Friday 24 June 2016

အပြုံး....။




အပြုံးတခု ဟုတ်တယ် 

အဲ့အပြုံးတခုကြောင့်ပဲ
ဘ၀တွေ ပျက်ခဲ့ရတာ မနည်းဘူး

အဲ့အပြုံးလေးကို ၀ိုင်းဝန်းဝေဖန်ကျတယ် 

အတည်ပြုကျတယ်
စော်ကားကျတယ် 

မဖြစ်နိုင်ပါဘူးလို့ 

ခြေကန်ညင်းသူကညင်း

ဒါပေမဲ့ ခုထိတော့ 

ဒီအပြုံးကို အဖြေရှာမရသေးဘူးပေါ့…။

သူကလည်း သူ့တာဝန်အတိုင်း 

ခုချိန်ထိ ဆက်ပြုံးနေတုန်းပဲ…

လေကန်သူတွေလည်း ငြိမ်..

ဝေဖန်သူတွေလည်း အသံတိတ်

နောက်ဆုံးတော့ အားလုံး ရီဝေစွာငေးကြည့်

ဒီလှပတဲ့အပြုံးတခုကိုပေါ့………………………………….။

No comments:

Post a Comment