Sunday 26 June 2016

ဝေးဝေး သွားချင်ရင် အတူတူ သွားပါ..။



ခေါင်းဆယ်လုံးရဲ့ စွမ်းအားဟာ ခေါင်းတစ်လုံးထက် အမြဲသာပါတယ်။ 
လူဆယ်ယောက်ရဲ့ ခွန်အားဟာလည်း လူတစ်ယောက်ရဲ့ ခွန်အားထက် သာမြဲပါပဲ။

လူတိုင်းမှာ အားသာချက်၊ အားနည်းချက်ရှိပါတယ်။ ဒါပေမယ့် အသင်းအဖွဲ့မှာဆိုရင်တော့ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က ဖြည့်ဆည်းပေးနိုင်သလို၊ တစ်ယောက်ရဲ့အားသာချက်ကိုလည်း တစ်ယောက်က ပံ့ပိုးပေးနိုင်ပါတယ်။
.
မိုးပျံအောင်တော်တဲ့သူလည်း Perfect မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သာမန်ထူးချွန်တဲ့သူတွေပေါင်းထားတဲ့ အဖွဲ့ကတော့ Perfect Team ဖြစ်ပါတယ်။

ရောမမြို့ကြီးကို တစ်ယောက်တည်းအားနဲ့ တည်းဆောက်လို့မရပါဘူး။
 လူပေါင်းများစွာ ညီညီညွတ်ညွတ် အချိန်ယူတည်ဆောက်ရင်းနဲ့ ရောမမြို့ကြီးဖြစ်လာတာပါ။ 
ဒါ့ကြောင့် တစ်ချို့ကိစ္စတွေမှာ တစ်ကိုယ်တော်လုပ်ဆောင်ခြင်းထက် ပူးပေါင်းဆောင်ရွက်တတ်ခြင်းဟာ အမြဲတမ်း သာလွန်ကောင်းမွန်တယ်ဆိုတာကို သတိပြုရပါမယ်။
.
ဆိုရိုးစကားရှိပါတယ်။ "To go fast, Go alone.. To go far, Go together" တဲ့။ 
"မြန်မြန်သွားချင်တယ်ဆိုရင် တစ်ယောက်တည်းသွားပါ။ ဝေးဝေးသွားချင်တယ်ဆိုရင်တော့ အတူတကွသွားပါ"။
Ref: (Focus Youth)


No comments:

Post a Comment