Saturday 9 April 2016

သူရို့ အချင်းချင်းရာ သိရေ....


ကျွန်တော့်အမိနာမည် ကြာဇံဦး။ ဈီးရောင်းပါရေ။ ဘုန်းကြီးကျောင်းစာလောက်ရာ သင်ဖူးပါရေ။ ကျွန်တော့် အမိဆိုင်နန့် မနီးမ၀ီးမှာ အဖိုး မောင်ညိုဦး နီပါရေ။ ယင်းအဖိုးလည်း ဘုန်းကြီးကျောင်းထွက်ဖြစ်ပါရေ။ ကျွန်တော့် အမိဆိုင်က ပစ္စည်းဝယ်ဖို့ဆိုကေ အချေတစ်ယောက်ကို စာတိုချေ တစ်စောင်ရွီးပြီးကေ ၀ယ်ခိုင်း နီကျပါ။

ကျွန်တော့်မှာ ပျော်ပျော်နီတတ်တေ ညီတစ်ယောက် ဟိပါရေ။ တစ်ရက်နိခါ ကျွန်တော်ရို့ သူငယ် ချင်းလေးယောက် လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နီပါရေ။ ယင်းအချိန်မှာ ကျွန်တော့်ညီ စာ တိုချေတစ်စောင် ကိုဖတ်ပြီး ပြုံးစိစိနန့် ရောက်လာပါရေ။ ကျွန်တော့်အမိပါးကို အဖိုး မောင်ညိုဦး ဈီးဝယ် ခိုင်းရေစာလို့ ပြောပြီးကေ ယင်းစာတိုချေကို ဌာန် ကရိုဏ်းကျကျ စာလုံးပေါင်းပြီးကေ ဖတ်ပြလိုက်တေ အခါမှာ ကျွန်တော်ရို့အားလုံးသူ တ၀ါးဝါးနန့် ၀မ်းကြောတိနာပါအောင် ရယ်ကတ်ရပါရေ။

ကျွန်တော့်ညီဖတ်ပြရေစာက-

"ကြာဇံဥ

ဘေးဥ
ဆေဥ

မောင်ညိုဥ"

(သူရို့အချင်းချင်း နားလည်ရေ သတ်ပုံတိဖြစ်ပါရေ။)

နတ်မြစ် ရွှေတမန်းသား

အောင်တံခွန် ၀ံသရက္ခတ မဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၂)မှ-

No comments:

Post a Comment