သစ်တောကြီးတစ်ခုရဲ့ စတင်ရာဖြစ်နိုင်သလို
ငှက်တစ်ကောင်ဟာလဲ
နွေဦးကို သယ်ဆောင်လာနိုင်တယ်။
အပြုံးတစ်စဟာ
မိတ်ဆွေစစ်အဖြစ် ဖန်တီးပေးနိုင်သလို
လက်တစ်ဖက်နဲ့လဲ
နှလုံးသားတွေကို ကမ်းလင့်နိုင်တယ်။
ကြယ်တစ်စင်းဟာ
လမ်းပျောက်သူကို လမ်းပြနိုင်သလို
စကားတစ်လုံးနဲ့လဲ
ပန်းတိုင်ကို တည်ဆောက်လို့ရတယ်။
နေရောင်ခြည်တစ်စဟာ
အခန်းတစ်ခုကို လင်းစေနိုင်သလို
ဖယောင်းတစ်တိုင်ဟာလဲ အမှောင်ထုကိုခွင်းအောင်စွမ်းဆောင်ပေးနိုင်တယ်။
ရယ်မောတဲ့တစ်ခဏဟာ
ညှိုးငယ်ခြင်းတွေကို အောင်နိုင်သလို
မျှော်လင့်ချက်တစ်စကလဲ
စိတ်ခွန်အားကို ဖြစ်စေတယ်။
ဖေးမမှုတစ်ခုက
ဘဝတစ်ခုကို ကယ်ဆယ်နိုင်သလို
အသံတစ်သံဟာလဲ
လူအများကိုနိုးကြားစေနိုင်တယ်။
အဲဒီတစ်ခုဆိုတဲ့ အရာလေးသာ သင်ဖြစ်ပါစေ။
credit >> nayaung
No comments:
Post a Comment