှက် ထောက်လှမ်းရေး အမှုတစ်ခုနဲ့ သူ့အိမ်ကနေ ၂နှစ်လောက် ပျောက်သွားတာ... ပြန်လာတော့ သူ့မိန်းမက ဗိုက်ကြီးနေတဲ့ အပြင် ကလေးတစ်ယောက်ပါ ရနေပြီ ဖြစ်သည်။
သူအရမ်းစိတ်တိုသွားသည်။ ကလဲ့စားချေလိုချင်တဲ့စိတ်တွေနှင့် သူ့မိန်းမကို မေးသည်။
ဒါဘယ်သူ့ လက်ချက်တုန်း.. ကိုကောင် ငအောင်လား
ဟုတ်ဝူး .... (ငိုလျှက်...)
ဒါဆို ဟိုအကောင် ငအေးလား
ဟုတ်ဝူး... (ငိုရုံတင်မက၀ူး.. စိတ်ပါတိုလာပီ)
ဒါဆို..ဒါ ငါ့ရဲ့ ဘယ်သစ္စာမရှိတဲ့ သူငယ်ချင်း အစုတ်ပလုပ် လက်ချက်တုန်း...
မိန်းမက ရုတ်တရက် ပေါက်ကွဲသွားပြီး...ပြန်ဖြေလိုက်ပုံက
ရှင့်မှာတင် မဟုတ်ပဲ ကျွန်မမှာ သူငယ်ချင်း မရှိတော့ဘူးလို့ ထင်နေတာလား.. လူကိုများ အရူးမှတ်နေလို့..
ရက္ခိုင့်တပ်မတော်"ဘတ်"တံဆိပ်၏အဓိပ္ပာယ်...
ရက္ခိုင့်တပ်မတော် “ဘတ်’’ တံဆိပ်၏အဓိပ္ပာယ်
..............................
ရက္ခိုင့်တပ်မတော် “ဘတ်’’ တံဆိပ်သည် ရက္ခိုင့်အောင်လံတော်ပေါ်တွင် အခြီခံထားသည်။ 
ရက္ခိုင့်တပ်မတော် ဘတ်တံဆိပ်သည် အလျား( )စင်တီမီတာ၊ အနံ( )စင်တီမီတာဟိသော ဘဲဥပုံအဝိုင်းဖြစ်သည်။ အတွင်းဘက် စက်ဝန်းသည် အပြာရောင်ဖြစ်ပြီး ငြိမ်းချမ်းခြင်း၊ အီးချမ်းခြင်း၊ တည်ကြည်လီးနက်ခြင်းဟူသော အဓိပ္ပာယ်ရပြီး ရက္ခိုင်ရိုးမတောင်တန်းနန့် ရက္ခိုင်ပင်လယ်ပြင်ရို့ကို ကိုယ်စားပြုသည်။ 
အနီရောင်မှာ ရက္ခိုင်ရို့၏ ကြီးကျယ် ခမ်းနားမှု၊ မျိုးချစ်စိတ် ထက်သန်မှုရို့ကို ဖော်ဆောင် နီသည်။
ဘတ်တံဆိပ်၏ အတွင်းဘက်စက်ဝန်း၊အလယ်ဗဟိုတည့်တည့်တွင်ခုနှစ်ထောင့်အနီရောင်ကြယ်နီတွင်ပါဝင် သည်။ ကြယ်နီတွင်ပါဝင်သော ထောင့်ခုနှစ်ထောင့်မှာ ရက္ခိုင်မျိုးနွယ်စုများဖြစ်သော ရက္ခိုင်၊ ခမီး၊ မြို ၊ သက်၊ ဒိုင်းနက်၊ မရမာကြီး၊ ကမန်စသော မျိုးနွယ်စု ခုနှစ်မျိုးကို ကိုယ်စားပြုထားရေပိုင် ဓညဝတီ၊ မေဃဝတီ၊ ရမ္မာဝတီ၊ ဇေယျဝတီ၊ သလ္လာဝတီ၊ မောရဝတီ ဟူသော ကုံလုံပြည့်စုံကြွယ်ဝသည့် ဝတီခုနှစ်ရပ်ကို ကိုယ်စားပြုပြီး စည်းလုံးညီညွတ်ခြင်းကို ဖော်ဆောင်သည်။ အနီရောင်သည် ရဲရင့်ပြတ်သားခြင်း၊ ရဲစွမ်းသတ္တိဟိခြင်းဟု အဓိပ္ပာယ်ရသည်။
ကြယ်နီ၏ တစ်ဖက်တစ်ချက်တွင် တစ်ဆယ့်သျှစ်ပွင့်စီပါဝင်သော ရွှီရောင်သဇင်ပန်းခက်နှစ်ခက်က ဘေးမှ ဝိုင်းရံထားသည်။ 
ရွှီရောင်သဇင်ပန်းခက်နှစ်ခက်မှာကား မြင့်မြတ်ခြင်း၊ တင့်တယ်ခြင်း၊ တော်ဝင်ခြင်း စသော ဂုဏ်ပုဒ်ရို့ဖြင့် ပြည့်စုံနီပြီး ရက္ခိုင်နိုင်ငံတော်၊ ဘုန်းမီးနီလထွန်းလင်းတောက်ပခသော ရွှီရောင်ခေတ်ကာလရို့ကို ရည်ညွန်းသည်။
ကြယ်နီ၏အထက်တွင် ဦးဂေါင်းအဖြူရောင်ဟိသောဒေါင်းရန် (ဝံလက်)ငှက်က ကြယ်နီကို တောင်ပံဖြန့်၍ ရင်ထဲနှလုံးအိမ်ထဲတွင် ပိုက်ထွီးအုပ်မိုး ကာကွယ်ထားသည်။
 ဒေါင်းရန် (ဝံလက်) ငှက်သည် ရက္ခိုင်ပင်လယ်ပြင် နန့် မြင့်မားမတ်စောက်သော ကျောက်ဆောင်၊ ကျောက်တန်းရို့တွင် ရှင်သန်နီထိုင်ကျက်စားလေ့ဟိပြီး ရက္ခိုင်သမိုင်းအဆက်ဆက် တပ်မတော်အသီးသီး၏ အမှတ်အသား သင်္ကေတအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ အသုံးပြုခသောကြောင့် တပ်မတော်အမွီကိုဆက်ခံပြီး၊ ရက္ခိုင်ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်ရို့ကို တောင်ပံဖြန့်၍ ကာကွယ်စောင့်ယှောက်ခြင်းဟူသော ဂုဏ်ပုဒ်ကို ကိုယ်စားပြုသည်။
အပြင်ဘက်စက်ဝန်း၏ အထက်ဘက်ခြမ်းတွင် “ ကျွန်ူပ်ရို့၏ အဖမြီကို ကာကွယ်စောင့်ယှောက်သူများ “ ဟုအဓိပ္ပာယ်ရသော အိန်းဂလိပ်ခ်ျစာတန်း “Defenders of Our Fatherland” ကိုဖော်ပြထားသည်။ စက်ဝန်း၏ အောက်ဘက်အခြမ်းတွင် “ရက္ခိုင့်တပ်မတော်” ကို “Arakan Army” ဟူသော အိန်းဂလိပ်ခ်ျစာတန်းဖြင့် ရီးထိုးထားသည်။ 
ယင်းစာတန်း နှစ်ခုကြားတွင် လေးထောင့်ကြယ်သည် ရက္ခိုင်လူမျိုးရို့၏ ဂုဏ်ယူဖွယ်ရာ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နန့် မြောက်ဦးဟူသော ရက္ခိုင်သမိုင်း၏ ကြီးကျယ်ခမ်းနားသော ခေတ်လေးခေတ်ကို ကိုယ်စားပြုသည်။
အနီရောင်အောက်ခံ အပြင်ဘက်စက်ဝန်းပေါ်မှ စာသားရို့မှာ အမျိုးသားလုံခြုံရီး နန့် နိုင်ငံတော် အချုပ်အခြာ အာဏာ ကာကွယ်ရီးတာဝန်ကို အပြည့်အဝထမ်းဆောင်ပြီး နိုင်ငံတော်နန့်လူမျိုးအပေါ် ကျရောက်လာနိုင်သော အတွင်းရန်သူ၊ အပြင်ရန်သူရို့ကို တော်လှန်တိုက်ခိုက်ရီးအတွက်စွန့်လွှတ်ပီးဆပ်နီကတ်သောရက္ခိုင့်တပ်မတော် နန့် ရက္ခိုင်စစ်သည်တော်ရို့ကို ကိုယ်စားပြုဖော်ပြထားခြင်းဖြစ်သည်။ 
ရက္ခိုင့်တပ်မတော်၏ အလံတော်နန့် ဘတ် တံဆိပ်ရို့သည် ရက္ခိုင်လူမျိုးရို့၏အတိတ်၊ပစ္စုပ္ပန်၊အနာဂတ် ဟူသော ကာလသုံးရပ်ကို ခြုံငြုံဆက်စပ်ထားသည်။
အနီရောင်အောက်ခံ အပြင်ဘက်စက်ဝန်းပေါ်မှ စာသားရို့မှာ အမျိုးသားလုံခြုံရီး နန့် နိုင်ငံတော် အချုပ်အခြာ အာဏာ ကာကွယ်ရီးတာဝန်ကို အပြည့်အဝထမ်းဆောင်ပြီး နိုင်ငံတော်နန့်လူမျိုးအပေါ် ကျရောက်လာနိုင်သော အတွင်းရန်သူ၊ အပြင်ရန်သူရို့ကို တော်လှန်တိုက်ခိုက်ရီးအတွက်စွန့်လွှတ်ပီးဆပ်နီကတ်သောရက္ခိုင့်တပ်မတော် နန့် ရက္ခိုင်စစ်သည်တော်ရို့ကို ကိုယ်စားပြုဖော်ပြထားခြင်းဖြစ်သည်။ ရက္ခိုင့်တပ်မတော်၏ အလံတော်နန့် ဘတ် တံဆိပ်ရို့သည် ရက္ခိုင်လူမျိုးရို့၏အတိတ်၊ပစ္စုပ္ပန်၊အနာဂတ် ဟူသော ကာလသုံးရပ်ကိုခြုံငြုံဆက်စပ်ထားသည်။
Friday 15 April 2016
ချည်တိုင်သို့ လားရာ.....( ခင်ငြိမ်းချမ်း )
အေပိုင် ဖရိုဖရဲ ခြီလှမ်းတိနန့်
ငရို့ဆုံဖြစ်ခကတ်
မိုင်ထောင်ချီရေ အရပ်မှာ
ငရို့ချည်တိုင်တိကို ထားပခဗျာယ်...
ငရို့ တာလွှတ်ခံရစွာလား?
ငရို့ဘာသာ ငရို့ တာကိုလွှတ်ချပခကတ်စွာလား?
ဇစ်မြစ်ကို သသေချချာကြည့်လိုက်မှ
ငရို့ခေါင်းတိ မူးနောက်နိန်ရေပိုင်
ရေချိန်ကိုက်လားလို့တော့ခါ မဟုတ်
ငရို့ဘ၀တိကိုက ရေချိန်ကိုက်ခံလိုက်ကတ်ရစွာမနား
ငရို့အစာတိက မကြေကတ်ဗျာယ်
ငရို့သွီးကြောတိကလည်း မပွင့်ရေခါ
မမူးဘဲနန့် မှောက်ကျရရေ ငရို့တိဘ၀...
နီစောင်းတိုင်း ရက်ပြတ်အောင့်မိန့်နိန်လီဖို့ အမိနန့် အမိတဲစုတ်ချေကိုလွမ်းလို့
ရွာမှာ ပါးကွက်ကျားနန့် စပါးတောင်းရွက်ကျန်ခရေ ပါးပူမချေကို လွမ်းလို့
ထရံတစ်ခြမ်း တွဲလောင်းကျနိန်ရေ စာသင်ကျောင်းချေနန့်
ခနော်ခနဲ့ ယိမ်းထိုးကနိန်ရေ ရွာလယ်က တန်းထားပျက်ချေကို လွမ်းလို့ 
အမိလက်ရာတိနန့် ပွဲတော်စည်ခကတ်တေ ခရမ်းသီးအိုးကတ်တိကို လွမ်းလို့
အပျိုပေါက်ချေပိုင် စို့အစ်ညို့ထနိန်ရေ ငရို့အရပ်က
မိုးဦးကျရာသီတိကိုလွမ်းလို့
မှိုင်းစရီချောင်းထဲက ကျောက်စရစ်ခဲ ဖြူ လလွှချေတိနန့်
ဂြိမ်ညောင်းအော်သံတိကို လွမ်းလို့...
လွမ်းလို့...,
လွမ်းလို့...............,
ယင်းပိုင်လွမ်းခြင်းတိနန့်တောင်
မရိုးအီနိုင်စွာ အဂုထိသိမ့်ပါ ညမချေ
အေမှာ ငရို့ချင်း လမ်းတိက တူနိန်ကတ်တေအခါ
ငရို့ ရင်ခုန်သံတိ ငရို့ဘာသာ ငရို့ နားလည်ကတ်စွာမနား
ငရို့ ၀တ္တရားတိလည်း ကျီချင်ကတ်တေပ
တစ်ရက်ပြီး တစ်ရက် ငရို့လမ်း ငရို့ရှာလိုက်ကတ်ရစွာ
ငရို့ မျက်စေ့တိတောင် မှုန်, မှုန်လာသယောင်
ငရို့ ဖနောင့်တိမှာလည်း ဟာသထက် ဟာလာခကတ်
ယေကေလည်းသော့ မယိမ်းရေစိတ်က
ဟာနိန်ရေ ငရို့ဝမ်းအတွက် ငရို့ စာရိတ္တကို မရောင်းစားကတ်စတမ်း
မ၀ရီစာတိနန့် နပ်မှန်နိန်ရေ ငရို့သွီးချင်းတိအတွက်
အနိန်ဝီးခြင်းနန့် အလွမ်းတိကို ကုန်းပိုးရွက်ထားရရေ
ငရို့ဖြစ်တည်ခြင်းတိအတွက်
မချိတင်ကဲ မျက်ရည်တိနန့် လက်ပြကျန်ခရေ ငရို့တောင်တန်းကြီးတိအတွက်
အေစွာ "ငရို့ သစ္စာ"
ငရို့ လားနိန်ရေလမ်းအတွက် ငရို့သီလက မြဲရေ
တိမ်တိပိုင် လီတိုက်တိုင်း အရောင်မပြောင်းတတ်ပါဝေ
ယေတောင် ငရို့ ရိုးသားလွန်းခကား
တိမ်ပိုင်လူတိက ငရို့ အင်္ကျီစတိကို ချွတ်ယူလခကတ်
ဝတ်လစ်စလစ်နန့် ကိုယ်လုံးတီးနိန်ကတ်စွာ
နှစ်တိက, တ တိတိနန့် ငရို့ကို ၀ါးမျိုပစ်လိုက်ကတ်ဗျာယ်
ငရို့အင်္ကျီစတိ ငရို့ပြန်ဝတ်ဖို့
ငရို့ ဆင်ခြင်တုံတရားနန့် အဖန်တစ်ရာတက်နိန်ရေ ငရို့ဂျီးအထပ်ထပ်ကို
ချွတ်ပစ်ကတ်ရဖို့
ဘောင်ခတ်ထားရေ ရှုမြော်ခင်း ဟွေဖက်အခြမ်းကို
ကျော်ကြည့်လိုက်ကတ်ပါအချက်
အေပိုင် ငရို့ ကမ်းဝီး လမ်းဝီးနိန်ရစွာတိ
ငရို့ အနိန်အထိုင်မတတ်ခရေ သမိုင်းရို့ ဆုကြေးရာပ
ယေဇုနက် ဒေးလ်ကာနေးဂျီး (Dale Carnegie) ပြောရေပိုင်
"အနာဂတ်အတွက် အေနိန့်မှာ ငရို့အနိန်အထိုင် တတ်ကတ်ပါပလင်"
မဟုတ်ကေ...,
မိုးသောက်တိုင်း ငရို့ ထမင်းလုပ်တိ ဆက်ပနာ 'နင်' နိန်ကတ်ရဖို့သိမ့်
မိုးသောက်တိုင်း ငရို့ ပါးပူမချေနန့် ၀ီးနိန်ကတ်ရဖို့သိမ့်
မိုးသောက်တိုင်း ငရို့ တောင်တန်းကြီးတိကို ငရို့ လွမ်းနိန်ကတ်ရဖို့သိမ့်
မိုးသောက်တိုင်း ငရို့ ပင်လယ်ပြင်ကို ငရို့ နမ်းခွင့်မဟိ ဖြစ်နိန်ကတ်ရဖို့သိမ့်
မိုးသောက်တိုင်း မင်းမဟိ၊ ငါမဟိ၊ ငရို့တစ်ယောက်လည်း မဟိစွာတိ
ဖြစ်နိန်ကတ်ရဖို့သိမ့်
ယေတော့ခါ ရီးကတ်...
ငရို့ သမိုင်းအတွက် အကောင်းဆုံးလက်တိနန့် ရီးကတ်
အကောင်းဆုံး ပန်းပုလက်ရာတိနန့် ထုဆစ်ကတ်
ငရို့ကိုယ် ငရို့ မြိန့်နိန်ရေ ဓါးတစ်လက်ပိုင် သွီးထားကတ်
ငရို့ စိတ်တိ ဖိတ်စဉ်မကျလားစီကဲ့
အေဖက်ခေတ်မှာ ဈီးကွက်ပရိုမိုးရှင်းတိ ကကောင်းခေတ်မှီရေ
ငရို့ ယုံစားမလွယ်ကတ်ကဲ့
ငရို့ အဇ္ဈတ္တကို ရီလောင်း ပေါင်းရှင်းပီးကတ်အုန်းသိမ့်
ငရို့ချင်း လိုင်ပင်းလှီး ညှိန်နံ့ခံနိန်ကတ်တေ
"ဒေးပစ်ကော်ပါဖီး (David Copperfield) မျက်လှည့်ကွက်ထဲမှာပိုင်
ငရို့ စိတ်တိ ပြုစားခံပလိုက်ရဖို့ယေ"
ငရို့ သမာသမတ် ဟိကတ်ပါမေ
ကိုယ်ကျင့်တရားတိ ချ, ခွာ, ရောင်း, ရောင်း နိန်ကတ်တေအခါ
ကမ္ဘာကြီးက ငြီးညူသံတိနန့် တစ်နိန့် တစ်ခြား ပြိုပနာ လဲ, လဲနိန်ရေ
ငရို့ ဘ၀အမှန်တိ ပြန်ရဖို့ ပြိုလဲသံတိကြားမှာ လမ်းမပျောက်ကတ်စတမ်း
ဟွေဖက် ခုနှစ်တိကျော်ကေ...
ငရို့ ရှာနိန်ကတ်တေ 'ချည်တိုင်'ကို ငရို့ တွိကတ်ရဖို့
ဂုနိန်ခါတော့ကေ ငရို့ ရင်ဘတ်တိ သွီးစွန်းနိန်ကတ်စွာမနား
ဥသြတွန်သံကြားတိုင်း ငရို့ရင်ညွန့်က ဆို့, ဆို့ တက်လာတတ်တေ ညမချေ
မိုးထဖက်အသီ၊ ညစာဖက်အသီနန့် အသီတက အသီတိကြားထဲ
ငရို့ အသက်ရှုသံတိ မွန်းလှောင်ပိတ်ကျပ်နိန်ကတ်
ယေကေ ယင်းမွန်းကျပ်စွာတိ...
စီးကရက်တစ်လိပ်ကို စိမ်ပြေနပြေ ဖွာထုတ်ပလိုက်တေပိုင်
ပန်းထိန်ဖိုထဲက ရွှေမှုံစတိကို အားရပရ ကျင်းပလိုက်တေပိုင်
နာလာမြောင်းထဲမှာ ပိတ်နိန်ရေ အမှိုက်တိကို တရှိန်ထိုး လွှတ်တင်ပလိုက်တေပိုင်
ငရို့ချင်း နားလည်ရေ ဘာသာဗေဒတိ
ငရို့ချင်း သွီးစည်းညီညွတ်မှုတိ
ငရို့ချင်း သေချာရေ စိတ်အဆာသွပ်မှုတိနန့် 
လာ... မှုတ်ထုတ်ပလိုက်ကတ်မေ အချက် ။
ခင်ငြိမ်းချမ်း(၂၈.၀၅.၂၀၁၁)
စင်ကာပူရောက် ရခိုင်စာပီမောင်နှမတိ စုစည်းထုတ်ဝီလိုက်တေ "အာရက္ခရသ စာစုတိ" စာအုပ်ထဲက-
မပြီးဆုံးသေးသော မြောက်ဦးမြို့ သမိုင်း( အာရက္ခပုတြ )
မြောက်ဦးမြို့တော်သည် ရခိုင်တို့၏ ဂုဏ်ဆောင်ဖြစ်သည်။
မြောက်ဦးမွေးဖွားသည့် (၁၄၃၀) ပြည့်နှစ်မှသည် ကျဆုံးသည့် (၁၇၈၄) ခုနှစ်အထိ ကောင်းမွေ၊ ဆိုးမွေ များဖြင့် ပြည့်နှက်ခဲ့ပါသည်။ မြို့သက် အနှစ်ငါးဆယ်အတွင်းတွင် ရခိုင်သည် လုံခြုံတိုးတက်ခဲ့သည်။ တိုင်းပြည်လည်း အင်အားကောင်းခဲ့သည်။ အင်းဝ (မြန်မာ)ကလည်း တန်းတူ ဆက်ဆံခဲ့သည်။ မင်းနှစ်ပါး တို့သည် နှစ်နိုင်ငံနယ်စပ် နတ်ရေကန်တွင် တွေ့ဆုံခဲ့သည်။
ဒုတိယနှစ်ငါးဆယ်တွင် ဘုရင်တို့သည် နန်းရရှိရေးကိုသာ အာရုံစိုက်ခဲ့ကြသည်။ တိုင်းပြည်လည်း နာခဲ့ သည်။ အာဏာယစ်မူးလျှင် ပြည်သူနာသည်။ ဆိုးမွေများပင် ဖြစ်သည်။ 
မင်းဘာဘုရင် နန်းရသည့် (၁၅၃၁) ခုနှစ်မှစ၍ ရခိုင်သည် အင်အားပြန်လည်စည်လာသည်သာမက အနီးဝန်းကျင်သို့လည်း အင်အားပြုနိုင်ခဲ့သည်။ နှစ်တစ်ရာကျော် ရွှေရောင်လည်း လွှမ်းခဲ့သည်။ မင်းနှင့် အမတ် ညီညွတ်ခဲ့ကြသည်။ ပြည်သူတို့လည်း အုပ်ချုပ်ရေးစနစ်ကောင်းကို လိုလားခဲ့ကြသည်။ ဤသည်တို့ မှာ မြောက်ဦး၏ ကောင်းမွေများဖြစ်သည်။
ထိုကာလတွင် ရခိုင်အကျိုးစီးပွားကို ကာကွယ်သော ခေတ်မီလက်နက် တပ်ဆင်ထားသည့် ရခိုင်တပ်နှင့် ထိုတပ်တို့ကို နိုင်နိုင်နင်းနင်း ခန့်ခွဲနိုင်သော ဘုရင်ကောင်းများ၊ အမတ်ကောင်းများနှင့် သူရဲကောင်းများ ရှိခဲ့သည်။ ရခိုင်ပင်လယ်ပြင်ကို ရခိုင်တို့ ပိုင်စိုးခဲ့သည်။
(၁၆၃၈) ခုနှစ်တွင် နန်းလုတက်လာသော နရပတိကမူ အမတ်ကောင်းတို့ကို သုတ်သင်ခဲ့သည်။ အာဏာကို တစ်ဦးတည်းချုပ်ကိုင်ခဲ့သည်။ သူ၏ မင်းဆက်လက်ထက် (၁၆၆၆)ခုတွင် စစ်တကောင်းကျခဲ့ရသည်။ တဖန် (၁၆၈၅) ခုမှ (၁၇၁၀) ပြည့်နှစ်အထိ ကိုယ်ရံတော်တို့က မင်းမူကြသဖြင့် မင်းမတည် ပြည်မရပ် ဖြစ်ခဲ့ရသည်။ မလုံမခြုံ ဖြစ်ခဲ့ရသည်။ ဆိုးမွေသည် ပြင်းထန်လှပေ၏။
(၁၇၁၀)ပြည့်နှစ်တွင် နန်းတက်သည့် ၀ိဇယမင်းသည် လက်ရုံးရည်ကောင်းသော်လည်း အုပ်ချုပ်ရေးမှာ ညံ့ခဲ့သည်။ နန်းတွင်းညီညွတ်မှုလည်း ရှည်ကြာမခံခဲ့ချေ။ ၎င်းလွန်ပြီးနောက် နန်းရသူတို့သည် နန်းသက် တိုကြသည်။ နန်းသက်ရှည် မင်းနှစ်ပါးမှာလည်း ပုန်ကန်မှုကို နှိမ်နင်းရင်းသာ အချိန်ကုန်ခဲ့သည်။ နှလုံးရည် ရှိသော အမတ်များမရှိသဖြင့် တိုင်းပြည်သည် ပို၍ နစ်နာခဲ့သည်။
မြောက်ဦးနှောင်းပိုင်းတွင် အင်အားရှိသူတို့က နန်းလုတက်ကြသည်။ အရာရာကို လက်ရုံးဖြင့်သာ ဖြေရှင်း ခဲ့ကြသည်။ ပြဿနာမှာ မချုပ်ငြိမ်းခဲ့ချေ။ (၁၇၇၃) ခုတွင် နန်းလု ဘုရင်ဓါးပိုင်ကြီး စန္ဒသုမနသည် ပညာရှိကို သုတ်သင်ခဲ့သည်။ စစ်အင်အားကို လျော့ချခဲ့သည်။ တိုင်းပြည်အင်အားလည်း ဆုတ်ယုတ်ခဲ့သည်။ စန္ဒသုမနသည် နန်းသက်လေးနှစ်တွင် နန်းကဆင်းပြေးလေရာ ဗိုလ်မင်းအောင်စုန်က နန်းရသော်လည်း လက်ရုံးရည်ကိုသာ သုံးခဲ့သည်။
ဗိုလ်မင်းအောင်စုန်ကို ဆက်ခံသူ မဟာသမ္မတသည် ပုန်ကန်မှုတို့ကို ဥာဏ်ဖြင့် ဖြေရှင်းခဲ့သည်။ မကြာမီ ပုန်ကန်သူတို့သည် ၎င်းထံ အဝေးသစ္စာခံကြသည်။ ပြည်တွင်းညီညွတ်ရန်ကား မဝေးတော့ချေ။ ထိုအချိန်တွင် အမရပူရက စစ်ချီလာသည်။ မြောက်ဦးသည် ပြည်တွင်းစစ်ကာလကို ဖြတ်သန်းခဲ့သည့်အတွက် အင်အားချိနဲ့နေသည်။ အမရပူရတို့အတွက်မူ အခွင့်ကောင်းကြီးပင် ဖြစ်သည်။ ရခိုင်တို့က ကျူးကျော်သူကို ငုံ့မခံ၊ (၄၅) ရက်ကြာ တိုင်အောင် ခုခံခဲ့ကြသည်။ မနိုင်ချေ၊ ပြည်သူတို့သည် သမိုင်းတွင် မကြုံစဖူး စစ်၏ အနိဌာရုံကို အပြည့်အ၀ ခံစားလိုက်ရသည်။
မြောက်ဦးကျပြီးနောက် ရှစ်ရက်မြောက်သောနေ့တွင် ရခိုင်ဘုရင် မဟာသမ္မတကို ရန်သူတို့က ဖမ်းရ သွားလေသည်။ မြောက်ဦးကျသည့်နေ့ (၁၇၈၅)ခု ဇန်န၀ါရီလ (၂)ရက်နေ့ဟု စစ်နိုင်သူတို့၏ မှတ်တမ်းက ဆိုသည်။ ထိုကာလမှသည် အင်္ဂလိပ်တို့ ရခိုင်ကို သိမ်းယူသည့် (၁၈၂၅)အထိသည်ကား ငရဲခန်းတမျှ ဖြစ် သည်ဟု ဒေသခံများမှတ်တမ်းတို့က ဖော်ပြကြသည်။ မြောက်ဦးမြို့တော်၏ ဂုဏ်ကို အသက်ဆက်လိုသူတို့ သည် သေပွဲဝင်ရသည်က များခဲ့သည်။ သို့ရာတွင် သူ့ကျွန်မခံလိုသော ဗိုလ်ဟာရီဆွေ၊ ဗိုလ်ချင်းပျံတို့လို သူရဲကောင်းများ ပေါ်ထွက်ခဲ့သည်။
အင်္ဂလိပ်တို့ အုပ်ချုပ်သည့် (၁၈၂၅) မှ (၁၉၄၈) ခုအတွင်းတွင်လည်း မြောက်ဦးသမိုင်းကို ပြန်ဆက်လိုသူ များ ပေါ်ခဲ့ပြန်သည်။ မင်းသားကြီးရွှီဗန်း၊ မြို့သူကြီး အောင်ကျော်စံ၊ ဒေးဝန်းကြီး အောင်ကျော်ရှီ တို့နှင့် မောင်ဖော်အောင်တို့လို အခြားသော တော်လှန်ရေး ခေါင်းဆာင်များ ပေါ်ခဲ့သည်။
အင်္ဂလိပ်သည် နယ်ချဲ့ဖြစ်သည်။ ရခိုင်တို့၏ နယ်ချဲ့ဆန့်ကျင်ရေးသည် ဒေသတစ်ခုတည်းကို ကွက်ကွက် ကလေး မကြည့်ခဲ့။ ရခိုင်ဆရာတော် ဦးဥတ္တမသည် မြန်မာတစ်မျိုးသားလုံး နိုးကြားမှုဖြင့် ဘုံရန်သူ ကို တော်လှန်ခဲ့သည်။ ရခိုင်တို့သည် အင်္ဂလိပ်ကိုသာမဟုတ် ဂျပန်ကိုလည်း တော်လှန်ခဲ့ပြန်သည်။ မြန်မာနိုင် ငံ လွတ်လပ်ရေးအတွက် အသက်စွန့်ကာ တော်လှန်ခဲ့ကြသည်။ လွတ်လပ်လိုသူများ ပေါင်းစည်းကြသည်။ အနစ်နာခံကြသည်။
နယ်ချဲ့တော်လှန်သူများသည် တန်းတူအခွင့်အရေးကို မျှော်ကိုးခဲ့ကြသည်။ ဂျပန်နှင့် အင်္ဂလိပ်တို့ သာ မြန်မာပြည်မှ ထွက်သွားကြသည်။ စားပွဲဝိုင်းတွင်မူ တန်းတူ ထိုင်ခွင့် မရခဲ့ချေ။
တန်းတူညီတူရရန် ဖဆပလ ခေတ်တွင် ရတညတို့သည် ကြိုးစားခဲ့ကြပြန်သည်။ (၁၉၆၂)ခုတွင် စစ်တပ်မှ အာဏာသိမ်းလိုက်သဖြင့် တန်းတူထိုင်ရမည့် စားပွဲဝိုင်းသည် လွင့်စဉ်သွားလေသည်။ မဆလ ခေတ်တွင် ရခိုင်တို့က မြောက်ဦးမြို့တော်အား တမ်းတခြင်းကို ပဒေသရာဇ်ခေတ်ကို လွမ်းကြသည်။ ကျဉ်းမြောင်းသော အမျိုးသားရေးအမြင်ရှိကြသည်ဟု စွပ်စွဲကြသည်။
တောတွင်းရခိုင်အင်အားစုတို့ကလည်း ၀ါဒမှိုင်းတွင် ယစ်မူးခဲ့ကြသည်။ ရခိုင်သမိုင်းကို ရှုမြင်သူတို့သည် တစ်ဖက်သတ်ကျခဲ့သည်။ မြောက်ဦးစိတ်ဓါတ်ကို မြတ်နိုးသူများမှာ ရှိမြဲ ရှိခဲ့သည်။
စင်စစ်အားဖြင့် မြောက်ဦးမြို့တော်၏ ကြီးကျယ်ထွန်းကားမှုကို ဒေသခံ ရခိုင်ပြည်သူကသာ ကြိုးပမ်း တည်ဆောက်ခဲ့ကြသည်။ တန်ခိုးကြီးထွားပါသည်ဆိုသည့် အင်္ဂလိပ်၊ ဂျပန် စသည့် နယ်ချဲ့တို့ကမူ ရခိုင်တို့ကို တိုးတက်လို၍ လာရောက်အုပ်ချုပ်ခဲ့သည် မဟုတ်ချေ။ နယ်ချဲ့တွင် စာနာစိတ်ဟူ၍ မရှိချေ။ နယ်ချဲ့ကျားသည် နယ်ချဲ့ခံသားကောင်ကို စားမည်သာ။
ရခိုင်တစ်ခွင်လုံးကို တိုးတက်စည်ပင်အောင် လုပ်နိုင်ခဲ့သည့် မြောက်ဦး၏ ၀ိဥာဉ်သည် ပုဂ္ဂိုလ်အရေးထက် တိုင်းပြည်အရေးကိုသာ အဓိကထားကြောင်း မြို့တည်ဘုရင်က နမူနာကောင်းပြခဲ့သည်။ မင်းကောင်းမင်းမြတ်တို့ကလည်း ဤ၀ိဥာဉ်ကို တန်ဖိုးထားခဲ့ကြသည်။
မြောက်ဦးသမိုင်းသည် ရခိုင်တို့အဖို့ မဟာသင်ခန်းစာကြီး ဖြစ်သည်။ ကောင်းသည်ကိုယူ၍ ဆိုးသည်ကို ပယ်ရန်သာ ရှိသည်။ ဤသို့ဖြစ်၍ မြောက်ဦးသမိုင်းကား မပြီးဆုံးသေးပါ။
အာရက္ခပုတြ
တိုးတက်ရေးသတင်းလွှာ အတွဲ(၃)၊ အမှတ်(၁)မှ-    
ပသိုင်းမွေး....။
အိမ်ထောင်ရှိသူ အမျိုးသား တစ်ယောက် သူ့ရဲ့ Small လေး ဆီကို အလည် သွားပါတယ်။ သူ့ရဲ့ Small လေး ကလဲ သူ့ကိုတွေ့တိုင်း ...
Small လေး - ရှင့်ရဲ့ ပသိုင်းမွေးတွေကို ရိတ်လိုက်ပါလား ရှင်။ ဒါမှ ရှင့်ရဲ့ အင်မတန် ခန့်ညားတဲ့ ရုပ်ကို ကျွန်မ ကောင်းကောင်းကြီး ခံစားလို့ရမှာ
အမျိုးသား - ငါ့အိမ်က အဖွားကြီးက အဲ့ဒီ အမွေးကို ကြိုက်တယ်ဟ။ ငါသာ အဲ့ဒီ ပသိုင်းမွေးကို ရိတ်လိုက်ရင် ငါ့ကို သတ်မှာ။ ဒါဆို ချစ်လေးနဲ့ ဝေးပြီ။
Small လေး - တိုတိုကလဲ ရိတ်လိုက်ပါ ချို အဟွန့် အဟွန့်
Small လေး ရဲ့ အချွဲကောင်းမှုကြောင့် ထို အမျိုးသားလဲ သူ့ရဲ့ ပသိုင်းမွေးကို ရိတ်လိုက်ပါတယ်။
အဲ့ဒီညမှာပဲ သူက ကျောပေးပြီး အိပ်နေသော သူ့မယားကြီး ခုတင်ပေါ်ကို တိတ်တိတ်လေး တက်ပြီး လှဲလိုက်စဉ် .. မယားကြီးက ရုတ်တရက် နိုးလာပြီး လှည့်မကြည့်ပဲ .. သူ့ရဲ့ မျက်နှာကို ပွတ်သက် အာရုံခံလိုက်ကာ "အမလေး .. ရှင်မပြန်သေးဘူးလား။ ခဏနေရင် အိမ်က နွားကြီး ပြန်လာတော့မှာနော်" 
Wednesday 13 April 2016
လမ်းခုလတ်မှာ......။
ဒုက္ခတွေကို ကျောမှာပိုးလို့
ရွာရိုးကိုးပေါက် လျှောက်ခဲ့ရတယ်
မြေပုံတချပ်နဲ့ ရယ်ပေါ့ ... ။
တောင်ခိုးတွေ တဝေေ၀
တောင်ခြေမှာ မြူတွေဆိုင်းလို့
ရှုလေတိုင်း သာယာလှတဲ့
သဘာဝကိုလည်း
ဒီအချိန်မှာ ... ခံစားနိုင်စွမ်း မရှိတော့ ... ။
ခရီးလမ်းတလျှောက်
ခြိမ်းခြောက်တဲ့ အသံ
ရန်လိုတဲ့မျက်လုံး
တချို့က မချိပြုံးနဲ့
ကဲ့ရဲ့ သူက ကဲ့ရဲ့
မဲ့ရွဲ့ကာ စကားတင်းဆို ...
တချို့ကတော့ ကြိုဆိုကြပါရဲ့ ...
ဒါပေမဲ့ .… .…
.... .... .... .... ....
.... .... .... .... ....
.... .... .... .... ....
မြေပုံပါလျက်နဲ့ မျက်စိလည်
ဘယ်ဆီကို ရောက်နေသလဲ ...
အရှေ့ အနောက် တောင်နဲ့ မြောက်လည်း
ဝေခွဲလို့မတတ်
နေမထွက်တော့ မျက်စိမှား
ယောင်ဝါးဝါးနဲ့ လျှောက်နေဆဲ ...
ဖိနပ်လည်းပေါက် ... ခြေထောက်လည်းနာ
ရင်ထဲမှာတော့ ဒဏ်ရာတွေနဲ့ ... ။
ဟိုးရှေ့မှာ လမ်းခွဲ ...
မြားလည်း ပြထားပါလျက်
ဘယ်ဘက်ကို လျှောက်ရပါ့
ဒွိဟစိတ်နဲ့ တွေဝေ
ဒီလိုနဲ့ ...
လမ်းခုလတ်မှာ
မတ်တပ်ရပ်ကာသာ နေမိပြီလေ ... ။
အဘာသားရို့ ကျေးဇူးဆပ်မှန်ဖို့......,။
အာရက္ခဒေ့ခ်ျ အာရ်ဂျရေ
အဖရခိုင်ပြည် အာကာပျံဝဲ
ဝါသုဒေ၀ ဗလဒေဝ
စည်တော်ကြီးနန့် ကျင်သန်ကြီး
ဘီလူးနန့်စစ်ပြိုင်နိုင်
မာရယု ကနဦးစိုင်လာပြု
ကံရာဇာ မြို့ဆက်ရှာ
ဗုဒ္ဓဗျာဒိတ်ရ၊ တရားရ၊ ကိုယ်စားရ၊ ရင်ငွေ့ရ
စန္ဒသူရိယ အစပျိုးထွင်
သူရိယစက္က မဟာတိုင်းစန္ဒြ
သိမ်ကျောင်းဇရပ် ရီတွင်းရီကန် စင်္ကြံထပ်ပွားလှူ
လက်ညှိုးထိုးမလွတ်
အဖရို့ပဝေသဏီအဆက်က 
နီ လ အာကာဝဠာထက်မှာ
သိပ္ပ၀ိဇ္ဇာကမ်းခတ် ရွီမှတ်တွိသိလို့
ပြက္ခဒိန်တိဖြိုဖျက် ပြဌာန်းခရေ။
ရဇတနန့်သိန္ဂနီ
လ နီ တံဆိပ် ခတ်နှိတ်ဒင်္ဂါးတိ
ရတနာမိုး တဖြိုးဖြိုး
ဝပြောသာစည် အဖရို့ပြည်လျှင်
နတ်ပြည်ကို ပျက်ရယ်ပြုခရေ။
အဖရို့တိုင်းပြည်
အပေါင်း၊ အမြှောက်
အားစိုက်ထုတ်စွာ
ဧရာမဆည်တော်ကြီးတိ
သျှင်ပင်ဆွမ်းတော်တင် စီတန်းလားဖို့
ရွှေဇင်္ခါ၊ ငွေဇင်္ခါ လမ်းဖောက်ခစွာ
အဖရို့၊ အမိရို့ လက်ဗွီရာ
ပက်ခုံးရာတိ ကပ်ကျန်နိန်တုန်းသိ
တဘက်သမီးကညာနန့် ပဏ္ဍာလက်ဆောင်တိစွာ
စငုတ်ကျ။
သားသမီးရို့စွာ အဖပြည်သား
အန္တရာယ်ရန်စွယ်ဆို
ခြင်ချေ မှက်ချေ မသန်းစီဖို့
ဧရာမတံတိုင်းကြီး၊ ခံတပ်ကြီး၊ အမြောက်ကြီး
သူရဲစို့၊ သူရဲလှောက်၊ အကာကြီး၊ အကာငယ်
ကျီတော်ကြီးတိ ရိက္ခာတိုက်ပြည့်
လိုလေသည်မဟိ ကျုံးတိုင်းမှာ ဖျိုးလို့
အနာဂတ်သားသမီးရို့အတွက်
မြောက်မှာတောင်ညို ကိန်းကိုထိခံ အာသံချင်းတွင်း
မော်တင်ရီလှုပ် ခူးပြီးသားထမင်း
လွှဲမှားဝါဒလမ်းဖယ် င/သံထွေ မှောက်မှား
အတ္တဂေါင်းပေါင်း အလိုဇောကြောင့်
အဖပြည်ကြီး အနိဌာရုံခရီးမှာ ကဇကရဲနန့်
ကံဇာတာ ဂုဏ်ရှိန် ညှိုးမှိန် ကျဆင်း ဆိတ်သုဉ်းခဗျာ
အရိုးတောင်ပုံထပ်ခစွာတိ
အဖရို့အရိုး၊ အမိရို့အရိုးတိဗျာယ်။
ဒေမြီစွာ ငါရို့အဖ ဖိုးဖီးဇူဇာ စတေးကြွီခရရေမြီ 
လူကိုမြီကို အမျိုမခံစီဖို့
အဖရခိုင်ပြည် မညှိုးဂုဏ်သရေတင့်စီဖို့
တစ်သံ တစ်စိတ် ဇာတိဟိတ်နန့်
သားရို့ သမီးရို့တွန်ဖို့အတွက်
အားကောင်းမောင်းသန်တုန်း 
ဓါးလည်းထက်တုန်း နီလည်းထွက်တုန်းမှာ
ခေတ်သစ် င/သံထွေတမှောင့်
လျှပ်တပြက်လူပြိန်းအကြိုက်နန့် ဘန်းပြမျှားခေါ်ရာမှာ
နားမယောင်၊ မလိုလား၊ လိုက်မပါစီဖို့
မျက်စိဖွင့် နားစွင့်လို့ ကြောက်စိတ်ကင်းဗျာ
အဖရို့ခင်းခစွာလမ်းကြောင်းမှန်မှာ
သားသမီးရို့ ဘေးကိုမချော်စီဖို့ရာယေ။
အဂ္ဂ
Tuesday 12 April 2016
ဖြစ်ပုံက ဒီလို..( ဟာသ )
မီးရထားတစ်စင်းပေါ်တွင် လူနှစ်ယောက် ဘေးချင်းယှဉ်ပြီး ထိုင်နေကြသည်။ ဘေးမှလူက ပြတင်းပေါက် ဘက်မှ လူအား မရဲတရဲမေးလိုက်သည်။ 
"အစ်ကိုကြီး၊ အစ်ကိုကြီးက စစ်ဗိုလ်လားဟင်"
အမေးခံရသူက မျက်မှောင်ကျုတ်လိုက်ပြီး ပြန်ဖြေသည်။ 
"မဟုတ်ပါဘူး"
"ဒါဆိုရင် အစ်ကိုကြီးက စစ်သားလား" ဟု ထိုသူက ဆက်မေးလေသည်။
"အစ်ကိုကြီး အမျိုးတွေထဲမှာရော စစ်ဗိုလ်တွေ၊ စစ်သားတွေ ရှိလားခင်ဗျာ"
"မရှိပါဘူး"
"ဟို အစ်ကိုကြီး မိတ်ဆွေ၊ သူငယ်ချင်းတွေထဲမှာရော စစ်ဗိုလ်၊ စစ်သားတွေ ရှိသလားခင်ဗျာ"
"မရှိပါဘူး။ ဒါနဲ့နေပါအုံး၊ ခင်ဗျားက ဘာဖြစ်လို့ ဒီလောက်မေးနေရတာလဲ"
"ဘာမှမဟုတ်ပါဘူး။ ကျွန်တော့်ခြေထောက်ပေါ်နင်းထားတဲ့ အစ်ကိုကြီး ခြေထောက်ကို ဖယ်ခိုင်းမလို့ပါ" :D
ဖြန့်ဘူး..ဖြန့်နိုင်ဘူး...။
ကလေး အဖေ တစ်ဦးသည် သူ၏ ပထမဦးဆုံး ကလေးအား မွေးဖွားရက် နီးကပ်လာသဖြင့် ဗေဒင် ဆရာ ထံ သွားမေးလေသည်။ 
အဖေ - "မွေးလာမယ့် ကလေးရဲ့ ဇာတာကို သိချင်လို့ပါဗျာ"
ဗေဒင် ဆရာ - "ယောက်ျားလေး မွေးမယ်။ လက်သီးဆုပ်ပြီး မွေးလာရင် သူခိုးဖြစ်မယ်။ လက်ဖြန့်ပြီးမွေးရင် ပညာရှိဖြစ်မယ်။
ရက်အနည်းငယ် အတွင်းတွင် ဇနီးဖြစ်သူက သားဦးမွေးသဖြင့် သူနာပြုဆရာမက ကလေးငယ်ကို ပွေ့ချီပြီး အပြင်ဘက်ထုတ်လာလေရာ .. 
သူနာပြုဆရာမ - "ကယ်.. အဖေဖြစ်သူ.. ကလေးကြည့်လို့ရပြီ"
အလျင်အမြန် ကလေးကို ကြည့်လိုက်ရာ လက်သီးဆုပ်လျက် အနေအထား တွေ့ရသဖြင့် ..
အဖေ - "သား .. လက်ဖြန့်လိုက်"
သားငယ် - "လက်ဖြန့်လို့ မဖြစ်ဘူး.. သားလက်ထဲမှာ ဆရာမ လက်စွပ်ရှိတယ်"
အဖေ - " တိန် " :)
Source:mmcp
မိခင်နို့ရည်...(. ဟာသ. )
အမျိုးသမီးတစ်ဦး ကလေးခေါ်ပြီး ကလေးဆေးရုံကို လာခဲ့သည်။
ဆရာဝန် ။ ။ ကလေးကို မိခင်နို့တိုက်တာလား.. နွားနို့တိုက်တာလား...
အမျိုးသမီး ။ ။ မိခင်နို့ပါ ..
ဆရာဝန် ။ ။ ကျွန်တော် စမ်းသပ်မလို့ ခင်ဗျား အင်္ကျီကို ချွတ်လိုက်ပါ ..
အမျိုးသမီး ။ ။ ဟင် ... ဘာလို့လဲ ..
ဆရာဝန် ။ ။ စိတ်မပူပါနဲ့ .... ဒါဆေးရုံပါ .. ကျူးလွန်တာတွေ မရှိပါဘူး ...
အမျိုးသမီးက ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ဆရာဝန်ရဲ့ အစမ်းသပ်ကို ခံလိုက်တယ် ...
ခဏလောက် စမ်းသပ် ပြီး ဆရာဝန်က
"ခင်ဗျားမှာ မိခင်နို့ရည်မှ မရှိတာ .. ဒါကြောင့် ကလေးက အာဟာရပြတ်နေတာပေါ့.." လို့ ပြောလိုက်တော့ အမျိုးသမီးက ...
"ကျွန်မမှာ ဘယ်လိုလုပ်ပြီး မိခင်နို့ရည်ရှိမတုန်း .. ကျွန်မက ကလေးရဲ့ အဒေါ်ရှင့်"လို့ ဒေါသတကြီး ပြန်အော် လိုက်တော့တယ် ...
:D
Source : mmcp
Monday 11 April 2016
အမှန်ကို ဆိုသော ဓားစက်ကြီး....။
အမှန်မဆိုသည့် လူမှန်သမျှ၏ လက်ကို ဖြတ်ပစ်သည်ဟု နာမည်ကြီးနေသော ဓါးစက်ကြီးတစ်ခု ရှိလေသည်။ တစ်နေ့သော အခါ ငှက်ငယ်တစ်ကောင်က ထိုဓားစက်ကြီးနား ရောက်လာပြီး ဓါးစက်ကြီးနှင့် အလာပ သလာပ ပြောလေသည်။
ငှက်ငယ် ။ ။ ဗျို့ ဓါးစက်ကြီး ... နေကောင်းပါစ။ ခင်များနှယ်၊ ပါးစပ်ကြီး အမြဲဟထားပါပဲလား။
ဓါးစက်ကြီး ။ ။ အေးဗျာ... ကျွန်တော့် ဓါးသွားထက်ထက်က အမှန်တရား မဆိုတဲ့သူတွေကို ဆုံးမပေးဖို့ အဆင်သင့် ပါးစပ် ဟပေးထားရတာပါ။ လိမ်ညာတဲ့သူဆိုရင် ပါးစပ်ကို ပိတ်လိုက်ချတာပေါ့ဗျာ။
ငှက်ငယ် ။ ။ ကောင်းတယ်ဗျ။ လူတစ်ယောက် သူ့ လုပ်ရပ်ကို လိမ်မလိမ် သက်သေပြရတာပေါ့.. အော်.. ပြောရင်းဆိုရင်း ဟိုမှာ လူ၃ ယောက် လာနေပြီပဲ။ ကျွန်တော် ခပ်လှမ်းလှမ်းက အကဲခတ်နေမယ်ဗျာ။
တရွေ့ရွေ့လနေသူ ၃ဦးမှာ အမေရိကန် သမမ္မတ၊ တရုတ် သမ္မတ နှင့် ရွှေနိုင်ငံက ဘဘကြီးတို့ပဲ ဖြစ်နေပါတယ်။ သူတို့ရဲ့ လုပ်ရပ် ကိုယ်စီကို သက်သေပြဖို့ဆိုပဲ။
အမေရိကန် သမ္မတ က သူ့လက်ကို ဓါးစက်အောက်ထိုးပြီး အရင်ဆုံး စလိုက်ပါတယ်။
အမေရိကန် သမ္မတ ။ ။ ကျွနိုပ်သည် အီရပ်ရေးရာကို သူတို့ ကိုယ်ကျိုးအတွက်သာ ၀င်ရောက် စွက်ဖက်ခြင်း ဖြစ်သည်။
ဓါးစက်ကြီး ။ ။ ဒုတ်။
အမေရိကန် သမ္မတကြီးသည် သွေးရူးတန်းရူး ထွက်ပြေး သွားသည်။ ဒီတစ်ခါ တရုတ်သမ္မကြီး၏ အလှည့် ဖြစ်သည်။
တရုတ်သမ္မတ ။ ။ ကျွနိုပ်သည် မြန်မာနိုင်ငံကို ကိုယ်ကျိုး မကြည့် စာနာစွာဖြင့် ကူညီပေးခြင်း သာ ဖြစ်သည်။
ဓါးစက်ကြီး ။ ။ ဒုတ်။
တရုတ်သမ္မတ ကြီးလည်း သွေးရူးတန်းရူး ထွက်ပြေး သွားရပြန်သည်။ ဒီတစ်ခါ ဘဘကြီး အလှည့် ရောက်လာတော့ ဘဘကြီး ခမျာ တုန်တုန်ရင်ရင်နှင့်ပင် လက်ထည့်ကာ ပြောလိုက်သည်။
ဘဘကြီး ။ ။ ကျွနိုပ်သည် မြန်မာပြည်သူများ အပေါ် တရားမျှတစွာ ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်သည်။
ဓါးစက်ကြီး ။ ။ ....................။
ဓါးစက်ကြီးထံမှ ဘာမှ တုံ့ပြန်ခြင်းမရှိ။ ထိုအခါ ဘဘကြီးလည်း ပြုံးနိုင်ကာ အောင်မြင်သော အပြုံးနှင့် ထွက်ခွာသွားသည်။ ငှက်ငယ်လေးလည်း လူရှင်းသည်နှင့် ကဗျာကယာ ပျံလာပြီး....
ငှက်ငယ် ။ ။ အလို... ကိုဓါးစက်ကြီး ... ဟိုနောက်ဆုံး လူကြီးကိုတောင် မသိဘူးလား... သူ့လိုလူကို ဘာလို့ အလွတ်ပေးလိုက်တာလဲဗျာ။
ဓါးစက်ကြီးလည်း စိတ်ပျက်စွာနှင့် ဤသို့ ဆိုလေသည်။
ဓါးစက်ကြီး ။ ။ မဟုတ်ရပါဘူး ငှက်ငယ်ရယ်။ သူ့ပါးစပ်က ဒီစကားမျိုး ထွက်လာလို့ ကျွနိုပ် ပါးစပ် အဟောင်း သား ဖြစ်သွားလို့ပါဗျာ။
ဟတ် ဟတ် ။
Ref: mmcp
သိသွားချင် လို့ပါ...( ဟာသ )
လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။ အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည် နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာ မေးလိုက်သည်။
-အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး သားလေးက ကိုယ့်ရဲ့ ကလေးဆိုတာ။
- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက် ကွယ်လွန်သွားသည်။ ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။
- တော်သေးတာပေါ့ ... တခြား သုံးယောက်ကို မေးမသွားလို့..
Sunday 10 April 2016
အိမ်ထောင်ဟိ ယောက်ျားတိအတွက်ရာ...( ဟာသ )
------------------------------------
အမေရိကန်ပြည်ထောင်စုက မြို့ချေတမြို့မှာ အိမ်ထောင်ဟိရေ ယောက်ကျားတိရာ အလုပ်ခန့်ရေ စက်ရုံတရုံဟိပါရေ။
တရက်နိ ကုလိမ္မေနှစ်ယောက် မ,မတိ အလုပ်မခန့်စွာကို မကျေမနပ်နန့် စက်ရုံမန်နေဂျာကို လားပြောကတ်တေ။
ယင်းခါ စက်ရုံမန်နေဂျာက "အိမ်ထောင်ဟိ ယောက်ကျားတိက မယားတိအမိန့်ကို နာခံနီကျ အသားကျပြီးသားပါ။ ယင်းအတွက်နန့် ကျွန်တော့်အမိန့်ကို နာခံတတ်ဖို့ တကူးတကလေ့ကျင့်စရာမလိုလို့ အလုပ်ခန့်စွာပါ။" လို့ ယှင်းပြလိုက်ပါရေလတ်။
အားလုံးပျော်ဖို့..( ဟာသ )
တစ်ခါက နိုင်ငံတော် အကြီးအကဲ သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး နိုင်ငံတော် အခြေအနေကို လှည့်လည်ကြည့်ရှုခဲ့ကြတယ်။ 
ပထမ အကြီးအကဲက "အယ်လို့ ငါသာ အခုအချိန်မှာ တစ်ထောင်တန် တစ်ရွက်ကို ပစ်ချလိုက်ရင် ကောက်ရတဲ့ လူက အရမ်း ပျော်မှာပဲ"
ဒုတိယ အကြီးအကဲက "တကယ်လို့ ငါသာ ၅၀၀တန် နှစ်ရွက်ကို ပစ်ချလိုက်ရင် လူနှစ်ယောက် အရမ်းပျော်မှာပဲ"
တတိယ အကြီးအကဲက "တကယ်လို့ ငါသာ ၁၀၀တန် ဆယ်ရွက်ကို ပစ်ချလိုက်ရင် လူ၁၀ယောက် ပျော်ရမှာပေါ့"
သူတို့ အချင်းချင်း ပြောနေကြသော စကားကို ကြားသောအခါ လေယာဉ်မှူးက အခုလိုပြောလိုက်လေသည်။ 
"အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံတော်မှာရှိတဲ့ လူတွေ အားလုံးပျော်သွားကြမှာပဲ" ဟူ၍ဖြစ်လေသည်။
Source : MMCP
ဘာဆက်ဖြစ်မယ် ထင်လည်း...( ဟာသ )
အလုပ်ရှင် က အတွင်းရေးမှူးမ ကို ပြောသည်။ ငါတို့ နိုင်ငံခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ်။ ဒါကြောင့် စီစဉ်စရာတွေ ရှိတာ စီစဉ်ထား။
အတွင်းရေးမှူးမက သူ့ယောက်ျားထံ ဖုန်းဆက်သည်။ ကျွန်မ သူဌေးနဲ့ နိုင်ငံခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ်။ ရှင် ကိုယ့်ဘာသာကိုယ် ကြည့်နေနော်။
ယောက်ျားက သူ့တိတ်တိတ်ပုန်း ချစ်သူထံ ဖုန်းခေါ်၏။ ကိုယ့်မိန်းမ နိုင်ငံခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ်။ ဒါကြောင့် ကိုယ်တို့ တစ်ပတ်လုံး အတူနေကြရအောင်။
တိတ်တိတ်ပုန်း ချစ်သူက သူမ သီးသန့်ကျူရှင်ပေးနေသော ကောင်လေးထံ ဖုန်းဆက်သည်။ ငါတစ်ပတ်လောက် အလုပ်လုပ်စရာရှိတယ်။ ဒါကြောင့် မင်းစာလာသင်စရာ မလိုဘူး။
ကောင်လေးက သူ့အဘိုးထံ ဖုန်းဆက်သည်။ ဘိုးဘိုး၊ ကျွန်တော့် ဆရာမ အလုပ်များနေလို့ တစ်ပတ်လောက် စာမသင်ရဘူး။ ကျွန်တော်တို့ တစ်ပတ်လုံးနေပြီး အချိန်ဖြုန်းရအောင်။
အဘိုး (အလုပ်ရှင်သူဌေး) က သူ့ အတွင်းရေးမှူးမ ဆီကို ဖုန်းဆက်သည်။ ဒီအပတ် ငါ့မြေးနဲ့ အချိန်ဖြုန်းရမယ်။ အဲ့ဒီ ခရီးကို မသွားဖြစ်တော့ဘူး။
အတွင်းရေးမှူးမက သူ့ယောက်ျားကို ဖုန်းခေါ်သည်။ ကျွန်မ အလုပ်ရှင်က ဒီတစ်ပတ်ထဲ လုပ်စရာလေးတွေ ရှိတယ်။ ခရီးစဉ်ကို ဖျက်လိုက်တယ်။
ယောက်ျား တိတ်တိတ်ပုန်း ချစ်သူထံ ဖုန်းဆက်သည်။ ငါတို့ ဒီတစ်ပတ် အတူတူ အချိန်မဖြုန်းနိုင်တော့ဘူး။ ငါ့မိန်းမ ခရိးစဉ်ဖျက်လိုက်တယ်။
တိတ်တိတ်ပုန်း ချစ်သူက ကျူရှင်သင်ပေးနေသည့် ကောင်လေးထံ ဖုန်းခေါ်သည်။ ဒီတစ်ပတ် ငါတို့ ပုံမှန်အတိုင်း စာသင်ဖို့ရှိတယ်။
ကောင်လေးက သူ့အဘိုးထံ ဖုန်းဆက်သည်။ ဘိုးဘိုး ကျွန်တော့်ဆရမက ပြောတယ်။ ကျူရှင်တက်ရမယ်တဲ့။ အဘိုးနဲ့ အဖော်လုပ်မပေးနိုင်တာ စိတ်မကောင်းပါဘူး။
အဘိုး (အလုပ်ရှင်သူဌေး) က သူ့ အတွင်းရေးမှူးမဆီ ဖုန်းဆက်သည်။ ဘာမှ မစိုးရိမ်နဲ့တော့။ ငါတို့ ခရီးပြန်သွားဖြစ်မယ်။ ဒါကြောင့် စီစဉ်စရာတွေ စီစဉ်ထားလိုက်။
ကဲ .. ပြောကြပါဦး .. ဘယ်ဆက်ဖြစ်ကြမလဲဆိုတာကို :P
ရဲစခန်းသို့ ဖုန်းဆက်ခြင်း... ( ဟာသ. )
တစ်နေ့တွင် မောင်ညိုသည် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည်။
"ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကို တိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ် ခင်ဗျ"
"အခုလို သတင်းပေးတာ ကျေးဇူး အများကြီးတင်ပါတယ်" ရဲစခန်းမှ ပြန်ပြောသည်။
နောက်နေ့တွင် မောင်ညို၏ ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများက ထင်းစင်ရှိရာသို့ သွားကာ ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာ ရှာဖွေ ကြတော့သည်။ သို့သော် ဆေးခြောက်များကို မတွေ့ချေ။
ရဲများ ပြန်သွားပြီးနောက် မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်း ဆီသို့ ဖုန်းဆက်လိုက်သည်။
"ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား"
"အေး ခွဲသွားတယ်ကွ"
"အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် .. ရဲတွေ ဆီကို ဖုန်းခေါ်လိုက်.. ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်" :D
Source : mmcp
Saturday 9 April 2016
အိုင်ယာလန် နိုင်ငံသား..( ဟာသ )
အိုင်ယာလန် နိုင်ငံသား.. ( ဟာသ )
----------------------
တခါက အင်္ဂလိပ်လူမျိုးတယောက်၊ စကော့လူမျိုးတယောက်၊ အိုင်ယာလန်လူမျိုးတယောက် (၂၆) မိုင် အရှည် မြစ်တမြစ်မှာ ရီကူးပြိုင်ကတ်တေ။
စကော့လူမျိုးက (၁၂) မိုင် ကူးပြီးရေခါ ညောင်းပနာ လက်လျှော့လားရေ။
အင်္ဂလိပ်လူမျိုးက (၁၆) မိုင် ကူးပြီးရေခါ လက်လျှော့လားပြန်ရေ။
အိုင်ယာလန်လူမျိုးကတော့ခါ (၂၅) မိုင်ကူးပြီးရေခါမှ ငါပန်းတိုင်ရောက်အောင်မကူးနိုင်ပျာယ်လို့ စိတ်ဓါတ်ကျပနာ နောက်ပြန်လှည့်လို့ ပန်းတိုင်အစကို ပြန်ကူးလားရေလတ်။
အားဖြည့် အတွေးတစ...
အားဖြည့်အတွေးတစ
-------------------
ရင်ဖတ်ထဲကနီပနာ
ကွဲထွက်ပေါက်ဖွားလာရေအပင်ချေကို
လိုလိုလားလားပြုစုနီမိခယင်းနန့်
အမြစ်တွယ် ကြီးပြင်းလာခါမှ
ငါကိုယ်တိုင် ဇာပိုင်ခွတ်ဖို့လဲ --။
ဘ၀တစ်ခုလုံးကိုဝါးမျို
ထိုထိုသောစိတ်အစိုင်ကို မက်မောယင်း
လမ်းတစ်ခုကို ခင်းခမိသူအတွက်
နောက်လှည့်ရုန်းထွက်ဖို့ဆိုစွာ
အနားမသတ်နိုင်ရေ ပင်လယ်ပိုင်
လှိုင်းတံပိုးအသံလည်းမကြားနိုင်ဘဲ
အဓိပ္ပါယ်လည်း မလေးနက်နိုင်ပျာယ် --။
လောင်းရိပ်မိသူတစ်ယောက်အဖြစ်
ဘ၀တစ်ဆစ်ကျိုးချိန်မှာ...
အနှစ်နှစ်ရင်းလာရေဒါဏ်ရာတိက
အနာကျက် ပျောက်ပျက်လားဖို့အစား
ငါကိုယ်တိုင် ဆွဆွထားမိရေဆိုတည်းက
ဒေဒါဏ်ရာ၏တန်ဖိုးကိုနားလည်
ငါကိုယ့်ငါ နှိပ်စက်ထားမိရေဆိုလည်း
ငါ့အတွက်ကားမဟုတ်ယေ --။
ဒေပိုင်နန့်
ဘ၀၏မောပန်းညောင်းညာရေအချိန်တိမှာ
ငါတွေးမိယင်း အားပီးတတ်ခယင့်
အော်.. ငါ့ကိုယ်ငါ မပိုင်သင့်လို့ --။
(ပန်းနုဇံ)
မြောက်ဦး နတ်သ္မီးသိုက်..
မြောက်ဦးနတ်သ္မီးသိုက်
------------------
လိမ္မာမြင်ပြင်း ဆင်းရဲအားရ
ကြွယ်ဝမနာလို ကိုယ့်ထက်သာမကြိုက်
အမိုက်တရား ဤလေးပါးကြောင့်
ရခိုင်သားမှာ တိမ်ကောလာသည်
နောင်လာနောင်သား သိစီသောဝ် --။ 
ရခိုင်မျိုးသား သတိထားလော့
ဗာဗူနာနုံ ခေါ်တုံကျင်ငြား
ကုလားများကို သနားပိုရန်
မလိုအပ်ကြောင်း 
ခမောင်းပင်မှာ ညောင်လျှင်ကပ်ရောက်
အမျိုးပျောက်လိမ့် --။ ။
(မြောက်ဦးနတ်သမီးသိုက်)
Birthday Gift to Girlfriend (ဟာသ)
Birthday Gift to Girlfriend (ဟာသ)
----------------------------------
ကလေချေတယောက်မှာ ချစ်စကြင်စ ရည်းစားအသစ်စက်စက်ချေ တယောက်ဟိပါရေ သူ့အသဲချေမွီးနိအတွက် အမှတ်တရဖြစ်အောင် ဇာလက်ဆောင်ပီးကေ ကောင်းဖို့လဲ အသည်းအသန်စိုင်းစားနီရေ။ သူ့အချစ်လည်း ပေါ်လွင်ရဖို့ သူမအတွက်လည်း အသုံးဝင်ရဖို့်။ အမှတ်တရနှင့် ဂန္ဓ၀င်လည်းမြောက်ရပါဖို့။ ဈီးကြီးစွာတိလည်း မတတ်နိုင်ပါလေ။ နောက်ဆုံး ကိုးရီးယားမင်းသမီးတိဝတ်နီကတ်တေ အကောင်းစား လက်အိတ်အဖြုရောင်တစုံဝယ်ဖို့ ဆုံးဖြတ်လိုက်တေ။ မမအသုံးပစ္စည်းဆိုင်ကိုလားဖို့ဖြစ်လို့ သူ့ရည်းစားနှမလည်းပါလာရေ၊ ဆယ်ကျော်သက် အလှပလှချေပါရာ။ ဆိုင်ရောက်တေအခါ သူက လက်အိတ်အဖြူချေတစုံ ၀ယ်ရေ။ သူ့ရည်းစားနှမက အောက်ခံဘောင်းဘီ (ပင်တီ) တထည်ဝယ်ရေ။ ဖြစ်ချင်ခါ ထုပ်ပိုးပီးရေအရောင်းစာရေးမ၏အမှားကြောင့် သူ့ရည်းစားနှမက လက်အိတ်ရလားခရေ။ သူလည်း ဖွင့်မကြည့်ဘဲနှင့် (ပင်တီ) ပါဆယ်ထုပ်ကို စာတစောင်ရွီံးပြီးကေ သူ့ရည်းစားသည်ဘားသို့ စာတိုက်က ပို့ပီးလိုက်တေ။ စာက..
အသဲချေ
ကိုယ်ဇာဖြစ်လို့ ဒေလက်ဆောင်ကို ရွီးပြီးပီးရရေလဲဆိုကေ မင်းနှင့်ကိုယ်နှင့် ညဇာသား လမ်းလျှောက်ထွက်တေအခါတိုင်း မင်းတခါလည်းချင့်မဝတ်ဆိုစွာ ကိုယ်သတိပြုမိလို့ပါ။ ကိုယ်က နှိပ်ကြယ်သီးပါစွာ ၀ယ်ဖို့လို့ပါ။ မင်းနှမချေက ချွတ်လို့စွတ်လို့လွယ်အောင် ဒေဟင့်ကို ၀ယ်ဖို့တိုက်တွန်းရေ။ ဟုတ်ပါရေ၊ သူစွပ်ပြ ချွတ်ပြရေ။ ကောင်းကောင်းလှစွာရာမနား။ စွပ်ရချွတ်ရလည်း လွယ်ရေ၊ အရောင်းစာရေးမကလည်း ဒေဟင့်ကို ၀တ်ကြောင်းနှင့် သူကိုယ်တိုင် ၀တ်ပြချွတ်ပြလိုက်သိမ့်ရေ။ ကောင်းကောင်းကြည့်ကောင်းပါရေ။ သူမက အပေအစွန်းလည်း ရီနှင့်ဆီးရုံနှင့် ပြောင်ကြောင်းအာမခံရေ။ ဒေတခါ ကိုယ်လာကေ မင်းဝတ်ထားစွာမြင်ချင်ရေ။ သောက်ကြာနိမှာ ၀တ်လာပါ အချစ်ဆုံး။
မင်း၏ထာဝရချစ်သူ
ကိုယ်
(ကလောင်နာမည်ဖော်ပြရန်)
ယင်းစိတ်နန့်...
ကိုယ့်ဘာသာ
ကိုယ့်စကားအတွက်
အမျိုးစောင့်တရားကိုချစ်တေ။
ကိုယ့်ရိုးရာ
ကိုယ့်ပြည်ရွက်အတွက်
ပင်လယ်ပြာကိုချစ်တေ။
ကိုယ့်လူမျိုး
ကိုယ့်ဘ၀င်အတွက်
ပန်းသဇင်ကိုချစ်တေ။
ကိုယ့်ဝတီ
ကိုယ့်ဝတီအတွက်
ရိုးမမြီကိုချစ်တေ။
ယင်းစိတ်နန့်
ရခိုင်သား
ပင်လယ်ပြာနားမှာ
ရိုးမကိုသက်သီထားလို့
သစ္စာစကားဆိုဝံ့ရေ။
ပန်းသီကြိုး(ရသေ့တောင်)
အောင်တံခွန် ၀ံသရက္ခိတမဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၂)မှ- 
သတိမမူ ဂူမမြင်...
"ခွေးကိုက်တတ်သည်"ဆိုတဲ့
ဆိုင်းဘုတ်ကိုမကြည့်ဘဲ
ခြံထဲအတင်း ၀င်သူက
ခွေးကိုက်ခံရမှာ မလွဲဘူး။
"ဂုဏ်ဓနရှိမှ ၀င်ခွင့်ပြုမည်"ဆိုတဲ့
ဆိုင်းဘုတ်ကို မရှုဘဲ
ဇွတ်အထဲ ၀င်ခဲ့မိတဲ့ငါ
ခုတော့-
အသည်းခလုတ်ခံလိုက်ရပြီ။
လွမ်းပြေအောင်(စစ်တွေ)
အမိမှာတမ်း...
အရှိရွာမှာ၊ မိုးတိရွာကေ
ထီးဖြူကိုဆောင်း၊ ဘုချေဂေါင်းကို
မိုးသီးလုံအောင် ဖုံးလီနှမ်း။
အရှိရွာမှာ၊ လီထလာကေ
ဘုချေရင်ဘတ်၊ လီမသတ်အောင်
ခြည်ဖြူပန်းထိုး၊ ရက်ပုဆိုးကို
လုံအောင်ချုံလို့ အိပ်လီနှမ်း။
အရှိအိမ်မှာ၊ အနီကြာကေ
မိဖစကား၊ ဘုချေနားမှာ
ကြားရရေပိုင်၊ အခြီကိုင်လို့
ရခိုင်စကား၊ နှလုံးသားမှာ
မမိရအောင် ထိန်းလီနှမ်း။
အရှိရွာမှာ၊ ရွီမရအောင်
အန္တရာယ်လမ်း၊ ကားသရမ်းရေ
လမ်းလားလမ်းလာ၊ ယင်းနီရာမှာ
သမ္ဗုဒ္ဓေကို ဆိုလီနှမ်း။
အရှိမှာက၊ ဆောင်ယောင်လှလို့
သားလှမောင်ကို၊ ချစ်ရေးဆိုကေ
နှလုံးမယိုင် ဆင်ခြင်နိုင်ဗျာယ်
အရှိသမ၊ အလှပကိုလေ့
ပြေရာပြေကြောင်း ပြောလီနှမ်း။
အရှိအိပ်ရာ၊ ဂေါင်းရင်းမှာကား
အတုမဟိ၊ မြတ်မုနိကို
မှန်းဆဗျာယ်အိပ်၊ မနောစိတ်နန့်
ကိုယ်ချင်းလည်းစာ၊ သတ္တ၀ါကို
မေတ္တာပို့လို့ အိပ်လီနှမ်း။
ဧကရာဇ်
သူရို့ အချင်းချင်းရာ သိရေ....
ကျွန်တော့်အမိနာမည် ကြာဇံဦး။ ဈီးရောင်းပါရေ။ ဘုန်းကြီးကျောင်းစာလောက်ရာ သင်ဖူးပါရေ။ ကျွန်တော့် အမိဆိုင်နန့် မနီးမ၀ီးမှာ အဖိုး မောင်ညိုဦး နီပါရေ။ ယင်းအဖိုးလည်း ဘုန်းကြီးကျောင်းထွက်ဖြစ်ပါရေ။ ကျွန်တော့် အမိဆိုင်က ပစ္စည်းဝယ်ဖို့ဆိုကေ အချေတစ်ယောက်ကို စာတိုချေ တစ်စောင်ရွီးပြီးကေ ၀ယ်ခိုင်း နီကျပါ။
ကျွန်တော့်မှာ ပျော်ပျော်နီတတ်တေ ညီတစ်ယောက် ဟိပါရေ။ တစ်ရက်နိခါ ကျွန်တော်ရို့ သူငယ် ချင်းလေးယောက် လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နီပါရေ။ ယင်းအချိန်မှာ ကျွန်တော့်ညီ စာ တိုချေတစ်စောင် ကိုဖတ်ပြီး ပြုံးစိစိနန့် ရောက်လာပါရေ။ ကျွန်တော့်အမိပါးကို အဖိုး မောင်ညိုဦး ဈီးဝယ် ခိုင်းရေစာလို့ ပြောပြီးကေ ယင်းစာတိုချေကို ဌာန် ကရိုဏ်းကျကျ စာလုံးပေါင်းပြီးကေ ဖတ်ပြလိုက်တေ အခါမှာ ကျွန်တော်ရို့အားလုံးသူ တ၀ါးဝါးနန့် ၀မ်းကြောတိနာပါအောင် ရယ်ကတ်ရပါရေ။
ကျွန်တော့်ညီဖတ်ပြရေစာက-
"ကြာဇံဥ
ဘေးဥ
ဆေဥ
မောင်ညိုဥ"
(သူရို့အချင်းချင်း နားလည်ရေ သတ်ပုံတိဖြစ်ပါရေ။)
နတ်မြစ် ရွှေတမန်းသား
အောင်တံခွန် ၀ံသရက္ခတ မဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၂)မှ-
အလှည့်ကျ ဘဝ...
ငါ...လှိုင်းဖြစ်တေဘ၀ခါ
တောင်လီတိုက်ကေ မြောက်ကိုယှက်လို့
မြောက်လီတိုက်ကေ တောင်ကိုယှက်လို့။
တစ်ခါ... တစ်ခါ... မုန်တိုင်းထကေ
ပျော်လို့မဆုံး အသံတ၀ုန်းဝုန်းမြည်လို့
တောင်ယိုင် မြောက်ယိုင်
ဘဇောင်ပျော်ဖို့ကောင်းရေ။
ငါ... လောင်းဖြစ်ရေဘဝ
အဘာလဲ မုန်တိုင်းလာရေ
ပဲ့ကိုနနောင်းကိုင်
စိတ်ကိုတင်းထား
မပျက်စီးအောင်ကာကွယ်
သတ္တိကြီးစွာထားရရေ။
တစ်ခါ... တစ်ခါ... သာယာအီးမြရေနိန့်
လွတ်လပ်စွာနားဖို့ပြင်သိမ့်
လီပြင်းလို့ရွက်ပြင်
ပဲ့စင်ကိုဖမ်း အန္တရာယ်ကင်းဂါထာဆို
ကမ်းကိုရောက်ဖို့ကြိုးစား
လောင်းအိုကြီးဖြစ်ရေနိန့်
ကပ်ချင်ကမ်းကိုကပ်လီဖိ။
ဇွန်နဝါရီ မျက်ရည်မိုး...
ထီးနန်းလေ့ပြို၊ စည်တော်လေ့ပေါက်၊ ကျွန်ဘ၀ရောက်လားစွာ ၂၂၇ နှစ် တင်းတင်းပြည့်လီဗျာယ်၊ ဒီဇင်ဘာ ၃၁၊ နှစ်သစ်ကူးရေနိန့်မဟုတ်၊ ပျော်ပွဲစားထွက်တေနိန့်မဟုတ်၊ မိတ်ကောင်းဆွေမွန်ဖွဲ့ရေနိန့်လေ့မဟုတ်၊ ဒေနိန့်ရေ သိုက်နန်းလေ့ပြို၊ ပြည်ရွာလေ့ပျက်၊ မျက်ရည်ကျခရရေနိန့်။
ပန်းသဇင် ပင်ယံမြင့်မှာ၊ မတောင့်တယ်နိုင်ဗျာယ်၊ ဇာတာကံဆိုး၊ တိုင်းတပါးအငြိုးကြောင့်၊ ကိုယ့်ပြည်ရွာကို စွန့် ရေခြားမြေခြားမှာ၊ လူလုံးမလှဖြစ်ခစွာ၊ ရင်နာဖို့ကောင်းရေ...။
လှောင်ပိတ်ခံဘ၀မှာ၊ လွတ်လပ်စွာပျံသန်းနိုင်ဖို့ကိုရာ မျှော်ယင်း၊ ရှည်လျားရေမိုင်တိုင်တိကို ကျော်ဖြတ် ယင်း၊ အသက်သွီး ပီးဆပ်ခကတ်တေ၊ အဖိုးအဖီးရို့အတွက်၊ တန်ဖိုးမရှိရေ သွီးရည်ကြိုင်တိကို၊ ဖောက်ထုတ် ပစ်ကတ်မေ။
ဇန်န၀ါရီမှာ ရွာရေမိုး၊ ဓါးမိုး၊ လှံမိုး၊ မျက်ရည်မိုး၊ သွီးမိုး၊ အရောင်အသွီးစုံလင်ရေ မိုး...။
ဘ၀ကို ဘ၀နန့်ရင်းလို့ပီးဆပ်၊ အသက်ကို အသက်နန့် ထပ်တူပီးဆပ်၊ ဆပ်ပြီးယင်းဆပ်...။
အစားဆန်ရီပေါပါလျက်နန့်၊ အငတ်ငတ် အပြတ်ပြတ်ဟန်ချက်မညီရေဘ၀၊ ခံစားရသူရို့ရင်ထဲမှာ၊ ဖတ်ပြီးခရေ စာအုပ်ထဲက မိန့်လို့မရရေ စာမျက်နှာကို အကြိမ်ကြိမ် သတိရနိန်ဖို့က အသင့်ရာ...။
နှင်းချိုလှိုင်(မြောက်ဦး)
Friday 8 April 2016
ငြို့တိတာဝန် မဟုတ်လား...?
************************
#အချုပ်အချာအာဏာကို ဆုံးရှုံးခရေလူမျီုးတစ်မျီုးအနေနာင့်....
အချုပ်အချာအာဏာကို ပြန်လည်တောင်းတစွာရေ တရားနည်းလမ်းမကျလား....?
#ရခိုင်သားတိုင်းအိမ်မက်မာ အေကိစ္စစွာ မဟိ့လား....?
အိမ်မက်ဆိုစွာယေ လဲပြိးကေ သာယာနီဖို့အတွက် အိမ်မက်မျီုးကို ပြောစွာမဟုတ် လက်တွိ့နာင့်အကောင်အထည်ဖော်ဖို့ ငါရို့တိအားလုံး တာဝန်ဟိ့ရေ....။
ရခိုင်သမိုင်းကို ခြီရာကောက်ကေ ရခိုင်ပြည်နန့် ရခိုင်လူမျိုးတိစွာ လွန်ခရေ နှစ်ပေါင်း (၅၀၀၀)ကျော်ကပင် ရခိုင်ဘုရင် အဆက်ဆက်နန့် မြို့တော် အဆက်ဆက်ရို့မှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ရို့တိုးတက်ကောင်းမွန်ပြိး ကိုယ့်ထီးကိုယ်နန်းနန့် နိန်ထိုင်ခရေ တိုင်းပြည်တစ်ပြည်၊ လူမျိုးတမျိုးဖြစ်တေ။
အမျိုးသား သစ္စာဖေါက် ငသံဒေ၊ မောင်စံထွန်း ရို့အုပ်စုရေ ဗမာဘုရင် မောင်ဝိုင်းကို ဖိတ်ခေါ်ပြီးကေ အဖရခိုင်ပြည်ကြီးကို သိမ်းပိုက်ခိုင်းလီရေ။ ဗမာဘုရင်မောင်းဝိုင်း၏ သားတော် မောင်ပေါ် ဦးစီးရေ ပဒေသရာဇ်တပ်တိနန့် အတွင်းသစ္စာဖေါက် ဦးသံဒေ အုပ်စုကို လက်ရရေအခါ ရခိုင်မင်းသား မင်းဟရီကိုနန်းတင်ဖို့ လိမ်ညာလှဲ့ဖျားအကြောင်းပြပနာ ရခိုင်ပြည်နန့် ရခိုင်ထီးနန်းကို အလွယ်တကူ ၀င်ရောက် သိမ်းပိုက် အနိုင်ရခကတ်တေ။ ယေနန့်လို့ (၁၇၈၄)ခု၊ ဒီဇင်္ဘာ(၃၁)ရက်ရေ ရခိုင်ပြည်နန့် ရခိုင်လူမျိုးတိအတွက် ထီးကျိုးစည်ပေါက်၊ နန်းရာပျောက်တေ နှစ်ဖြစ်တေပိုင်၊ ယင်းဆိုးရွားလှရေ ကံကြမ္မာသမိုင်းကြောင်းအရ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတိစွာ ကိုလိုနီကျွန်ဘ၀ကို နှစ်ပေါင်း ၂၃၁ နှစ်အထိ ခါးသီးစွာ ခံစားနိန်ကတ်ရသီမ့်ရေ....။ 
ရခိုင်လူမျီုးတိ ဖြတ်သန်းလာရေ ကျွန်သက်တမ်း နှစ် ၂၃၀ ကို အတိုချုပ် လေ့လာကြည့်ရကေ....
(က) (AD-၁၇၈၄ မှ ၁၈၂၄)ခုနှစ်ထိ၊ နှစ် (၄၀)ရေ ဗမာပဒေသရာဇ် ကိုလိုနီကျွန်အဖြစ် လူမျိုးတုံးအောင် သတ်ဖြတ်ခံရမှုနန့် ဓါးမိုး အုပ်ချုပ်ဖိနှိပ်မှုအောက်မှာ နီခရရေ။
(ခ) (AD-၁၈၂၄ မှ ၁၉၄၂)ခုနှစ်ထိ၊ နှစ် (၁၁၈)နှစ်ရေ ဗြိတိသျှ အရင်းရှင်နယ်ချဲ့ကိုလိုနီကျွန်ဘ၀အဖြစ် စီးပွားရေး သွီးစုပ် ချေလှဲ့ မှုနန့် ရခိုင်နယ်မြီတိကို ရက်ရက်စက်စက် ခွဲခြမ်းစိတ်ဖြာခံရမှုအောက်မှာ နီခရရေ။
(ဂ) (AD-၁၉၄၂ မှ ၁၉၄၅)ခုနှစ်ထိ၊ (၃)နှစ်တာကာလရေ ဖက်ဆက်ဂျပန်များ စစ်အုပ်ချုပ်ရေး အောက်မှာ ဂျပန်ကင်ပေတိုင်တိက ရခိုင်လူမျီုးတိကို လူမဆန်စွာ နှိပ်စက်ညှင်းပမ်းခြင်းကို ခံခကတ်ရရေ။
(ဃ) (AD-၁၉၄၅ မှ ၁၉၄၈)ခုနှစ်ထိ၊ (၃)နှစ်တာကာလရေ အင်္ဂလိပ် မဟာမိတ် စစ်အုပ်ချုပ်ရေးအောက် ဖဆပလ (ဘုရာအတိုင်ပင်ခံ) အစိုးရ၏ သွီးထိုးမှုကြောင့် ဂျပန်ခေတ် တော်လှန်ရေး ရဲဘော်ဟောင်းများနှင့် လက်နက်ခဲ့ယမ်းများ အသိမ်းခံရမှုနန့် ကျော်ဇော စီမံကိန်း အရ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်
ရဲဘော်တိအပါအ၀င် ကြာအင်တင်တိုက်နယ်တခုလုံး မီးရှိုးဖျက်ဆီးသတ်ဖြတ်ခြင်းကို ခံခရရေ။
(င) (AD-၁၉၄၈ မှ ၁၉၆၂)ခုနှစ်ထိ၊ (၁၄)နှစ်ရေ ပြည်ထောင်စုအတွင်း အဖုံးခံ၊ အဖိခံ ကျွန်ပုံးကိုလိုနီဘ၀နန့် ပါလီမာန်အတွင်း ပြည်နယ် အဖြစ်ပင် အသိအမှတ်ပြုမခံရဘဲ ရခိုင်ပြည်အမျိုးသား အခွင့်အရေးများ
ဆုံးရှုံးခရသည့်အပြင် ရွာလုံးကျွတ်ထိ အသတ်ခံခကတ်ရရေ။
(စ) (AD-၁၉၆၂ မှ ၁၉၈၈)ခုနှစ်ထိ၊ (၂၆)နှစ်ရေ နေ၀င်း စစ်အာဏာရှင်စနစ်နန့် မဆလ တပါတီလက်အောက်မှာ အမျိုးသားရေး အခွင့်အရေးတိအားလုံး ဆုံးရှုံးလားတောင်မက စာပီ၊ ယိုင်ကျေးမှု စရေကဏ္ဍ အသီးသီးဆုံးရှုံးခဲ့ရရေ။  စစ်အုပ်စု၏ ချဲ့လှဲ့မှု အောက်မှာ စီးပွားရေးချွတ်ခြုံကျကာ
ရခိုင်လူမျီုးတိ နလှန်မထူနိုင်အောင်မွဲပြာကျခကတ်ရရေ။
(ဆ) (AD-၁၉၈၈ မှ ၂၀၁၀ )ခုနှစ်ထိ၊ (၂၂ )နှစ်တာ ကာလရေ စောမောင်၊ သန်းရွှေ စစ်အာဏာရှင်တိ လက်ပြောင်းလက်လွဲဖြစ်ပြီးကေ တပါတီ အာဏာရှင်ကြီးထက် ဆိုးဝါးရေ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စရေကဏ္ဍအသီးသီး၌ ပိုမိုတင်းကြပ်ကာ လူမျိုးပေါင်းစုံ တိုင်းရင်းသား ရို့၏ သဘာဝ အရင်းအမြစ်နန့် တောတောင်တိကို လက်ညိုးထိုးရောင်းစား၍ အားမရသေးဘဲ မိဘဘိုးဘွားပိုင် လယ်ယာ မြီတိကိုပါ မတရားသိမ်းပိုက်တောင်မက ရခိုင်လူမျိုးတိ၏ တန်ဖိုးမဖြတ်နိုင်ရေ ရှေ့ဟောင်းအမွေအနှစ်တိကို စနစ်တကျ အာဏာနန့် မတရားခိုးယူ ဖျက်ဆီးပစ်ပနာ လူမျိုးပျောက်အောင် လုပ်ဆောင်ခကတ်တေ။
၂၀၁၀ / ၂၀၁၅ ကာလရေ ဗမာတိ အသွင်တစ်မျီုးနာင့် အာဏာမြဲဖို့ ဘောင်းဘီဝတ်ထားရေလူတိက ဒယောဝတ်ပြပနာ စနစ်တစ်မျီုးနာင့် ချည်းကပ်လာစွာတွိ့ရရေ။ ရခိုင်ပြည်ကထွက်တေ သဘာဝသယံဇာတိကို ရသလောက်ယူပြိးကေ ရခိုင်လူမျီုးကာင်းကျိုးအတွက် အကြောင်းပြပနာ စစ်တွေ ရန်ကုန်ရထားလမ်းစီမံကိန်းစွာ ရခိုင်တစ်မျီုးသားလုံးအတွက် တန်းဖိုးမဖြတ်နိုင်ရေ (၁) ဓည၀တီမြို့ဟောင်း (၂) ဝေသာလီမြို့ဟောင်း (၃) မြောက်ဦးမြို့ဟောင်း (၄) လေးမြို့မြို့ဟောင်းတိ တည်ဟိ့ခရေ ရခိုင်ရို့၏ အထွဋ်အမြတ်ထားရာ သမိုင်းဝင်မြို့ဟောင်းတိကို စနစ်တကျဖျက်စီးဖို့ ကြိုးစားလာစွာတစ်ပင်ဖြစ်တေ...။ 
ဒေဂုံပိုင် စနစ်တကျ နှစ်ပေါင်း ၂၃၀ ခုနှစ်အထိ ဖက်ဆစ်ဗမာ၊ အင်္ဂလိပ်၊ဂျပန်၊တဖန် ဗမာနယ်ချဲ့တိလက်အောက်မှာ ရခိုင်ယိုင်ကျေးမှု၊စာပီ၊ဘုရားစေတီ၊ရှေးဟောင်းအမွီအနှစ်၊သဘာဝပတ်ဝန်းကျင်တိ စနစ်တကျဖျက်စီးခံခရကေလေ့ ယိုင်ကျေးမှုအမွီအနှစ်တိမပျက်စီးရအောင် ရခိုင်လူမျီုးတိ အန်တုရင်ဆိုင်ခကတ်စွာယေ ကမ္ဘာမှာဇာသူဖျက်ဖျက် ငါရို့မပျက်ဆိုရေစိတ်တတ်၊ အိမ်မက်တိစွာ ကျွန်တော်ရို့ ရခိုင်သားတိုင်း ရင်ဘတ်ထဲမာဟိ့နီရေလို့ မီးမောင်းထိုးပြနီစွာတစ်ခုပင်ဖြစ်တေ...
ယေဇုနာင့် ရခိုင်လူမျီုးတိရင်ဘတ်ထဲမာဟိ့ရေ ရခိုင်ရို့ ဆုံးရှုံးခရေ အချုပ်အချာအာဏာကို ပြန်လည်တောင်းတစွာရေ တရားနည်းလမ်းကျရေ အမှန်တရားတစ်ခုပင်ဖြစ်တေ။ ရက္ခိုင့်နိုင်ငံတော်ဆိုရေ အိမ်မက်တိစွာ လဲပြိးကေသာယာနီဖို့ အိမ်မက်မဟုတ် ယင်းပိုင်အိမ်မက်တိကို လက်တွိ့နာင့်အကောင်အထည်ဖော်ဖို့ ရခိုင်လူမျီုးတိကို "ရက္ခိုင့်တပ်မတော်"Arakan Army က လိုက်လိုက်လှဲလှဲ ကြိုဆိုပါကြောင်းပြောကြားရင်း အိမ်မက်တိကို အကောင်အထည်ဖော်ဖို့ သမိုင်းပီးတာဝန် ငြို့တိမာ ဟိ့နီရေ....။ ။
#ရက္ခဇာနည်
[Fb] မှကူးယူ​ဖော်​ပြသည်​။
ကျောက်တုံးမြို့တော်( stone city )....
xxxxxxxxxxxxxxxxxxxxxx
     #ကျောက်တုံးမြို့တော်  ဟုဆိုပါက 
သိသူရှားပေလိမ့်မည်
သို့ သော် မြောက်ဦးမြို့တော် ဆိုကမရောက်ဖူး
သော်လည်းလူတိုင်းသိကြ၏
ယခုမှမဟုတ် ရှေးခေတ်ကပင် ကမ္ဘာသိ နေရာ
တစ်ခုပင်
    မြောက်ဦးသမိုင်း ကိုဖျောက်လို့ မရနိုင်ပေ
ရှေးခေတ်အမွေ များကိုမည်သို့ တိမ်ကောအောင်
လုပ်ပါစေ မရပါ
   ကျောက်တုံးမြို့တော် ဟုအမည်တွင်ခြင်းကား
ရခိုင်တို့ ၏ဗုဒ္ဓသာသနာစတင်ခဲ့သည့်
ဓည၀တီခေတ်မှစကာ ဝေသာလီ လေးမြို့
မြောက်ဦးခေတ်တိုင်အောင်ရခိုင်ဘုရင်မင်းများ
သည်တောင်ပေါ်မြေပြန့် မကျန်ရအောင်
စေတီ ပုထိုး ဘုရားဆင်းထုတော်များကိုတည်
ထားကိုးကွယ်ခဲ့ကြ၏
   ယင်းကိုအရေအတွက်အားဖြင့်
#သဇင်ပန်းခိုင်တစ်မြိုင်မြိုင်ရခိုင်ဘုရားပေါင်း ဟု
ဆိုစမှတ်ပြုခဲ့ကြသည်
     တည်ထားကိုးကွယ်ခဲ့ကြရာတွင်လည်း
အုတ်ကိုအသုံးပြုခြင်းထက်
သဲကျောက်မာများကိုပိုပြီးအသုံးပြုကာစေတီ
ပုထိုးမြောက်များစွာကိုတည်ထားကိုးကွယ်ခဲ့ကြ
သောကြောင့်နိုင်ငံခြားသားအများစုက
#ကျောက်တုံးမြို့တော် ဟုခေါ်ဆိုခဲ့ကြခြင်း
ဖြစ်ပါသည်
   ယခုဖူးတွေ့ မြင်နေရသောစေတီပုထိုးများ
သည်ကျောက်များဖြင့်လက်ရာမြောက်စွာ
တည်ထားခြင်းဖြစ်ပါ၏ 
အုတ်ဖြင့်မဟုတ်ပါ်
     သင်သည် ရခိုင်ဖြစ်ပါလျှက် မရောက်ဖူးသော်
လည်း ကျောက်တုံးမြို့တော် ကိုတော့သိသင့်ပေ
သည် ရောက်အောင်လည်းသွားသင့်ပေ၏
    သင်သည် ရွှေတိဂုံ ပုဂံစသောဘုရားများကို
ရောက်ဖူးပေမယ့်
ကျောက်တုံးမြို့တော် ကိုမရောက်ဖူးပါကမပြည့်
စုံဟုသာဆိုချင်၏
   အဘယ်ကြောင့်ဟုမေးခဲ့သော်
သင်ရောက်ဖူးမှသိလိမ့်မည် ဟုသာဆိုပါရစေ
    ရခိုင်သာမဟုတ် ဗုဒ္ဓဘာသာဝင်တိုင်းသွား
သင့်သည်ဟုဆိုချင်သည်
မနာလိုဝန်တိုသူများကကျောက်တုံးမြို့တော်ကို
တိမ်ကောအောင်လုပ်ပါစေ မရနိုင်
    #ကမ္ဘာလှည့်ခရီးသည်နိုင်ငံခြားသားများသည်ကျောက်တုံးမြို့တော်တွင်မပြတ်ရောက်နေကြ၏
     ဗုဒ္ဓဘာသာလူမျိုးတိုင်းကိုတိုက်တွန်းချင်သည်
ကား
  သင်သည်လူမျိုးရေးမခွဲခြားပဲရိုးသားဖြူစင်သော
စိတ်စေတနာဖြင့်မြောက်ဦးကိုသွားဖြစ်အောင်
သွားကြည့်ဖူးမြော်လိုက်ပါ ဟု
ဆိုလိုက်ပါရစေ
    ရှေးခေတ်ကပင်ထင်ရှားတောက်ပြောင်ခဲ့
သော လက်ရာမြောက်စွာဖြင့်
ရခိုင်ဘုရင်များတည်ထားခဲ့ကြသော
ရခိုင့်ဘိုးဘွားအမွေအနှစ် များကို
ဖူးဖြစ်အောင်ဖူးနိုင်ကြပါစေဟု
ကောင်းမြတ်သောစိတ်ထားဖြင့်ဆိုလိုက်ရပါ
ကြောင်း 
            ရွှင်လန်းချမ်းမြေ့ကြပါစေ
             ၁၃၇၇ ခု ပြာသိုလဆန်း ၁၂ ရက်
                              21   1  2016      
>ဟုံး​ချောင်း ဆရာ​တော်​ [fb] မှကူးယူ​ဖော်​ပြသည်​။