Friday 6 January 2017

အသင့် ပြင်ထားပါ..။


••••••••••••••••••

ပျော်ရွှင်ခြင်းတွေကို လက်ခံရင်း
ဝမ်းနည်းမှုတွေကိုပါ ကြံ့ကြံ့ခံနိုင်ဖို့
ကိုယ့်စိတ်ကို အသင့်ပြင်ထားပါ။

တက်ကြွတဲ့စိတ်တွေနဲ့ နိုးကြားစွာလုပ်ဆောင်ရင်း
စိတ်ဓါတ်တွေကျမိတဲ့အခါ အရှုံးမပေးမိဖို့လဲ
ကိုယ့်စိတ်ကိုယ် အသင့်ပြင်ထားပါ။

ချစ်ခြင်းတွေမှာ သာယာကြည်နူးမိရင်း
မုန်းခြင်းတွေရောက်လာတဲ့အခါ
ရင်နင့်ကြေကွဲခြင်းတွေ ခံနိုင်ရည်ရှိဖို့
ကိုယ့်စိတ်ကိုယ် အသင့်ပြင်ထားပါ။

အောင်မြင်မှုတွေမှာ ပျော်ရွှင်ယစ်မူးရင်း
ကျရှုံးမှုတွေနဲ့ ဆုံတွေ့ရတဲ့အခါမှာလည်း
ကြံ့ကြံ့ခံရင်ဆိုင်တတ်ဖို့
ကိုယ့်စိတ်ကိုယ် အသင့်ပြင်ထားပါ။

လက်ရှိခဏ တည်မြဲနေတဲ့အရာတွေမှာ
တည်ငြိမ်စွာ အာရုံစူးစိုက်ထားရင်း
မတည်မြဲတတ်တဲ့ လောကသဘာဝကို
သတိပြု ပြောင်းလဲမှုတွေကို ရင်ဆိုင်နိုင်ဖို့
ကိုယ့်စိတ်ကိုယ် အသင့်ပြင်ထားပါ။

ဆုံတွေ့ခြင်းတွေမှာ ပြုံးပျော်ရင်း
ခွဲခွါခြင်းတွေမှာလည်း ပျော်ပြုံးတတ်စေဖို့
ကိုယ့်စိတ်ကိုယ်သတိပေး
အသိပေးပြင်ဆင် အသင့်ပြင်ထားပါ ။

Credit  : O.W

No comments:

Post a Comment