Monday 11 April 2016

အမှန်ကို ဆိုသော ဓားစက်ကြီး....။




အမှန်မဆိုသည့် လူမှန်သမျှ၏ လက်ကို ဖြတ်ပစ်သည်ဟု နာမည်ကြီးနေသော ဓါးစက်ကြီးတစ်ခု ရှိလေသည်။ တစ်နေ့သော အခါ ငှက်ငယ်တစ်ကောင်က ထိုဓားစက်ကြီးနား ရောက်လာပြီး ဓါးစက်ကြီးနှင့် အလာပ သလာပ ပြောလေသည်။

ငှက်ငယ် ။ ။ ဗျို့ ဓါးစက်ကြီး ... နေကောင်းပါစ။ ခင်များနှယ်၊ ပါးစပ်ကြီး အမြဲဟထားပါပဲလား။

ဓါးစက်ကြီး ။ ။ အေးဗျာ... ကျွန်တော့် ဓါးသွားထက်ထက်က အမှန်တရား မဆိုတဲ့သူတွေကို ဆုံးမပေးဖို့ အဆင်သင့် ပါးစပ် ဟပေးထားရတာပါ။ လိမ်ညာတဲ့သူဆိုရင် ပါးစပ်ကို ပိတ်လိုက်ချတာပေါ့ဗျာ။

ငှက်ငယ် ။ ။ ကောင်းတယ်ဗျ။ လူတစ်ယောက် သူ့ လုပ်ရပ်ကို လိမ်မလိမ် သက်သေပြရတာပေါ့.. အော်.. ပြောရင်းဆိုရင်း ဟိုမှာ လူ၃ ယောက် လာနေပြီပဲ။ ကျွန်တော် ခပ်လှမ်းလှမ်းက အကဲခတ်နေမယ်ဗျာ။

တရွေ့ရွေ့လနေသူ ၃ဦးမှာ အမေရိကန် သမမ္မတ၊ တရုတ် သမ္မတ နှင့် ရွှေနိုင်ငံက ဘဘကြီးတို့ပဲ ဖြစ်နေပါတယ်။ သူတို့ရဲ့ လုပ်ရပ် ကိုယ်စီကို သက်သေပြဖို့ဆိုပဲ။

အမေရိကန် သမ္မတ က သူ့လက်ကို ဓါးစက်အောက်ထိုးပြီး အရင်ဆုံး စလိုက်ပါတယ်။

အမေရိကန် သမ္မတ ။ ။ ကျွနိုပ်သည် အီရပ်ရေးရာကို သူတို့ ကိုယ်ကျိုးအတွက်သာ ၀င်ရောက် စွက်ဖက်ခြင်း ဖြစ်သည်။
ဓါးစက်ကြီး ။ ။ ဒုတ်။
အမေရိကန် သမ္မတကြီးသည် သွေးရူးတန်းရူး ထွက်ပြေး သွားသည်။ ဒီတစ်ခါ တရုတ်သမ္မကြီး၏ အလှည့် ဖြစ်သည်။

တရုတ်သမ္မတ ။ ။ ကျွနိုပ်သည် မြန်မာနိုင်ငံကို ကိုယ်ကျိုး မကြည့် စာနာစွာဖြင့် ကူညီပေးခြင်း သာ ဖြစ်သည်။
ဓါးစက်ကြီး ။ ။ ဒုတ်။
တရုတ်သမ္မတ ကြီးလည်း သွေးရူးတန်းရူး ထွက်ပြေး သွားရပြန်သည်။ ဒီတစ်ခါ ဘဘကြီး အလှည့် ရောက်လာတော့ ဘဘကြီး ခမျာ တုန်တုန်ရင်ရင်နှင့်ပင် လက်ထည့်ကာ ပြောလိုက်သည်။

ဘဘကြီး ။ ။ ကျွနိုပ်သည် မြန်မာပြည်သူများ အပေါ် တရားမျှတစွာ ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်သည်။
ဓါးစက်ကြီး ။ ။ ....................။
ဓါးစက်ကြီးထံမှ ဘာမှ တုံ့ပြန်ခြင်းမရှိ။ ထိုအခါ ဘဘကြီးလည်း ပြုံးနိုင်ကာ အောင်မြင်သော အပြုံးနှင့် ထွက်ခွာသွားသည်။ ငှက်ငယ်လေးလည်း လူရှင်းသည်နှင့် ကဗျာကယာ ပျံလာပြီး....

ငှက်ငယ် ။ ။ အလို... ကိုဓါးစက်ကြီး ... ဟိုနောက်ဆုံး လူကြီးကိုတောင် မသိဘူးလား... သူ့လိုလူကို ဘာလို့ အလွတ်ပေးလိုက်တာလဲဗျာ။
ဓါးစက်ကြီးလည်း စိတ်ပျက်စွာနှင့် ဤသို့ ဆိုလေသည်။

ဓါးစက်ကြီး ။ ။ မဟုတ်ရပါဘူး ငှက်ငယ်ရယ်။ သူ့ပါးစပ်က ဒီစကားမျိုး ထွက်လာလို့ ကျွနိုပ် ပါးစပ် အဟောင်း သား ဖြစ်သွားလို့ပါဗျာ။

ဟတ် ဟတ် ။

Ref: mmcp

No comments:

Post a Comment