Tuesday 24 May 2016

ဆန္ဒ....။



ဖြားယောင်းမှုတွေ
ဘယ်လောက်ရှိရှိ
ခံစားမှုမဲ့တဲ့ နှလုံးသားကို
ပိုင်ဆိုင်ချင်တယ်.......။

ဆွဲအားတွေ
ဘယ်လောက်ကောင်းကောင်း
လှည့်မကြည့်တတ်တဲ့စိတ်ကို
ပိုင်ဆိုင်ချင်တယ်........။

စကားလုံးတွေ
ဘယ်လောက်လှလှ
ရင်မခုန်တတ်တဲ့
နှလုံးသားကို
ပိုင်ဆိုင်ချင်တယ်........။

ချစ်တယ်
ဘယ်လောက်ပြောပြော
အယုံအကြည်မရှိတဲ့စိတ်ကို
ပိုင်ဆိုင်ချင်တယ်..........။

ဒါပေမယ့်
တကယ်တမ်းကျတော့
ငါဟာ
အကာအရံမရှိတဲ့
ဟင်းလင်းပြင်နှလုံးသားမှာ
ကောင်မလေး တစ်ယောက်ကိုသာ
စွဲစွဲလမ်းလမ်းချစ်နေမိတယ်..

No comments:

Post a Comment