Thursday 30 June 2016

ဆင်းရဲသားလေး တစ်ယောက် အကြောင်း..။




ဟိုး တစ်ချိန်က အရမ်းကို ဆင်းရဲတဲ့လူတစ်ယောက်ရှိတယ်…
သူ့ကို အရမ်းချမ်းသာတဲ့လူတစ်ယောက်ကတွေ့တော့ သနားပြီး သူ့ကို ကြီးပွားလာအောင် ကူညီချင်စိတ်တွေပေါ်လာတယ်…

သူဌေးက သူ့ကို နွားတစ်ကောင်လက်ဆောင်ပေးခဲ့တယ်… သူ့ကို လယ်ယာထွန်ယက်ဖို့ သေချာမှာခဲ့တယ်…

အခုချိန်မျိုးစေ့ ကြဲထားပြီး ကောင်းကောင်းထွန်ယက်ရင် ဒီနှစ်ကုန်ရင် ဆင်းရဲတယ် ဆိုတဲ့စကားလုံးနဲ့ ဝေးဝေးခွာနိုင်တော့မှာပါလို့ ပြောခဲ့တယ်…

ဒီသူဆင်းရဲလေးကတော့ အစပိုင်းမှာ မျှော်လင့်ချက်အပြည့်နဲ့ တက်တက်ကြွကြွလုပ်ရှာတယ်…

ဒါပေမဲ့ ဘယ်လောက်မှ မကြာလိုက်ဘူး… နွားက မြက်စားတယ်… လူက ထမင်းစားတယ်…
ဖြတ်သန်းရတဲ့ဘ၀က အရင်ကထက်တောင်ခက်ခဲနေသေးတယ်…

သူဆင်းရဲလေးက ပြန်စဉ်းစားတယ်…နွားကို ရောင်းလိုက်ပြီး ဆိတ်တချို့ဝယ်လိုက်ရင်ကောင်းမယ်…

တစ်ကောင်ကို အရင်သတ်စားလိုက်ပြီး ကျန်တာတွေကို ဆက်မွေးထားလိုက်မယ်… ဆိတ်ကလေးတွေမွေးလာလို့ ကြီးလာရင် ပြန်ရောင်းစားလို့ရတယ်… ဒါလဲ တော်တော်လေး အမြတ်ရနိုင်တယ်…

သူဆင်းရဲလေးရဲ့ အစီအစဉ်ကလဲ အထမြောက်လိုက်ပါတယ်… ဆိတ်တစ်ကောင်ဘဲ သတ်စားလိုက်တယ်…
နောက်ပိုင်းမှာ ဆိတ်ကလဲ တော်တော်နဲ့ ကလေးမမွေးနိုင်တာနဲ့ မအောင့်နိုင်ဘဲ ဆိတ်နောက်တစ်ကောင်သတ်စားလိုက်တယ်…

သူပြန်စဉ်းစားတယ်… ဒီတိုင်းဆို မဖြစ်တော့ဘူး… ဆိတ်ကိုလဲ ရောင်းပစ်လိုက်ပြီး ကြက်ဝယ်လိုက်ရင်ကောင်းမယ်… ကြက် က ဥဥတာပိုမြန်တယ်… ကြက်ဥကနေ ၀င်ငွေ ချက်ချင်းရနိုင်တယ်… ဒါဆိုရင် ငါလဲ နည်းနည်းချောင်သွားလိမ့်မယ်…

သူစီစဉ်းထားတဲ့ အတိုင်း အထမြောက်သွားပြန်တယ်… ဒါပေမဲ့ သူ့ရဲ့ ဘ၀ကပြောင်းလဲမှုမရှိဘူး… ခက်ခဲလာပြန်ပြီ… နောက်ဆုံးတော့လဲ မနေနိုင်ဘဲ တစ်ကောင် သတ်မိပြန်တယ်… ဒီလိုနဲ့နောက်ဆုံး ကြက်တစ်ကောင်ဘဲ ကျန်တဲ့အချိန်မှာ သူတော်တော်လေး စိတ်ဓာတ်ကျသွားတယ်…

သူ ပြန်စဉ်းစားတယ်… ကြီးပွားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး… ကြက်ကို ရောင်းပြီး အရက်ဝယ်သောက်တာဘဲ ကောင်းပါတယ်… ဗိုက်ထဲ အရက်ဝင်သွားရင်… အတွေးထဲကို အနောက်အယှက် မ၀င်တော့ပါဘူးလေ…

နှစ်ကုန်လို့ သူ့ကိုကူညီခဲ့တဲ့ သူဌေး သူ့ဆီကို ပြန်ရောက်လာတယ်…
ပြန်တွေ့လိုက်တာကတော့ အရက်လေးတမြည်းမြည်းနဲ့ မူးနေတဲ့ သူကိုတွေ့လိုက်တယ်…
နွားကလဲ မရှိတာကြာရော်ပေါ့… အိမ်ကလဲ စုတ်ပြတ်မြဲ စုတ်ပြတ်နေတယ်…

သူဌေးက သူ့ရှေ့မှာ ရှိတဲ့ မြင်ကွင်းကိုတွေ့တော့ သက်ပြင်းချလိုက်ပြီး ဘာမှပြန်မပြောဘဲ လှည့်ထွက်သွားလိုက်တယ်…
သူဆင်းရဲလေးကတော့ ဆင်းရဲမြဲ ဆင်းရဲနေတယ်…

ဆင်းရဲတဲ့လူ အများစုမှာလဲ အိပ်မက်ဆိုတာ ရှိခဲ့တယ်… အခွင့်အရေးဆိုတာလဲ ကြုံခဲ့တယ်… ကြိုးလဲ ကြိုးစားခဲ့တယ်… ဒါပေမဲ့ တစိုက်မက်မက်လုပ်ဖို့ဆိုတာ ခက်ခဲလာတယ်…

စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်သူအောင်မြင်တဲ့လျှို့ဝှက်ချက်ကို ပြောခဲ့ဖူးတယ်…
“ပိုက်ဆံ မရှိတဲ့အချိန် ဘယ်လောက်ထိဘဲ ခက်ခဲနေပါစေ ရင်းနှီးထားတဲ့ငွေနဲ့ စုထားတဲ့ငွေကို မထိမိပါစေနဲ့… ဖိအားက မင်းကို ငွေရှာဖို့ နည်းလမ်းသစ်တွေပေးနိုင်တယ်… အကြွေးရှင်းဖို့ တွန်းအားပေးနိုင်တယ်… ဒါဟာ ကောင်းတဲ့ အကျင့်လေးတစ်ခုပါတဲ့…”

စရိုက်က အကျင့်တစ်ခုဖြစ်စေတယ်…
အဲဒီအကျင့်က အောင်မြင်မှုကို ဆုံးဖြတ်ပေးတယ်…
အောင်မြင်တဲ့သူနဲ့ ကျရှုံးတဲ့သူရဲ့ အဓိက ကွားခြားတဲ့နေရာကတော့…

အောင်မြင်တဲ့သူမှာ ပန်းတိုင်ကို သတ်မှတ်ထားပြီးရင် ရဲရဲချီတက်တယ်… အခက်အခဲတွေ့ရင် နည်းလမ်းကို ပြောင်းပြီး ထပ်ကြိုးစားတယ်…

ရှုံးနိမ့်တဲ့သူကတော့ ပန်းတိုင်ကို သတ်မှတ်ပြီးရင် အခက်အခဲတွေ့တာနဲ့ ပန်းတိုင်ကို ပြောင်းပစ်တယ်… လမ်းကြောင်းကိုပြောင်းပစ်တယ်… အစီအစဉ်က ပြောင်းလဲမှုတွေကို ဘယ်လိုမှ လိုက်မမှီဘူး…

ကဲ သင်ရော အောင်မြင်သူဖြစ်ချင်သလား ကျရှုံးသူဖြစ်ချင်သလားလွတ်လပ်စွာ မျှဝေနိုင်ပါတယ်။
Credit: Zane 
Ref:သုတဇုန်

ကိုယ့်ကိုယ်ကို သိမ်ငယ်နေပါ သလား..။



ကိုယ်ကို သိမ်ငယ်စေနဲ့အချက်ကို စိန်ခေါ်လိုက်ပါ
လုပ်ရမှာကြောက်နေတဲ့အရာတွေကိုမလုပ်သ၍ သင်ဘယ်တော့မှာသင့်ကိုသင် ယုံကြည်လာမှာမဟုတ်ပါဘူး။ 
ဒါဆို သူများနှင့် ယှဉ်ရင် ကိုယ်က ခေါင်းငိုက်ပြီး သိမ့်ငယ်နေလိမ့်မယ်။

ဒါဆို စိန်ခေါ်လိုက်ပါ ... သတ္တိမွေးပြီး ရအောင် စိန်ခေါ်လိုက်ပါ .. ဒါဆို တစ်နေ့ သင်ဟာ လူ့အလယ်မှာ ခေါင်းမော့ ရင်ကော့ ယုံကြည်မှု အပြည့်နှင့် ရပ်တည်နိုင်မှာပါ...

“အရင်မရခဲ့ဖူးတဲ့ အရာတွေကို
လိုချင်တယ်ဆိုရင် အရင်ကမလုပ်ဖူးတဲ့အရာတွေကိုလုပ်လိုက်ပါ။

Wednesday 29 June 2016

တာဝန်ကျီ..။


ကိုယ့်သားကိုယ့်သွီး
နီးရာပီးပါ
မွီးဖွားကြီးပြင်း
အချင်းချင်းတိ…။

စကားလီသံ
ကွဲစွာမှန်လည်း
အမှန်စိတ်ထား
တသွီးသားတည်း…။

လူမျိုးမပျောက်
မိန့်မပျောက်ဖို့
တစ်ယောက်ကိုယ်စီ
တာဝန်ကျီအောင်
ရောက်နီရေရပ်
စွမ်းဆောင်ကတ်မှ
ရခိုင်ပီပီ
တာဝန်ကျီ…။
………………
အောင်မြတ်၊ ယိုးတရုတ်

ဘဝအတွက် ကြိုးစားနေချိန်မှာ မလုပ်သင့်တဲ့ အချက်တွေ...။

၁။ အရက်သေစာ စွဲစွဲလန်းလန်း သောက်တာ
တစ်ခါတစ်လေ သောက်တာ စားတာ လောက်ကို အပြစ်အယူပေမယ့် စွဲလမ်းမူ ဖြစ်ပြီဆိုရင်တော့ မကောင်းပါ။ 
ဒါကြောင့် မိမိဟာ ကြိုးစားနေတဲ့ လူ တစ်ယောက် ဆိုရင် မစွဲလန်းမိပါစေနဲ့။

၂။ မပျင်းနဲ့ ဇွဲ လုံလ ဝီရိယ ရှိပါစေ
အောင်မြင်တဲ့ လူတိုင်းမှာ ဇွဲ လုံလ ဝီရိယ ဆိုတာ ရှိပါတယ်။ ဒါကြောင့် မိမိအနေဖြင့် အောင်မြင်အောင် ကြိုးစားနေချိန်မှာ မပျင်းပါစေနဲ့။ 
အမြဲတန်း တက်ကြွစွာ အလုပ်လုပ်ပါ။

၃။ ငွေကို ချွေတာ အချိန်ကို နှမြော
အရေးကြီးပါတယ်။ ငွေကို ချွေတာတတ်မှသာ ရှာသမျှငွေတွေဟာ လုပ်ငန်း
တစ်ခု ထူထောင်တာ ဖြစ်ဖြစ် ရင်းနှီးတာ ဖြစ်ဖြစ် အသုံးပြုလို့ ရပါလိမ့်မယ်။

ဒါ့အပြင် အချိန်ဟာ ပြန်မရနိုင်တဲ့ အရာတစ်ခုပါ။ ဒါကြောင့် အချိန်ကို နှမြောပါ။ အောင်မြင်သူတိုင်း အချိန်ကို နှမြောတယ် ဆိုတာ မမေ့ပါနဲ့။

၎။ အိမ်ထောင် မပြုနဲ့အုံး
ဘဝအတွက် ကြိုးစားရုန်းကန်နေချိန်မှာ အိမ်ထောင်မပြုသေးတာ ကောင်းပါတယ်။ အိမ်ထောင်ပြုလိုက်မယ် ဆိုရင် ပိုပြီး တာဝန်တွေ များပါလိမ့်မယ်။
 အခြားသော လုပ်ငန်းတွေမှာ ပေါ့လျော့တာလည်း ရှိလာနိုင်ပါတယ်။

၅။ မနာလို မဖြစ်နဲ့ မကဲ့ရဲ့နဲ့ ချီးမွမ်း စကားဆိုပါ
သူတစ်ပါးကို ကဲ့ရဲ့တာ မနာလို ဖြစ်တာတွေဟာ မိမိကြိုးစားနေချိန်မှာရော
အောင်မြင်နေချိန်မှာပါ မလုပ်ပါနဲ့။ 
မကောင်းပါ။ အောင်မြင်တဲ့ သူတွေကို
လည်း ချီးမွမ်းစကား ဆိုပါ။ ဝမ်းသာပါ။
Ref.pyittinehtaung

လီကာရှင်း ရုံးခန်းတွင်း ရှိ သတိပေး စကားများ..။

၁။ဝိုးတဝါးဖြစ်နေတဲ့ မနက်ဖန်အတွက် မစိုးရိမ်သင့်ပါ၊ ရှင်းရှင်းလင်းလင်းဖြစ်နေတဲ့ ယခု အတွက်ပဲ အစွမ်းကုန်ကြိုးစား အားထုတ်လိုက်စမ်းပါ။ 

၂။ စိတ်နေစိတ်ထားကို ပြုပြင်ပြောင်းလဲ နိုင်ပါမှ ဘ၀ရဲ့ အခြေအနေကို ပြောင်းလဲလို့ ရမယ်။ 

၃။ ငွေအရ နည်းတယ်လို့ ပြစ်တင်နေမဲ့ အစား ကိုယ့်ကိုကို တန်ဖိုးရှိအောင် အရင်ကြိုးစားလိုက်ပါ။ 

၎။ ဘွဲ့ဒီဂရီ ဆိုတာ အတိတ်ကို ကိုယ်စားပြုပါတယ်။ သင်ယူလေ့လာမူ့ စွမ်းရည် ဟာ အနာဂတ်ကို ကိုယ်စားပြုပါတယ်။ 

၅။ အထီးကျန်တဲ့ ဒဏ်ကိုခံနိုင်ရည်ရှိမှ တိုးတက်အောင်မြင်တဲ့ ဒဏ်ကို 
စံစားနိုင်စွမ်းရှိတယ်။
 ကြိုးစားအားထုတ်သင့်တဲ့ အရွယ်မှာ အေးအေးလူလူ နေထိုင်တဲ့ဘ၀မျိုးကို မရွှေးချယ်လိုက်ပါနှဲ့၊ 

၆။ မျော်လင့်ချက်ကောင်းမှ ဇွဲကောင်းသင့်တာမဟုတ်ပါ။ ဇွဲကောင်းမှသာ မျော်လင့်ချက် ကောင်းလာမှာ ဖြစ်တယ်။ 

ရ။ ဖိအားဆိုတာ သူများကိုယ့်ထက် ကြိုးစားနေလို့ ဖြစ်ပေါ်လာတာမဟုတ်ပါ။ ကိုယ့်ထက်သာနေတဲ့ သူတွေက ကိုယ့်ထက် အဆနဲ့ ချီပြီး ပိုကြိုးစားနေတာကြောင့်ဖြစ်တယ်။
Credit : Sayar Aung Ko Latt

အောင်မြင်ဖို့ အတွက်ဘာလို့ ခရီးသွားသင့်တာလဲ....?



ခရီးသွားခြင်းက ဘဝအမောတွေကို ပြေပျောက်စေတယ်၊ အပန်းပြေစေတယ်၊ ဗဟုသုတတွေကို ရစေတယ်။ 
ဒီလိုအချက်တွေအပြင် ကိုယ်သတိမထားမိတဲ့ အရည်အသွေးတွေကိုလည်း တိုးတက်လာစေပါတယ်။
 ဒီအရည်အသွေးတွေဟာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကောင်းတစ်ခုအဖြစ်နဲ့ လုပ်ငန်းခွင်မှာပါ အထောက်အကူပြုလေ့ရှိပါတယ်။

(၁) ပွင့်လင်းတဲ့သဘောထားရှိတယ်။

ခရီးသွားနေတဲ့အခါမှာ လူတစ်ယောက်ရဲ့စိတ်ဟာ ပွင့်လင်းပါတယ်။ 
သူ့ရဲ့အမြင်နဲ့ခံစားချက်ပေါ်မှာလည်း ရိုးသားပါတယ်။ ပုံမှန်ခရီးသွားလေ့ရှိသူတစ်ဦးအနေနဲ့ ဒီအကျင့်လေးတွေဟာ သူ့ရဲ့ လုပ်ငန်းခွင်ထဲထိ ကူးစက်လာတတ်ပါတယ်။

(၂) လူမှုဆက်ဆံရေး ကျယ်ပြန့်တယ်။
ခရီးအတူသွားတဲ့အခါ ခရီးသွားဖော်တွေရှိမယ်။ နယ်ပယ်အသစ်တွေကို ရောက်တဲ့အခါမှာ နယ်ခံတွေရှိမယ်။ 
ခရီးသွားရင်းနဲ့ ကိုယ်နဲ့မသိတဲ့ လူပေါင်းများစွာနဲ့ တွေ့ကြုံရပါတယ်။ မိတ်ဆွေအသစ်တွေနဲ့ ခင်မင်အောင် ပေါင်းသင်းဖို့ အခွင့်အရေးတွေ ရတတ်ပါတယ်။

(၃) လူတွေအကြောင်း နားလည်မယ်။

လူတစ်ယောက်အကြောင်း သိချင်ရင် ခရီးအတူသွားကြည့်ဆိုတဲ့ စကားရှိပါတယ်။ 
ဒီလိုပါပဲ ခရီးမကြာခဏသွားလေ့ရှိသူတစ်ဦးဟာလည်း လူတွေအကြောင်းကို တဖြည်းဖြည်းနားလည်လာပါတယ်။ 
မကောင်းမြင်စိတ်ထက်စာရင် လူတွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောကို နားလည်လာခြင်းလည်း ဖြစ်ပါတယ်။

(၄) အစီအစဉ်ဆွဲတာကောင်းလာတယ်။
ခရီးတစ်ခုသွားတယ်ဆိုတာ ဒီအတိုင်းကြီး ခြေဦးတည့်ရာ သွားလို့မရပါဘူး။ 
ဘယ်ကိုသွားမယ်။ ဘယ်ရောက်ရင် ဘာလုပ်မယ်။ စသဖြင့် ကြိုတင်အစီအစဉ်ဆွဲထားရပါတယ်။ ခရီးသွားခြင်းအားဖြင့် ဒီလို planning လုပ်တဲ့အပိုင်းမှာလည်း တိုးတက်လာနိုင်ပါတယ်။

(၅) ဗဟုသုတတိုးမယ်။

ဗဟုသုတ သိုမှီးတဲ့နည်း သုံးခုရှိပါတယ်။ ဒါတွေကတော့ စာဖတ်ခြင်း၊ သူများဆီက နားထောင်ခြင်းနဲ့ ခရီးသွားခြင်းတို့ပဲ ဖြစ်ပါတယ်။ 
ဒီထဲကမှ အထိရောက်ဆုံးကလည်း ခရီးသွားခြင်းလို့ ဆိုထားပါတယ်။ ခရီးတစ်ခေါက် သွားလိုက်တာနဲ့ ကိုယ့်ရဲ့ ကိုယ်ရော၊စိတ်ပါ အပြောင်းအလဲတွေကို ခံစားမိမှာပါ။

(၆) စိတ်ခွန်အားတက်ကြွနေတတ်တယ်။

ခရီးသွားတဲ့သူအများစုရဲ့ စိတ်တွေဟာ သစ်လွင်နေလေ့ရှိပါတယ်။ 
အတွေးဟောင်းတွေ၊ ခံစားမှုအဟောင်းတွေကိုလည်း ခရီးသွားခြင်းနဲ့အတူ ချန်လှပ်ထားလေ့ရှိပါတယ်။
Ref: travel guide/  (Focus Youth)

လွတ်လပ်စွာ ရှင်သန်ခွင့်ပြုပါ....။



(၁) လက်ရှိဘဝကို မကျေနပ်လို့ စိတ်တွေမွန်းကြပ်နေရတယ်။

(၂) ပတ်ဝန်းကျင်က ဖြူစင်တဲ့ စိတ်ကို အရောင်ပြောင်းတတ်လို့ မကောင်းမြင်တဲ့ စိတ်တွေနဲ့ မတည်မငြိမ် ပူလောင်နေရတယ်။

(၃) စွဲလမ်းစိတ်နဲ့ အတိတ်ကို ပြင်ဆင်ပြစ်ချင်တဲ့ နောင်တတွေကြောင့် မှတ်ဥာဏ်တွေ ပျက်စီးနေရတယ်။

(၄) “ အချိန်မရှိဘူး၊ လုပ်စရာတွေ များတယ်၊ လုပ်ကို လုပ်သင့်တယ်၊ ဘဝကတိုတယ်” သင့်စကားရဲ့ နောက်ကွယ်မှာ သင့်စိတ်တွေ ပင်ပန်းလေးလံနေတယ်။

ဒီလိုဆို လွတ်လပ်တဲ့ စိတ်နဲ့ သင် ထွက်ပေါက်ရှာနေမိမယ်။ စိတ်ရဲ့ အကောင်းဆုံးထွက်ပေါက်က ငိုဖို့လိုရင် ငိုပစ်လိုက်ပါ။ 
ရင်ဖွင့်ဖို့ လိုရင် ရင်ဖွင့်ပစ်လိုက်ပါ။ အရာရာကို ထားခဲ့ပြီး ခရီးထွက်ပစ်လိုက်ပါ။ စိတ်လှုပ်ရှားစေတဲ့ ကော်ဖီ၊ ချောကလက်၊ ကာဖိန်း၊ အရက် ဖြတ်ပစ်လိုက်ပါ။
 စေတနာထက်ထက်သန်သန်နဲ့ တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။ အားလုံးရဲ့ ကောင်းကွက်ကိုဘဲ ကြည့်ပြီး ခွင့်လွှတ်ပေးလိုက်ပါ။ 
ဒါဆို စိတ်တွေ အေးချမ်းသွားမယ်။ 
တည်ငြိမ်သွားမယ်။ လွတ်လပ်ခွင့်ရသွားမယ်။ ဒီစိတ်ဖြေနည်းနဲ့ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းခွင့်ရသွားမယ်။
Ref: Yangonlife

အချိန်ကောင်းကို စောင့်ရင်း အောင်မြင်မှု နောက်မကျပါစေနဲ့....,။

ဘဝမှာအားလုံးပြီးပြည့်စုံမယ့် အချိန်ကောင်းဆိုတာ မရှိပါဘူး။ ဒီတော့ အချိန်ကောင်းကို စောင့်နေမယ်ဆိုရင် အခြားသူတွေ မလိုချင်လို့ထားသွားတဲ့ လက်ကျန်တွေကိုပဲ ရရှိမှာ သေချာပါတယ်။ 
သင့်အနေနဲ့ စိတ်ကူးအိပ်မက်တစ်ခုရှိနေတယ်ဆိုရင် ဘယ်လိုစိတ်ကူးအိပ်မက်မျိုးပဲဖြစ်ဖြစ် ဖမ်းဆုပ်ရယူနိုင်ဖို့ အချိန်ကောင်းကို စောင့်နေမယ့်အစား အခုချက်ချင်းထပြီး ကြိုးစားကြည့်သင့်ပါတယ်။ 
ဘာကြောင့် အချိန်ကောင်းကို စောင့်မနေပဲ တစ်ကြိမ်တစ်ခါလောက် ကြိုးစားကြည့်သင့်တာလဲဆိုတဲ့ အချက် (၅)ခု ကို ဖော်ပြပေးလိုက်ပါတယ်။

 ၁။ ဒီအတိုင်းထိုင်နေရုံနဲ့တော့ လိုချင်တဲ့အရာကို ဘယ်တော့မှပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။
ဘ၀ ထူးထူးခြားခြား အလှည့်အပြောင်းတွေဖြစ်လာပြီး အားလုံးအဆင်ပြေသွားဖို့ စောင့်နေမယ်ဆိုရင် တခြားသူတွေ မလိုချင်လို့ ချန်ထားရစ်ခဲ့တဲ့ အခွင့်အရေးတွေကိုပဲ ရရှိမှာပါ။ 
သင့်ရဲ့အိပ်မက်တွေ၊ ရည်မှန်းချက်တွေ၊ အခြားဘယ်အရာပဲဖြစ်ဖြစ် သင်ကိုယ်တိုင်ကြိုးစားအားထုတ်မှုမရှိပဲ ရယူပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ 
ဘ၀ပြိုင်ပွဲအတွင်းမှာ တကယ်ဝင်မကစားပဲ ဘေးကရပ်ကြည့်နေသလို ဖြစ်နေမှာပါ။ တကယ်လက်တွေ့လုပ်ဆောင်မှုမရှိခဲ့ရင် ကမ္ဘာပေါ်က စိတ်ကူးကောင်းတွေ၊ စီမံချက်ကောင်းတွေအားလုံးက အလကားဖြစ်သွားပါလိမ့်မယ်။

၂။ ရင်းနှီးစွန့်စားမှုတွေဟာ နေ့စဉ်ဘ၀ရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတာကို လက်ခံပါ။
ငြင်းပယ်ခံရမှုတွေ၊ လုပ်ငန်းအတွင်း ခက်ခဲကြမ်းတမ်းမှုတွေ ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။ 
သင့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ပြီး သူများမလျှောက်လမ်းကို လျှောက်လှမ်းရတာက တကယ်ကို ခက်ခဲကြမ်းတမ်းပါတယ်။ 
သင့်အိပ်မက်၊ သင့်ရည်မှန်းချက်နဲ့ပတ်သက်ပြီး စိုးရိမ်စိတ် နည်းနည်းပဲရှိမယ်ဆိုရင် အခက်အခဲတွေနည်း ကြီးထွားလာမှာမဟုတ်ပါဘူး။ 
ရင်းနှီးစွန့်စားမှုတွေ လုပ်ဆောင်ရတဲ့အခါမှာလည်း အဆင်မပြေမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် အဆင်မပြေမှုတွေက ထာဝရရှိနေမှာမဟုတ်ပါဘူး။ 
လက်လျှော့အရှုံးပေးလိုက်တဲ့အခါမှာသာ အဆင်မပြေမှုက အမြဲတည်တံ့နေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ရင်းနှီးစွန့်စားမှုတွေကို သိပ်အများကြီးတွေးမနေပဲ ကြိုးစားကြည့်ပါ။

၃။ တကယ်လို့ ဆိုတာတွေကြောင့် ရပ်တန့်မသွားပါစေနဲ့။
တကယ်လို့ ငါ ကိုယ်အလေးချိန်မကျရင်
တကယ်လို့ ငါ လုပ်ငန်း မအောင်မြင်ရင်
တကယ်လို့ ငါ ချစ်သလို သူမက ပြန်မချစ်ဘူးဆိုရင်
တကယ်လို့ ငါ စာအရေးအသား မကောင်းဘူးဆိုရင်
တကယ်လို့ ငါ့ စိတ်ကူးအိပ်မက်တွေ မရှင်သန်လာဘူးဆိုရင်
ဒီလိုအတွေးတွေက သင့်ရဲ့ခေါင်းထဲကို အချိန်မရွေးဝင်လာနိုင်ပါတယ်။ ဒီလို သံသယတွေက ကျွန်တော်တို့နဲ့အချိန်တိုင်း အတူရှိနေတာဖြစ်ပါတယ်။ 
အထူးသဖြင့် ကျွန်တော်တို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး Comfort zone အတွင်းကနေ ရုန်းထွက်ကြတဲ့အခါမှာ ပိုတွေးမိတတ်ကြပါတယ်။ ဒီလို အတွေးတွေကြောင့် ကျွန်တော်တို့ရဲ့ အိမ်မက်တွေ ပျက်စီးမခံလိုက်ပါနဲ့။ အပြုသဘောဆောင်တဲ့ အတွေးတွေ တွေးပေးပါ။

၎။ ဘာအကြောင်းပဲရှိရှိ ရှေ့ဆက်ပါ။
တစ်ခါတစ်လေမှာ သင်ရယူပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေတဲ့အရာက ဘယ်လိုမှမဖြစ်နိုင်တော့သလို ခံစားလာရတတ်ပါတယ်။
 ပေါက်တတ်ကရတွေဖြစ်ပြီး အဆင်မပြေမှုတွေ ကြုံလာတတ်ပါတယ်။ သင့်ရဲ့ မိသားစု၊ သူငယ်ချင်းတွေကလည်း သင့်ကို ရူးနေပြီလို့ ပြောလာကြပါလိမ့်မယ်။ 
ဘာကို ဂရုစိုက်မလဲ ? တကယ်ဆိုရင် ဒါဟာ သင့်ဘ၀ဖြစ်ပါတယ်။ သင်နဲ့ပဲ သက်ဆိုင်ပါတယ်။ သင်ဘယ်နှစ်ကြိမ်ပဲ နောက်ကောက်ကျ ကျန်နေခဲ့ပါစေ၊ အိပ်မက်ပန်းတိုင်ကို လှမ်းကိုင်နိုင်ဖို့ အလုပ်(၃)ခုလောက် လုပ်နေရပါစေ။ အရှုံးမပေးလိုက်ပါနဲ့။ 
ကျဆုံးပြိုလဲမှုတွေကို အောင်မြင်မှုတွေ အဖြစ်ပြောင်းလဲနိုင်တဲ့အထိ ကြိုးစားပါ။ စိုးရိမ်မှုတွေ၊ သံသယတွေ မထားပါနဲ့။ ကျွန်တော်တို့ရဲ့ အိပ်မက်တွေက ဘယ်တော့မှ ပျောက်ကွယ်မသွားပါဘူး။ လစ်လျူရှုဖို့ ဆုံးဖြတ်လိုက်တာပဲ ရှိတာပါ။

၅။ အတိတ်ကအရိပ်တွေရဲ့ လွှမ်းမိုမှု မခံရပါစေနဲ့။
နောင်တတရားဟာ ဆိုးကျိုးပေးတဲ့ ခံစားမှုတစ်ခုသာဖြစ်ပါတယ်။ တကယ်ဆိုရင် ကမ္ဘာမှာ အဆိုးရွားဆုံး စိတ်ခံစားမှုလို့တောင် ပြောလို့ရပါတယ်။ 
ကူးရာနတ္ထိဆေးမရှိတဲ့ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ခုခုကို ကြိုးစားလုပ်ဆောင်တော့မယ် ဆိုတဲ့အချိန်တိုင်းမှာ အရင်က ဘာဖြစ်ခဲ့ဖူးတယ်၊ အခုရောမဖြစ်နိုင်ဘူး လားဆိုပြီး လာသတိပေးနေတာက နောင်တပဲဖြစ်ပါတယ်။
 ကျွန်တော်တို့ကို လက်ရှိအချိန်ကနေ ဆွဲထုတ်ပြီး အတိတ်မှာပဲ နစ်မျောနေအောင် လုပ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ။
 ပြီးခဲ့တဲ့အတိတ်ဆိုတာ ပြန်ပြင်ဆင်လို့ မရတော့ပါဘူး။ အနာဂတ်ကိုပဲ ပုံသွင်းလို့ ရတယ်ဆိုတာကို သိထားဖို့လိုပါတယ်။

သင့်ဘ၀ရဲ့ ပဲ့ကိုင်ရှင်က သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ကမ္ဘာလောကကြီးထဲမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ 
မဖြစ်သေးတာပဲ ရှိပါတယ်။ ဒါ့ကြောင့် အခွင့်အလမ်းတွေကို အခုချက်ချင်းပဲ ရယူပါ။ မနက်ဖြန်အထိ စောင့်မနေပါနဲ့။
Ref:Gentleman Magazine

သင် အမှန်တကယ် ဆန္ဒရှိတဲ့ အတိုင်း အောင်မြင်ဖို့.....။



သင် ဘာပဲကြိုးစားကြိုးစား ဘ၀ဟာ ရှေ့ကို ခက်ခက်ခဲခဲ ခြေတစ်လှမ်းလှမ်းပြီး နောက်ကို နှစ်လှမ်းပြန်ဆုတ်နေတဲ့ ဖြစ်စဉ်ကြီးတစ်ခုလိုမျိုး နေ့ရက်တွေကို ကြုံဖူးသလား။

ဒီကနေ့ဟာ သင့်ဘ၀ရဲ့ ခေါင်းဆောင်နေရာကို ယူပြီး အောင်မြင်မှုအတွက် နည်းဗျူဟာတွေကို ချမှတ်ဖို့ အကောင်းဆုံး နေ့တစ်နေ့ ဖြစ်ပါတယ်။ သင် ခက်ခက်ခဲခဲလုပ်ဖို့ လိုအပ်လိမ့်မယ်၊ ပြီးတော့ သင့်ရဲ့ အောင်မြင်မှု အစီအစဉ်ထဲမှာ သင့်ကိုယ်သင် နှစ်မြှုပ်ထားဖို့လည်း လိုအပ်လိမ့်မယ်။ 
ဒါပေမယ့် သင် စလုပ်လိုက်ပြီဆိုတာနဲ့ အောင်မြင်မှု သေးသေးလေးတွေဟာ သင့်ကို ပိုပြီး အရှိန်ရလာစေတာ၊ ခြေလှမ်းတစ်လှမ်းချင်းဟာ အောင်မြင်မှုတွေကို ပိုပြီး ဆွဲယူနေတာကို သင် တွေ့ရလိမ့်မယ်။

၁။ သင့်ရဲ့ အောင်မြင်မှုအတွက် တစ်ယောက်တည်းသော တာဝန်ရှိတဲ့သူကို ကြည့်လိုက်ပါ၊ အဲဒါ သင် ပါပဲ။ အောင်မြင်ဖို့အတွက်ဆိုရင် သင်ဟာ သင့်ရဲ့ ဆောင်ရွက်မှုတွေအတွက် အပြည့်အ၀ တာဝန်ယူရပါလိမ့်မယ်။ 
သင့်ရဲ့ အောင်မြင်မှု၊ ဒါမှမဟုတ် သင့်ရဲ့ ချို့ယွင်းမှုတွေကို တခြားသူတွေထံ ပုံချလို့ မရပါဘူး။

၂။ အောင်မြင်သူတစ်ယောက်ရဲ့ အလေ့အကျင့်တွေကို ပျိုးထောင်ပါ။ ပိုပြီးတော့ ပြုံးပါ။ အခြေအနေတိုင်းမှာ ကောင်းတဲ့ဘက်ကို ကြည့်ပါ။ တစ်ခုခုဟာ ဘာကြောင့်ခက်ခဲသလဲ၊ သင် ဘာကြောင့်မလုပ်နိုင်ဘူးလဲ ဆိုတာတွေကို စာရင်းမပြုစုပါနဲ့။ 
သင် ဘာကြောင့်လုပ်နိုင်တယ် ဆိုတာကို ရှာဖွေပါ။ တစ်ခုတည်းပဲ ရှိတယ်ဆိုရင်တောင် အဲဒီအရာနဲ့ စလုပ်ပါ။ သင်ဟာ အောင်မြင်သူတစ်ယောက် ဖြစ်လာဖို့အတွက်ဆိုရင် အောင်မြင်သူတစ်ယောက်ရဲ့ အလေ့အကျင့်တွေကို သင့်မှာ ရှိလာအောင် လုပ်ရပါမယ်။

၃။ ဒီနေ့ ဆုံးဖြတ်ချက်ချပါ။ သင် အောင်မြင်ရမယ်လို့ ဒီနေ့ ဆုံးဖြတ်ချက်ချပါ။ အတိတ်က သင် လုပ်ဆောင်နိုင်ခဲ့မှုတွေအတွက် သင့်ကိုယ်သင် ချီးကျူးပါ။ 
သင့်ရဲ့ စွမ်းရည်တွေကို သိပါ၊ အဲဒါတွေကို တိုးတက်အောင် လုပ်ပါ။ သင့်မှာ ရည်ရွက်ချက်တစ်ခု ရှိတယ်၊ အခြား အနုတ်လက္ခဏာဆောင်တဲ့ အရာတွေကို ဘေးဖယ်လိုက်ပါ။ အဲဒီရည်မှန်းချက်ကို သတ်မှတ်ပါ၊ သင့်ကိုယ်သင် အပြည့်အ၀ ကျေနပ်မှုရရှိစေဖို့ ဒီနေ့ပဲ စတင်ပါ။

၎။ မနက်ခင်း သင် နိုးထတဲ့အခါတိုင်း၊ အခြားသူတွေနဲ့ စကားပြောတဲ့အခါတိုင်း ကောင်းတဲ့အရာတွေနဲ့ စပါ။ အကောင်းမြင်တတ်သူများနှင့် ပေါင်းသင်းပါ။ 
သူတို့ကိုယ်တိုင်လည်း အောင်မြင်ဖို့ ဆုံးဖြတ်ထားသူတွေနဲ့ ဆက်ဆံပါ။ အဆိုးမြင်သမားတွေကို လုံးဝ ရှောင်ကျဉ်ပါ။ သူတို့က သင့်ကို စိတ်ဓာတ်ကျအောင် လုပ်ရုံတင်မက၊ သူတို့ရဲ့ အဆိုးမြင်အတွေးတွေ၊ ငြီးတွားမှုတွေ၊ ဆင်ခြေပေးမှုတွေက သင့်အတွက် အဆိပ်အတောက် ဖြစ်ပါတယ်။

၅။ သင် ဘယ်လို အောင်မြင်စွာ နေထိုင်ဖို့ ဆန္ဒရှိသလဲဆိုတာ မြင်ယောင်ပါ၊ ချရေးပါ။ သင့်အတွက် အဓိပ္ပါယ်ရှိတဲ့ အရာတွေ၊ သင့်ကို ပျော်ရွှင်မှုပေးတဲ့၊ သင့်ကိုယ်သင် စိတ်ကျေနပ်မှု ဖြစ်စေတဲ့ အရာတွေကို စဉ်းစားကြည့်ပါ။
 ပြီးတော့ သင်ဘယ်လို နေထိုင်ချင်သလဲဆိုတာကို တတ်နိုင်သမျှ တိတိကျကျဖြစ်အောင် ချရေးပါ။ အာရုံစူးစိုက်ပါ၊ အနုတ်လက္ခဏာအတွေးတွေကို နားမထောင်ပါနဲ့။ အချက်အလက်တိုင်းကို ချရေးပါ။ သင် ဘယ်မှာ နေထိုင်ချင်သလဲ၊ သင့်ရဲ့ အိမ်က ဘယ်လိုပုံစံမျိုးလဲ၊ သင်နဲ့ သင့်မိတ်ဆွေတွေက ဘာကို စိတ်ဝင်စားကြသလဲ၊ သင့်ရဲ့ အချိန်နဲ့ ငွေကြေးကို ဘယ်လို လူမှုလုပ်ငန်းတွေမှာ သုံးချင်သလဲ။ 
အဲဒါတွေကို စာအုပ်တစ်အုပ်ထဲမှာ ရေးပါ။ ရက်သတ္တတစ်ပတ်မှာ ကြိမ်ဖန်များစွာ ဖတ်ပါ။ နေ့စဉ်နေ့တိုင်း သင်ဆန္ဒရှိတဲ့ အဲဒီဘ၀ကို နေထိုင်နေပုံကို မြင်ယောင်ကြည့်ပါ။ အဲဒီ အောင်မြင်တဲ့ဘ၀နဲ့ ပိုပြီး နီးလာစေမယ့် အရာတွေကိုသာ လုပ်ဆောင်ပါ။

၆။ အောင်မြင်မှုက သင့်အတွက် ဘယ်လိုအဓိပ္ပါယ် သက်ရောက်မှု ရှိသလဲဆိုတာကို သတ်မှတ်ပါ။ သင် အကောင်းဆုံးလုပ်နိုင်တဲ့ အရာတွေအပေါ်မှာ အာရုံစိုက်ပါ။ 
သင့်ရဲ့ ဘ၀ကို ဘယ်လိုနေထိုင်ချင်တယ်ဆိုတာကို သင့်ကိုယ်သင် ပြောပါ။ အသံထွက်ပြီး ပြောပါ။ မဟုတ်ရင် သင် အဲဒါကို အောင်မြင်သွားတဲ့အခါ သင် သိလိုက်မှာ မဟုတ်ပါဘူး။

၇။ သင့်အမြင်မှာ အောင်မြင်တယ်လို့ သင် ထင်တဲ့သူတွေအကြောင်း၊ ပြီးတော့ ပိုပြီးအောင်မြင်စေမယ့် နည်းလမ်းတွေအကြောင်း စာအုပ်တွေမှာ၊ အင်တာနက်မှာ ဖတ်ရှုပါ။ သင့်ရည်မှန်းချက်ကို နေ့စဉ်နေ့တိုင်း စနစ်တကျ ချဉ်းကပ်ပါ။
 နေ့စဉ်နေ့တိုင်း သင့်ရဲ့ အောင်မြင်မှုသို့ ခြေလှမ်းတစ်လှမ်း လှမ်းပါ။
သင့်ရဲ့ စိတ်ကို လက်ရှိအချိန်မှာ ထားပါ။ အနုလက္ခာ လမ်းကြောင်းထဲမှာ လျှောက်သွားနေဖို့ ခွင့်မပြုပါနဲ့။ သင့်အာရုံမှာ သင့်ရဲ့ အောင်မြင်မှုကိုသာ မြင်ယောင်ပါ။ 
ဆုံးဖြတ်ချက် ခိုင်မာတဲ့ စိတ်ထားနဲ့ သင်ဟာ သင့်ရဲ့လမ်းတစ်လျှောက်မှာ ကျေနပ်ပျော်ရွှင်ပါလိမ့်မယ်။
Ref: 7 Things You Can Do To Reach The Success You Truly Desire by author BZ Riger-Hull
Free E-mail Newsletters!
by soe myat noe
 Today Bago New Version အား Download ပြုလုပ်ခြင်းဖြင့်

Tuesday 28 June 2016

လုပ်ငန်းခွင် အတွင်းက အဆိုးမြင်မှုများကို ဘယ်လိုဖြေရှင်းမလဲ....။


အ​ဆိုး​မြင်​သူ​တွေ​ရှိ​တဲ့ ​လုပ်​ငန်း​ခွင် ​ဆို​တာ ​စစ်​မြေ​ပြင်​လို​ပါ​ပဲ။ ​အ​မြဲ​တ​စေ ​စစ်​ပွဲ​ဖြစ်​မယ့်​အ​ရိပ်​အ​ယောင်​တွေ၊ ​စစ်​ပွဲ ​ဖြစ်​နေ​တဲ့​အ​ခြေ​အ​နေ​တွေ​နဲ့​နေ့​စဉ်​လို​လို ​ရင်​ဆိုင်​ကြုံ​တွေ့​နေ​ရ​မှာ​အ​သေ​အ​ချာ​ပါ​ပဲ။ 

ကိုယ့်​ရဲ့​အ​လုပ်​ပတ်​ဝန်း​ကျင်​မှာ ​အ​ဆိုး​မြင် ​တတ်​တဲ့​လုပ်​ဖော်​ကိုင်​ဖက်​ဖြစ်​စေ၊ ​အ​လုပ် ​ရှင်​ဖြစ်​စေ၊ ​ဌာ​န​ဆိုင်​ရာ​အ​ကြီး​အ​ကဲ​ဖြစ်​စေ ​တစ်​ဦး​ဦး​ရှိ​ပါ​သ​လား။ ​ဒီ​လို​အ​ဆိုး​မြင်​မှု​တွေ ​ကို​ဘယ်​လို​ကာ​ကွယ်​မ​လဲ။ ​ဘယ်​လို​ကိုင် ​တွယ်​ဖြေ​ရှင်း​သ​င့်​သ​လဲ။

အ​ဆိုး​မြင်​မှု​တွေ၊ ​ဒေါ​သ​တ​ရား​တွေ ​ကို​ဖြေ​ရှင်း​နိုင်​တဲ့​နည်း​လမ်း​တွေ​က​တော့ ​ဂ​ရု​စိုက်​မှု​ရယ်၊ ​ထူး​ခြား​တဲ့​ဉာဏ်​ပ​ညာ​ရယ်၊ ​စစ်​မှန်​တဲ့​အ​မှန်​တ​ရား​ရယ်​ပဲ​ဖြစ်​ပါ​တယ်။ 
ကိုယ့်​ရဲ့​လုပ်​ဆောင်​မှု​တစ်​ခု​က ​အ​စစ်​အ​မှန် ​လား၊ ​အ​တု​အ​ယောင်​လား​ဆို​တာ​ကို ​တော်​တော်​များ​များ​က ​သိ​ရှိ​နား​လည်​ကြ​ပါ ​တယ်။ ​အ​ရာ​အား​လုံး​ကို ​ကိုယ်​က​မ​ပြောင်း ​လဲ​နိုင်​ပါ​ဘူး။ ​ဒါ​ပေ​မဲ့ ​စစ်​မှန်​မှု​တစ်​ခု​ကို ​တော့ ​ပြောင်း​လဲ​ရ​ပါ​မယ်။ 

ဥ​ပ​မာ​အား​ဖြ​င့် ​ကိုယ့်​ရဲ့​ဂ​ရု​စိုက်​မှု​တွေ​က ​အ​ပေါ်​ယံ​မ​ဟုတ် ​ဘဲ ​စိတ်​ထဲ​က ​နှစ်​နှစ်​ကာ​ကာ​ဂ​ရု​စိုက်​တာ၊ ​အ​လေး​အ​နက်​ထား​တာ​စ​တာ​တွေ​က ​အ​ရာ​ရာ​ကို​အ​ဆိုး​မြင်​နေ​သူ၊ ​ဒေါ​သ​ကြီး​နေ ​သူ​တွေ​အ​တွက် ​ထိ​ရောက်​တဲ့ ​ဖြေ​ရှင်း​နည်း ​တွေ​ပါ။

သူ​တို့​ရဲ့ ​အ​သံ​ကို​နား​ထောင်​ပေး​ပါ
ကိုယ့်​ရဲ့​အ​လုပ်​ပတ်​ဝန်း​ကျင်​မှာ ​အ​ဆိုး​မြင်​တတ်​သူ​တွေ၊ ​ဒေါ​သ​ကြီး​တတ် ​သူ​တွေ​ရှိ​နေ​တဲ့​အ​ခါ ​တ​ချို့​တွေ​ရဲ့​ဖြေ​ရှင်း ​နည်း​က ​အ​လုပ်​ထုတ်​ပစ်​လိုက်​တာ​ပါ။ 
ဒါ ​က​မှန်​ကန်​တဲ့​နည်း​လမ်း​တစ်​ခု​လို့ ​မ​ဆို​နိုင်​ပါ ​ဘူး။ ​အ​ဆိုး​မြင်​နေ​သူ​တွေ​အ​တွက် ​အ​ခွ​င့် ​အ​ရေး​ပေး​ရ​ပါ​မယ်။ ​သူ​တို့​နဲ့​စ​ကား​ပြော ​ကြည့်​တာ၊ ​သူ​တို့​ရဲ့​ခံ​စား​ချက်​တွေ​ကို ​နား ​ထောင်​ပေး​တာ​မျိုး​ကို​လုပ်​ပေး​ရ​ပါ​မယ်။

ဒီ​လို​မ​ဟုတ်​ဘဲ ​အ​ပြစ်​ပေး​တဲ့​နည်း ​လမ်း​ကို​ပဲ​သုံး​တာ​က ​နည်း​လမ်း​ကျ​တဲ့ ​ဖြေ ​ရှင်း​နည်း​မ​ဟုတ်​ပါ​ဘူး။ ​သူ​တို့​မှာ ​သာ​မန် ​လူ​တွေ​လို​ပဲ ​အ​ခွ​င့်​အ​ရေး​ရှိ​သ​င့်​ပါ​တယ်။ 
အ​လုပ်​ခွင်​မှာ ​အ​ဆိုး​မြင်​သူ​တွေ​နဲ့ ​စ​ကား ​ပြော​ကြည့်​တယ်၊ ​ညှိ​နှိုင်း​ကြည့်​တယ်၊ ​ဖျောင်း​ဖျ​ကြည့်​တယ်၊ ​အဲ​ဒါ​တွေ​က ​အ​လုပ် ​မ​ဖြစ်​တော့​ဘူး​ဆို​လျှင်​တော့ ​သူ​တို့​ကို ​သ​တိ​ပေး​စာ​ပို့​သ​င့်​ပါ​တယ်။ 
ပ​ထ​မ​အ​ကြိမ်၊ ​ဒု​တိ​ယ​အ​ကြိမ်၊ ​နောက်​ဆုံး​အ​ကြိမ်​ပို့​ပြီး ​တာ​တောင် ​သူ​တို့​ရဲ့​အ​မူ​အ​ကျ​င့်​တွေ၊ ​စ ​ရိုက်​လက်​ခ​ဏာ​တွေ​ပြောင်း​လဲ​မ​သွား​ဘူး ​ဆို​လျှင်​တော့ ​သူ​တို့​ကို​လွ​တှ်​ချ​လိုက်​ဖို့​ပဲ​ရှိ​ပါ ​တော့​တယ်။

အ​ကြောင်း​အ​ရင်း​ကို ​ရှာ​ဖွေ​ပါ
မွေး​ရာ​ပါ​အ​ဆိုး​မြင်​စိတ်​ကို​တော့ ​မ​ပြော​လို​ပါ​ဘူး။ ​မွေး​ရာ​ပါ​မ​ဟုတ်​ဘဲ​နဲ့ ​ကြီး​ပြင်း​ရာ​ပတ်​ဝန်း​ကျင်​အ​ခြေ​အ​နေ​ကြောင့် ​လည်း ​အ​ဆိုး​မြင်​သ​မား​တစ်​ယောက်​ဖြစ် ​စေ​ပါ​တယ်။ 
အဲ​ဒီ​လို​လူ​မျိုး​တစ်​ယောက်​က ​ကိုယ့်​ရဲ့​အ​လုပ်​ပတ်​ဝန်း​ကျင်​မှာ​ရှိ​နေ​ပြီ​ဆို​လျှင် ​ဘာ​လုပ်​သ​င့်​သ​လဲ။ 
သူ့​ရဲ့ ​မ​ကျေ​နပ်​ချက် ​တွေ၊ ​ပတ်​ဝန်း​ကျင်​က​လူ​တွေ​အ​ပေါ် ​အ​ခု ​လို​လုပ်​နေ​ရ​တဲ့​အ​ပြု​အ​မူ​တွေ​ဖြစ်​စေ​တတ် ​တဲ့​အ​ကြောင်း​အ​ရင်း​ကို​ရှာ​ဖွေ​သ​င့်​ပါ ​တယ်။

ဒီ​နေ​ရာ​မှာ ​အ​ဆိုး​မြင်​တဲ့​သူ​တစ် ​ယောက်​က ​ကိုယ့်​ကိုယ်​ကိုယ်​မ​ယုံ​ကြည်​ဘဲ​နဲ့ ​တော့ ​သူ့​ရဲ့​ခံ​စား​ချက်​တွေ​ကို ​ထုတ်​ဖော် ​ပြော​မှာ​မ​ဟုတ်​ပါ​ဘူး။

ယုံ​ကြည်​မှု​ယူ​ပါ
စစ်​မှန်​တဲ့ ​ယုံ​ကြည်​မှု​တစ်​ခု​ကို ​တည် ​ဆောက်​ပါ။ ​အ​ပေါ်​ယံ​ဟန်​ဆောင်​တာ ​တွေ​မ​ဟုတ်​ဘဲ ​သူ့​အ​ပေါ်​အ​မှန်​တ​ကယ် ​အ​လေး​အ​နက်​ထား​တာ၊ ​ဂ​ရု​တ​စိုက်​ရှိ​တာ၊ ​ဒါ​တွေ​က ​သူ့​ရဲ့​အ​မူ​အ​ကျ​င့်​တွေ​ကို ​ပြောင်း ​လဲ​လာ​စေ​ပါ​တယ်။ 

သူ့​ရဲ့​အ​ပြု​အ​မူ​တွေ ​အ​တွက်​ရှက်​ရွံ့​လာ​စေ​ပါ​တယ်။ ​လူ့​အ​ဖွဲ့ ​အ​စည်း​တော်​တော်​များ​များ​မှာ​က ​အ​ဆိုး ​မြင်​တတ်​သူ​တွေ ​တစ်​နည်း​အား​ဖြ​င့် ​သိုး ​မည်း​တွေ​ကို ​နား​လည်​မှု​မ​ပေး​ကြ​ပါ​ဘူး။ 
သူ​တို့​အ​ပေါ် ​နား​လည်​အောင်​မ​ကြိုး​စား ​ကြ​သ​လို၊ ​အဲ့​ဒီ​လို​လူ​မျိုး​တွေ​ကို​လည်း ​လူ့​အ  ​ဖွဲ့​အ​စည်း​က ​ကျဉ်​ထား​လေ့​ရှိ​ပါ​တယ်။ ​အဲ​ဒီ ​အ​ခါ​သူ​တို့​ရဲ့​အ​ပြု​အ​မူ​တွေ၊ ​အ​မူ​အ​ကျ​င့် ​တွေ၊ ​အ​ပြော​အ​ဆို​တွေ​က ​ပို​ပြီး​ဆိုး​ရွား​သွား ​တတ်​ပါ​တယ်။

သူ​တို့​ရဲ့​နှ​လုံး​သား​တစ်​ခု​လုံး ​အ​နက် ​ရောင်​ဖုံး​လွ​မှ်း​နေ​တာ​တော့ ​မ​ဟုတ်​ပါ​ဘူး။ ​ကောင်း​မွန်​တဲ့​အ​ပိုင်း​လေး​တွေ​လည်း​ရှိ​တတ် ​ပါ​တယ်။ ​သူ​တို့​နဲ့​ယုံ​ကြည်​မှု​တည်​ဆောက် ​တဲ့​အ​ခါ ​သူ​တို့​ရဲ့​ကောင်း​ကွက်​က​လေး​တွေ ​ကို​ချီး​ကျူး​မှု​က​နေ​စ​ပြီး ​ချဉ်း​ကပ်​သ​င့်​ပါ ​တယ်။ 
အဲ​ဒီ​က​တစ်​ဆ​င့် ​သူ့​ရဲ့​စိတ်​မှာ ​ဖြစ်​ပေါ်​နေ​တဲ့ ​အ​ဆိုး​မြင်​စိတ်​တွေ​ကို ​တ​ဖြည်း​ဖြည်း​လျော့​ပါး​သွား​အောင်​လုပ် ​ဆောင်​နိုင်​ပါ​တယ်။ ​ကောင်း​တဲ့​အ​ရာ​တစ်​ခု ​ကို ​ပို​ကောင်း​အောင်​လုပ်​လိုက်​လို့ ​ထူး​ခြား ​မှု​သိပ်​မ​ရှိ​ပေ​မဲ့ ​မ​ကောင်း​တဲ့​လူ​တစ်​ယောက် ​ကို ​လူ​ကောင်း​တစ်​ယောက်​ဖြစ်​လာ​အောင် ​စွမ်း​ဆောင်​ပေး​လိုက်​နိုင်​တာ​က ​ထူး​ခြား​တဲ့ ​ပြောင်း​လဲ​မှု​တစ်​ခု​ကို​ဖြစ်​စေ​နိုင်​ပါ​တယ်။

နား​လည်​မှု​နဲ့​အ​တူ ​ရှေ့​ဆက်​လျှောက်လှမ်း​ပါ
တ​ကယ်​တော့​နား​လည်​မှု​ဆို​တာ ​နေ ​ရာ​တိုင်း​မှာ​လို​အပ်​နေ​တဲ့ ​အ​ရာ​တစ်​ခု​ပါ။ ​ကိုယ်​နဲ့​အ​တွေး​အ​ခေါ်​ခြင်း၊ ​ယုံ​ကြည်​ချက် ​ခြင်း​မ​တူ​ဘူး​ဆို​ရင် ​ရန်​သူ​လို​ဆက်​ဆံ​ပြော ​ဆို​နေ​တာ​ထက် ​နား​လည်​မှု​နဲ့​ဖြတ်​သန်း ​သွား​ဖို့​လို​ပါ​တယ်။ 
ကိုယ့်​ပတ်​ဝန်း​ကျင်​က ​အ​ဆိုး​မြင်​သ​မား​တွေ​ကို​လည်း ​အ​ခု​လို​ပဲ ​နား​လည်​မှု​တစ်​ခု​ပေး​ကြည့်​လိုက်​ပါ။ ​သူ​တို့ ​နေ​ထိုင်​ကြီး​ပြင်း​ရာ​ပတ်​ဝန်း​ကျင်​တစ်​ခု ​ကြောင့်​သာ​အ​ခု​လို​ဖြစ်​နေ​ရ​တာ​လို့ ​သ ​ဘော​ထား​လိုက်​လျှင် ​ကိုယ့်​အ​တွက် ​အ​ဆိုး ​မြင်​သူ​ဆို​တာ ​စာ​နာ​နား​လည်​ပေး​ဖို့ ​လို​အပ် ​တဲ့​လူ​တစ်​ယောက်​လို့​မြင်​တတ်​သွား​မှာ​ပါ။

လုပ်​ငန်း​ခွင်​ဆို​တာ ​တစ်​ယောက်​နဲ့ ​တစ်​ယောက်​အ​ချိန်​ကြာ​မြ​င့်​စွာ​တွေ့​ဆုံ ​ဆက်​ဆံ​နေ​ရ​တဲ့​နေ​ရာ​တစ်​ခု​ပါ။ ​တစ်​ဦး​နဲ့ ​တစ်​ဦး ​မ​ခေါ်​မ​ပြော​လို့​မ​ရ၊ ​မ​ဆက်​သွယ်​လို့ ​မ​ရ​တဲ့​နေ​ရာ​ပါ။ ​တစ်​ယောက်​နဲ့​တစ် ​ယောက်​မ​တည့်​လို့၊ ​အ​ဆင်​မ​ပြေ​လို့​စ​တဲ့ ​အ​ကြောင်း​ပြ​ချက်​တွေ​ကွ​နှော​တ​သ​မု ​တစ်​ခု​ကို​ညီ​ညွတ်​အောင်၊ ​အောင်​မြင် ​အောင်​မ​လုပ်​ဆောင်​နိုင်​ပါ​ဘူး။

ကိုယ့်​အ​နီး​အ​နား​မှာ ​အ​ဆိုး​မြင်​နေ ​တဲ့​သူ​တွေ​ရှိ​မယ်​ဆို​လျှင် ​သူ့​တို့​ရဲ့​အ​ပြု​အ​မူ၊ ​အ​ပြော​အ​ဆို​တွေ​ကို ​ပြစ်​တင်​ပြော​ဆို​နေ ​တာ​ထက် ​သူ​တို့​ကို​ပြောင်း​လဲ​ဖို့ ​အ​ရင်​ကြိုး ​စား​ကြည့်​စေ​လို​ပါ​တယ်။ ​ကိုယ့်​ရဲ့​ကြိုး​စား ​မှု​က ​အ​ထိုက်​အ​လျောက်​အောင်​မြင်​ခဲ့​မယ် ​ဆို​လျှင် ​လုပ်​ငန်း​ခွင်​အ​တွင်း​မှာ​ပို​ပြီး​အ​ဆင် ​ပြေ​ချော​မွေ့​လာ​နိုင်​မှာ​ပါ။ 
အ​စ​ပိုင်း​မှာ ​ဖော်​ပြ​ခဲ့​သ​လို ​လုပ်​ငန်း​ခွင်​စစ်​မြေ​ပြင်​ထက်  ​ငြိမ်း​ချမ်း​တဲ့​လုပ်​ငန်း​ခွင်​တစ်​ခု​ဖြစ်​လာ​မယ် ​ဆို​ရင် ​ကိုယ်​ကြိုး​စား​ရ​ကျိုး​နပ်​ပါ​လိမ့်​မယ်။
Ref: Opportunity journal စ

ကံကြမ္မာက ဘယ်မှာလည်း...။


သာမန်လက်လုပ်လက်စား လူတစ်ဦးဟာ ဆရာတော်တစ်ပါးဆီလာပြီး ခုလိုမေးခဲ့တယ်။

"ဘုန်းဘုန်း... ကံကြမ္မာဆိုတာ တကယ်ရှိသလား?"
"ရှိပါတယ်.."
"တပည့်တော်ကို တစ်သက်လုံးဆင်းရဲအောင် တပည့်တော်ရဲ့ကံကြမ္မာက ဖန်ဆင်းနေသလား?"
"တကာရဲ့ ဘယ်ဖက်လက်ဖဝါးကိုပေးပါ... ဒီမှာကြည့်.. ဒါက အချစ်လမ်းကြောင်း၊ ဒါက အလုပ်အကိုင်လမ်းကြောင်း၊ ဒါက ဘဝလမ်းကြောင်း"
ဆရာတော်က ပြောပြောဆိုဆို အဲဒီလူရဲ့လက်ဖဝါးကို တင်းတင်းဆုပ်ကိုင်ခိုင်းလိုက်တယ်။

 ပြီးတော့ သူ့ကိုဆက်မေးတယ်။
"ခုနားကပြတဲ့ လက္ခဏာလမ်းကြောင်းတွေ ဘယ်ရောက်သွားပြီလဲ?"
"တပည့်တော်ရဲ့ လက်ထဲမှာပါ" တွေဝေစွာနဲ့ သူပြန်ဖြေတယ်။

"ဒီလိုဆိုရင် ကံကြမ္မာကရော?"
အဲဒီအချိန်ကျမှ ဆရာတော်ပြောတဲ့ စကားကို သူသဘောပေါက် နားလည်လိုက်တယ်။

တကယ်တော့ ကံကြမ္မာဆိုတာ သူတစ်ပါး ပါးစပ်ဖျားမှာရှိတာမဟုတ်ဘဲ ကိုယ့်လက်ထဲမှာပဲရှိကြောင်း သူနားလည်လိုက်ပါတယ်။
နိုင်းနိုင်းစနေ

Sunday 26 June 2016

သူဌေးလား_ဝန်ထမ်းလား....။




ချမ်းသာသောသူနဲ့ ဆင်းရဲသောသူက လောကကြီးမှာ ဒွန်တွဲနေပင်မဲ့လည်း ပြောင်းလဲအောင်လုပ်ယူနိုင်တယ်လို့ ထင်ပါတယ်။

သူတို့နှစ်ယောက်မှာ အဓိက ကွာခြားချက်တွေရှိတယ်ဆိုတာကို မမေ့ပါနဲ့နော်။ ဒီကွာခြားချက်တွေကို ပြင်နိုင်ရင် ပြောင်းလဲလာပါလိမ့်မယ်။

လွယ်သောလမ်းကို လိုက်မလား၊ ခက်သောလမ်းကို လိုက်မလား
ခိုင်မြဲသောအလုပ်ကိုလုပ်နေခြင်း၊ တစ်ယောက်ယောက်ရဲ့ အမိန့်ကိုနာခံနေတာက ကိုယ်ပိုင်အလုပ်ထက် သက်သာကောင်းသက်သာပါလိမ့်မယ်။
 သူဌေးတွေကတော့ ရည်ရွယ်ချက်ရှိရှိ ခက်သောအလုပ်ကို
ရွေးပြီးလုပ်လေ့ရှိပါတယ်။ သူများမလုပ်တဲ့အလုပ်ကိုလုပ်နိုင်မှာသာလျှင် အောင်မြင်ရန်လမ်းနဲ့ နီးစပ်လာမှာ ဖြစ်ပါတယ်။ 
သူဌေးဖြစ်ချင်ရင်တော့ အခက်အခဲတွေ၊ပြသာနာတွေကို ရင်ဆိုင်ရဲသော သတ္တိရှိရင်လိုပါတယ်။ ကိုယ်ကဘာဖြစ်ချင်သလဲဆိုတာကို စဉ်းစာပါ။

လိုသည်ထက်ပိုပြီး သုံးနေသလား
သူဌေးတွေက အိမ်တွေ၊ ကားတွေ၊ ဝယ်ပြီးချက်ချင်းရှုံးသွားနိုင်သော အရာဝတ္တုကို မဝယ်ပါ။ ကိုယ့်အတွက် လိုအပ်မယ်လို့ထင်သော အရာကိုသာဝယ်လေ့၊ သုံးလေ့ရှိပါတယ်။ အချို့သူဌေးတွေဆိုရင် ကားတောင်အသစ်ဝယ်မစီးပါ။ ဝင်ငွေနီးပါး ငွေကို သုံးနေပြီ ဆိုရင်တော့ သတိထားပါ။

 ဘယ်သူ့အတွက် အလုပ်လုပ်နေတာလဲ။ ကိုယ့်အတွက်လား။ သူတပါးအတွက်လား။
ဆင်းရဲသောသူဆိုသည်မှာ အမြဲတမ်း သူတပါးရဲ့ အမိန့်ကို နာခံလိုသူပါ။ သူဌေးဖြစ်ချင်သူကတော့ ကိုယ်ပိုင်အလုပ်ကို လုပ်နိုင်အောင် ကြိုးစားသူပါ။ 
သူ့လုပ်ငန်းကို ကြီးပွားလာအောင် အမြဲကြီးစားနေသူ ပါ။ နောက်ပြီး သူ့လုပ်ငန်းအောင်မြင်ပြီး ဝင်ငွေပိုမိုရရှိအောင် ဝန်ထမ်းတွေ လိုအပ်တယ်လို့ တွေးနေပါတယ်။

ဘယ်သူမဆို ပေါင်းမှာလား။ တော်သောသူကို ပေါင်းမှာလား။
အောင်မြင်အောင်ကြိုးစားနေသူဟာ သူ့ရဲ့ပတ်ဝန်းကျင်မှာလည်း
အောင်မြင်နေသောသူများပါလိမ့်မယ်။ အောင်မြင်ချင်
ရင်တော့ ကိုယ်နဲ့ ခံယူချက်တွေတူညီသောသူနဲ့ ပေါင်းသင်းဆက်ဆံရန် လိုအပ်ပါတယ်။

အောင်မြင်နေသောသူက ဘယ်လိုစဉ်းစားပြီး သူတို့လိုအောင်မြင်အောင် ကိုယ်လည်း ဘယ်လိုတွေးခေါ်ရမလဲ ဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။

 ဘယ်သူ့အတွက် အလုပ်လုပ်မှာလဲ
မအောင်မြင်သောသူဟာ လခသာကောင်းရင် အလုပ်ကို လွယ်လွယ်နဲ့ပြောင်းတတ်ပါတယ်။ သူဌေးတွေဟာ အလုပ်လုပ်နေတာဟာ ပိုက်ဆံအတွက်အဓိကမဟုတ်တာကို သိနေပါတယ်။
 အနာဂတ်မှာ ကိုယ့်ရဲ့ရည်မှန်းချက် ကို အောင်မြင်ရန်အတွက် ငယ်စဉ်အချိန်ထဲက သတိထားပြီး လေ့လာ သင်ကြားရမှာပါ။ အရောင်းအဝယ်ကို စိတ်ဝင်စားသောသူက အရောင်းအဝယ်ကို ကြိုးစားပြီးလေ့လာရမှာဖြစ်သလို၊ ငွေရေးကြေးရေးကို စိတ်ဝင်စားသောသူကတော့ ဘဏ်မှာ အလုပ်လုပ်ပြီး ငွေလည်ပတ်မှုကို သင်ယူရမှာ ဖြစ်ပါတယ်။

အောင်မြင်ချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့စွမ်းရည်၊ အတွေ့အကြုံကို တိုးတက်အောင် လုပ်ရမှာပါ။

 သုံးပြီးရင်းသုံးနေတာလား
ဆင်းရဲသောသူက ပိုက်ဆံက လက်ထဲရောက်ရင် ကားအကောင်းစားတွေ ဝယ်စီး၊ အိမ်ကြီးတွေဆောက်နဲ့ ပိုက်ဆံကို သုံးလေ့ရှိပါတယ်။ သူဌေးတွေကတော့ ပိုက်ဆံကို မသုံးပါ။ ငွေဟာ သုံးရင်သုံးသလောက် ကုန်မယ်ဆိုတာကို သူတို့နားလည်နေပါတယ်။ ကောင်းကောင်းနေနိုင်ရန်အတွက် ငွေကို ချွေတာပြီး သုံးလေ့ရှိပါတယ်။

ပိုက်ဆံပဲ စုမှာလား။ တိုးအောင်လုပ်မှာလား
ချွေတာတယ်ဆိုတာ အရေးကြီးပင်မဲ့လည်း ဝင်ငွေဆိုတာလည်း အမြဲရှိရင်လိုအပ်ပါတယ်။ အောင်မြင်ရန်
အတွက်ဟာ ပိုက်ဆံရှာတတ်ရန်လည်း သိထားရမှာပါ။ စုထားနိုင်တာတခုတည်းမဟုတ်ပဲ ဝင်ငွေကို တိုးအောင်လည်း ကြိုးစားရမှာပါ။

 ကိုယ်ကိုကိုယ် ထိန်းနိုင်လား
လူများဟာ ငွေနဲ့ပတ်သက်လာရင် တည်တည်ငြိမ်ငြိမ် စဉ်းစားဆုံးဖြတ်နိုင်တယ်ဆိုတာ ရှားပါတယ်။ တဖက်မှာတော့ သူဌေးတွေကတော့ ငွေနဲ့ပတ်သက်ပြီး အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သော အားသာချက်ရှိပါတယ်။

ဘယ်လိုအလုပ်ကို လုပ်မှာလဲ
သာမန်လူတစ်ယောက်ကတော့ ကိုယ်လုပ်နိုင်သလောက်ကိုပဲ လုပ်ပြီး ပျော်နေတတ်ပါတယ်။ သူဌေးတွေကတော့ မဖြစ်နိုင်ဘူးဆိုတာကို ဖြစ်အောင်လုပ်မယ်ဆိုသော ရည်မှန်းချက် ပန်းတိုင်က သူတို့ဆီမှာ ရှိပါတယ်။

အားလုံးကို တစ်ယောက်တည်းလုပ်မှာလား။ အကူအညီတောင်းမှာလား။
အောင်မြင်ရန်အတွက် ဇွဲ၊လုံ့လ၊ဝီရိယ ရှိရန်လိုပင်မဲ့လည်း တစ်ယောက်တည်းလုပ်နေရင်လည်း အောင်မြင်ရန် မလွယ်ကူပါ။ 
ကဏ္ဍအသီးသီးမှာ ကျွမ်းကျင်သော သူတွေရဲ့ ကူညီမှုက လိုအပ်ပါတယ်။
ဒါဆိုရင်တော့ သူဌေးဖြစ်ချင်သောသူက ဒီစာလေးကို ဖတ်ပြီး အထောက်အကူ ဖြစ်နိုင်ရင် အကောင်းဆုံးပါ။
Credit; Chelmo Team
Ref:

ဘဝမှာ သူများထက်ပိုပြီး ရှေ့ကိုရောက်ချင်သလား/ တစ်မိုင်ပိုသွားပါ....။



(If you want to get ahead in life, go an extra mile) ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ ဆိုလိုတာက သူများထက်သာချင်လျှင်သူများထက်ပိုပြီးအလုပ်လုပ်ပါ။

 ကောင်းကွက်က အဲဒီမိုင်ပိုထဲမှာ ပြိုင်စရာလူမရှိတတ်ဘူး။ လူအများစုဟာ ပေးထားတဲ့လခနဲ့ တန်ရုံပဲ အလုပ်လုပ်မယ်ဆိုတဲ့စိတ် ထားရှိကြတယ်။ 

တချို့ ကြတော့ လခနဲ့ တန်အောင်တောင်မလုပ်တော့ဘဲ အချိန်ရရ ဘာရရခိုးကြခိုကြတယ်။အလုပ်ကိုမပြုတ်ရုံလေး ထိန်းလုပ်နေတဲ့သူတွေလည်း တွေ့ ဖူးပါလိမ့်မယ်။

 မိုင်ပိုသွားတဲ့လူ ရှားပါတယ်။ ဒါကြောင့်လည်း မိုင်ပိုသွားတဲ့လူတွေဟာ ပြိုင်ဘက်နည်းနည်းလာပြီး ရှေ့ ဆုံးကို ရောက်သွားကြတာပါ။ 

ကိုယ်ရတာထက်ပိုပြီး ပြန်ပေးလေ့ရှိသူတွေ ရတက်တ အကျိုးထူးတွေရှိပါတယ်။

(က) သင်ဘယ်မှာပဲလုပ်လုပ်၊ ဘာကိုပဲလုပ်လုပ် အလုပ်ခွင်တိုင်းက သင်လိုလူကို တန်ဖိုးထားကြတယ်။

(ခ) လုပ်နေရတဲ့အလုပ်ကို ပိုကျွမ်းကျင်လာပြီးတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှူကို တိုးတက်စေတယ်။

(ဂ) လူတွေက အလိုလို ခေါင်းဆောင်တင်ခြင်လာမယ်။

(ဃ) လူတွေရဲ့  ယုံကြည်မှုကိုရလာမယ်။

(င) အထက်လူကြီးတွေရဲ့  အထင်ကြီးလေးစားခြင်းကို ရလာမယ်။

(စ) ထာဝစဉ် လက်တွဲလိုတဲ့ လုပ်ဖော်ကိုင်ဖက်တွေများလာမယ်။

(ဆ) ကူညီလိုသူတွေ ပေါလာမယ်။

ကိုယ့်အသိနဲ့ ကိုယ် မိုင်ပိုလျှောက်နေသူ၊ ကြီးကြပ်သူမရှိလည်း အားသွန်ခွန်စိုက် ကြိုးစားပမ်းစားအလုပ်လုပ်နေသူ၊ 
အချိန်မှန်အလုပ်လာတက်သူ၊ သူတစ်ပါးကို ထောက်ထားညှာတာသူ၊ ပြောတာကို သေသေချာချာနားထောင်ပြီး အတိအကျ အကောင်အထည်ဖော်ပေးသူ၊ 
မုသားမပြောတက်သူ၊ အရေးကြီးလျှင် လက်မရှောင်ဘဲ အချိန်မရွေး အလုပ်လုပ်ပေးသူ၊ ပင်ပန်းမှုကို မမှုဘဲ ရလဒ်ကိုပဲကြည့်သူ၊ 
ပင်ပန်းတဲ့ကြားက စကားချိုသာပြုံးရွှင်စွာ ယဉ်ကျေးသူ၊ ဒီလိုလူတွေကို နေရာတိုင်းကလိုချင်ပါတယ်။ အတွေ့ အကြုံတွေ၊ ဘွဲ့ ဒီဂရီတွေဟာ အထက်ပါအရည်အချင်းတွေလောက် အရေးမကြီးပါဘူး။

value-added (တန်ဖိုးပေါင်း ထည့်ထားသော) ဆိုတဲ့စကားလုံးတစ်ခု ဒီနေ့ ခေတ်မှာခေတ်စားပါတယ်။
 (စေတနာ အပိုဆောင်းထားသော)လို့  ကျွန်တော်က ဆိုချင်ပါတယ်။ 
မိဘအတွက်၊ သားသမီးအတွက်၊ဇနီးအတွက်၊ ခင်ပွန်းအတွက်၊ မိတ်ဆွေအတွက်၊ ဆရာအတွက်၊ တပည့်အတွက်၊ ဖောက်သည်တွေအတွက်၊ စသဖြင့် ဘယ်သူ့ အတွက် ဘာကိုပဲလုပ်ပေးရ လုပ်ပေးရ စေတနာအပိုဆောင်းပြီး
 ကောင်းကောင်းလုပ်ပေးတဲ့ အကျင့်ကို မွေးမြူထားရပါမယ်။ 
ဘယ်တော့မဆို ဘာကိုလုပ်လုပ် စေတနာအပိုဆောင်းပြီး အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို အရင်မေးပါ။

"ထို့ နောက် ထို့ ထက်ပို၍ (and then some mores)" ဆိုတဲ့ စကားစုလေးဟာ အောင်မြင်မှုတံခါးကိုဖွင့်နိုင်တဲ့ သော့တစ်ချောင်း ဖြစ်ပါတယ်။ အောင်မြင်သူတွေအားလုံးဟာ လုပ်သင့်တာကို အကုန်လုပ်ခဲ့တယ်။ 
ထို့ နောက် ထို့ ထက်ပို၍ လုပ်ပေးခဲ့တယ်။ အောင်မြင်သူအားလုံးဟာ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်တယ်။ 
ထို့ နောက်ထို့ ထက်ပို၍ တာဝန်ထမ်းခဲ့သည်။ အောင်မြင်သူများဟာ ယဉ်ကျေးသိမ်မွေ့ ပြီး ရက်ရောပြသည်။ 
ထို့ နောက်ထို့ ထက်ပို၍ အောင်မြင်သူများသည် ယုံကြည်စိတ်ချရသည်။ 
ထို့ နောက်ထို့ ထက်ပို၍ .....။ အောင်မြင်သူများသည် ရာနှုန်းပြည့်အားသွန်ခွန်စိုက် အလုပ်လုပ်ကြသည်။ 
ထို့ နောက် ထို့ ထက်ပို၍.....။.....။ ထို့ နောက်ထို့ ထက်ပို၍။ .....။
အင်မတန်ညဏ်ကောင်းပြီး အထင်ကြီးလောက်တဲ့ ဘွဲ့ ဒီဂရီတွေနဲ့ လူတချို့ အဘယ်ကြောင့် အလယ်အလတ်ဘဝမှာ လမ်းဆုံးနေရပါသလဲ။
 အဆိုးမြင် နဲ့  ခွန်အားကို လျှော့သုံးပြီး အားလုံးကို စိတ်ပျက်အောင်ပြောတတ်လုပ်တတ် နမူနာပြတတ်တဲ့ ပညာရှင်ကြီးတွေဖြစ်သွားလို့ ပါပဲ။ 
လခနဲ့ တန်ရုံပဲလုပ်မယ် ငါ့ပညာနဲ့ တန်အောင်ပေးမထားလို့  ပညာကုန်သုံးမလုပ်နိုင်ဘူး၊ သင့်ရုံလုပ်တော်ရောပေါ့လို့ စိတ်ထားတတ်ကြတယ်။
 သူတို့ ဘဝလည်းသင့်ရုံပဲ တိုးတက်တာ ဘာမှမဆန်းပါဘူး။ ကိုယ်ရတာထက် ပိုလုပ်ပေးလေ့ရှိသူတွေဟာ အဲဒီမိုင်ပို၊ အချိန်ပိုတွေမှာယှဉ်ပြိုင်စရာလူတွေကို နောက်မှာထားခဲ့တော့တာ။ 

သူများကသာသူတို့ ကိုလိုက်ပြိုင်ရတော့မယ်၊ သူတို့ ကသူများကို ပြိုင်စရာမလိုတော့ပါဘူး။ 

ဒါ့ကြောင့် သူများထက်မိုင်ပိုလျှောက်မယ်ဆိုတဲ့ ခံယူချက်သဘောထားဟာ ဘဝအောင်မြင်ရေးမှာ ညဏ်ကောင်းတာတွေ ဘွဲ့ ဒီဂရီတွေထက် အများကြီး... အများကြီး... ပိုပြီးအရေးကြီးပါတယ်။

( ဘွဲ့ ဒီဂရီတွေ ပိုင်ဆိုင်ပြီး ကောင်းမွန်သောအသိညဏ်နဲ့  သူများထက်မိုင်ပိုလျှောက်သူတိုင်း အောင်မြင်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာအသေအချာပင် )
ဓမ္မပန်းခင်းဘလော့မှ
Ref: သုတဇုန်

စိတ်ကောင်းနှင့်ယှဉ် ရှေးရူနှင့်လော.....။


လောကမှာ စေတနာကို နားမလည်တဲ့သူတွေရှိတယ်။ စေတနာကို အပြစ်မြင်တဲ့သူတွေရှိတယ်။ စေတနာကို စော်ကားတဲ့သူတွေရှိတယ်တဲ့။
 မှန်ပါတယ်။ အဲဒါက သူတို့အပိုင်းပါပဲ။
ကိုယ့်ဘက်ကတော့ ဘာပဲလုပ်လုပ် စေတနာမှန်မှန်နဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ပဲ မဟုတ်လား။ 
ကိုယ့်လုပ်တာ သူတို့ရဲ့  တုန့်ပြန်မှုကောင်းကို မျှော်လင့်ဖို့မဟုတ်ပါဘူး။ အကျိုးသက်ရောက်မှု အကောင်းတွေ ဖြစ်ဖို့ပါပဲ။ 
စိတ်စေတနာကောင်းဆိုတာ လူတိုင်းမှာ မရှိတတ်ပါဘူး။ 
ကိုယ့်မှာ အဲဒီစိတ်စေတနာလေး ရှိနေတာကိုက ဒါဟာ အကောင်းဓာတ်ခံလေး ပါလာတဲ့ သဘောပဲ ဖြစ်ပါတယ်။ 

ဒီဓာတ်ခံလေးကို တစ်စုံတစ်ဦးကြောင့်၊ တစ်စုံတစ်ခုကြောင့်တော့ ပျက်ပြယ်သွားလို့ မဖြစ်ပါဘူး။ အဲဒီဓာတ်ခံလေး မပျက်ပြယ်ဖို့ ကိုယ့်စိတ်ထားလေးတွေ ပြုပြင်ကြဖို့ပဲ ဖြစ်ပါတယ်။

တကယ်တော့ စေတနာကောင်းနဲ့ လုပ်တဲ့သူတွေမှာ တစ်ဘက်က တန်ပြန်သက်ရောက်မှုကောင်း၊ တုန့်ပြန်မှုကောင်း၊ စေတနာကို သိတတ်မှုကောင်းလေးတွေ ပြန်မရလည်း ကိုယ့်ရဲ့ စိတ်စေတနာကောင်းက ကိုယ့်အတွက် အကောင်းတွေ ဖြစ်နေပြီးသားပါ။ 
ကိုယ့်စေတနာကောင်းက ကိုယ့်အတွက် တုန့်ပြန်မှုကောင်းတွေ ရပြီးသားပါပဲ။ သူတပါးထံက မျှော်လင့်ဖို့မဟုတ်ပါဘူး။

 မျှော်လင့်လိုက်ရင် ကောင်းနေတဲ့ စေတနာလေးတွေတောင် တစ်ခါတရံ တုန်ပြန့်မှု မကောင်းရင် ပြောင်းသွားတတ်တာဆိုတော့ သူ့ဘက်ကို မကြည့်ပါနဲ့၊ ကိုယ့်ဘက်က စိတ်စေတနာလေးတွေကိုပဲ သတိနဲ့ညှိလုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ 
ကိုယ်ကောင်းရဲ့သားနဲ့ သူမကောင်းရင် အဲဒါ သူ့အကြောင်းပါပဲ။ ကိုယ့်ဘက်ကတော့ မပြောင်းမိဖို့ အရေးကြီးပါတယ်။

ဒါကြောင့် စေတနာကောင်းဆိုတာ သူတပါးရဲ့ တုန့်ပြန်မှုကောင်းကို မျှော်လင့်ဖို့မဟုတ်ဘဲ ကိုယ့်ဘက်ကသာ အလုပ်ကောင်းတွေမှာ အကောင်းလုပ်ဖို့ပဲ ဖြစ်တဲ့အတွက် 
ကိုယ့်စေတနာကို ဘယ်သူအသိအမှတ်ပြုပြု၊ မပြုပြု ကိုယ့်ကိုကိုယ်နဲ့ သူတော်ကောင်းများကတော့ အသိအမှတ်ပြုထားပြီးပြီဆိုတာ သတိပြုဆင်ခြင်ရင်း စိတ်ကောင်းစေတနာကောင်းဖြင့်သာ ကောင်းတဲ့အလုပ်တွေကို ဆက်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။
 ဘယ်သူတွေ ဘယ်လိုပဲ တုန့်ပြန်ပါစေ ကိုယ့်ဘက်ကတော့ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်ဖို့ပါပဲ။
မေတ္တာဖြင့် မနာပဒါယီ အရှင်ဝိစိတ္တ
Ref:ငွေတာရီ

အရှုံးထဲက အနိုင်ယူပါ...။



ဒုတိယကမ္ဘစစ် ဂျပန်လေတပ်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်လိုက်ချိန်မှာပေါ့
အမေရိကန် ရေတပ်အကြီးအကျယ် ဆုံးရှုံးသွားခဲ့တယ်။

စစ်သင်္ဘော ၇ စင်း မြုပ်သွားတယ်။၆ စင်းက သုံးလို့မရတော့ဘူး။
ရေတပ်မှာရှိတဲ့ တိုက်လေယာဉ် ၄၅၀ ပျက်စီးသွားခဲ့တယ်။သေဆုံးသူ ၃၈၀၀။

အမေရိကန်တပ်သားတွေ စိတ်ဓာတ်အကျကြီးကျသွားကြတယ်။
ပစိဖိတ်စစ်မျက်နှာရဲ့ ရေတပ်သားတွေဟာ မျှော်လင့်ချက်မဲ့လောက်အောင်ကို
စိတ်ဓာတ်တွေကျသွားခဲ့ကြတယ်။

သူတို့လောက်အခြေအနေဆိုးတာ မရှိလောက်အောင်ကို စိတ်မှာထင်ကုန်ကြတယ်။ဒါကြောင့်
အမေရိကန်တပ်သားတွေရဲ့ စိတ်ဓာတ်ကျဆင်းမှု့ကို ပြန်အဖက်ဆယ်နိုင်ဖို့
အမေရိကန်သမ္မတ ရုစဗဲ့ ဟာ ချက်စတာနီမစ်ကို ပစိဖိတ်ရေတပ်ရဲ့အုပ်ချုပ်သူအဖြစ် ခန့်လိုက်တယ်။

ချက်စတာနီမစ်ဟာ တပ်သားတွေစိတ်ဓာတ်ကိုမြှင့်တင်ပေးဖို့ စိတ်ဓာတ် စစ်ဆင်ရေး တစ်ခု ကို လုပ်ဖို့စဉ်းစားမိတယ်။
 သူဟာ ပုလဲ ဆိပ်ကမ်းကျရှုံးစေသော အားနည်းချက်ကိုအရင် လိုက်ရှာတယ်။
ထို အားနည်းချက်တွေမှ တဆင့် တပ်သားတွေ ရဲ့စိတ်ဓာတ်ကိုပြန်နှိုးဆွပေးဖို့ စီစဉ်လိုက်တယ်။

ပထမဆုံးစစ်သားတွေနဲ့တွေ့ဆုံပွဲ လုပ်ချိန်မှာ သူက လက်ရှိအခြေအနေ ကိုအဆိုးဆုံးလို့ထင်နေကြပါသလား?
တကယ်တော့မဆိုးသေးပါဘူး။ 
ဂျပန်လေတပ်တွေသာ အမှား ၃ ခုကို မကျူးလွန်ခဲ့ဘူးဆိုရင်
ငါတို့ ဒီနေရာမှာ ဒီလိုရပ်ပြီးတောင် စကားပြောနိုင်ကြမယ် မထင်ပါဘူးဗျာ။"

"အဲ့ဒီအမှား ၃ ခု က ဘာလည်း သိချင်ကြလား?"
တပ်သားတွေ စိတ်ထဲ ထို အမှား ၃ ခုကို သိချင်စိတ်ပြင်းပြစွာ ဖြစ်ပေါ်လာတယ်။

"ပထမဆုံးအမှားက ပုလဲဆိပ်ကမ်းကို ဗုံးလာကြဲချိန်ဟာ တနင်္ဂနွေနေ့ဖြစ်နေတာပါပဲ။
တနင်္ဂနွေနေ့ဆိုတာ အားလပ်ချိန်ပါ။ 
အပန်းဖြေချိန်ပါ။ သင်္ဘောပေါ်မှာ စစ်သား အကုန်မရှိကြပါဘူး။ 

သူတို့တွေအခြား နေရာတွေမှာ အနားယူနေကြတယ်။
တကယ်လို့ ဂျူတီချိန် တွေမှာသာ ဗုံးကြဲ တိုက်ခိုက်လာခဲ့ရင် 
သေဆုံးစာရင်းက ၃၈၀၀၀ ဖြစ်သွားပါလိမ့်မယ်။"

"ဟုတ်လား ?"
ဟုတ်နေပါတယ် ။ ဒီအချက် ကို သူတို့မတွေးခဲ့ကြဘူး။
ဒါကြောင့် စိတ်ဓာတ်ကျခဲ့ကြတယ်။ ခုတော့အသေအပျောက်စာရင်းက
အများကြီး နည်းသွားခဲ့လို့ ကံကြမ္မာဟာသူတို့ဘက်မှာ ရှိနေတာကို
မြင်သွားကြတယ်။

တပ်သားတွေစိတ်တက်ကြွလာတာကိုမြင်လိုက်ရတဲ့ နီမစ်ကနောက်တစ်ချက်ကိုထပ်ပြောတယ်။
" ဒုတိယ အမှားက တော့ အရမ်း ဆိုးတယ်။ ဒီဂျပန်တွေ တကယ်ဆို သင်္ဘောတွေကိုပဲ ဗုံးကြဲခဲ့တာ သူတို့ကံဆိုးတာပဲဗျာ။ 

သင်္ဘောကျင်းတွေကို မဖျက်ဆီးခဲ့မိကြဘူးလေ။ သင်္ဘောကျင်းတွေသာပျက်ဆီးကုန်ရင် ကျန်တဲ့သင်္ဘောတွေကမ်းကပ်နိုင်မှာမဟုက်သလို။ ပျက်ဆီးသွားတဲ့သင်္ဘောတွေကိုလည်း ပြန်ပြုပြင်လို့
ရမှာမဟုတ်ဘူး။ 
ငါတို့သဘောတွေကို မိုင်ထောင်ချီသွားပြီးပြုပြင်နေရလိမ့်မယ်။ဒါဆိုရင်တော့ ငါတို့ သွားပြီ နာလန်တောင်ထူနိုင်မှာမဟုတ်ဘူး။"

"ဟုတ်တယ်မလား"
မှန်တယ်။ တပ်သားတွေ လက်ခုပ်ဝိုင်းတီးကြတယ်။
စိတ်ဓာတ်တွေလည်း တက်ကြွလာကြတယ်။
ဒီဆုံးရှုံးမှု့ဟာ ဘာမှ မဟုတ်တာကို မြင်လာကြတယ်။

သူတို့ နောက်အမှား တစ်ခုကို ပိုသိချင်လာကြတယ်။

"တတိယ အမှားကတော့"
အားလုံး စိတ်လှုပ်ရှားနေကြတယ်။သေချာနားစွင့်နေကြတယ်။
နီမစ် က ကျယ်လောင်စွာပဲ ပြောလိုက်တယ်။
" ဂျပန်တွေ သိပ် တုံးတယ်။ 
သူတို့ဟာ ငါတို့ ပြန်တိုက်ခိုက်နိုင်ဖို့ ကလဲ့စားချေဖို့အတွက် 
အားအင်တွေ ကို အပြည့်ချန်ထားပေးခဲ့တယ်။ အဲ့ဒါက လောင်စာဆီတွေပဲ။

လောင်စာဆီကန်တွေ ဟာ ငါတို့သင်္ဘောကျဉ်းနဲ့ ၅ မိုင်အကွာတောင်ထိပ်မှာ ရှိနေတယ်။
ဒီ ကန်တွေကိုပါ ဗုံးကြဲခဲ့ကြရင် ငါတို့မှာရှိသမျှ တိုက်လေယဉ်တွေသင်္ဘောတွေဟာ
အလကားပဲကွ။"

အကုန် စိတ်ဓာတ်တွေ တစ်ဝုန်းဝုန်ကြွတက်လာကြတယ်။
"ဂျပန်တွေ ဘာလို့ဒီအမှားတွေ ကျူးလွန်ခဲ့သလည်း သိကြလား?။

အဖြေကရှင်းတယ် ။ ဘုရားသခင်ဟာ ငါတို့ဘက်မှာအမြဲရှိနေခဲ့တယ်။ ငါတို့ကိုကူညီခဲ့တယ်။"
လက်ခုပ်သံတွေ ဆူညံစွာထွက်ပေါ်လာတယ်။ကြွေးကြော်သံတွေ ညံထွက်လာတယ်။

အရှုံးထဲ က နေ အကောင်းမြင်စိတ်နဲ့ မိမိဘက်မှာရှိနိုင်သောရနိုင်သော
အခွင့်အရေးကို မြင်လိုက်ရချိန်မှာ အားအင်တွေ လုံးဝ တက်ကြွသွားကြတယ်။

အဲ့နောက်မှာတော့ အမေရိကန်ရေတပ်ဟာ ဂျပန်တွေထိန်ချုပ်ထားသော
Marshall နဲ့ Gilbert ကျွန်းတွေကိုရုတ်တရက်ပြန်သိမ်းလိုက်တယ်။

ဂျပန်စစ်သင်္ဘော ၈ စီးကိုမြုပ်ပစ်လိုက်တယ်။
တောက်လျှောက်ပစိဖိတ် စစ်မျက်နှာပြင်မှာ ဂျပန်လေယာဉ်တွေ စစ်သဘောတွေကို ရေအောက်မြုပ်ပြလိုက်တယ်။

နောက်ဆုံး လက်နက်မချနိုင်တဲ့ဂျပန်တွေကို ၁၉၄၅ သြဂုတ် ၆မှာ ဟီရိုးရှီးမား သြဂုတ် ၉ မှာနာဂါဆကီ မြို့၂မြို့ ကို အနုမြူဗုံကြဲချပြီး ဒုတိယကမ္ဘစစ်ကိုအနိုင်ယူလိုက်ကြတယ်။

ဒီနေရာမှာစဉ်းစားကြည့်ရအောင် တကယ်လို့ ပုလဲဆိပ်ကမ်း ရှုံးနိမ့်မှု့မှာကထဲက အမေရိကန်တွေသာ 
စိတ်ဓာတ်ကျပြီး အရှုံးကိုသာ လက်ခံခဲ့ကြရင် ယနေ့ ခေတ် super power နိုင်ငံအဖြစ်ရပ်တည်နိုင်မှာမဟုတ်ပါဘူး။ 
ဒီလိုမျက်မှောက်ခေတ်အောင်မြင်မှု့ ရရှိစေသောအကြောင်းပြချက်ကရိုးရိုးလေးပါ။
" အရှုံးကို လက်မခံလိုက်ပါနဲ့ "
အရှုံးကို လက်မခံသေးသမျှကာလပက်လုံး သင့်မှာ အောင်မြင်ဖို့90%ရှိနေပါသေးတယ်။

ဘာလို့အဆင်မပြေဖြစ်တိုင်းစိတ်ဓာတ်ကျကြမှာလဲ…
အကောင်းလေးတွေ မြင်ကြည့်ကြပါ။

ဘယ်လောက်ဆိုးတဲ့အခြေအနေမှာပဲ ဖြစ်ဖြစ် သင်သာအကောင်းမြင်တတ်ရင်
သင့်အတွက် သင့်ဘက်မှာ ကံတရား ရှိတာမြင်လာပါလိမ့်မယ်။

ဒါဆို ဘာလို့ နောက်တခါ ပြန်မကြိုးစားနိုင်ရမှာလဲ
သင် လဲကျမှာ လုံးဝမစိတ်မပူမိပါဘူး
သင် ပြန်မထနိုင်မှာကိုသာ စိတ်ပူမိပါတယ်။

ပြန်ထလာနိုင်ဖို့လည်း အားအင်တွေပေးနိုင်ပါတယ်။
ဒီကနေ့ ကြုံနေရတဲ့အခက်အခဲဆိုတာ
အနာဂါတ်မှာ သင့်ကိုပိုမိုအောင်မြင်စေမယ့်တွန်းကန်အားဆိုတာ မြင်ပြီလား ?

မြင်တတ်ပြီလား ?
အောင်မြင်မှု့ဆီ အတူတူသွားကြရအောင်ဗျာ
ကျွန်တော်ရဲရဲကြီးပြောရဲတယ် 
"သင် လုံးဝ အောင်မြင်ရမယ်

Credit.Drကျော်စွာလင်း
Ref:ကျောက်သင်ပုန်း

လူငယ်နှင့်ဘဝ...။



မိမိ “ဘဝ” ကြီးကို “ရထား” တစ်စီးလို့ သတ်မှတ်ကြည့်ပါ။ သင်တို့ သွားနေကြတဲ့ “အောင်မြင်မှုပန်းတိုင် - ဘူတာ” ကို နည်းမျိုးစုံ၊ အခက်အခဲမျိုးစုံနဲ့ သွားနေကြရမှာပဲလေ။
.
ဒါပေမယ့် အဲဒီ့ “ပန်းတိုင်” ကို ရောက်ဖို့ ကြာနေတာ ဘာကြောင့်လဲ? ပြန်စဉ်းစားကြည့်ပါ..
သင် “အချစ်” ဆိုတဲ့ “ဘူတာ” မှာ အချိန်ဘယ်လောက်ဖြုန်းပြီးပြီလဲ?

သင် “အပေါင်းအသင်း” ဆိုတဲ့ “ဘူတာ” မှာရော အချိန်ဘယ်လောက် ဖြုန်းပြီးပြီလဲ?
သင် “အပျော်အပါး” ဆိုတဲ့ “ဘူတာ” တွေ၊ တစ်ခြား မလိုအပ်တဲ့ “ဘူတာ” တွေထဲမှာ အချိန်ဘယ်လောက် ထပ်ဖြုန်းပြီးပြီလဲ?

အရာရာဟာ အတိုင်းအတာ တစ်ခုထက် လွန်သွားရင် မကောင်းပါဘူး။ “တန်ဆေး.. လွန်ဘေး” ပါ။

မလိုအပ်တဲ့ “ဘူတာ” တွေမှာ သင့်အနေနဲ့ ဆက်ပြီးအချိန်ဖြုန်းနေဦးမယ်ဆိုရင် သင့်ရဲ့ “ရည်မှန်းချက်” ပန်းတိုင်က သင့်အသက်အရွယ်ကြောင့် တစ်ဖြည်းဖြည်း ပိုဝေးသွားပါလိမ့်မယ်။

တိုးတက်နေတဲ့ ခေတ်ကြီးမှာ “တိုးတက်အောင်” လုပ်ဖို့ လွယ်ကူနေသလို “ပျက်စီး” အောင် လုပ်ဖို့လည်း လွယ်ကူနေပါတယ်။
 ဒါတွေဟာ သင့်ကို ပြုပြင်ထိန်းသိမ်းနိုင်မယ့် သင့်ဦးနှောက်၊ အသိစိတ်ဓါတ်၊ ရွေးချယ်မှုတွေနဲ့ပဲ ဆိုင်ပါတယ်။

“အချိန်” တွေက အရမ်းကို တန်ဖိုးရှိပါတယ်။
“တန်ဖိုး” ရှိတဲ့ အချိန်တွေကို အခုချိန်မှာ အသုံးမချတတ်ဖူးဆိုရင် နောင်တစ်ချိန် “နောင်တတရား”ဆိုတဲ့အရာနဲ့ ထိပ်တိုက် ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ.. “ဒူးထောက်အရှုံးပေး” ရတဲ့သူက သင်ဖြစ်သွားပါလိမ့်မယ်။
Ref: (Focus Youth)