Thursday 31 December 2015

"ကျောက်စာ ထဲကပြောတဲ့ မွန်-ရခိုင် သွေးစည်းမှု"



ရခိုင်ဘက်က ကျောက်စာတွေကို ကျွန်တော် အလှမ်းဝေးတတ်တယ်။ ဒါပေမဲ့ အစ်ကိုတင်ဝင်း ကျေးဇူးက အတော်ကြီးတယ်။ အစ်ကို့ကျေးဇူးကြောင့်သာ အချို့ကျောက်ချပ်တွေ ထိတွေ့ခွင့်ရပါတယ်။ ရခိုင်ကျောက်စာတွေထဲမှာ ပုရိမ်အဆုံးတောင် ကျောက်စာဟာ ကျွန်တော်တို့ မွန်တွေအတွက် အတော်လေး အရေးပါပါတယ်။ ပုရိမ်အဆုံးတောင်ကျောက်စာဟာ နှစ်မျက်နှာပါ ကျောက်ချပ်ဖြစ်ပါတယ်။ မွန်ဘုရင် ရာဇာဓိရာဇ် နဲ့ အင်းဝဘုရင်မင်းခေါင် တို့ရဲ့ အနှစ်လေးဆယ်စစ်ပွဲဟာ အားလုံး စိတ်ဝင်စားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကြီးပါ။ မွန် နဲ့ ဗမာ အပြိုင်တိုက်ကြရင်း ရခိုင်ပါ ၀င်ရှုပ်သွားရတဲ့ အပိုင်းလည်း ရှိပါတယ်။ သက္ကရာဇ် ၇၆၅ မှာ အင်းဝမင်းခေါင် တို့က မွန်ကို တိုက်ဖို့ အားစုတဲ့ အနေနဲ့ ရခိုင် နဲ့ ရှမ်းပြည်တွေကို သိမ်းပါတယ်။ ရခိုင်ဘုရင် စစ်ရေး အရေးနိမ့်ပါတယ်။ အဲ့ဒီအခါ သူ့သား နရမိတ်လှ ဟာ ရာဇာဓိရာဇ်ကို အကူအညီ တောင်းပါတယ်။ ရာဇာဓိရာဇ် ကလည်း သက္ကရာဇ် ၇၆၉ မှာ ရခိုင်ကို ပြန်တိုက်ပေးပါတယ်။ နိုင်တော့ နရမိတ်လှ ကို နန်းပြန်တင်ပေးပါတယ်။ တစ်ခါ သက္ကရာဇ် ၇၂၂ မှာ မင်းရဲကျော်စွာတို့ ပြန်တိုက်ပါတယ်။ နရမိတ်လှ ထွက်ပြေးရပြန်ပါတယ်။ ဒါပေမဲ့ မွန်တပ်တွေ ပြန်တိုက်ပေးလို့ အဲ့ဒီနှစ်မှာပဲ နရမိတ်လှ နန်းပြန်ရပါတယ်။

ဒါကြောင့် မွန် နဲ့ ရခိုင် သွေးစည်းခဲ့ပါတယ်။ ဘယ်လောက်သွေးစည်းခဲ့လဲ။ ဒီကျောက်စာက သက်သေပါ။ ဒီကျောက်စာမှာ ရေးထိုးသူနာမည် မတွေ့ပါ။ ပျက်နေတဲ့ အထဲပါသွားတာ ထင်ပါတယ်။ ရခိုင်တြားမင်းကြီးလို့ ပြောထားပါတယ်။ နရမိတ်လှ ဖြစ်နိုင်ပါတယ်။ ကျောက်စာက သူ သစ္စာဆိုတာပါ။ ငါ့အစ်ကို ရာဇာဓိရာဇ်ကို သေကြောင်းမကြံဘူး၊ ပျက်စီးကြောင်း မကြံဘူး။ သူများတွေက ရာဇာဓိရာဇ် ပျက်စီးကြောင်း ကြံခိုင်းရင်လည်း သူမလိုက်နာဘူး။ သူ ကတိပြုတယ်။ ဒီကတိဖျက်မိရင် သွေးပွက်ပွက်အန်ပြီး သေပါစေ၊ မြေမြိုပြီးသေပါစေ စသဖြင့် ကျိန်ဆိုထား ပါတယ်။ ဒီကျောက်စာမှာ င့ါ အစ်ကို ရာဇာဓိရစ် လို့ ရေးထားတာမို့ ရာဇာဓိရာဇ် ဟာ ရခိုင်ကို လိုချင်လို့ အနိုင်အထက်သိမ်းတာမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း ဖော်ပြချက်နဲ့ ကိုက်ညီပါတယ်။ အချို့က မွန်တွေ စစ်ကစားပြီး ရခိုင်ကို ထိပါးတယ်လို့ ထင်တာ လုံးဝမှားပါတယ်။ ရာဇာဓိရာဇ်က နရမိတ်လှကို ကူညီတာပါ။ ဒါကြောင့် နရမိတ်လှက ကျေးဇူးတင်ပြီး သစ္စာရှိကြောင်း ပြပါတယ်။ ကျူးကျော်ခံရတာ မဟုတ်ပါ။ ညီလို အစ်ကိုလို ချစ်ကြောင်းကိုလည်း သူ့စကားကကို သက်သေပြနေပါပြီ။ ဒါကြောင့် ပုရိမ်အဆုံးတောင် ကျောက်စာဟာ မွန် ရခိုင် ချစ်ကြည်ရေးအတွက် အရေးပါတဲ့ ကျောက်စာတစ်ချပ်လို့ ဆိုချင်ပါတယ်။ ဒီကျောက်စာ ရေးထိုးတဲ့ ခုနှစ်ကို ဆရာကြီး ဦးဦးသာထွန်းက (၇၇၂) ဖြစ်လောက်တယ်လို့ မှန်းပါတယ်။ ဆရာကြီးမှန်းတာလည်း သင့်မြတ်ပါတယ်။ (၇၆၉) ၀န်းကျင်လည်း ဖြစ်နိုင်ကောင်းတယ်လို့ လည်း ထင်မိပါတယ်။
(Credit and Thanks to Lwin Maw Oo.)
ပုံ(၁) ပုရိမ်အဆုံးတောင် ရခိုင်ကျောက်စာ

ရက္ခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျရေနိ့ နှင့် ပက်သက်၍


အို - သာလီစွ အမျိုးရို့ ……
ရခိုင်အချုပ်အခြာအာဏာ ကျဆုံးရေနိန့်စော် (1784 A.D ဒီဇင်ဘာ ၃၁-ရက်)လို့တစ်မျိုး၊ (1785 A.D ဇန်နဝါရီလ (1)ရက်လို့တစ်တိုင်၊ (1785 AD ဇန်န၀ါရီ ၂ )ရက်နိန့်လို့တစ်ဖုံ၊ အတည်တကျ ခိုင်ခိုင်မာမာမဟုတ်ဘဲ အမျိုးမျိုးယူဆနိန်ကတ်စွာတိကို တွိရပါရေ။ နောက်တစ်ခါ ကောဇာသက္ကရာဇ် (၁၁၄၆) ခုနှစ်လို့ ပြာသိုလဆန်း(၇)ရက်၊ တတိုင်က ပြာသိုလဆုတ်(၇) စနေနိန်လို့ ရေးစွာတိကို အမျိုးမျိုးတွိရပါရေ။ ယင်းအတွက်နန့် အမျိုးတိ ဆင်ခြင်သုံးသပ်နိုင်အောင် သက်သေအထောက် အထား ရသလောက်ဖြင့်တင်ပြလိုက်ပါယင့် ။

ဗမာဘုရင် ဘိုးတော်မောင်ဝိုင်း သိမ်းယူလားခရေ ရခိုင်ကြီးပြောင်းအမြောက်မှာ ဓည၀တီ ရက္ခိုင်ပြည်အား စစ်အောင်နိန့်ကို ရွီးထိုးထားစွာကို တွိရပါရေ ၊ ယင်းကြီးပြောင်း အမြောက်သည် အဂု စကော့တလန်လား၊ ဝေလ်းမှာလား ဟိရေလို့ သိရရေ။ ယင်းကြီးပြောင်းမှာ ရွီးထားစွာက { ၁၁၄၆-ခု ပြာသိုလ် လပြည့်ကျော် ၇ ရက် စနေည လေးချက်တီးကျော်နာရီတွင် ဓည၀တီကိုသိမ်းရ }(ပုံ) ရှု ဟု ရွီးထားရေအတွက်ကြောင့် ယင်းမြန်မာသက္ကရာဇ် (၁၁၄၆)ခုနှစ် ပြာသိုလ်လပြည့်ကျော်(၇)ရက် စနေနေ့ ကို နှစ်တထောင် ပက္ခဒိန်နှင့် တိုက်ဆိုင်ကြည့်လိုက်တေခါ ယင်းနိ့သည် ခရစ် (1785 )ခုနှစ် ဇန္န၀ါရီလ(၁) ရက် စနီနိ့ ဖြစ်နိန်စွာကိုတွိရပါရေ၊ (ပုံ)ရှု

ယင်းအတွက်နန့် ရခိုင်နိုင်ငံတော်၏ အချုပ်အခြာ အာဏာ ကျဆုံးရေ နိ့သည် ရုပ်ဝတ္ထုသက်သီအထောက်အထားအရ သာသနာသက္ကရာဇ်အားဖြင့် ( ၂၃၂၈) နှစ်ပြီးကေ၊ ရခိုင်သက္ကရာဇ်သည် (၁၁၄၆)ခု ပြာသိုလ်လပြည့်ကျော်(၇) ရက် စနီနိ့ဖြစ်ပါရေ။ ခရစ်နှစ်သည် (1785)ခု ဇန္န၀ါရီလ (၁) ရက် စနီနိ့ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါရေ အမျိုးရို့…….။
တိတိကျကျပြောရဖို့ဆိုကေ ရခိုင်သားပျော်ကြီးကျတိ HAPPY NEW YEAR ကျလို့ အော်ရေ အချိန်ပြီးကေ အရက်ယစ်လို့ မူးနီရေခါပါ အမျိုးရို့ ......။


မောင်ဖြူ (ကြွီတဲကျွန်း)
30-12-2015

ငရို့တိ သရုပ်မှန်...


ငါရို့ တိပြောနိန်စွာ
စကားလုံးတိမဟုတ်
နှစ်ပေါင်းရာနန့် ချီပနာ
ဖိနှိပ်ခံလာရလို့ 
ထွက်ပေါက်ရှာဖို့ 
ထွက်ကျလာရေ
ရင်တွင်းပေါက်ကွဲသံဇိုင်တိ…..၊


ငါရို့ တိ ရွီးနိန်စွာ
စာလုံးတိမဟုတ်
နှစ်ပေါင်းရာနန့် ချီပနာ
ဖျက်ဆီးခံလာရလို့ 
ပြန်ပနာရှင်သန်ဖို့ 
သွီးနန့် ခင်းထားရေ
လမ်းမတိ…..၊


ငါရို့ တိဆိုနိန်စွာ
တေးခြင်းတိမဟုတ်
နှစ်ပေါင်းရာနန့် ချီပနာ
မျိုသိပ်ထားလာရလို့ 
လွတ်လမ်းရှာဖို့ 
ပြန်အန်ကျရေ
ဘ၀အစိတ်အပိုင်းတိ….၊


ငါရို့ တိအသက်ရှင်နိန်စွာ
နီဝင်မိုးလင်း စားခြင်းအတွက်မဟုတ်
ကိုယ့်သမိုင်းအမွီကို ကိုယ်ရို့ ထမ်းပနာလားဖို့ 
ကိုယ့်ပစ္စက္ခကို ကိုယ်ရို့ ဂုဏ်သိက္ခာနန့် တည်ဆောက်ဖို့ 
ကိုယ့်အနာဂတ်ကို ကိုယ်ရို့ ပိုင်ဆိုင်ဖို့ 
ကိုယ့်မြီ ကိုယ့်ရီနန့်  ကိုယ့်ပြည်ရနံ့ ကို ရှုပနာ
ငါရို့ တိ ဇာလဲဆိုစွာကို အဓိပ္ပါယ်ဖွင့်ကြည့်ဖို့ …..၊

......................

ခိုင်အောင်အောင်
၁၂၊၀၉၊၂၀၀၉

ဖြစ်တည်မှု....။


တဖက်တချက်မာ မင်းနန့်ငါ
နားလည်မှုနန့် ဖြတ်သန်းနီကတ်ရခါ
သံသယဆိုစော်ကို စားလုံးမပေါင်းမိအောင်
သျှောင်ပနာ လျှောက်လှမ်းနီကတ်ယင်း
မကြာမကြာ ဝင်လာစော်အတွီးတခု
သွီးအီးယင်း အရှိန်ပျက်မလားဖို့
အားတင်းယင်းနန့် ဖြေသိမ့်ရရေ...။

ပူတုန်းသောက်မှ အာဟာရဖြစ်တေ
ဆန်ပြုတ်ချေ တခွက်ပိုင်တော့မဖြစ်ချင်
သုံးတန်ရာသီနန့် အစဉ်အမြဲလန်းမြန်းစီဖို့
မတောင့်တလည်း တောက်ပရေနီတစင်းအဖြစ်
ရှိဖြစ်ပျက်သမျှ ဒေ့ရင်ဆိုင်ယင်းရှိနီမေ
ကြွီကွဲခြင်းဆိုရေခေါင်းစိုင် အောက်မာတော့
ငါမင်းသားတပါးဖြစ် နာမည်မကြီးချင်
ညီမျှခြင်းက ငရို့ကြားမာဖြစ်နီသင့်ရေလေ...။

နိတိဆက်ယင်း ရက်တိပြော
င်း
မဟောင်းမနွမ်း သသပ်ယယပ်နန့်
လည်ပတ်နီရေ ငါ့သွီးနှလုံးအိမ်ချေက
လွမ်းစေညွှန်ရာသို့ ဦးတည်စီးဆင်း
သတ်မှတ်ချက် အနီနန့်က တက်မက်မှုရာ...။

ယုံကြည်ပသ ကိုးကွယ်မှုဆိုစော်က
စိတ်၏သန့်စင် ဖြောင့်ဖြူးရာလေ
သက်ဝင်မြတ်နိုး တွယ်တာယင်းနန့်
မင်းရင်ရိပ်တွင်း ခိုလှုံအရောက်လှမ်းဖို့
မျှော်လင့်တမ်းတယင်း .....။

ရိုးရှင်းစွာ ဝန်ခံဘာရေ အရိပ်ချေ
မင်းဆိုရေ တယောက်သောသူကြောင့်
တက်ကြွစေ့ဆော်မှု တွန်းအားနန့်
င့ါမြစ်တစင်း အသက်ဝင်လှုပ်ရှားဗျာလ်
ထောင်ချီရေခရီး မရပ်မနားစီးဆင်းယင်း
မင်းကြောင့်ငါ ဖြစ်တည်ခရဗျာလ်ယေ....။
........................
ကျေးဇူးဘာ။

ပိုင်သျှေ

ကျိန်စာသင့် နှလုံးသား...



အချစ်ကို ကိုးကွယ်ခကေ့လေ့
အချစ်၏ ခါးသီးနာကြင်မှုတိကိုရာ
ငါ-- ထွေးပွေ့ပိုင်ဆိုင်ခရ ။

အချစ်၏
ကြင်နာ နွီးထွီးမှုအစားလတ်
နှင်းဆီးပန်းချေ တစ်ပွင့်
ဘဝနှင့်ရင်း
မြတ်နိးစွာ ငါ စိုက်ပျိုးခရေ ။

လှပရေ အဆင်းနန့်
နူးညံ့ရေ ဝတ်မှုန်လွှာရို့
ငုံအာ အဖူးမှာ
တိုက်ခတ်လာရေ
မုတ်သုန်လီ တစ်ချက်ကြောင့်
ပန်းပွင့်ချေနံဘေးက
ငါစွာ..
ထိုအဝီးကြီးသို့
လွင့်(ရွင့်)စိုင်လားခရ ။

ဖက်တွယ်ဖို့ကြိုစားယင်း
ငါ လှမ်းအကိုင်
စူးချောင်းချေတိက
ငါ့လက်ကို
ညှာတာမှုကင်း
စူးနစ်ဝင်လားကတ်တေ ။

သွီးနီတိ
ဖြာခနဲ ထွက်လာအကျ
အော်.........
ဒေချင့် အကြင်နာလတ်လား ဝေ
ရင်ထဲမှာ နင့်ခနဲ ခံစားလိုက်ရရေ ။

ပန်းပျိုးရေ လက်က
ပန်းကိုဆွတ်ဖို့
မတန်မရာ လားဝေ ။

နီးကပ်ဖို့ ကြိုးစားစဉ်မှာပင်
အသိမဲ့ရေ ငါ့ ခြီးလှမ်းတိ နောက်ဆုတ်
အချစ်၏
ထို..အစွန်းးတစ်ဖက်ကို
ငါ ရောက်မှန်းမသိ ရောက်လား ရခရေ
တစ်ဖြည်းဖြည်းနန့်
အဝီး အဝီးဆုံးကိုလေ ။

နီဝင်ချိန် ညဇာ.....



ညဇာဖက် နီဝင်ချိန်က
သင်္ခါရတရားကိုထမ်းလို့ 
စိတ်ဓါတ်တိအ၀ိစီတွင်းဆုံးထိကျပနာ
မျှော်လင့်ချက်ပျောက်နိန်ရေလူတယောက်ပိုင်
မဖြစ်နိုင်ခြင်းတေးခြင်းကိုဆိုလို့ 
အိပ်ရာဝင်ဖို့ ပြင်နိန်ယင့်….။

မှောင်ရိပ်သန်းနိန်ရေ အာကာပြင်ထက်က
ကြယ်တိမလင်းရေ လမ်းမှာ
မိုးရိပ်ချေတိ ခိုကိုးရာမဲ့လားလို့ 
အသိုက်ပျောက်နိန်ရေ ငှက်ချေတိ
တနားဇာချေရဖို့ 
ရွက်ခြောက်ပင်ကိုင်းဖျားတိကို
လိုက်ရှာနိန်ကတ်ယင့်….။

ခန္ဓာကိုယ်သွီးသားထဲက
ခွန်အားတိကို ထုတ်ရောင်းပနာ
တရက်လုံးရုန်း
ဂေါင်းဆုံးကခြီဖျား
ချွေးတိစီးကျလားမှ
ရလာရေ ဒင်္ဂါးချေကို
ဆန်တစ်သိုက်ဝယ်ပနာ
အိမ်ပြန်လာရေ အမိတယောက်မျက်နှာမှာ
အချေသုံးယောက်ဝမ်းဆာနိန်ဖို့ ဗျာယ်လို့ 
စိုးရိမ်စိတ်အပူလှိုင်းတိဖြတ်လို့ 
တထွာဝမ်းနန့် 
ဆီခမ်းနိန်ကတ်ရရေ ဘဝ
ပကတိဒုက္ခကို
ကျင်ကိုင်နိန်ကတ်ရယင့်….။

နီဝင်ချိန်ညဇာ
ငါရို့ ရခိုင်ပြည်မှာ
ဒေပိုင် နီဝင်ချိန်ညဇာ
ငါရို့ လခြမ်းမြီမှာ
တခုပိုင်လေ့ မလှပါ…..။

ချို့တဲ့မှု....။


တိတ်ဆိတ်နီရေ ညဉ့်
အိပ်မပျော်နိုင်ရေ ရက်
ပသာဒ ဖြစ်နီစော်က
မင်းတိုက်ထား ကျိန်စာလား ...။

သံယောဇည် လက်ကျန်
သသမ်းချေ ခွန်းတုန့်ပြန်ဖို့
ဆွံ့အနီရေ မင်းရင်ခုန်သံ
ငါများ မဖတ်တတ်လို့လား...။

သီကုံးခရေ ညဉ့်ချေတိ
အဂုကျ အထီးကျန်လို့
အဖော်မဲ့ ဆိတ်ငြိမ်မှုမှာ
ငါတစ်ယောက် တစိမခြီ ...။

ပပင်ပပန်းနန့်
အားစိုက် ပျိုးမြိုက်ပြီးမှ
မဖြစ်ထွန်းရေ ပန်း
ငါ မြီရွီးများ မှားခလို့လား ...။


နီတဝင် မိုးတချုပ်
မိုးထ ညဇာ အချိုးကွေ့မှာ
သတိရဖို့ အမှတ်တရတိ
ငါများ မပီးနိုင်ခလို့များလား ...။

ဆာလောင်သူဖို့ မျှော်ကိုး
မွတ်သိပ်ယင်း ချိနှဲ့လာခါ
နှလုံးချွေးစက် ထိန်းရေကြား
မှိတ်လာဆုံမှ ရိပ်မိရေ ...။

.............


တီတာတာ

Happy new year 2016...

အချစ် မိုင်တိုင်များ...



သမုဒ္ဒရာ ၀မ်းတစ်ထွာအတွက်
အပူမီးကို ငြိမ်းသတ်နိုင်ဖို့
သံသရာလမ်းမှာ 
ငါ . လမ်းလျှောက်ထွက်ခဲ့တယ်..။

လက်လှုပ်မှ ၀မ်းဝတဲ့..သူ
ခြေလှုပ်မှ ၀မ်းဝတဲ့.. သူ
ပါးစပ်လှုပ်မှ ၀မ်းဝတဲ့..သူ
ချွေးဒီဒီကျမှ ၀မ်းဝတဲ့..သူ
သူ..သူ...သူတွေ .. .. .။

အသက်တစ်ချောင်းအတွက် 
အသက်တစ်ချောင်းဖြင့်
အသက်ဆက်သူတွေဖြင့် 
သံသရာ ၀ဲဂယက်ထဲမှာ
ငါ .. တွေ့ခဲ့ရတယ်...။ 

ပထမ မိုင်တိုင်းကို ငါကျော်ဖြတ်ခဲ့ပြီးပြီ
ဒုတိယ မိုင်တိုင်းမှာ ငါဆက်လျှောက်ဆဲ..
ရက်ကိုလည်း ငါစားခဲ့တယ်...
လကိုလည်း ငါစားခဲ့တယ်..
နှစ်ကိုလည်း ငါစားခဲ့တယ်.. 
စားရင်း.. စားရင်းနဲ့ပေါ့..
မရပ်မနားဘဲ...
တတိယမိုင်တိုင်းနားကို ငါလျှောက်လာနေတယ် ... ။ 

ဒီခရီးလမ်းမှာ 
မင်းလျှောက်.. ငါလျှောက်
ဆက်လျှောက်ရင်းနဲ့
ငါ..လက်ကို ဖျက်ညှစ်ရင်း
မင်း .. ငါနောက်က လိုက်ခဲ့တယ်...
ရုပ်ဝတ္ထုတွေ တိုးတက်နေပေမယ့်..
အဲဒီအထဲမှာ မင်းအတွက်ဆို
ငါ့ခန္ဓာ စတိုင်းဆိုင်ထဲက 
အချစ်တွေကို ရွေးထုတ်ပြီး 
မင်းအတွက် ငါ..ပုံအောပေးခဲ့တယ်..။ 

  ဝေဟင်အောင်

သူသိပါစီ...

သူသိပါစီ


အမှန်မှာတော့ခါ
စွန့်လွှတ်ခြင်းဆိုစွာ
နောက်ကွယ်မှာ
တိတ်တဆိတ် အခြွီခံလိုက်ရရေ
နှလုံးသား အပိုင်းအစတိနန့်
အလွမ်းမျိုးစေ့တိ က,ရာ
ငါ့အချစ်စစ်၏ပြယုဂ်တစ်ခုလို့
ငါမြင်ရေ...။

ခွင့်လွှတ်သီးခံခြင်းကဂါ
အချစ်စစ်၏ ပြယုဂ်တစ်ခုလို့ဆိုကေ
ငါငြင်းဆန်ချင်ရေ.ချစ်သူ .
ငြင်းဆန်ပါရစီ.. ။

ဇာဖြစ်လို့လဲဆိုကေ
ငါကမှ သူ့ကို
ခွင့်မလွှတ်နိုင်စွာကို
စွန့်လွှတ်ဖို့ချစ်ခစွာလည်း
မဟုတ်ပါ...။

ခွင့်လွှတ်ဖို့ဆိုစွာထက်
ငါ သူ့ကို မိန့်ပစ်ဖို့
အယင်ကြိုးစားရဖို့သိမ့်...။

သူ့ကို မိန့်ပစ်ဖို့ဆိုစွာ
ငါ့၏ အသက်ယှူသံတိ
ရပ်တန့်လားမှ ရပ်တန့်နိုင်ဖို့လို့
ငါထင်ရေ...။

ငါ့အချစ်တိက
ပကိတိ ဖြူစင်ရေလို့
ငါမပြောချင်ပါ...။

ပြောစကားတိ ဟိခပိုင်
ချစ်သူကို ချစ်လို့
စွန့်လွှတ်ရေ စွန့်လွှတ်ခြင်းက
အချစ်စစ်ဆိုစွာကိုလည်း
ငါက လက်မခံချင်...။

စွန့်လွှတ်ရေ ဆိုစွာ
လူပျော့လူညံ့ တစ်ယောက်အလုပ်လို့ရာ
ငါက ယူဆခစွာလေ...။

ယေကေလည်း သူထင်ရေပိုင်
ညစ်ထေးနီရေ စိတ်တိလည်း
ငါ့မှာ မဟိခဖူးပါ...။

ချစ်သူကို ချစ်လို့
ရရိုးချေပိုင်ဆိုင်ချင်ရုံမျှရာ
…။

ငါ့ဘ၀မှာ
သူတစ်ယောက်တည်းကိုရာ
ချစ်ခစွာလို့
ငါမပြောချင်ပါ...။

ယေကေလည်း 
တခြားသော တစ်ဦးတစ်ယောက်ကိုလည်း
သူကလွဲလို့
တစ်ဘ၀စလုံးအတွက်ချစ်ခစွာလို့ 
မပြောဖူးခပိုင်
ရင်ထဲက မှန်ကန်ရေ
အချစ်စစ်ဆိုဟာကိုလည်း
သူ့ကိုတွိ့မှ သိခရစော်ရာ...။

ငါ သူ့ကို ရူးသွပ်ခမိလို့
သူ့ဥပေက္ခာတိ အောက်မှာ
ငါအကြိမ်ကြိမ် ကျယှုံးခဖူးရေ...။

ယေကေလည်
ငါဒူး မထောက်ချင်ခ...။

သူ့ဘားက
ငါမျော်လင့်ပြီး
မက်မောတမ်းတခစွာ
ဖြူစင်ရေ အချစ်တခုပါရာ...။

သူ့ကို ငါ့ ရင်ထဲက
နှစ်နှစ်ကာကာချစ်ခလို့
မိန့်ပစ်ဖို့ ကြိုးစားလိုက်တိုင်း
စီးကျလာရေ ငါ့မျက်ရည်တိကို
ကာရန်မညီရေ
ဒေပိုင် တပိုင်းတစ စာသားတိအဖြစ်
ငါရီးသားချင်ရေ...။

သူ မမြင်ချင်ကေတောင်
တခေါက်လောက်လှည့်ကြည့်ပြီ့း
သူ မဖတ်ချင်ကေတောင်
ရင်ဘတ်ထဲမှာ မှတ်ထားပီးပါလို့
ငါတောင်းဆိုဖို့ဆိုကေ
ငါတရားစကေလောက်လွန်ဖို့လား ...။

ငါဆိုရေ
သူမချစ်တေ ငါက
ငါ့အတွက်, သူ အသိအမှတ်ပြုဖို့အတွက်
ငါ့နှလုံးသားကိုရင်းပြီး
ဒဏ်ရာတိ ဗရဗွက်
တစ်ဘ၀စာ ထာဝရ တူးဆွဆဲဆိုစွာကို
သူ သိပါစီ…။

သူ့ အပေါ်ထားရေ
ငါ့အချစ်တိရာ စစ်မှန်ခဖို့ဆိုကေ 
ငါ့နှလုံးသား ဒဏ်ရာတိ
ရင်ထဲမှာ သည်းထန်နီရေအလွမ်းမိုးတိ
အချိန်ဆိုရေ စီရင်ချက်နန့်အတူ
လောင်ကျွမ်း ပြာကျပါစီ.. .။

ငါ့နှလုံးသား
သီဆုံးလားသည့်တိုင်အောင်
သူရို့တိ
ထာဝရ လောင်ကျွမ်းနီပါစီလို့
ဆန္ဒပြုယင်းပါ...။
.............
ပိုင်ချေ
ကဗျာချစ်သူဘလော့မှ'

ရင်ကွဲနာ...

ရင်ကွဲနာ...


ခြစားလားခရေ နှစ်ပေါင်း
နှစ်ရာကျော်
အနှိုင်းမဲ့ အဆုံးအယှုံး
သမိုင်းထဲကရုပ်ကြွင်းတိ
ထိုတစ်စု ဒေတစ်စု
အဘာကယ်ပါ
အမင်ကယ်ပါ
ခေါ်နိန်ကတ်တေ...

ရညှိတက်နိန်ရေ
ကျောက်ဆစ်တိ
ခွာချဖို့လူမဟိ
သမိုင်းက ဟားတိုက်ခံထားရေ
လူမျိုးတစ်စု
ြွကင်းလားခရေ ဟင်းဇကွဲတိပိုင်...။

အိမ်မက်ထဲက
နှစ်ပေါင်း ငါးထောင်က
ငါ့ကို နိန့်တိုင်း
ခြောက်လန့ှ်ကတ်တေ...။

..........
အေးမောင်(ရင်အုံတော်ဓာတ်)

အချစ် ဒုက္ခသေ...



ရိုးမတောင်ကြီးလောက်ချစ်ကေလေ့
ဆီးစိချေလောက်
ငါ့အချစ်ကို နင်နားမလည်...၊

ကမ္ဘာကြီးကို မျိုပြ
ရင်ကအချစ်ကို
ဦးမောင်သိန်းတေးခြင်းဆိုပနာ
ငိုလို့ ပြကေလေ့
လရောင်ပိုင် လူပျက်လုပ်နိန်ရေလို့ 
နင့်က ငါ့ကို ထင်ရေ...၊

မွန်းရေ ညိုချေ
ဘင်္ဂလားပင်လယ်အော်က
ရီတိအားလုံးကို
သောက်ထားရရေပိုင်ဗျာယ်
ငါ့ဝမ်းက
အချစ်တိနန့် ဖဖူးရောင်
ဝမ်းကြီးသည်မတောင်
ဆရာခေါ်လောက်တေ...၊

ဘ၀မှာ
ရက်ပေါင်းသုံးသောင်းကျော်ရာ
ပိုင်ဆိုင်ရကေလေ့
စစ်တွေမြို့ လမ်းမကြီးမှာ
နင့်ကို လိုက်ကောနိန်ရစွာ
ရက်ပေါင်းသုံးထောင်ကျော်လားခဗျာယ်...၊

နှလုံးသားကမ်းစပ်မှာ
အချစ်ကျောက်ဆောင်တိ
အပြုံးပန်းနန့် ကြိုနိန်ကေလေ့
နင့်အကြင်နာလှိုင်းက
တစ်ခါလေ့ သတင်းလာမမိန်း...၊

အောင့်ရေ ညိုချေ
ရင်ဖတ်ထဲက
အချစ်စပါးခင်း
ဝင်းပလို့ ရင့်မှည့်နိန်ကေလေ့
နင့်ကလာလို့ မရိတ်ပီးဂါ..၊

နင့်အိမ်ရှိမှာ
ဂီတာတဒေါင်ဒေါင်နန့် 
ဘီလူးတစ်ကောင်
ကြောင်နိန်ဗျာယ် လတ်
လူတိကပြောနိန်ကတ်တေ

မြောက်ဦးကဘီလူး...

သဇင်...

နန်းထိုက် တော်ဝင် ပန်းသဇင်..။

ပန်း သဇင်...


တော်ဝင် သဇင်...။


*ရက္ခကန္တာရ*


ရီချေတစက်
မတွိရပျာယ်လို့ 
ထင်ရလောက်တေ
ဒေကန္တာရ
နှစ်နှစ်ရာကျော်ပူလောင်ခြင်းတိနန့် 
ခြောက်သွိအက်ကွဲ
မွန်းကျပ်ပိတ်ဆို့ပနာ
မရဏသံစဉ်တေးခြင်းတိဆိုလို့ 
ပဋိပက္ခသဲမုန်တိုင်းတိတိုက်ပနာ
အချင်းချင်းခွပ်လို့ အတောင်ကျွတ်နီကတ်တေ
ဒေမျက်နှာစာထက်မှာ
သက္ကရာဇ်ခြီရာတိ
သွီးမတိတ်သိမ့် --။

မျှော်လင့်ချက်အနာဂါတ်
စကားလုံးတိပျောက်နီရေ
ဒေအဘိဓါန်က
နတ်ဆိုးတကောင်ပိုင်
အာရုံမှားတိ ချကျွေး
အဓိပ္ပါယ်လွဲနီရေလမ်းတိ
ခင်းပီးထားယင့် --။

ဇာပင်ဖြစ်ဖြစ်
ပွင့်ဖူးသစ်ရို့ရာစု
ခေတ်သစ်ကိုထုဆစ်ဖို့
နှလုံးသားနန့်ပြောရေစကား
နှလုံးသားနန့်နားထောင်
ဝံလက်တောင်ဖံတိခတ်ပနာ
အာကာပြင်မှာ ဇကုန်ပျံကတ်မည် --။

(ခိုင်အောင်အောင်)

သရဖူ


ယုံကြည်မှု ထုတ်တန်းကိုကိုင
ရုန်းနိုင်သမျှ ခွန်အားကိုညစ်
အမှန်တရား အောက်
အနိုင်နှင့် အယှုံးကို
အလောင်းအစားပြုလိုက်ယင့်…။

လက်တစ်လုံးခြား ပြုံးလို့
အားသာတုန်း ခဏ
လီဘ၀င်ကို ခိုတွဲ
ဘ၀ မိဗျာယ်လား….။

မတူရေ ခွန်းအားနန့်
င့ါလက်ပေါ်က ဓါး
အစွမ်းမပြနိုင်ခလည်း
အလှည့်ဆိုစွာ
တံခါးမခေါက်ဘဲ ရောက်လာတတ်စွာ
မမိန့်ပါကေ့ ….။

ဦးမကျိုးသိမ့်ရေ အခိုက်
မိုးကောင်းတုန်းဖြစ်လို့
အောင်နိုင်တုံးဆောင်းထား သရဖူ ….။

မင်းယှုံးကေ တစ်လှည့်
မင်းဝတ်စင်းလို့ ငါကို ပြန်ဆက်
တစ်လှည့်ဆောင်းမယ် သရဖူ…။
...................

စောစစ်