Wednesday 22 June 2016

ကြိုတင် အရှုံးပေးထားတယ်....။


ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို
ဦးစားပေးချင်တယ်.....။

ပိုင်ဆိုင်ခွင့်ထက်
စွန့် လွှတ်ခြင်းနဲ့ 
အနစ်နာခံချင်တယ်.....။

ရယူမှာထက်
ပေးဆပ်မှာကို
တန်ဖိုးထားချင်တယ်.....။

မှတ်ထားလိုက်ပါ
ချစ်သူရယ်...
အချစ်စစ်နဲ့ ချစ်သူတိုင်းဟာ
နေရာတိုင်းမှာ
အမြဲအရှုံးပေးနေတဲ့သူတွေပါပဲ....။

No comments:

Post a Comment