Saturday 9 April 2016

သတိမမူ ဂူမမြင်...


"ခွေးကိုက်တတ်သည်"ဆိုတဲ့
ဆိုင်းဘုတ်ကိုမကြည့်ဘဲ
ခြံထဲအတင်း ၀င်သူက
ခွေးကိုက်ခံရမှာ မလွဲဘူး။

"ဂုဏ်ဓနရှိမှ ၀င်ခွင့်ပြုမည်"ဆိုတဲ့
ဆိုင်းဘုတ်ကို မရှုဘဲ
ဇွတ်အထဲ ၀င်ခဲ့မိတဲ့ငါ
ခုတော့-
အသည်းခလုတ်ခံလိုက်ရပြီ။

လွမ်းပြေအောင်(စစ်တွေ)

No comments:

Post a Comment