Friday 6 January 2017

ဘဝမှာ..။



အကျိုးသက်ရောက်မှု လွဲနေတာတွေဟာ အကြောင်းအားထုတ်မှု လွဲနေလို့ပဲ။

အဖြေလွဲနေတာတွေဟာ 
အတွက်လွဲနေလို့ပဲ။

အမြင်မှားနေတာတွေဟာ 
အမှားမြင်နေလို့ပဲ။

အကောင်းမမြင်နိုင်တာဟာ 
အစောင်းမြင်နေလို့ပဲ။

နားလည်မှု လွဲနေတာတွေဟာ
သံသယတွေရှိနေလို့ပဲ။

အပူများနေတာတွေဟာ 
အယူများနေလို့ပဲ။

မကျေနပ်တာတွေဟာ 
အနေမတတ်လို့ပဲ။

ဒါကြောင့်…

အကျိုးပေးမှန်ဖို့ အကြောင်းမှန်အောင်
အားထုတ်ရမယ်။

အဖြေမှန်ဖို့ အတွက်
မှန်အောင် လေ့ကျင့်ရမယ်။

အမြင်မှန်ဖို့ 
အမှန်မြင်အောင် ကြည့်တတ်ရမယ်။

အကောင်းမြင်ဖို့ 
အစောင်းမြင်တာကို ပြင်ရမယ်။

နားလည်မှုမှန်ဖို့ 
သံသယကို ဖြေရှင်းရမယ်။

အပူမများဖို့
အယူများတာကို လျှော့ရမယ်။

မကျေနပ်တာကိုလျှော့ချဖို့ 
အနေတတ်အောင် ကြိုးစားရမယ်။

အရေးအကြီးဆုံးက သတိ
အရာရာညှိနေရမှာက ပညာ
အရှိခွါဖို့က အသိပါဖို့လည်း လိုတာပေါ့။

ဆရာတော်
မနာပဒါယီ အရှင်ဝိစိတ္တ

ကိုယ့်ကိုယ်ကိုဆုံးမခြင်း(၁၂၆)

No comments:

Post a Comment