Sunday 26 June 2016

လူငယ်နှင့်ဘဝ...။



မိမိ “ဘဝ” ကြီးကို “ရထား” တစ်စီးလို့ သတ်မှတ်ကြည့်ပါ။ သင်တို့ သွားနေကြတဲ့ “အောင်မြင်မှုပန်းတိုင် - ဘူတာ” ကို နည်းမျိုးစုံ၊ အခက်အခဲမျိုးစုံနဲ့ သွားနေကြရမှာပဲလေ။
.
ဒါပေမယ့် အဲဒီ့ “ပန်းတိုင်” ကို ရောက်ဖို့ ကြာနေတာ ဘာကြောင့်လဲ? ပြန်စဉ်းစားကြည့်ပါ..
သင် “အချစ်” ဆိုတဲ့ “ဘူတာ” မှာ အချိန်ဘယ်လောက်ဖြုန်းပြီးပြီလဲ?

သင် “အပေါင်းအသင်း” ဆိုတဲ့ “ဘူတာ” မှာရော အချိန်ဘယ်လောက် ဖြုန်းပြီးပြီလဲ?
သင် “အပျော်အပါး” ဆိုတဲ့ “ဘူတာ” တွေ၊ တစ်ခြား မလိုအပ်တဲ့ “ဘူတာ” တွေထဲမှာ အချိန်ဘယ်လောက် ထပ်ဖြုန်းပြီးပြီလဲ?

အရာရာဟာ အတိုင်းအတာ တစ်ခုထက် လွန်သွားရင် မကောင်းပါဘူး။ “တန်ဆေး.. လွန်ဘေး” ပါ။

မလိုအပ်တဲ့ “ဘူတာ” တွေမှာ သင့်အနေနဲ့ ဆက်ပြီးအချိန်ဖြုန်းနေဦးမယ်ဆိုရင် သင့်ရဲ့ “ရည်မှန်းချက်” ပန်းတိုင်က သင့်အသက်အရွယ်ကြောင့် တစ်ဖြည်းဖြည်း ပိုဝေးသွားပါလိမ့်မယ်။

တိုးတက်နေတဲ့ ခေတ်ကြီးမှာ “တိုးတက်အောင်” လုပ်ဖို့ လွယ်ကူနေသလို “ပျက်စီး” အောင် လုပ်ဖို့လည်း လွယ်ကူနေပါတယ်။
 ဒါတွေဟာ သင့်ကို ပြုပြင်ထိန်းသိမ်းနိုင်မယ့် သင့်ဦးနှောက်၊ အသိစိတ်ဓါတ်၊ ရွေးချယ်မှုတွေနဲ့ပဲ ဆိုင်ပါတယ်။

“အချိန်” တွေက အရမ်းကို တန်ဖိုးရှိပါတယ်။
“တန်ဖိုး” ရှိတဲ့ အချိန်တွေကို အခုချိန်မှာ အသုံးမချတတ်ဖူးဆိုရင် နောင်တစ်ချိန် “နောင်တတရား”ဆိုတဲ့အရာနဲ့ ထိပ်တိုက် ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ.. “ဒူးထောက်အရှုံးပေး” ရတဲ့သူက သင်ဖြစ်သွားပါလိမ့်မယ်။
Ref: (Focus Youth) 


No comments:

Post a Comment