Thursday 31 December 2015

အချစ် မိုင်တိုင်များ...



သမုဒ္ဒရာ ၀မ်းတစ်ထွာအတွက်
အပူမီးကို ငြိမ်းသတ်နိုင်ဖို့
သံသရာလမ်းမှာ 
ငါ . လမ်းလျှောက်ထွက်ခဲ့တယ်..။

လက်လှုပ်မှ ၀မ်းဝတဲ့..သူ
ခြေလှုပ်မှ ၀မ်းဝတဲ့.. သူ
ပါးစပ်လှုပ်မှ ၀မ်းဝတဲ့..သူ
ချွေးဒီဒီကျမှ ၀မ်းဝတဲ့..သူ
သူ..သူ...သူတွေ .. .. .။

အသက်တစ်ချောင်းအတွက် 
အသက်တစ်ချောင်းဖြင့်
အသက်ဆက်သူတွေဖြင့် 
သံသရာ ၀ဲဂယက်ထဲမှာ
ငါ .. တွေ့ခဲ့ရတယ်...။ 

ပထမ မိုင်တိုင်းကို ငါကျော်ဖြတ်ခဲ့ပြီးပြီ
ဒုတိယ မိုင်တိုင်းမှာ ငါဆက်လျှောက်ဆဲ..
ရက်ကိုလည်း ငါစားခဲ့တယ်...
လကိုလည်း ငါစားခဲ့တယ်..
နှစ်ကိုလည်း ငါစားခဲ့တယ်.. 
စားရင်း.. စားရင်းနဲ့ပေါ့..
မရပ်မနားဘဲ...
တတိယမိုင်တိုင်းနားကို ငါလျှောက်လာနေတယ် ... ။ 

ဒီခရီးလမ်းမှာ 
မင်းလျှောက်.. ငါလျှောက်
ဆက်လျှောက်ရင်းနဲ့
ငါ..လက်ကို ဖျက်ညှစ်ရင်း
မင်း .. ငါနောက်က လိုက်ခဲ့တယ်...
ရုပ်ဝတ္ထုတွေ တိုးတက်နေပေမယ့်..
အဲဒီအထဲမှာ မင်းအတွက်ဆို
ငါ့ခန္ဓာ စတိုင်းဆိုင်ထဲက 
အချစ်တွေကို ရွေးထုတ်ပြီး 
မင်းအတွက် ငါ..ပုံအောပေးခဲ့တယ်..။ 

  ဝေဟင်အောင်

No comments:

Post a Comment