Sunday 19 June 2016

လုပ်ပိုင်ခွင့်.....။



ငါ့အချစ်ဟာမင်းအတွက်
ပူလောင်စေရင်
မင်းရင်အေးအောင်
ငါအနေဝေးပေးပါ့မယ်.....။

ငါ့အချစ်ဟာ
မင်းအတွက်အပိုဖြစ်
အရှုပ်ဖြစ်နေရင်
မင်းအနားက လှဲကျင်းပြီး
ငါ့နှလုံးသားအမှိုက်ပုံးထဲမှာ
သိုလှောင်ထားလိုက်ပါ့မယ်......။

အဆုံးမဲ့ချစ်ခဲ့မိလို့
အရှုံးသမားပဲဖြစ်နေတာမို့
အရာရာပေးဆပ်ဖို့
နှလုံးသားလေးကို
အပ်နှင်းထားတာမို့
မင်းစိတ်တိုင်းကျ
စီရင်ချက်သာ ချမှတ်လိုက်ပါတော့....... ။ ။

No comments:

Post a Comment